အင်အားကြီးမားသည့် ငလျင်လှုတ်ခတ်မှုအပြီးတွင် နောက်ဆက်တွဲငလျင် လှုပ်ခတ်မှု(၂၅)ကြိမ်အထိရှိလာ

 1461

ယွန်း (NP News) - မတ် ၃၀

အင်အားကြီးမားသည့် ငလျင်လှုတ်ခတ်မှုအပြီးတွင် နောက်ဆက်တွဲငလျင် လှုပ်ခတ်မှု(၂၅)ကြိမ်အထိရှိလာကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(မတ်လ ၃၀ ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါငလျင်များမှာ မတ်လ(၂၈) ရက် နေ့လည် (၁၂) နာရီ (၅၁)မိနစ်ခန့်က ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ကြီးမားသည့် ငလျင်လှုပ်ခတ်မှုအပြီးတွင် နောက်ဆက်တွဲငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

၎င်းအရေအတွက်မှာ မတ်လ(၃၀) ရက် နံနက်(၂)နာရီအချိန်အထိ ရရှိထားသည့်အရေအတွက်ဖြစ်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အင်အားပြင်းငလျင်များ လှုပ်ခတ်မှုအပြီးတွင် နောက်ဆက်တွဲငလျင်များ ထပ်မံ လှုပ်ခတ်နိုင်ခြေရှိသဖြင့် သတိထားနေထိုင်ကြရန် မိုးဇလက ကြိုတင်သတိပေးထားသည်။

Zawgyi Version:
အင္အားႀကီးမားသည့္ ငလ်င္လႈတ္ခတ္မႈအၿပီးတြင္ ေနာက္ဆက္တြဲငလ်င္ လႈပ္ခတ္မႈ(၂၅)ႀကိမ္အထိရွိလာ
ယြန္း (NP News) - မတ္ ၃၀

အင္အားႀကီးမားသည့္ ငလ်င္လႈတ္ခတ္မႈအၿပီးတြင္ ေနာက္ဆက္တြဲငလ်င္ လႈပ္ခတ္မႈ(၂၅)ႀကိမ္အထိရွိလာေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက အသိေပးထုတ္ျပန္ထားသည္။

မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔(မတ္လ ၃၀ ရက္) တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

အဆိုပါငလ်င္မ်ားမွာ မတ္လ(၂၈) ရက္ ေန႔လည္ (၁၂) နာရီ (၅၁)မိနစ္ခန္႔က ရစ္ခ်္တာစေကး ၇ ဒသမ ၇ အဆင့္ရွိ အင္အားအလြန္ႀကီးမားသည့္ ငလ်င္လႈပ္ခတ္မႈအၿပီးတြင္ ေနာက္ဆက္တြဲငလ်င္မ်ား ဆက္တိုက္လႈပ္ခတ္ခဲ့ျခင္းျဖစ္သည္။

၎အေရအတြက္မွာ မတ္လ(၃၀) ရက္ နံနက္(၂)နာရီအခ်ိန္အထိ ရရွိထားသည့္အေရအတြက္ျဖစ္ေၾကာင္း မိုးဇလ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ အင္အားျပင္းငလ်င္မ်ား လႈပ္ခတ္မႈအၿပီးတြင္ ေနာက္ဆက္တြဲငလ်င္မ်ား ထပ္မံ လႈပ္ခတ္ႏိုင္ေျခရွိသျဖင့္ သတိထားေနထိုင္ၾကရန္ မိုးဇလက ႀကိဳတင္သတိေပးထားသည္။

Related news

© 2021. All rights reserved.