ငလျင်ကြောင့် ကွယ်လွန်သွားပြီးဟု ယူဆထားသော သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင်၏ အသံကို အပျက်အစီးများကြား မှ ကြားရဟုဆို

3011

စော (NP News) - မတ် ၃ဝ
ငလျင်ကြောင့် ကွယ်လွန်သွားပြီးဟု ယူဆထားသော သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင်၏ အသံကို အပျက်အစီးများ ကြားမှ ကြားရ၍ ကယ်ဆယ်ရေးဆောင်ရွက်နေကြောင်း Thutkha Diamond-သုခဒိုင်းမွန်းစိန်တိုက်က အသိပေး ထားသည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်သွားသော အင်အားငလျင်ကြောင့် (၁၁)ထပ်မြင့်သော Sky Villa ကွန်ဒိုသည် မြေအောက်ကို ကျွံဝင်သွားခဲ့ပြီး အဆိုပါကွန်ဒိုတွင် ဒေါ်မိုးသီတာရွှေ အပါအဝင် ၎င်း၏ မိသားစုအချို့လည်း ပါဝင် သွားကြောင်း သိရသည်။
“သတင်းကောင်းလေးပြောပါရစေရှင့်။ မေမိုးအသံကိုကြားရပါပြီနော်။ ထုတ်တန်းတွေကြောင့် အခုချိန်ထိတော့ ပြန်လည်ထွက်ရှိနိုင်ဖို့ကြိုးစားနေပါတယ်ရှင့်” ဟု Thutkha Diamond-သုခဒိုင်းမွန်း စိန်တိုက်က ယနေ့ (မတ်လ ၃၀ ရက်) တွင် အသိပေးထားသည်။
လက်ရှိတွင် သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေ၏ အသံကို ကြားရပြီဖြစ်ကြောင်းနှင့် ထိခိုက်မှုမရှိ ကြောင်း Ye Naung အကောင့်ပိုင်ရှင်ကလည်း ထပ်မံအသိပေးထားသည်ကို တွေ့ရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် Sky Villa အဆောက်အဦ ပြိုကျပျက်စီးသည့်နေရာတွင် ယနေ့ (မတ်လ ၃၀ ရက်)၊ နံနက် (၇)နာရီအချိန်က မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၅၀)ဦး တို့ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမီသတ်တပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
သုခဒိုင်းမွန်းစိန်တိုက်၏ ပိုင်ရှင် သီရိသုဓမ္မသိင်္ဂီဒေါ်မိုးသီတာရွှေ နှင့် သားသမီးများမြေးလေးတို့သည် ပြီးခဲ့သည့် (မတ်လ ၂၈ ရက်)က သဘာဝဘေးအန္တရာယ်ကြောင့် ကွယ်လွန်အနိစ္စရောက်သွားပြီဖြစ်ကြောင်း သုခဒိုင်းမွန်း စိန်တိုက်က အသိပေးထုတ်ပြန်ခဲ့သေးသည်။
အဆိုပါကွန်ဒို မြေကျွံဝင်မှု၌ ပါဝင်ခဲ့သော Sky villa အခန်း (၉၀၅) တွင် တည်းခိုနေသည့် ဖိလစ်ပိုင်နိုင်ငံသား နှစ်ဦး အပါအဝင် အခြားသော လူများလည်း ပျောက်ဆုံးနေသေးကြောင်း လူမှုကွန်ယက်စာမျက်နှာများတွင် အသိပေး အကူအညီတောင်းခံထားသည်များကို တွေ့ရသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ ကြယ္လြန္သြားၿပီးဟု ယူဆထားေသာ သုခဒိုင္းမြန္းစိန္တိုက္ပိုင္ရွင္၏ အသံကို အပ်က္အစီးမ်ားၾကား မွ ၾကားရဟုဆို
