စစ်ရှုံးလာသော TNLA အနေဖြင့် ပြည်သူများ၏ ယုံကြည်မှုကျဆင်းသောဒဏ်ကိုပါ ရင်ဆိုင်နေရ

6805

သန့်ဇင် (NP News) - မတ် ၃ဝ
စစ်ရှုံးစပြုလာသော TNLA အနေဖြင့် ပြည်သူများ၏ ယုံကြည်မှုကျဆင်းသော ဒဏ်ကိုပါ ရင်ဆိုင်နေရကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက NP News သို့ ပြောသည်။
TNLA ပူးပေါင်းအဖွဲ့ထိန်းချုပ်ထားသည့် နောင်ချိုမြို့အနီးမှ ရွှေဧရာတိမ်ပင်လယ်ကို ပြီးခဲ့သည့်ရက်ပိုင်းတွင် တပ်မတော်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ TNLA ဘက်မှ အရေးနိမ့် ဆုတ်ခွာခဲ့ရပြီး ယင်းတိုက်ပွဲတွင် TNLA တို့ စစ်ရေးဂုဏ်သိက္ခာကျဆင်းသွားရကြောင်း အငြိမ်းစား တပ်မတော်အရာရှိတစ်ဦးက ဆိုသည်။
“သူတို့လာတိုက်တယ်။ လာတိုက်တဲ့အခါကျတော့ ကျွန်တော် တို့ဘက်က (၃၅၄) နဲ့ပေါင်းပြီး တိုက်လိုက်တယ်လေ။ အဲဒီအခါကျတော့ (၆)ယောက်သေသွားတယ်။ အဓိကကတော့ ရွှေဧရာတိမ်ပင်လယ်ကို သိမ်းသွားတာ မခံချိမခံသာ ဖြစ်ပြီးတော့ လာတိုက်ကြတာ။ လာတိုက်လို့ ကိုယ့်ဘက်ကပြန်တိုက်တာ။ သူတို့ဘက်ကတော့ ရွှေဧရာ တိမ်ပင်လယ်ပါသွားတာ တော်တော်ကို စစ်ရေးသိက္ခာကျသွားတယ်။ တော်တော်လေး သိက္ခာကျသွားတဲ့အတွက် သူတို့ဘက်က မခံချိမခံသာဖြစ်ပြီး ပြန်လာတိုက်တာ။ အဲဒီမှာ စိတ်ဓာတ်လည်း ကျသွားတယ်။ ဟိုတစ်နေ့က စာ အပေါ်မှာလည်း တော်တော်လေးကို ဂယောက်ဂယက်တွေဖြစ်သွားတယ်” ဟု ၎င်းက ဆိုသည်။
TNLA အဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း တွင် KIA ၊ SSPP တို့နှင့် မကြာခဏ နယ်မြေအငြင်းပွားမှု ဖြစ်ပွားနေပြီး ပြီးခဲ့သည့်ကာလက KIA နှင့် TNLA တပ်ဖွဲ့ဝင်အချင်းချင်း ထိုးကြိတ်ကြသည့် ဖြစ်စဉ်များလည်း ရှိခဲ့ကာ မိုးမိတ်ခရိုင်တွင်လည်း SSPP အဖွဲ့ကို TNLA က သေနတ်ပစ်ဖောက် နှင် ထုတ်မှုများလည်း ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်များဖြစ်ပွားပြီးနောက် PSLF^ TNLA ၏အထွေထွေအတွင်းရေးမှူး တာဘုန်းကျော်က ၎င်း၏လူမှုကွန်ရက်ဖေ့စ်ဘွတ်စာမျက်နှာထက်တွင် မတ်လ(၂၆)ရက်က သရော်သယောင်ပို့စ် တစ်ခုတင်ခဲ့ရာ လက်ရှိတွင် အနိုင်ကျင့်ဗိုလ်ကျလွန်းသော TNLA အပေါ် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပြည်သူလူထုအနေဖြင့် ယုံကြည်မှုကျဆင်းနေပြီဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။“ပြီးခဲ့တဲ့အပတ်က တာဘုန်းကျော်ပြောပြီးတဲ့ နောက်ပိုင်းမှာရော PDF နဲ့ပတ်သက်တဲ့ကိစ္စအပြီးမှာ TNLA အပေါ်မှာ ထောက်ခံမှုတွေက ကျလာတယ်ပေါ့။ အထူးသဖြင့် ကျောက်မဲလို ဒေသတွေမှာဆိုရင် နောင်ချိုမှာ ဒီလိုဖြစ်စဉ် တပ်မတော်က ထိုးစစ်ဆင်တဲ့ကိစ္စဖြစ်ပြီး နောက်ပိုင်းမှာ အဲဒီဘက်ကဒေသခံပြည်သူတွေလည်း သူတို့အတွက်လုံခြုံရေးအရ စိုးရိမ်စရာလေးတွေဖြစ်လာတဲ့အပေါ်မှာ မန္တလေးတို့ ရန်ကုန်တို့ကို ပြန်ရှောင်တဲ့ ဟာလေးတွေလည်းရှိလာတယ်ပေါ့နော်” ဟု ၎င်းက ပြောသည်။
ထို့ပြင် TNLA အဖွဲ့ထိန်းချုပ်ထားသည့် ကျောက်မဲနှင့် သီပေါမြို့မှ ဒေသခံများသည်လည်း လူအခွင့် ရေးချိုး ဖောက်မှုများ၊ လူတန်းစား မညီမျှမှု များကို ခံစားနေရကြောင်း ၎င်းကဆက်ပြောသည်။ “သူတို့ ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ သီပေါဒေသမှာ လည်း လူ့အခွင့်အရေးချိုးဖောက်တာတွေရှိတယ်။ လူတန်း စားမညီမျှတာတွေရော ခင်မင်ရာ ဈေးသည်ဆို ဒီအတိုင်းပေးဖွင့်လိုက်ပြီးတော့ တချို့ဟာကျပေး မဖွင့် တာမျိုးတွေ။ နောက်ပြီးတော့ သူတို့ ပြောတဲ့တရားဥပဒေစီရင်ရေးပေါ့။ တစ်ခုခုဖြစ်လို့ သွားတိုင်တယ် ဆိုရင်လည်း အဆင်မပြေမှုတွေရှိလာတဲ့အပေါ် မှာ TNLA ပေါ်မှာလည်း ယုံကြည်မှုတွေ ကင်းလာတယ် ပေါ့နော်။ ယုံကြည်မှုကင်းလာတယ်ဆိုတာက အရင်ကသူတို့ကိုထောက်ခံတဲ့သူတွေတောင် ကင်း လာ တယ်ပေါ့လေ။ ယုံကြည်မှုကျဆင်းလာတဲ့ အပိုင်း မှာ ပိုများလာတယ်”ဟု အထက်ပါသတင်းရင်းမြစ် က ပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA လက် နက်ကိုင်အဖွဲ့က မြို့ပေါင်း(၁၁) မြို့ကို ထိန်းချုပ် ထားပြီး KIA ၊ SSPP တို့နှင့် နယ်မြေအငြင်းပွားမှု မကြာ ခဏဖြစ်ပွားနေလေ့ရှိပြီး မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့တွင် ဒေသခံများနှင့် ၎င်းအဖွဲ့တို့အကြား တင်းမာမှုများရှိနေကြောင်း သိရသည်။

