“အခြေခံလူတန်းစားတွေရဲ့ နှလုံးသားကို အနုပညာအစွမ်းနဲ့သိမ်းပိုက်ပြသွားသူ’’

1526

“NP News’’ရဲ့ အပတ်စဉ်ဖော်ပြနေတဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ အနုပညာသတင်းတွေကို ဖော်ပြပေးပါ မယ်။
မတ်လနောက်ဆုံးပတ်အတွက် “ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ မြင့်မြတ်ရဲ့မြေစာ၊ ကြွက်သေးပိုးကြောင့် အသက် ဘေး ကျရောက်ခဲ့တဲ့ သရုပ်ဆောင်ဟန်မြင့်၊ ချမ်းမြေ့မောင်ချိုရဲ့ တရားဝင်အချစ်ရေး” အစရှိတဲ့ အနုပညာသတင်းတွေကို ရွေးချယ်ထားပါတယ်။
စည်ပင်ဝန်ထမ်းတွေရဲ့ နှလုံးသားကို အပိုင်ရယူနိုင်ခဲ့သူ
အခြေခံလူတန်းစား စည်ပင်သန့်ရှင်းရေးဝန်ထမ်းတွေရဲ့ဘဝကို အခြေခံရိုက်ကူးထားတဲ့ မြင့်မြတ်ရဲ့ “မြေစာ” ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသလျက်ရှိရာ အားပေးကြည့်ရှုသူများပြားလျက်ရှိနေပါတယ်။
“မြေစာ”ရုပ်ရှင်ဟာ ဒရမ်မာဇာတ်ကားစစ်စစ်ဖြစ်ပြီး၊ မြင့်မြတ်ကို ဒရမ်မာဇာတ်ကားနဲ့ ပြန်လည်တွေ့မြင်လိုတဲ့ ပရိသတ်တွေအတွက် အလွမ်းပြေစေခဲ့ပါတယ်။ မြင့်မြတ်ကိုယ်တိုင်ကလည်း အဲဒီဇာတ်ကားအတွက် မြေပြင်မှာလုပ်ကိုင် ဆောင်ရွက်နေကြတဲ့ စည်ပင်ဝန်ထမ်းတွေရဲနေ့စဉ်ဘဝကို ကြိုတင်လေ့လာပြင်ဆင်ခဲ့ပြီး ရိုက်ကူးရေးတစ်လျှောက် အနီးစပ်ဆုံး ထပ်တူကျအောင် သရုပ်ဆောင်ပုံဖော်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့လည်း ဇာတ်ကား ကြော်ငြာပို စတာ တင်ချိန်မှာတော့ မျက်နှာညစ်ထေးနေမှုအပေါ် ‘အမှိုက်သိမ်းတာ မျက်နှာနဲ့သိမ်းရတာလား’လို့ Troll သူတွေလည်းရှိခဲ့ပါ တယ်။
“မြေစာ”ရုပ်ရှင်ဇာတ်ကားက ဖြစ်ရပ်မှန် (၅၀)ရာခိုင်နှုန်းကို ပြန်လည်အသက်သွင်းထားတာဖြစ်ပြီး ‘အစ်ကိုကြီး အဖအရာ’ မေတ္တာတရားကိုဖော်ကျူးကာ ငွေကြေးမပြည့်စုံမှုတွေရဲ့နောက်ကွယ်မှာ မိသားစုဝင်တွေအတွက် လိုအင် မပြည့်ဝမှု၊ မိမိရဲ့အလုပ်က ဘယ်လောက်ပဲ သမာအာဇီဝကျတဲ့အလုပ်အကိုင်ဖြစ်နေပါစေ မိသားစုဝင်တွေအပါအဝင် လူအများရဲ့အထင်အမြင်သေးမှုခံရခြင်း၊ ကျေးဇူးတရားအပေါ် မေ့လျော့စွာစော်ကားမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ပညာပေးအဖြစ် ထည့်သွင်းရိုက်ကူးပုံဖော်ထားတာကိုတွေ့ရပါတယ်။ ပုံမှန်အားဖြင့် ရုပ်ရှင်ဇာတ် ကားတွေ ရုံတင်မပြသခင် Red Carpet Show ကို ရန်ကုန်မြို့လယ်ရှိ သမ္မတရုပ်ရှင်ရုံနဲ့ Junction City တို့မှာကျင်းပ လေ့ရှိကြပေမယ့် “မြေစာ”ရုပ်ရှင်ဇာတ်ကား Red Carpet Show အခမ်းအနားကိုတော့ လှိုင်သာယာမြို့နယ်ရှိ မင်္ဂလာဝ ဇီရာရုပ်ရှင်ရုံမှာ ကျင်းပခဲ့ကြတာကိုသတိပြုမိပါတယ်။ Red Carpet Show ကို ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးကိုယ်တိုင် ကြွရောက်ချီးမြှင့်ခဲ့ပြီး၊ စည်ပင်သန့်ရှင်ရေးဝန်ထမ်းများကိုဖိတ်ကြားခဲ့ခြင်း၊ လာရောက်ကြည့်ရှုခဲ့ကြတဲ့ စည်ပင်ဝန်ထမ်း တွေကို ခေါက်ဆွဲကြော်ကျွေးမွေးခြင်း၊ ၎င်းတို့နဲ့အတူ မင်းသားမြင့်မြတ်က စည်ပင်သန့်ရှင်းရေးအင်္ကျီဝတ်ဆင်ကာ အမှတ်တရဓာတ်ပုံတွေရိုက်ကူးခဲ့ကြရင်း “မြေစာ”ရုပ်ရှင်ဇာတ်ကားကို ဝန်းရံ အားပေးခဲ့ကြပါတယ်။
ရုပ်ရှင်ပြသချိန်မှာလည်း စည်ပင်သန့်ရှင်းရေးဝန်ထမ်းတွေဟာ ကိုဖိုးထောင်(မြင့်မြတ်)ရဲ့မျက်ရည်တွေနဲ့အတူ အပြိုင်လိုက်ငိုခဲ့ကြတဲ့အထိ ရုပ်ရှင်ဇာတ်ကားက အသက်ဝင်စေခဲ့ရုံမက မြင့်မြတ်ရဲ့ကာရိုက်တာပီပြင်မှုကို စည်ပင် ဝန်ထမ်းတွေက တစ်ခဲနက်အားပေးခဲ့ကြတာဖြစ်ပါတယ်။ မင်းသားမြင့်မြတ်က “အဆင့်အတန်းမခွဲခြားဘူး” ဆိုတဲ့ အကောင်းမြင်မှတ်ချက်တွေလည်း ထွက်ပေါ်လျက်ရှိသလို တခြားတစ်ဖက်မှာတော့ “သရုပ်ဆောင်တစ်ဦးအနေနဲ့ ဇာတ်လမ်းအရ ကျရာဇာတ်ရုတ်ပီပြင်အောင်သရုပ် ဆောင်ရမှာ သူ့တာဝန်ပဲ။ ရဲဝန်ထမ်းအဖြစ် သရုပ်ဆောင်ရင် ရဲတွေနဲ့ ဓာတ်ပုံရိုက်မယ်။ စစ်သားအဖြစ်သရုပ်ဆောင်ရင် စစ်သားတွေနဲ့အတူရှိမယ်။ ဆိုက်ကားသမားအဖြစ် သရုပ်ဆောင်ရင် ဆိုက်ကားသမားတွေရှိတဲ့နေရာမှာ အတူရှိနေလိမ့်မယ်။ စည်ပင်ဝန်ထမ်းတွေရဲ့ဘဝအကြောင်းရိုက်လို့ စည်ပင်ယူနီ ဖောင်းဝတ်တာမထူးဆန်းသလို စည်ပင်ဝန်ထမ်းတွေကို ကြည့်ခွင့်ပေးတာကလည်း Marketing တစ်မျိုးပဲ။ မထူးဆန်း လှပါ။ နိုင်ငံခြားကားတွေ မကြည့်ဖူးကြလို့နေမှာပါ”လို့ အမှန်တရားအတိုင်း မြင်တတ်ကြစေလိုကြောင်း ပြောဆိုသူ တွေလည်း ရှိလို့နေပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ မြင့်မြတ်ရဲ့ပရိသတ်အင်အားက မြန်မာနိုင်ငံမှာ အံ့မခန်းများပြားလွန်းပြီး သူရဲ့နေထိုင်မှုပုံစံ ကလည်း အခြေခံလူတန်းစားတွေနဲ့တစ်သားတည်းရှိပြီးသားဖြစ်တာကြောင့် ထွေထွေထူးထူးမဆန်း ပြားခဲ့ပါ။ မင်းသားတစ်ဦးအဖြစ် ဟိတ်ဟန်၊ ဝတ်စားဆင်ယင်မှုနည်းပါး လွန်းသူ၊ သဘာဝမင်းသားအဖြစ် ပရိသတ်က အသိအမှတ်ပြုလက်ခံထားပြီးဖြစ်ပါတယ်။ အကယ်ဒမီ မြင့်မြတ်၊ စည်သူဝင်း၊ အကယ်ဒမီ အေးမြတ်သူ၊ သံသာညီ၊ ဆင်မ
တို့နဲ့အတူ စည်ပင်သန့်ရှင်းရေးဝန်ထမ်းတွေအားဖြည့်ထားတဲ့ “မြေစာ”ရုပ်ရှင် ဇာတ်ကားကို “ရွှေနဒီရွှေရည်” ရုပ်ရှင် ထုတ်လုပ်ရေးကထုတ်လုပ်ပြီး ဒါရိုက်တာနေပိုင် ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို မတ်လ (၂၈)ရက် က ရုံတင်ပြသခဲ့ခြင်းဖြစ်ကာ နှစ်ပတ်ဆက်တိုက် ရုံတင်ခွင့်ရရှိဖို့ မျှော်လင့်လျက်ရှိ ကြောင်းလည်း ကြားသိထားရပါတယ်။
ကြွက်သေးကြောင့် ဒုက္ခရောက်ခဲ့တဲ့ သရုပ်ဆောင်ဟန်မြင့်ရဲ့ ကျန်းမာရေး
ရုပ်ရှင်သရုပ်ဆောင်ဟန်မြင့်ဟာ ကြွက်သေးပန်းထားတဲ့အစားအစာကိုစားမိခဲ့တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိဖြစ်ခဲ့ရကြောင်း နာမည်ကြီးအနုပညာမီဒီယာတစ်ခုထံ ပြောပြခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် ဟန်မြင့်က ‘ကြွက်သေးပန်းထားတဲ့အစားအစာကို စားလိုက်မိတာ။ ဆေးရုံတွေလည်း တော်တော်စုံသွားတယ်။ ကျွန်တော် အိပ်ရာထဲ လဲသွားတယ်။ အပေါ့အပါးသွားတာကအစ ဘာမှလုပ်မရဘဲ၊ ဒုက္ခိတတစ်ယောက်လိုဖြစ်သွားတယ်။ လေဖြတ်တာမဟုတ် ဘဲနဲ့ ခေါင်းကိုမထောင်နိုင်တာ’လို့ အများသူငါ သတိပြုဆင်ခြင်နိုင်စေဖို့ရည်ရွယ်ကာ သူခံစားခဲ့ရတဲ့ရောဂါဝေဒနာကို ဝေမျှခဲ့ပါတယ်။
