စိုးရိမ်စိတ်များဖြင့် သင်္ကြန်ကာလအိမ်ပြန်မည့် ပြည်သူများကို ကားလက်မှတ်ဈေးနှုန်းတိုးယူကောက် ခံခြင်းမပြု သင့်

445

Pearl ( NP News ) မတ်-၃၁
စိုးရိမ်စိတ်များဖြင့် သင်္ကြန်ကာလအိမ်ပြန်မည့် ပြည်သူများကို ကားလက်မှတ်ဈေးနှုန်းတိုးယူကောက် ခံခြင်းမပြု သင့်ကြောင်း မြန်မာပြည်အနှံ့ခရီးသွားဝန် ဆောင်မှုလုပ်ကိုင်နေသူတစ်ဦးက NP News မှတစ်ဆင့် အကြံပြုပြောကြား သည်။
မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ရန်ကုန်တိုင်းဒေသ ကြီးသို့ လာ ရောက်၍ အထည်ချုပ်လုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများတွင် လာရောက်အလုပ်လုပ်ကိုင်နေသူ များအနေဖြင့် လာမည့် သင်္ကြံန်ကာလအတွင်း ၎င်းတို့ နေရပ်ဒေသများသို့ပြန်ရန်အတွက် ယခုမတ်လ နောက်ဆုံးပတ်မှစတင်၍ ကားလက်မှတ် ကြိုတင် မှာယူခြင်းများကို လုပ်ဆောင်လာသည်ကို တွေ့ရ သည်။
ထိုသို့ ကားလက်မှတ်များကို ကြိုတင်မှာယူခြင်း များပြုလုပ်နေကြသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းတွင် အကြမ်း ဖက်အဖွဲ့များက နေ့စဉ်ခရီးသွားပြည်သူ သောင်းနှင့်ချီသွားလာနေသည့် ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်သို့ ရှောင် တခင်တက်၍ ခရီးသွားကားများကို စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြသဖြင့် နေရပ်ပြန်မည့်သူများအနေဖြင့် စိုးရိမ်စိတ်များရှိ နေကြောင်းလည်း သိရသည်။
“အခု ရုံးပိတ်ရက်တွေ စနေ၊ တနင်္ဂနွေရက်တွေ မှာဆိုရင် ကားဝန်းထဲမှာ ကားဂိတ်လိုက်ရှာနေတဲ့ လူတွေ အများကြီးပဲ။ ဟိုဂိတ်လည်း မရ၊ ဒီဂိတ်လည်းမရ သိတဲ့အတိုင်းပဲ။ ဒီနှစ်ကတော့ ပြန်တဲ့လူနည်း နည်းလေး အရင် နှစ်ထက် ပိုနည်းမယ်တော့ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် အမြန်လမ်းသတင်းတွေ ဘာတွေကြားတယ်။ တချို့ဆိုရင် သင်္ကြံန်တွင်းပြန်ဖို့ လမ်းကြောင်းကောင်း၊ မကောင်းစုံစမ်းကြတယ်။ ဒီလိုပဲ သံသယတွေနဲ့ ပြန်ကြရတာ”ဟု အထက်ပါ လုပ်ငန်းရှင်က ဆိုသည်။