Zawgyi Version:
စစ္ရႈံးလာေသာ TNLA အေနျဖင့္ ျပည္သူမ်ား၏ ယုံၾကည္မႈက်ဆင္းေသာဒဏ္ကိုပါ ရင္ဆိုင္ေနရ
သန႔္ဇင္ (NP News) - မတ္ ၃ဝ
စစ္ရႈံးစျပဳလာေသာ TNLA အေနျဖင့္ ျပည္သူမ်ား၏ ယုံၾကည္မႈက်ဆင္းေသာ ဒဏ္ကိုပါ ရင္ဆိုင္ေနရေၾကာင္း ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ ႏိုင္ငံေရးေလ့လာသုံးသပ္သူတစ္ဦးက NP News သို႔ ေျပာသည္။
TNLA ပူးေပါင္းအဖြဲ႕ထိန္းခ်ဳပ္ထားသည့္ ေနာင္ခ်ိဳၿမိဳ႕အနီးမွ ေ႐ႊဧရာတိမ္ပင္လယ္ကို ၿပီးခဲ့သည့္ရက္ပိုင္းတြင္ တပ္မေတာ္က ျပန္လည္ထိုးစစ္ဆင္တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့ရာ TNLA ဘက္မွ အေရးနိမ့္ ဆုတ္ခြာခဲ့ရၿပီး ယင္းတိုက္ပြဲတြင္ TNLA တို႔ စစ္ေရးဂုဏ္သိကၡာက်ဆင္းသြားရေၾကာင္း အၿငိမ္းစား တပ္မေတာ္အရာရွိတစ္ဦးက ဆိုသည္။
“သူတို႔လာတိုက္တယ္။ လာတိုက္တဲ့အခါက်ေတာ့ ကြၽန္ေတာ္ တို႔ဘက္က (၃၅၄) နဲ႔ေပါင္းၿပီး တိုက္လိုက္တယ္ေလ။ အဲဒီအခါက်ေတာ့ (၆)ေယာက္ေသသြားတယ္။ အဓိကကေတာ့ ေ႐ႊဧရာတိမ္ပင္လယ္ကို သိမ္းသြားတာ မခံခ်ိမခံသာ ျဖစ္ၿပီးေတာ့ လာတိုက္ၾကတာ။ လာတိုက္လို႔ ကိုယ့္ဘက္ကျပန္တိုက္တာ။ သူတို႔ဘက္ကေတာ့ ေ႐ႊဧရာ တိမ္ပင္လယ္ပါသြားတာ ေတာ္ေတာ္ကို စစ္ေရးသိကၡာက်သြားတယ္။ ေတာ္ေတာ္ေလး သိကၡာက်သြားတဲ့အတြက္ သူတို႔ဘက္က မခံခ်ိမခံသာျဖစ္ၿပီး ျပန္လာတိုက္တာ။ အဲဒီမွာ စိတ္ဓာတ္လည္း က်သြားတယ္။ ဟိုတစ္ေန႔က စာ အေပၚမွာလည္း ေတာ္ေတာ္ေလးကို ဂေယာက္ဂယက္ေတြျဖစ္သြားတယ္” ဟု ၎က ဆိုသည္။
TNLA အဖြဲ႕သည္ ရွမ္းျပည္နယ္ေျမာက္ပိုင္း တြင္ KIA ၊ SSPP တို႔ႏွင့္ မၾကာခဏ နယ္ေျမအျငင္းပြားမႈ ျဖစ္ပြားေနၿပီး ၿပီးခဲ့သည့္ကာလက KIA ႏွင့္ TNLA တပ္ဖြဲ႕ဝင္အခ်င္းခ်င္း ထိုးႀကိတ္ၾကသည့္ ျဖစ္စဥ္မ်ားလည္း ရွိခဲ့ကာ မိုးမိတ္ခ႐ိုင္တြင္လည္း SSPP အဖြဲ႕ကို TNLA က ေသနတ္ပစ္ေဖာက္ ႏွင္ ထုတ္မႈမ်ားလည္း ျဖစ္ပြားခဲ့သည္။