လူကြမ်းသရုပ်ဆောင်တစ်ဦးဖြစ်သူ ဟန်မြင့်အနေနဲ့ ကျန်းမာရေးမကောင်းဖြစ်လာပြီးနောက် ဆေးကုသမှုခံ ယူခဲ့ရာမှ ဆေးစစ်ချက်ရလဒ်အရ “ကြွက်ရဲ့သေးကနေတစ်ဆင့် ကူးစက်တတ်တဲ့ Leptospirosis ကူးစက်ရောဂါ” ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိခဲ့ရတာပါ။ ဆေးစစ်ချက်အဖြေ ရှင်းလင်းမှုမရရှိခင်အတွင်းမှာ ဆေးရုံစုံခဲ့ပြီး၊ ဆေးမျိုးစုံနဲ့ ကုသခဲ့ရကြောင်း၊ ငွေကြေးပြည့်စုံသူမဟုတ်တာကြောင့် သားဖြစ်သူရဲ့သူဌေးထံမှ အကူအညီရယူကာ ဆေးကုသခဲ့ရခြင်း ဖြစ်ကြောင်း သိရှိပါတယ်။ ကြွက်ရဲ့သေးကနေတစ်ဆင့်ကူးစက်တတ်တဲ့ Leptospirosis ရောဂါဆိုတာ လူတွေမှာ တင်မကဘဲ တိရစ္ဆာန်တွေမှာပါကူးစက်တတ်ပြီး၊ Leptospirosis လို့ခေါ်တဲ့ ဗက်တီးရီးယားပိုးကြောင့် ကူးစက်တဲ့ရောဂါ တစ်မျိုးဖြစ်ပါတယ်။ Leptospirosis ရောဂါကို ဆေးမကုသဘဲထားမယ်ဆိုရင်တော့ ကျောက်ကပ်နဲ့အသည်းပျက်စီးခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်း၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါတွေအပြင် နောက်ဆုံး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်ပွားစေကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ကျန်းမာရေးအသိပေးချက်အရ သိရှိရပါတယ်။
နေ့စဉ်လူနေမှုဘဝမှာ အစားအသောက်တွေကို သေချာစွာ ဖုံးအပ်ထားမှု မရှိခြင်း၊ အစားအစာများပေါ်ကနေ ကြွက်များ ဖြတ်သန်းသွားလာထားခြင်း၊ ကြွက်များ စားသောက်ထားခြင်းကို မသိလို့သော်လည်းကောင်း/ သိရဲ့နဲ့ နှမြောလို့သော်လည်းကောင်း ပြန်လည်စားသုံးခြင်း၊ စတိုးဆိုင်တွေမှာ ခင်းကျင်းပြသထားတဲ့အစားအသောက်တွေ၊ အအေးဘူးတွေကို ဝယ်ယူစားသောက်ရာမှာလည်း လွယ်လင့်တကူ ဖွင့်ဖောက်စားသောက်ကြခြင်း၊ မြေကြီး/ရေတို့နဲ့ ထိတွေ့ကိုင်တွယ်လုပ်ကိုင်နေရသူတို့ အထူးသတိထားသင့်ကြောင်းသိရပါတယ်။ ကြွက်သေးကတစ်ဆင့် ကူးစက်မှု ရောဂါလက္ခဏာတွေအရ “အဖျားကြီးမယ်၊ ခေါင်းကိုက်မယ်၊ ချမ်းတုန်နေမယ်၊ ကြွက်သားတွေ ကိုက်ခဲနေမယ်၊ အန်မယ်၊ အသားတွေဝါမယ်၊ မျက်လုံးတွေ နီရဲနေမယ်၊ ဗိုက်အောင့်မယ်၊ ဝမ်းလျှောမယ်၊ အရေပြားမှာ အဖုတွေထွက်မယ်” အစရှိတဲ့ ရောဂါလက္ခဏာတွေဖြစ်ပေါ်လေ့ရှိပြီး တချို့လူတွေမှာတော့ ရောဂါလက္ခဏာမပြတာမျိုးလည်းဖြစ်နိုင် ကြောင်း” ကျန်းမာရေးဝန်ကြီးဌာနက အသိပညာပေး ဖော်ပြထားပါတယ်။
