ယနေ့မှစ၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် (၇)ရက်သတ်မှက်ကာ နိုင်ငံတော်အလံကို တိုင်ဝက်လျှော့ချလွှင့်ထူမည်

 1729

သန့်ဇင်(NP News)-မတ် ၃၁
အင်အားကြီးငလျင်ဘေး၏ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ယနေ့(မတ်လ ၃၁ရက်)မှစ၍ (၇)ရက်သတ်မှက်ပြီး နိုင်ငံတော်အလံကို တိုင်ဝက်လျှော့ချလွှင့်ထူမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မတ်လ ၂၈ရက်၊ မွန်းလွဲ ၁၂နာရီ ၅၁မိနစ်၊ ၂စက္ကန့်တွင် ဖြစ်ပွားခဲ့သော ပြင်းအား ၇ဒသမ ၇ရစ်(ခ်)တာစကေးရှိ အင်အားပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် အသက်အိုးအိမ် ဆုံးရှုံးများနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ဆုံးရှုံးမှုများအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားရ၍ နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် (the day of national mourning) ကို ယနေ့(မတ်လ ၃၁ရက်)မှ လာမည့် ဧပြီလ ၆ရက်နေ့အထိ (၇)ရက်တိုင်တိုင် သတ်မှတ်ကြေငြာခဲ့ခြင်း ဖြစ်‌ပြီး ယင်းရက်များအတွင်း နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူမည်ဖြစ်ကြောင်း သိရသည်။

အင်အားကြီးမြေငလျင်ကြောင် စစ်ကိုင်းတိုင်းဒေကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ် တို့တွင်ထိခိုက်သေဆုံးသူများစွာရှိခဲ့ပြီး အသက်အိုးအိမ်များစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ငလျင်ဘေးကြောင့် (၃)ရက်အတွင်း လူပေါင်း(၁၇၀၀) ကျော် သေဆုံးခဲ့ရပြီး လူအများအပြား ထိခိုက်ဒဏ်ရရှိခဲ့သည့်အပြင် စေတီပုထိုးများ၊ ရှေးဟောင်းသာသနိကအဆောက်အဦများ ပြိုကျ ပျက်စီးခြင်းများစွာလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ယေန႔မွစ၍ ဝမ္းနည္းျခင္းအထိမ္းအမွတ္ (၇)ရက္သတ္မွက္ကာ ႏိုင္ငံေတာ္အလံကို တိုင္ဝက္ေလွ်ာ့ခ်လႊင့္ထူမည္
သန႔္ဇင္(NP News)-မတ္ ၃၁
အင္အားႀကီးငလ်င္ေဘး၏ ဝမ္းနည္းျခင္းအထိမ္းအမွတ္အျဖစ္ ယေန႔(မတ္လ ၃၁ရက္)မွစ၍ (၇)ရက္သတ္မွက္ၿပီး ႏိုင္ငံေတာ္အလံကို တိုင္ဝက္ေလွ်ာ့ခ်လႊင့္ထူမည္ ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

မတ္လ ၂၈ရက္၊ မြန္းလြဲ ၁၂နာရီ ၅၁မိနစ္၊ ၂စကၠန႔္တြင္ ျဖစ္ပြားခဲ့ေသာ ျပင္းအား ၇ဒသမ ၇ရစ္(ခ္)တာစေကးရွိ အင္အားျပင္းထန္ေသာ ေျမငလ်င္လႈပ္ခတ္မႈေၾကာင့္ အသက္အိုးအိမ္ ဆုံးရႈံးမ်ားႏွင့္ ပ်က္စီးဆုံးရႈံးမႈမ်ားျဖစ္ေပၚခဲ့သည္။

အဆိုပါ ဆုံးရႈံးမႈမ်ားအတြက္ စာနာနားလည္မႈမ်ားႏွင့္အတူ ထပ္တူခံစားရ၍ ႏိုင္ငံေတာ္အဆင့္ဝမ္းနည္းျခင္းအထိမ္းအမွတ္ေန႔ရက္ (the day of national mourning) ကို ယေန႔(မတ္လ ၃၁ရက္)မွ လာမည့္ ဧၿပီလ ၆ရက္ေန႔အထိ (၇)ရက္တိုင္တိုင္ သတ္မွတ္ေၾကျငာခဲ့ျခင္း ျဖစ္‌ၿပီး ယင္းရက္မ်ားအတြင္း ႏိုင္ငံေတာ္အလံအား တိုင္ဝက္ေလွ်ာ့ခ်၍ လႊင့္ထူမည္ျဖစ္ေၾကာင္း သိရသည္။

အင္အားႀကီးေျမငလ်င္ေၾကာင္ စစ္ကိုင္းတိုင္းေဒႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပဲခူးတိုင္းႏွင့္ ရွမ္းျပည္နယ္ တို႔တြင္ထိခိုက္ေသဆုံးသူမ်ားစြာရွိခဲ့ၿပီး အသက္အိုးအိမ္မ်ားစြာလည္း ပ်က္စီးဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ ငလ်င္ေဘးေၾကာင့္ (၃)ရက္အတြင္း လူေပါင္း(၁၇၀၀) ေက်ာ္ ေသဆုံးခဲ့ရၿပီး လူအမ်ားအျပား ထိခိုက္ဒဏ္ရရွိခဲ့သည့္အျပင္ ေစတီပုထိုးမ်ား၊ ေရွးေဟာင္းသာသနိကအေဆာက္အဦမ်ား ၿပိဳက် ပ်က္စီးျခင္းမ်ားစြာလည္း ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.