အဆိုပါျဖစ္စဥ္မ်ားျဖစ္ပြားၿပီးေနာက္ PSLF^ TNLA ၏အေထြေထြအတြင္းေရးမႉး တာဘုန္းေက်ာ္က ၎၏လူမႈကြန္ရက္ေဖ့စ္ဘြတ္စာမ်က္ႏွာထက္တြင္ မတ္လ(၂၆)ရက္က သေရာ္သေယာင္ပို႔စ္ တစ္ခုတင္ခဲ့ရာ လက္ရွိတြင္ အႏိုင္က်င့္ဗိုလ္က်လြန္းေသာ TNLA အေပၚ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ျပည္သူလူထုအေနျဖင့္ ယုံၾကည္မႈက်ဆင္းေနၿပီျဖစ္ေၾကာင္း ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ ႏိုင္ငံေရးေလ့လာသုံးသပ္သူတစ္ဦးက ဆိုသည္။“ၿပီးခဲ့တဲ့အပတ္က တာဘုန္းေက်ာ္ေျပာၿပီးတဲ့ ေနာက္ပိုင္းမွာေရာ PDF နဲ႔ပတ္သက္တဲ့ကိစၥအၿပီးမွာ TNLA အေပၚမွာ ေထာက္ခံမႈေတြက က်လာတယ္ေပါ့။ အထူးသျဖင့္ ေက်ာက္မဲလို ေဒသေတြမွာဆိုရင္ ေနာင္ခ်ိဳမွာ ဒီလိုျဖစ္စဥ္ တပ္မေတာ္က ထိုးစစ္ဆင္တဲ့ကိစၥျဖစ္ၿပီး ေနာက္ပိုင္းမွာ အဲဒီဘက္ကေဒသခံျပည္သူေတြလည္း သူတို႔အတြက္လုံၿခဳံေရးအရ စိုးရိမ္စရာေလးေတြျဖစ္လာတဲ့အေပၚမွာ မႏၲေလးတို႔ ရန္ကုန္တို႔ကို ျပန္ေရွာင္တဲ့ ဟာေလးေတြလည္းရွိလာတယ္ေပါ့ေနာ္” ဟု ၎က ေျပာသည္။
ထို႔ျပင္ TNLA အဖြဲ႕ထိန္းခ်ဳပ္ထားသည့္ ေက်ာက္မဲႏွင့္ သီေပါၿမိဳ႕မွ ေဒသခံမ်ားသည္လည္း လူအခြင့္ ေရးခ်ိဳး ေဖာက္မႈမ်ား၊ လူတန္းစား မညီမွ်မႈ မ်ားကို ခံစားေနရေၾကာင္း ၎ကဆက္ေျပာသည္။ “သူတို႔ ထိန္းခ်ဳပ္ထားတဲ့ ေက်ာက္မဲ၊ သီေပါေဒသမွာ လည္း လူ႔အခြင့္အေရးခ်ိဳးေဖာက္တာေတြရွိတယ္။ လူတန္း စားမညီမွ်တာေတြေရာ ခင္မင္ရာ ေဈးသည္ဆို ဒီအတိုင္းေပးဖြင့္လိုက္ၿပီးေတာ့ တခ်ိဳ႕ဟာက်ေပး မဖြင့္ တာမ်ိဳးေတြ။ ေနာက္ၿပီးေတာ့ သူတို႔ ေျပာတဲ့တရားဥပေဒစီရင္ေရးေပါ့။ တစ္ခုခုျဖစ္လို႔ သြားတိုင္တယ္ ဆိုရင္လည္း အဆင္မေျပမႈေတြရွိလာတဲ့အေပၚ မွာ TNLA ေပၚမွာလည္း ယုံၾကည္မႈေတြ ကင္းလာတယ္ ေပါ့ေနာ္။ ယုံၾကည္မႈကင္းလာတယ္ဆိုတာက အရင္ကသူတို႔ကိုေထာက္ခံတဲ့သူေတြေတာင္ ကင္း လာ တယ္ေပါ့ေလ။ ယုံၾကည္မႈက်ဆင္းလာတဲ့ အပိုင္း မွာ ပိုမ်ားလာတယ္”ဟု အထက္ပါသတင္းရင္းျမစ္ က ေျပာသည္။ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ TNLA လက္ နက္ကိုင္အဖြဲ႕က ၿမိဳ႕ေပါင္း(၁၁) ၿမိဳ႕ကို ထိန္းခ်ဳပ္ ထားၿပီး KIA ၊ SSPP တို႔ႏွင့္ နယ္ေျမအျငင္းပြားမႈ မၾကာ ခဏျဖစ္ပြားေနေလ့ရွိၿပီး မႏၲေလးတိုင္းေဒသႀကီး၊ မိုးကုတ္ၿမိဳ႕တြင္ ေဒသခံမ်ားႏွင့္ ၎အဖြဲ႕တို႔အၾကား တင္းမာမႈမ်ားရွိေနေၾကာင္း သိရသည္။