သရုပ်ဆောင်ဟန်မြင့်ရဲ့အင်တာဗျူးရုပ်သံဖိုင်ရဲ့ကွန်မန့်ဘောက်စ်အတွင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးသူတွေက လည်း အတွေ့အကြုံတွေ အပြန်အလှန်မျှဝေခဲ့ကြတာကို တွေ့မြင်ခဲ့ရပြီး၊ Leptospirosis ကူးစက် ရောဂါကို မပေါ့လျော့ သင့်ကြောင်း ဆိုထားကြပါတယ်။
Girl Love မှာ ပျော်ရွှင်နေကြောင်း ချမ်းမြေ့မောင်ချို တရားဝင်အသိပေး
အဆိုတော် ချမ်းမြေ့မောင်ချိုရဲ့အချစ်ရေးသတင်းက သူ့ကိုချစ်ခင်အားပေးခဲ့တဲ့အမျိုးသားထုအတွက် နှမြော တသဖြစ်စေခဲ့ပါတယ်။ ချမ်းမြေ့မောင်ချိုက ၎င်းအပေါ် ချစ်ကြိုက်တဲ့အမျိုးသားများစွာထဲက တစ်ဦးကိုရွေးချယ် သွားခြင်းကြောင့်မဟုတ်ဘဲ မိန်းကလေးအချင်းချင်း (Girl Love) ချစ်ကြိုက်နေခြင်းကြောင့်ဖြစ်ပါတယ်။
ချမ်းမြေ့မောင်ချိုက စတူဒီယိုတေးသံရှင် အမျိုးသမီးအဆိုတော် အိအိရဲ့ တစ်ဦးတည်းသောသမီးငယ်ဖြစ်ပြီး ဂီတလမ်းကြောင်းကို မြန်မာအိုင်ဒေါပြိုင်ပွဲကနေတစ်ဆင့် ဝင်ရောက်ခဲ့ပေမယ့်လည်း သူရဲ့အနုပညာဂီတစမ်းက ပြိုင်ပွဲက တည်းက မခေခဲ့သူပါ။ (၂၀၂၅) ခုနှစ် ဖေဖော်ဝါရီ (၂၀) ရက်မှာတော့ သူ့မှာ ချစ်သူရှိနေပြီဖြစ်ကြောင်း၊ မိန်းကလေး အချင်းချင်း ချစ်ကြိုက်နေတယ်ဆိုတဲ့သတင်းစကားက မှန်ကန်ကြောင်းနဲ့ Tomboy တစ်ဦးဖြစ်ကြောင်းကို တရားဝင် အသိပေးခဲ့တာဖြစ်ပါတယ်။
ချမ်းမြေ့မောင်ချိုဟာ ချင်းတိုင်းရင်းသူလေး မြန်မာစတားပြိုင်ပွဲဝင် နွေဦးနဲ့ ချစ်သူတွေဖြစ်နေကြောင်းကို ချင်းစုံ ညီပရဟိတအသင်းကကျင်းပတဲ့ (၇၇) နှစ်မြောက် ချင်းအမျိုး သားနေ့အထိမ်းအမှတ်ဂုဏ်ပြုပွဲမှာ သူရဲ့ချစ်သူ မိန်း ကလေးနဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံနဲ့အတူ ၎င်းတို့ရဲ့ချစ်သက်တမ်း (၁၁) လပြည့်သွားပြီဖြစ်ကြောင်းကို တရားဝင် အသိပေး ခဲ့တာဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချို (၂၀၂၅) ခုနှစ် ဖေဖော်ဝါရီလအတွင်းကထွက်ရှိခဲ့တဲ့ The Answer သီချင်းကလည်း မိန်းကလေးအချင်းချင်း ချစ်ကြိုက်မှုပုံစံအတိုင်း သရုပ်ဆောင်ဖော်ထား တာဖြစ်လို့ သူရဲ့ပရိသတ်တွေက မေးခွန်း ထုတ်ခဲ့ကြတာပါ။ သိပ်မကြာခင်မှာပဲ ‘သူအချစ်ရေးမှာ ဘယ်လောက်အထိ ပျော်ရွှင်နေရသလဲ မမေးပါနဲ့။ မျက်နှာကို သာကြည့်ပါ’လို့ မီဒီယာ တွေကိုအသိပေးခဲ့သလို ‘မိခင်ဖြစ်သူကလည်း နားလည်မှုအပြည့်ပေးထားကြောင်း’ ဆိုခဲ့ပါတယ်။
ချမ်းမြေ့မောင်ချိုက ငယ်ရွယ်စဉ်ကတည်းက မိန်းကလေးမဆန်သော သမီးမိန်းကလေးတစ်ဦးဖြစ်ခဲ့ကာ အနေ အထိုင်၊ အပြောအဆို၊ အမူအကျင့်တွေကအစ ယောကျာ်လေးပုံစံအတိုင်း နေထိုင်ကြီးပြင်းခဲ့သူတစ်ဦးဖြစ်ကြောင်း ၎င်းတို့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းထံမှ ကြားသိရပါတယ်။ မြန်မာနိုင်ငံမှာ လိင်တူချစ်သူများအဖြစ် အဆိုတော်ဂေးဂေးနဲ့ အလှမယ်ဆွေဇင်ထက်(ပြတ်စဲ)၊ မိတ်ကပ်မေဦးနဲ့ ဟန်လေး(ပြည်ပြေး)၊ အဆိုတော်ပိုးမီနဲ့ ထူးချစ်၊ ဒီဇိုင်နာငြိမ်းကိုနဲ့ Dr.A တို့ စုံတွဲတွေ ရှိခဲ့ဖူးပြီး၊ အခုတခေါက်မှာလည်း ချမ်းမြေ့မောင်ချိုနဲ့နွေဦးတို့ရဲ့အချစ်ရေးအပေါ် အားပေးအားမြှောက်ပြုသူ များပြားလျက်ရှိသလို တချို့ကတော့ သဘာဝနဲ့ဆန့်ကျင်တာကြောင့် မနှစ်မြို့သူတွေလည်း ရှိလို့နေပါတယ်။ ဝေဖန် ပြောဆိုသူတွေ ဘယ်လိုပဲရှိနေပါစေ လူငယ်တွေပီသစွာ ၎င်းတို့နေထိုင်ရာပုံစံအတိုင်း နေထိုင်နေကြပြီး၊ လူတိုင်းဟာ မိမိနေထိုင်ရာဘဝပုံစံကို မိမိလိုသလို ပုံဖော်ထုဆစ်နိုင်တာကြောင့် စိတ်ချမ်းသာပျော်ရွှင်နေဖို့သာ အဓိကကျကြောင်း မှတ်ချက်ပြုသူတွေလည်း ရှိလို့နေပြန်ပါတယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:
“အေျခခံလူတန္းစားေတြရဲ႕ ႏွလုံးသားကို အႏုပညာအစြမ္းနဲ႔သိမ္းပိုက္ျပသြားသူ’’
“NP News’’ရဲ႕ အပတ္စဥ္ေဖာ္ျပေနတဲ့ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန အႏုပညာသတင္းေတြကို ေဖာ္ျပေပးပါ မယ္။