ေစာ (NP News) - မတ္ ၃ဝ
ငလ်င္ေၾကာင့္ ကြယ္လြန္သြားၿပီးဟု ယူဆထားေသာ သုခဒိုင္းမြန္းစိန္တိုက္ပိုင္ရွင္၏ အသံကို အပ်က္အစီးမ်ား ၾကားမွ ၾကားရ၍ ကယ္ဆယ္ေရးေဆာင္႐ြက္ေနေၾကာင္း Thutkha Diamond-သုခဒိုင္းမြန္းစိန္တိုက္က အသိေပး ထားသည္။
မတ္လ ၂၈ ရက္က လႈပ္ခတ္သြားေသာ အင္အားငလ်င္ေၾကာင့္ (၁၁)ထပ္ျမင့္ေသာ Sky Villa ကြန္ဒိုသည္ ေျမေအာက္ကို ကြၽံဝင္သြားခဲ့ၿပီး အဆိုပါကြန္ဒိုတြင္ ေဒၚမိုးသီတာေ႐ႊ အပါအဝင္ ၎၏ မိသားစုအခ်ိဳ႕လည္း ပါဝင္ သြားေၾကာင္း သိရသည္။
“သတင္းေကာင္းေလးေျပာပါရေစရွင့္။ ေမမိုးအသံကိုၾကားရပါၿပီေနာ္။ ထုတ္တန္းေတြေၾကာင့္ အခုခ်ိန္ထိေတာ့ ျပန္လည္ထြက္ရွိႏိုင္ဖို႔ႀကိဳးစားေနပါတယ္ရွင့္” ဟု Thutkha Diamond-သုခဒိုင္းမြန္း စိန္တိုက္က ယေန႔ (မတ္လ ၃၀ ရက္) တြင္ အသိေပးထားသည္။
လက္ရွိတြင္ သုခဒိုင္းမြန္းစိန္တိုက္ပိုင္ရွင္ ေဒၚမိုးသီတာေ႐ႊ၏ အသံကို ၾကားရၿပီျဖစ္ေၾကာင္းႏွင့္ ထိခိုက္မႈမရွိ ေၾကာင္း Ye Naung အေကာင့္ပိုင္ရွင္ကလည္း ထပ္မံအသိေပးထားသည္ကို ေတြ႕ရသည္။
မႏၲေလးတိုင္းေဒသႀကီးအတြင္း ငလ်င္လႈပ္ခတ္မႈေၾကာင့္ Sky Villa အေဆာက္အဦ ၿပိဳက်ပ်က္စီးသည့္ေနရာတြင္ ယေန႔ (မတ္လ ၃၀ ရက္)၊ နံနက္ (၇)နာရီအခ်ိန္က မီးသတ္ဦးစီးဌာနမွ ရွာေဖြကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္ (၅၀)ဦး တို႔ သည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံမွ ရွာေဖြကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္အတူ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား စတင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမီသတ္တပ္ဖြဲ႕က အသိေပးထုတ္ျပန္ထားသည္။
သုခဒိုင္းမြန္းစိန္တိုက္၏ ပိုင္ရွင္ သီရိသုဓမၼသိဂႌေဒၚမိုးသီတာေ႐ႊ ႏွင့္ သားသမီးမ်ားေျမးေလးတို႔သည္ ၿပီးခဲ့သည့္ (မတ္လ ၂၈ ရက္)က သဘာဝေဘးအႏၲရာယ္ေၾကာင့္ ကြယ္လြန္အနိစၥေရာက္သြားၿပီျဖစ္ေၾကာင္း သုခဒိုင္းမြန္း စိန္တိုက္က အသိေပးထုတ္ျပန္ခဲ့ေသးသည္။
အဆိုပါကြန္ဒို ေျမကြၽံဝင္မႈ၌ ပါဝင္ခဲ့ေသာ Sky villa အခန္း (၉၀၅) တြင္ တည္းခိုေနသည့္ ဖိလစ္ပိုင္ႏိုင္ငံသား ႏွစ္ဦး အပါအဝင္ အျခားေသာ လူမ်ားလည္း ေပ်ာက္ဆုံးေနေသးေၾကာင္း လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္ အသိေပး အကူအညီေတာင္းခံထားသည္မ်ားကို ေတြ႕ရသည္။