လက်ရှိတွင် အချို့သောကားလိုင်းများအနေဖြင့် သင်္ကြံန်ကာလအတွက် ကားလက်မှတ်ဈေးနှုန်းထားများကို အဆမတန်တိုးမြှင့်ကောက်ယူမှုများရှိနေပြီး စိုးရိမ်စိတ်များဖြင့် သင်္ကြံန်ကာလအတွင်း နေရပ်ပြန် မည့်ပြည်သူများကို ထိုကဲ့သို့မလုပ်ဆောင်သင့် ကြောင်းလည်း ၎င်းက အကြံပြုထားသည်။
“နယ်ကနေ အလုပ်လာလုပ်တဲ့လူတွေ၊ အထည် ချုပ်တို့ ဘာတို့ပေါ့ဗျာ။ ရွှေဘို၊ ပခုက္ကူ၊ ကျောက်ပန်း တောင်း၊ မုံရွာ အဲဒီလိုဘက်ကတွေ အလုပ်လာလုပ်ကြတယ်။ အခုဒီရာသီက ပြန်ကြတဲ့လူတွေများတယ်။ တချို့ကားလိုင်းတွေက မှန်မှန်ကန်ကန်ယူတယ်ဗျ။ တချို့လိုင်းတွေဆိုရင် ဈေးနှုန်းတိုးပြီးယူတာတွေ ရှိ တယ်။ ဒီအချိန်မှာ တိုင်းရေးပြည်ရေးက မကောင်းတော့ စားဝတ်နေရေးအတွက် အိုးအိမ်စွန့်ပြီးတော့ ရန်ကုန်မှာ အလုပ်လာလုပ်တဲ့လူတွေကို အခါအခွင့် သင့် တယ်ဆိုပြီးတော့ ဈေးနှုန်း ကြီးမြင့်တာတော့ မဖြစ်သင့်ဘူး”ဟု အထက်ပါလုပ်ငန်းရှင်က ဆက်လက်ပြောသည်။
ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ အသုံးပြုနိုင်ရေးအတွက် ရန်ကုန်-မန္တလေး အမြန်လမ်းကို မျက်စောင်း ထိုးလာသော PDF များအရေးကို ဖြေရှင်းရန်လိုအပ်နေပြီး ပြောက်ကျားစနစ်ကိုသုံး၍ ကာကွယ်သင့်ကြောင်းလည်း တပ်မတော်အငြိမ်းစား အရာရှိကြီးတစ်ဦးက အကြံပြုပြောကြားဖူးသည်။

Zawgyi Version:
စိုးရိမ္စိတ္မ်ားျဖင့္ သၾကၤန္ကာလ အိမ္ျပန္မည့္ သူမ်ားကို ကားလက္မွတ္ေဈးႏႈန္းတိုးယူေကာက္ခံျခင္းမျပဳသင့္
Pearl ( NP News ) မတ္-၃၁
စိုးရိမ္စိတ္မ်ားျဖင့္ သၾကၤန္ကာလအိမ္ျပန္မည့္ ျပည္သူမ်ားကို ကားလက္မွတ္ေဈးႏႈန္းတိုးယူေကာက္ ခံျခင္းမျပဳ သင့္ေၾကာင္း ျမန္မာျပည္အႏွံ႔ခရီးသြားဝန္ ေဆာင္မႈလုပ္ကိုင္ေနသူတစ္ဦးက NP News မွတစ္ဆင့္ အႀကံျပဳေျပာၾကား သည္။
မႏၲေလးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးတို႔မွ ရန္ကုန္တိုင္းေဒသ ႀကီးသို႔ လာ ေရာက္၍ အထည္ခ်ဳပ္လုပ္ငန္းမ်ား၊ စက္႐ုံအလုပ္႐ုံမ်ားတြင္ လာေရာက္အလုပ္လုပ္ကိုင္ေနသူ မ်ားအေနျဖင့္ လာမည့္ သႀကႍန္ကာလအတြင္း ၎တို႔ ေနရပ္ေဒသမ်ားသို႔ျပန္ရန္အတြက္ ယခုမတ္လ ေနာက္ဆုံးပတ္မွစတင္၍ ကားလက္မွတ္ ႀကိဳတင္ မွာယူျခင္းမ်ားကို လုပ္ေဆာင္လာသည္ကို ေတြ႕ရ သည္။
