အဆိုတော် ဂျေညီညီ ယနေ့မနက်တွင် ကွယ်လွန်

 1033

NP News- မတ် ၃၁

နိုင်ငံကျော် အဆိုတော်ဂျေညီညီသည် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများက လူမှုကွန်ယက်စာမျက်နှာများထက်တွင် ရေးသားထားချက်များအရ သိရသည်။

အဆိုတော်‌ဂျေညီညီသည် ယနေ့(မတ်လ ၃၁ ရက်) နံနက် ၄ နာရီခွဲအချိန်တွင် ကွယ်လွန်ခဲ့ကြောင်း ဂျေညီမလေးမှလည်း ၎င်း၏ Facebook လူမှုကွန်ရက်တွင် ရေးသားထားသည်။

"ဂျေညီညီဆိုတာကတော့ နိုင်ငံသိပြည်သူသိ အားလုံးသိတဲ့အနုပညာရှင်ဖြစ်တယ်။ သူကိုယ်တိုင်လည်း အင်မတန်စိတ်စေတနာကောင်းပြီး ဘာမာနမှမရှိတဲ့အနုပညာရှင်တစ်ယောက်။ ပြည်သူချစ်တဲ့အနုပညာရှင်ပဲ။ အစည်းအရုံးအနေနဲ့လည်း ဝမ်းနည်းတယ်။ ပြည်သူအတွက်လည်းဝမ်းနည်းစရာဖြစ်တယ်။ ထွန်းတောက်နေတဲ့ဂီတအနုပညာကြယ်တစ်ပွင့်ကြွေလွင့်သွားတာ ဖြစ်တဲ့အတွက် ဂီတလောကကြီးအတွက် ဆုံးရှုံးမှုတစ်ခုဖြစ်တယ်။ သူ‌‌ကောင်းရာသုဂတိလားပါစေလို့လည်း ဆုတောင်းပါတယ်"ဟု မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်က NP News ကိုပြောသည်။

အဆိုတော် ဂျေညီညီကို ၁၉၅၃ ခုနှစ်တွင် ဝါးခယ်မမြို့တွင်မွေးဖွားခဲ့ခြင်းဖြစ်ပြီး အစ်ကို ဂျေမောင်မောင်၊ ညီမ ဂျေညီမလေးနှင့် တူမသီရိဂျေမောင်မောင် တို့သည် ဂီတလောက၏ နာမည်ကြီး ဂျေမိသားစုဝင် အဆိုတော်များဖြစ်သည်။

ဂျေညီညီသီချင်းများသည် ယနေ့ထိတိုင်အသက်ဝင်နေဆဲဖြစ်ပြီး "အလွမ်းကဖီး"၊ "ပလက်ဖောင်းရှိုး"၊ "စွဲနေပြီ"၊ " အရိပ်အလေး "နှင့် "လူပျိုကြီးပဲလုပ်တော့မယ်" သီချင်းများအပါအဝင် တေးသီချင်းပေါင်းများစွာသီဆိုခဲ့သူဖြစ်သည်။

အဆိုတော်ဂျေညီညီသည် ဂျေညီညီဟာ ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အဆိုေတာ္ ေဂ်ညီညီ ယေန႔မနက္တြင္ ကြယ္လြန္

NP News- မတ္ ၃၁

ႏိုင္ငံေက်ာ္ အဆိုေတာ္ေဂ်ညီညီသည္ ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း ၎ႏွင့္နီးစပ္သူမ်ားက လူမႈကြန္ယက္စာမ်က္ႏွာမ်ားထက္တြင္ ေရးသားထားခ်က္မ်ားအရ သိရသည္။

အဆိုေတာ္‌ေဂ်ညီညီသည္ ယေန႔(မတ္လ ၃၁ ရက္) နံနက္ ၄ နာရီခြဲအခ်ိန္တြင္ ကြယ္လြန္ခဲ့ေၾကာင္း ေဂ်ညီမေလးမွလည္း ၎၏ Facebook လူမႈကြန္ရက္တြင္ ေရးသားထားသည္။

"ေဂ်ညီညီဆိုတာကေတာ့ ႏိုင္ငံသိျပည္သူသိ အားလုံးသိတဲ့အႏုပညာရွင္ျဖစ္တယ္။ သူကိုယ္တိုင္လည္း အင္မတန္စိတ္ေစတနာေကာင္းၿပီး ဘာမာနမွမရွိတဲ့အႏုပညာရွင္တစ္ေယာက္။ ျပည္သူခ်စ္တဲ့အႏုပညာရွင္ပဲ။ အစည္းအ႐ုံးအေနနဲ႔လည္း ဝမ္းနည္းတယ္။ ျပည္သူအတြက္လည္းဝမ္းနည္းစရာျဖစ္တယ္။ ထြန္းေတာက္ေနတဲ့ဂီတအႏုပညာၾကယ္တစ္ပြင့္ေႂကြလြင့္သြားတာ ျဖစ္တဲ့အတြက္ ဂီတေလာကႀကီးအတြက္ ဆုံးရႈံးမႈတစ္ခုျဖစ္တယ္။ သူ‌‌ေကာင္းရာသုဂတိလားပါေစလို႔လည္း ဆုေတာင္းပါတယ္"ဟု ျမန္မာႏိုင္ငံဂီတအစည္းအ႐ုံးဥကၠ႒ ဦးလြင္ျမင့္က NP News ကိုေျပာသည္။

အဆိုေတာ္ ေဂ်ညီညီကို ၁၉၅၃ ခုႏွစ္တြင္ ဝါးခယ္မၿမိဳ႕တြင္ေမြးဖြားခဲ့ျခင္းျဖစ္ၿပီး အစ္ကို ေဂ်ေမာင္ေမာင္၊ ညီမ ေဂ်ညီမေလးႏွင့္ တူမသီရိေဂ်ေမာင္ေမာင္ တို႔သည္ ဂီတေလာက၏ နာမည္ႀကီး ေဂ်မိသားစုဝင္ အဆိုေတာ္မ်ားျဖစ္သည္။

ေဂ်ညီညီသီခ်င္းမ်ားသည္ ယေန႔ထိတိုင္အသက္ဝင္ေနဆဲျဖစ္ၿပီး "အလြမ္းကဖီး"၊ "ပလက္ေဖာင္းရႈိး"၊ "စြဲေနၿပီ"၊ " အရိပ္အေလး "ႏွင့္ "လူပ်ိဳႀကီးပဲလုပ္ေတာ့မယ္" သီခ်င္းမ်ားအပါအဝင္ ေတးသီခ်င္းေပါင္းမ်ားစြာသီဆိုခဲ့သူျဖစ္သည္။

အဆိုေတာ္ေဂ်ညီညီသည္ ေဂ်ညီညီဟာ ကြယ္လြန္ခ်ိန္မွာ အသက္ ၇၂ ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.