ငလျင်လှုပ်ခတ်ပြီး နှစ်ရက်ခန့် ပိတ်မိနေသောအမျိုးသားကို စင်ကာပူအဖွဲ့ဝင်များနှင့် မီးသတ်အဖွဲ့ပူးပေါင်း ကယ်ဆယ်နိုင်ခဲ့

1097

စော (NP News) - မတ် ၃၀
ငလျင်လှုပ်ခတ်ပြီး နှစ်ရက်ခန့် ပိတ်မိနေသော အမျိုးသားတစ်ဦးကို စင်ကာပူနိုင်ငံမှ တပ်ဖွဲ့ဝင်များနှင့်အတူ ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ယနေ့ (မတ်လ ၃၀ ရက်) တွင် ထုတ်ပြန်ထားသည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သစ္စာ(၂)လမ်းရှိ ပြိုကျပျက်စီးခဲ့သော အဆောက်အဦအောက်တွင် ပိတ်မိလျက်ရှိသော အသက်ရှင်နေသူတစ်ဦးအား ကယ်ထုတ်နိုင်ရေးအတွက် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် (SCDF) စင်ကာပူနိုင်ငံမှ တပ်ဖွဲ့ဝင်များနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယနေ့ (မတ်လ ၃ဝ ရက်)၊ နံနက် (၉)နာရီ (၂ဝ)မိနစ်ခန့်က ငလျင်လှုပ်ခတ်ခဲ့ပြီး (၄၄)နာရီအကြာတွင် အမျိုးသားတစ်ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ယမန်နေ့ (မတ် ၂၉ ရက်)၊ ညပိုင်းက တရုတ်နိုင်ငံမှကယ်ဆယ်ရေးအဖွဲ့သည် နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ ဥတ္တရသီရိဆေးရုံတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အသက်ရှင်ကျန်ရစ်သူတဦးကို တွေ့ရှိခဲ့ သည့်အပြင် ယနေ့ (မတ်လ ၃၀ ရက်) နံနက် ၅ နာရီငလျင်လှုပ်ခတ်ပြီးနောက် နာရီ ၄၀ နီးပါး ပိတ်မိနေသော အဘိုးအိုကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ပျော်ဘွယ်မြို့ရှိ ကမ္ဘောဇဘဏ်အဆောက်အဦးနှင့် မြင်းဘက်ရပ်ကွက်အတွင်း နေအိမ်များ ပြိုကျပျက်စီး၍ ပိတ်မိနေသူများကို ယနေ့ (မတ်လ ၃၀ ရက်) က ပျော်ဘွယ် မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အသက်ရှင်လျက် (၃၃)ဦး ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ (၈၄x၂၉)လမ်းထောင့်ရှိ ဘီကျင်းဟိုတယ် အဆောက်အအုံပြိုကျပျက်စီးမှုအတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မိခင်နှင့် ကလေးငယ်(၁)ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
ငလ်င္လႈပ္ခတ္ၿပီး ႏွစ္ရက္ခန႔္ ပိတ္မိေနေသာအမ်ိဳးသားကို စင္ကာပူအဖြဲ႕ဝင္မ်ားႏွင့္ မီးသတ္အဖြဲ႕ပူးေပါင္း ကယ္ဆယ္ႏိုင္ခဲ့
ေစာ (NP News) - မတ္ ၃၀
ငလ်င္လႈပ္ခတ္ၿပီး ႏွစ္ရက္ခန႔္ ပိတ္မိေနေသာ အမ်ိဳးသားတစ္ဦးကို စင္ကာပူႏိုင္ငံမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္အတူ ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕က ယေန႔ (မတ္လ ၃၀ ရက္) တြင္ ထုတ္ျပန္ထားသည္။
မတ္လ ၂၈ ရက္က လႈပ္ခတ္ခဲ့ေသာ ငလ်င္ဒဏ္ေၾကာင့္ ေနျပည္ေတာ္၊ ဇမၺဴသီရိၿမိဳ႕နယ္၊ သေျပကုန္းရပ္ကြက္၊ သစၥာ(၂)လမ္းရွိ ၿပိဳက်ပ်က္စီးခဲ့ေသာ အေဆာက္အဦေအာက္တြင္ ပိတ္မိလ်က္ရွိေသာ အသက္ရွင္ေနသူတစ္ဦးအား ကယ္ထုတ္ႏိုင္ေရးအတြက္ မီးသတ္ဦးစီးဌာနမွ ရွာေဖြကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္မ်ားသည္ (SCDF) စင္ကာပူႏိုင္ငံမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္အတူ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ရာ ယေန႔ (မတ္လ ၃ဝ ရက္)၊ နံနက္ (၉)နာရီ (၂ဝ)မိနစ္ခန႔္က ငလ်င္လႈပ္ခတ္ခဲ့ၿပီး (၄၄)နာရီအၾကာတြင္ အမ်ိဳးသားတစ္ဦးအား အသက္ရွင္လ်က္ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အလားတူ ယမန္ေန႔ (မတ္ ၂၉ ရက္)၊ ညပိုင္းက တ႐ုတ္ႏိုင္ငံမွကယ္ဆယ္ေရးအဖြဲ႕သည္ ေနျပည္ေတာ္၊ ဥတၱရသီရိ ၿမိဳ႕နယ္၊ ဥတၱရသီရိေဆး႐ုံတြင္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ရာ အသက္ရွင္က်န္ရစ္သူတဦးကို ေတြ႕ရွိခဲ့ သည့္အျပင္ ယေန႔ (မတ္လ ၃၀ ရက္) နံနက္ ၅ နာရီငလ်င္လႈပ္ခတ္ၿပီးေနာက္ နာရီ ၄၀ နီးပါး ပိတ္မိေနေသာ အဘိုးအိုကို ေအာင္ျမင္စြာ ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံး၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ မႏၲေလးတိုင္းေဒသႀကီးအတြင္း ငလ်င္လႈပ္ခတ္မႈေၾကာင့္ ေပ်ာ္ဘြယ္ၿမိဳ႕ရွိ ကေမာၻဇဘဏ္အေဆာက္အဦးႏွင့္ ျမင္းဘက္ရပ္ကြက္အတြင္း ေနအိမ္မ်ား ၿပိဳက်ပ်က္စီး၍ ပိတ္မိေနသူမ်ားကို ယေန႔ (မတ္လ ၃၀ ရက္) က ေပ်ာ္ဘြယ္ ၿမိဳ႕နယ္မီးသတ္စခန္းမွ ရွာေဖြကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္မ်ားသည္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္း၍ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိရာ အသက္ရွင္လ်က္ (၃၃)ဦး ကယ္ထုတ္ႏိုင္ခဲ့ၿပီး ေသဆုံးသူတစ္ဦးကို ရွာေဖြေတြ႕ရွိခဲ့ၿပီး ဆက္လက္၍ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း သိရသည္။
အလားတူ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ (၈၄x၂၉)လမ္းေထာင့္ရွိ ဘီက်င္းဟိုတယ္ အေဆာက္အအုံၿပိဳက်ပ်က္စီးမႈအတြင္း ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိရာ မိခင္ႏွင့္ ကေလးငယ္(၁)ဦးအား အသက္ရွင္လ်က္ ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။