ထိုသို႔ ကားလက္မွတ္မ်ားကို ႀကိဳတင္မွာယူျခင္း မ်ားျပဳလုပ္ေနၾကေသာ္လည္း ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အၾကမ္း ဖက္အဖြဲ႕မ်ားက ေန႔စဥ္ခရီးသြားျပည္သူ ေသာင္းႏွင့္ခ်ီသြားလာေနသည့္ ရန္ကုန္ - မႏၲေလး အျမန္လမ္းေပၚသို႔ ေရွာင္ တခင္တက္၍ ခရီးသြားကားမ်ားကို စစ္ေဆးျခင္းမ်ားျပဳလုပ္ခဲ့ၾကသျဖင့္ ေနရပ္ျပန္မည့္သူမ်ားအေနျဖင့္ စိုးရိမ္စိတ္မ်ားရွိ ေနေၾကာင္းလည္း သိရသည္။
“အခု ႐ုံးပိတ္ရက္ေတြ စေန၊ တနဂၤေႏြရက္ေတြ မွာဆိုရင္ ကားဝန္းထဲမွာ ကားဂိတ္လိုက္ရွာေနတဲ့ လူေတြ အမ်ားႀကီးပဲ။ ဟိုဂိတ္လည္း မရ၊ ဒီဂိတ္လည္းမရ သိတဲ့အတိုင္းပဲ။ ဒီႏွစ္ကေတာ့ ျပန္တဲ့လူနည္း နည္းေလး အရင္ ႏွစ္ထက္ ပိုနည္းမယ္ေတာ့ထင္တယ္။ ဘာျဖစ္လို႔လဲဆိုရင္ အျမန္လမ္းသတင္းေတြ ဘာေတြၾကားတယ္။ တခ်ိဳ႕ဆိုရင္ သႀကႍန္တြင္းျပန္ဖို႔ လမ္းေၾကာင္းေကာင္း၊ မေကာင္းစုံစမ္းၾကတယ္။ ဒီလိုပဲ သံသယေတြနဲ႔ ျပန္ၾကရတာ”ဟု အထက္ပါ လုပ္ငန္းရွင္က ဆိုသည္။
လက္ရွိတြင္ အခ်ိဳ႕ေသာကားလိုင္းမ်ားအေနျဖင့္ သႀကႍန္ကာလအတြက္ ကားလက္မွတ္ေဈးႏႈန္းထားမ်ားကို အဆမတန္တိုးျမႇင့္ေကာက္ယူမႈမ်ားရွိေနၿပီး စိုးရိမ္စိတ္မ်ားျဖင့္ သႀကႍန္ကာလအတြင္း ေနရပ္ျပန္ မည့္ျပည္သူမ်ားကို ထိုကဲ့သို႔မလုပ္ေဆာင္သင့္ ေၾကာင္းလည္း ၎က အႀကံျပဳထားသည္။
“နယ္ကေန အလုပ္လာလုပ္တဲ့လူေတြ၊ အထည္ ခ်ဳပ္တို႔ ဘာတို႔ေပါ့ဗ်ာ။ ေ႐ႊဘို၊ ပခုကၠဴ၊ ေက်ာက္ပန္း ေတာင္း၊ မုံ႐ြာ အဲဒီလိုဘက္ကေတြ အလုပ္လာလုပ္ၾကတယ္။ အခုဒီရာသီက ျပန္ၾကတဲ့လူေတြမ်ားတယ္။ တခ်ိဳ႕ကားလိုင္းေတြက မွန္မွန္ကန္ကန္ယူတယ္ဗ်။ တခ်ိဳ႕လိုင္းေတြဆိုရင္ ေဈးႏႈန္းတိုးၿပီးယူတာေတြ ရွိ တယ္။ ဒီအခ်ိန္မွာ တိုင္းေရးျပည္ေရးက မေကာင္းေတာ့ စားဝတ္ေနေရးအတြက္ အိုးအိမ္စြန႔္ၿပီးေတာ့ ရန္ကုန္မွာ အလုပ္လာလုပ္တဲ့လူေတြကို အခါအခြင့္ သင့္ တယ္ဆိုၿပီးေတာ့ ေဈးႏႈန္း ႀကီးျမင့္တာေတာ့ မျဖစ္သင့္ဘူး”ဟု အထက္ပါလုပ္ငန္းရွင္က ဆက္လက္ေျပာသည္။
ခရီးသြားျပည္သူမ်ား စိတ္ေအးခ်မ္းသာစြာ အသုံးျပဳႏိုင္ေရးအတြက္ ရန္ကုန္-မႏၲေလး အျမန္လမ္းကို မ်က္ေစာင္း ထိုးလာေသာ PDF မ်ားအေရးကို ေျဖရွင္းရန္လိုအပ္ေနၿပီး ေျပာက္က်ားစနစ္ကိုသုံး၍ ကာကြယ္သင့္ေၾကာင္းလည္း တပ္မေတာ္အၿငိမ္းစား အရာရွိႀကီးတစ္ဦးက အႀကံျပဳေျပာၾကားဖူးသည္။