အင်အားကြီးငလျင်ကြောင့် မဟာမြတ်မုနိဘုရားကြီး အပါအဝင် ရှေးဟောင်းစေတီ၊ အဆောက်အဦး (၆၀) ကျော် ထိခိုက်ပျက်စီး

1580

သန့်ဇင်(NP News)-မတ် ၃၀
အင်အားကြီးငလျင်ကြောင့် မန္တလေး မဟာမြတ်မုနိဘုရားကြီး အပါအဝင် ရှေးဟောင်း စေတီ၊ အဆောက်အဦး (၆၁) ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
မတ်လ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်က အင်အားရစ်ချ်တာစကေး(၇ ဒသမ ၇) ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြရသည်။
အဆိုပါ ပျက်စီးဆုံးရှုံးမှုများအတွင်း သာသနိကအဆောက်အဦများ ဘုရားစေတီများ၊ ရှေးဟောင်းအမွေအနှစ်များစွာပါဝင်ခဲ့ပြီး မန္တလေးမြို့ ရှိ မဟာမုနိ ဘုရားကြီး၊ ကုသိုလ်တော်ဘုရား၊ မန္တလေးမြို့ရိုး၊ မစိုးရိမ်စာသင်တိုက်၊ မန္တလေးနာရီစင်၊ စိန်ဂျိုးဆက်ဘုရားကျောင်း ၊ မန္တလေးတက္ကသိုလ်၊ ရွှေစာရံဘုရားတို့ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းမြို့တွင်လည်း စစ်ကိုင်းတံတား၊ ဆွမ်းဦးပုညရှင်စေတီ၊ ဂျပန်ဘုရား၊ ဥမင်သုံးဆယ်ဘုရား၊ ကောင်းမှုတော်စေတီတော်၊ တောင်ပေါ်သီလရှင်တိုက်၊ ကမ္ဘာကျော်ကျောင်း၊ လေးကျွန်းမြေ အုတ်ကျောင်း၊စေတီလှ၊ ၉ ပေစေတီတော် နှင့် ကျောင်းတိုက်(စစ်ကိုင်း)၊ ကက်ကြေးဆေးလိပ်တိုက်၊ ထူပါရုံကျောင်း၊ မဟာခိုနန်းကျောင်း၊ ငါးထပ်ကြီးကျောင်းတို့လည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
အလားတူ အမရပူရမြို့နယ်တွင်လည်း နဂါးရုံဘုရား၊ နန်းဦးဆုတောင်းပြည့်ဘုရား၊ ပုထိုးတော်ကြီး၊ရွှေဂူကြီး၊ရွှေရင်းရဲစေတီ၊ တောင်တမံ ဗူးဘုရား၊ စန္ဓာမုနိဘုရား၊ တောင်မင်းကြီးဘုရား၊ ဆင်ကြိုရွှေဂူကပ်ကျောင်း၊ ပိဋကက်ကျောင်းတိုက်၊ ကွန်ရင်စီကျောင်း၊သက်တော်ရှည်၊ သက်တော်ရ၊ ဦးလင်းဘုရား၊ ကျွန်းကျောင်း၊ ဘုရားသုံးဆူ၊ ဗားကရာအုတ်တံတိုင်း၊ ရွှေတိုက် (ရဲတိုက်)၊ နန်းမြင့် (ရဲတိုက်)နှင့် ရတနာမဉ္ဇူ ဘုရားတို့တွင်လည်း ပျက်စီးမှုအချို့ ရှိခဲ့ကြောင်း သိရသည်။
