အမေရိကန်က ISIS အကြမ်းဖက်အဖွဲ့ရဲ့ ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်

311

Pika (NP News) - မတ် ၃၁
အမေရိကန်စစ်တပ်က ဆိုမာလီယာနိုင်ငံ Puntland ဒေသမှာ ရှိတဲ့ ISIS အကြမ်းဖက်အဖွဲ့ကို လေကြောင်း တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာ ISIS အကြမ်းဖက်အဖွဲ့ အဖွဲ့ဝင်အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဆိုမာလီယာအစိုးရနဲ့ ညှိနှိုင်းပြီးလုပ်ဆောင်ခဲ့တဲ့ နောက်ဆုံးအကြိမ်ထွက်ပေါ်လာတဲ့ အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုဟာ ISIS အကြမ်းဖက်အဖွဲ့ရဲ့ပစ်မှတ်အများအပြားကို ထိမှန်ခဲ့ တယ်လို့ အမေရိကန်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ISIS အကြမ်းဖက်အဖွဲ့ရဲ့စစ်ဆင်ရေးတွေဟာ အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့နဲ့ဆက်နွယ်နေတဲ့ အစွန်းရောက် အယ်လ်ရှာဘတ်အဖွဲ့နဲ့နှိုင်းယှဉ်မယ်ဆိုရင် သေးငယ်ပေမယ့်လည်း ISIS အကြမ်းဖက်အဖွဲ့ ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Puntland ဒေသမှာ ပိုမိုအားကောင်းလာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အမေရိကန်စစ်တပ်က “လေကြောင်းတိုက်ခိုက်မှုတွေကို ဆိုမာလီယာနိုင်ငံမြောက်ပိုင်း Puntland ဒေသ Bosasso မြို့ အရှေ့တောင်ဘက်မှာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေအတွင်း ISIS အကြမ်းဖက်အဖွဲ့ရဲ့အဖွဲ့ဝင်အများအပြား သေဆုံးခဲ့ပြီး အရပ်သားထိခိုက်မှုတော့မရှိခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။
အမေရိကန်စစ်တပ်ဟာ အလားတူစစ်ဆင်ရေးကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ လုပ်ဆောင်ခဲ့ပြီးနောက် နှစ်ရက် အကြာမှာ ယခုလိုလေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
Zawgyi Version:
အေမရိကန္က ISIS အၾကမ္းဖက္အဖြဲ႕ရဲ႕ ပစ္မွတ္ေတြကို ေလေၾကာင္းတိုက္ခိုက္မႈျပဳလုပ္
Pika (NP News) - မတ္ ၃၁
အေမရိကန္စစ္တပ္က ဆိုမာလီယာႏိုင္ငံ Puntland ေဒသမွာ ရွိတဲ့ ISIS အၾကမ္းဖက္အဖြဲ႕ကို ေလေၾကာင္း တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ရာ ISIS အၾကမ္းဖက္အဖြဲ႕ အဖြဲ႕ဝင္အမ်ားအျပား ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ဆိုမာလီယာအစိုးရနဲ႔ ညႇိႏႈိင္းၿပီးလုပ္ေဆာင္ခဲ့တဲ့ ေနာက္ဆုံးအႀကိမ္ထြက္ေပၚလာတဲ့ အေမရိကန္ရဲ႕ေလေၾကာင္းတိုက္ခိုက္မႈဟာ ISIS အၾကမ္းဖက္အဖြဲ႕ရဲ႕ပစ္မွတ္အမ်ားအျပားကို ထိမွန္ခဲ့ တယ္လို႔ အေမရိကန္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ISIS အၾကမ္းဖက္အဖြဲ႕ရဲ႕စစ္ဆင္ေရးေတြဟာ အယ္လ္ကိုင္းဒါးအၾကမ္းဖက္အဖြဲ႕နဲ႔ဆက္ႏြယ္ေနတဲ့ အစြန္းေရာက္ အယ္လ္ရွာဘတ္အဖြဲ႕နဲ႔ႏႈိင္းယွဥ္မယ္ဆိုရင္ ေသးငယ္ေပမယ့္လည္း ISIS အၾကမ္းဖက္အဖြဲ႕ ဟာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တစ္စိတ္တစ္ပိုင္းျဖစ္တဲ့ Puntland ေဒသမွာ ပိုမိုအားေကာင္းလာတာ ျဖစ္တယ္လို႔လည္း သိရပါတယ္။
အေမရိကန္စစ္တပ္က “ေလေၾကာင္းတိုက္ခိုက္မႈေတြကို ဆိုမာလီယာႏိုင္ငံေျမာက္ပိုင္း Puntland ေဒသ Bosasso ၿမိဳ႕ အေရွ႕ေတာင္ဘက္မွာ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ တိုက္ခိုက္မႈေတြအတြင္း ISIS အၾကမ္းဖက္အဖြဲ႕ရဲ႕အဖြဲ႕ဝင္အမ်ားအျပား ေသဆုံးခဲ့ၿပီး အရပ္သားထိခိုက္မႈေတာ့မရွိခဲ့ပါဘူး”လို႔ ေျပာခဲ့ပါတယ္။
အေမရိကန္စစ္တပ္ဟာ အလားတူစစ္ဆင္ေရးကို ၿပီးခဲ့တဲ့ရက္ပိုင္းမွာ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ႏွစ္ရက္ အၾကာမွာ ယခုလိုေလေၾကာင္းတိုက္ခိုက္မႈေတြ ထပ္မံလုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။