ငလျင်ကယ်ဆယ်ရေးယာဉ်များအား လမ်းညွှန်ပေးနေသည့် ရဲတပ်ကြပ်ကြီးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

2850
သန့်ဇင် (NP News) - မတ် ၃ဝ
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ငလျင်ကယ်ဆယ်ရေးယာဉ်များအား လမ်းညွှန်ပေးနေသော ရဲတပ်ကြပ်ကြီးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(မတ်လ ၃၀ ရက်)၊ နံနက်ပိုင်းက ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၅၄ မိုင်၊ ၂ ဖာလုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါနေရာတွင် ငလျင်ကူညီကယ်ဆယ်ရေးယာဉ်များနှင့် ခရီးသွားယာဉ်များ အန္တရာယ်မဖြစ်စေရေး လမ်းညွှန် လုပ်ပေးနေသောာ ရဲတပ်ကြပ်ကြီး တစ်ဦးအားအကြမ်းဖက် PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ရဲတပ်ကြပ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် လုပ်ကြံသတ်ဖြတ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ငလ်င္ကယ္ဆယ္ေရးယာဥ္မ်ားအား လမ္းၫႊန္ေပးေနသည့္ ရဲတပ္ၾကပ္ႀကီးကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္
သန႔္ဇင္ (NP News) - မတ္ ၃ဝ
ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ငလ်င္ကယ္ဆယ္ေရးယာဥ္မ်ားအား လမ္းၫႊန္ေပးေနေသာ ရဲတပ္ၾကပ္ႀကီးကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(မတ္လ ၃၀ ရက္)၊ နံနက္ပိုင္းက ရန္ကုန္-မႏၲေလးအျမန္လမ္း၊ မိုင္တိုင္အမွတ္ ၂၅၄ မိုင္၊ ၂ ဖာလုံတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေနရာတြင္ ငလ်င္ကူညီကယ္ဆယ္ေရးယာဥ္မ်ားႏွင့္ ခရီးသြားယာဥ္မ်ား အႏၲရာယ္မျဖစ္ေစေရး လမ္းၫႊန္ လုပ္ေပးေနေသာာ ရဲတပ္ၾကပ္ႀကီး တစ္ဦးအားအၾကမ္းဖက္ PDF အဖြဲ႕က ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ပစ္ခတ္သတ္ျဖတ္ခံရမႈေၾကာင့္ ရဲတပ္ၾကပ္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ လုပ္ႀကံသတ္ျဖတ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။