ပင်းယမြို့ဟောင်းတွင်လည်း ရှေးဟောင်းစေတီ၊ အဆောက်အဦများဖြစ်သည့် ရွှေစည်းခုံ(ပင်းယ)၊ရွှေတောင်တော်စေတီ၊ အောင်စည်းခုံ စေတီ၊ ဂူကြီးသုံးလုံး၊ ဆေးအိုးဖိုအုပ်စု၊ မင်္ဂလာစေတီအုပ်စုတို့အပါအဝင် အင်းဝမြို့ဟောင်းရှိ မယ်နုအုတ်ကျောင်းလေးထပ်ကြီးကျောင်း၊ တောင်ဘီလူးရွာ လောကထိပ်ဦးဘုရား၊ ရတနာဆီမီးဘုရား၊ ဆင်ကျုံးခံတပ်ကျောက်စာ၊ နန်းမြင့်မျှော်စင်၊ လောကသရဖူ၊ လောကထိပ်ဦး၊ ရွှေစည်းခုံစေတီတော်(အင်းဝ)၊ သစ္စာတိုက်ဘုရားတို့သည့်လည်း ပြိုကျပျက်စီးမှုအချို့ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျောက်ဆည်မြို့ရှိ တမုတ်ရွှေဂူကြီးဘုရား၊ မင်းကွန်းရှိ မြသိန်းတန်စေတီ၊ မင်းကွန်းပုထိုးတော်ကြီး၊ ရှမ်းပြည်နယ်၊ မောက်မယ်မြို့ရှိ မောက်စံကျောင်းနှင့် ပြည်မြို့၊ မှော်ဇာမြို့အနီး သုံးပန်လှကျောင်းတို့သည်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Zawgyi Version:
အင္အားႀကီးငလ်င္ေၾကာင့္ မဟာျမတ္မုနိဘုရားႀကီး အပါအဝင္ ေရွးေဟာင္းေစတီ၊ အေဆာက္အဦး (၆၀) ေက်ာ္ ထိခိုက္ပ်က္စီး
သန႔္ဇင္(NP News)-မတ္ ၃၀
အင္အားႀကီးငလ်င္ေၾကာင့္ မႏၲေလး မဟာျမတ္မုနိဘုရားႀကီး အပါအဝင္ ေရွးေဟာင္း ေစတီ၊ အေဆာက္အဦး (၆၁) ခု ထိခိုက္ပ်က္စီးခဲ့ေၾကာင္း သိရသည္။
မတ္လ ၂၈ ရက္၊ မြန္းလြဲ ၁၂ နာရီ ၅၁ မိနစ္က အင္အားရစ္ခ်္တာစေကး(၇ ဒသမ ၇) ရွိ အင္အားအလြန္ျပင္းထန္ေသာ ေျမငလ်င္လႈပ္ခတ္မႈေၾကာင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ေနျပည္ေတာ္ေကာင္စီနယ္ေျမ ႏွင့္ ပဲခူးတိုင္းေဒသႀကီးတို႔တြင္ ငလ်င္ဒဏ္ကို ျပင္းျပင္းထန္ထန္ခံစားခဲ့ရၿပီး အသက္အိုးအိမ္မ်ား ပ်က္စီးဆုံးရႈံးခဲ့ၾကရသည္။
အဆိုပါ ပ်က္စီးဆုံးရႈံးမႈမ်ားအတြင္း သာသနိကအေဆာက္အဦမ်ား ဘုရားေစတီမ်ား၊ ေရွးေဟာင္းအေမြအႏွစ္မ်ားစြာပါဝင္ခဲ့ၿပီး မႏၲေလးၿမိဳ႕ ရွိ မဟာမုနိ ဘုရားႀကီး၊ ကုသိုလ္ေတာ္ဘုရား၊ မႏၲေလးၿမိဳ႕႐ိုး၊ မစိုးရိမ္စာသင္တိုက္၊ မႏၲေလးနာရီစင္၊ စိန္ဂ်ိဳးဆက္ဘုရားေက်ာင္း ၊ မႏၲေလးတကၠသိုလ္၊ ေ႐ႊစာရံဘုရားတို႔ ထိခိုက္ပ်က္စီးမႈအခ်ိဳ႕ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ စစ္ကိုင္းၿမိဳ႕တြင္လည္း စစ္ကိုင္းတံတား၊ ဆြမ္းဦးပုညရွင္ေစတီ၊ ဂ်ပန္ဘုရား၊ ဥမင္သုံးဆယ္ဘုရား၊ ေကာင္းမႈေတာ္ေစတီေတာ္၊ ေတာင္ေပၚသီလရွင္တိုက္၊ ကမာၻေက်ာ္ေက်ာင္း၊ ေလးကြၽန္းေျမ အုတ္ေက်ာင္း၊ေစတီလွ၊ ၉ ေပေစတီေတာ္ ႏွင့္ ေက်ာင္းတိုက္(စစ္ကိုင္း)၊ ကက္ေၾကးေဆးလိပ္တိုက္၊ ထူပါ႐ုံေက်ာင္း၊ မဟာခိုနန္းေက်ာင္း၊ ငါးထပ္ႀကီးေက်ာင္းတို႔လည္း ထိခိုက္ပ်က္စီးခဲ့ရေၾကာင္း သိရသည္။
အလားတူ အမရပူရၿမိဳ႕နယ္တြင္လည္း နဂါး႐ုံဘုရား၊ နန္းဦးဆုေတာင္းျပည့္ဘုရား၊ ပုထိုးေတာ္ႀကီး၊ေ႐ႊဂူႀကီး၊ေ႐ႊရင္းရဲေစတီ၊ ေတာင္တမံ ဗူးဘုရား၊ စႏၶာမုနိဘုရား၊ ေတာင္မင္းႀကီးဘုရား၊ ဆင္ႀကိဳေ႐ႊဂူကပ္ေက်ာင္း၊ ပိဋကက္ေက်ာင္းတိုက္၊ ကြန္ရင္စီေက်ာင္း၊သက္ေတာ္ရွည္၊ သက္ေတာ္ရ၊ ဦးလင္းဘုရား၊ ကြၽန္းေက်ာင္း၊ ဘုရားသုံးဆူ၊ ဗားကရာအုတ္တံတိုင္း၊ ေ႐ႊတိုက္ (ရဲတိုက္)၊ နန္းျမင့္ (ရဲတိုက္)ႏွင့္ ရတနာမၪၨဴ ဘုရားတို႔တြင္လည္း ပ်က္စီးမႈအခ်ိဳ႕ ရွိခဲ့ေၾကာင္း သိရသည္။
ပင္းယၿမိဳ႕ေဟာင္းတြင္လည္း ေရွးေဟာင္းေစတီ၊ အေဆာက္အဦမ်ားျဖစ္သည့္ ေ႐ႊစည္းခုံ(ပင္းယ)၊ေ႐ႊေတာင္ေတာ္ေစတီ၊ ေအာင္စည္းခုံ ေစတီ၊ ဂူႀကီးသုံးလုံး၊ ေဆးအိုးဖိုအုပ္စု၊ မဂၤလာေစတီအုပ္စုတို႔အပါအဝင္ အင္းဝၿမိဳ႕ေဟာင္းရွိ မယ္ႏုအုတ္ေက်ာင္းေလးထပ္ႀကီးေက်ာင္း၊ ေတာင္ဘီလူး႐ြာ ေလာကထိပ္ဦးဘုရား၊ ရတနာဆီမီးဘုရား၊ ဆင္က်ဳံးခံတပ္ေက်ာက္စာ၊ နန္းျမင့္ေမွ်ာ္စင္၊ ေလာကသရဖူ၊ ေလာကထိပ္ဦး၊ ေ႐ႊစည္းခုံေစတီေတာ္(အင္းဝ)၊ သစၥာတိုက္ဘုရားတို႔သည့္လည္း ၿပိဳက်ပ်က္စီးမႈအခ်ိဳ႕ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေက်ာက္ဆည္ၿမိဳ႕ရွိ တမုတ္ေ႐ႊဂူႀကီးဘုရား၊ မင္းကြန္းရွိ ျမသိန္းတန္ေစတီ၊ မင္းကြန္းပုထိုးေတာ္ႀကီး၊ ရွမ္းျပည္နယ္၊ ေမာက္မယ္ၿမိဳ႕ရွိ ေမာက္စံေက်ာင္းႏွင့္ ျပည္ၿမိဳ႕၊ ေမွာ္ဇာၿမိဳ႕အနီး သုံးပန္လွေက်ာင္းတို႔သည္လည္း ထိခိုက္ပ်က္စီးခဲ့ေၾကာင္း သိရသည္။