မတ္လေနာက္ဆုံးပတ္အတြက္ “ျဖစ္ရပ္မွန္ကိုအေျခခံထားတဲ့ ျမင့္ျမတ္ရဲ႕ေျမစာ၊ ႂကြက္ေသးပိုးေၾကာင့္ အသက္ ေဘး က်ေရာက္ခဲ့တဲ့ သ႐ုပ္ေဆာင္ဟန္ျမင့္၊ ခ်မ္းေျမ့ေမာင္ခ်ိဳရဲ႕ တရားဝင္အခ်စ္ေရး” အစရွိတဲ့ အႏုပညာသတင္းေတြကို ေ႐ြးခ်ယ္ထားပါတယ္။
စည္ပင္ဝန္ထမ္းေတြရဲ႕ ႏွလုံးသားကို အပိုင္ရယူႏိုင္ခဲ့သူ
အေျခခံလူတန္းစား စည္ပင္သန႔္ရွင္းေရးဝန္ထမ္းေတြရဲ႕ဘဝကို အေျခခံ႐ိုက္ကူးထားတဲ့ ျမင့္ျမတ္ရဲ႕ “ေျမစာ” ႐ုပ္ရွင္ဇာတ္ကား ႐ုံတင္ျပသလ်က္ရွိရာ အားေပးၾကည့္ရႈသူမ်ားျပားလ်က္ရွိေနပါတယ္။
“ေျမစာ”႐ုပ္ရွင္ဟာ ဒရမ္မာဇာတ္ကားစစ္စစ္ျဖစ္ၿပီး၊ ျမင့္ျမတ္ကို ဒရမ္မာဇာတ္ကားနဲ႔ ျပန္လည္ေတြ႕ျမင္လိုတဲ့ ပရိသတ္ေတြအတြက္ အလြမ္းေျပေစခဲ့ပါတယ္။ ျမင့္ျမတ္ကိုယ္တိုင္ကလည္း အဲဒီဇာတ္ကားအတြက္ ေျမျပင္မွာလုပ္ကိုင္ ေဆာင္႐ြက္ေနၾကတဲ့ စည္ပင္ဝန္ထမ္းေတြရဲေန႔စဥ္ဘဝကို ႀကိဳတင္ေလ့လာျပင္ဆင္ခဲ့ၿပီး ႐ိုက္ကူးေရးတစ္ေလွ်ာက္ အနီးစပ္ဆုံး ထပ္တူက်ေအာင္ သ႐ုပ္ေဆာင္ပုံေဖာ္ႏိုင္ခဲ့တယ္လို႔ ဆိုရမွာပါ။ ဒါေပမဲ့လည္း ဇာတ္ကား ေၾကာ္ျငာပို စတာ တင္ခ်ိန္မွာေတာ့ မ်က္ႏွာညစ္ေထးေနမႈအေပၚ ‘အမႈိက္သိမ္းတာ မ်က္ႏွာနဲ႔သိမ္းရတာလား’လို႔ Troll သူေတြလည္းရွိခဲ့ပါ တယ္။
“ေျမစာ”႐ုပ္ရွင္ဇာတ္ကားက ျဖစ္ရပ္မွန္ (၅၀)ရာခိုင္ႏႈန္းကို ျပန္လည္အသက္သြင္းထားတာျဖစ္ၿပီး ‘အစ္ကိုႀကီး အဖအရာ’ ေမတၱာတရားကိုေဖာ္က်ဴးကာ ေငြေၾကးမျပည့္စုံမႈေတြရဲ႕ေနာက္ကြယ္မွာ မိသားစုဝင္ေတြအတြက္ လိုအင္ မျပည့္ဝမႈ၊ မိမိရဲ႕အလုပ္က ဘယ္ေလာက္ပဲ သမာအာဇီဝက်တဲ့အလုပ္အကိုင္ျဖစ္ေနပါေစ မိသားစုဝင္ေတြအပါအဝင္ လူအမ်ားရဲ႕အထင္အျမင္ေသးမႈခံရျခင္း၊ ေက်းဇူးတရားအေပၚ ေမ့ေလ်ာ့စြာေစာ္ကားမႈေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ အက်ိဳးဆက္ေတြကို ပညာေပးအျဖစ္ ထည့္သြင္း႐ိုက္ကူးပုံေဖာ္ထားတာကိုေတြ႕ရပါတယ္။ ပုံမွန္အားျဖင့္ ႐ုပ္ရွင္ဇာတ္ ကားေတြ ႐ုံတင္မျပသခင္ Red Carpet Show ကို ရန္ကုန္ၿမိဳ႕လယ္ရွိ သမၼတ႐ုပ္ရွင္႐ုံနဲ႔ Junction City တို႔မွာက်င္းပ ေလ့ရွိၾကေပမယ့္ “ေျမစာ”႐ုပ္ရွင္ဇာတ္ကား Red Carpet Show အခမ္းအနားကိုေတာ့ လႈိင္သာယာၿမိဳ႕နယ္ရွိ မဂၤလာဝ ဇီရာ႐ုပ္ရွင္႐ုံမွာ က်င္းပခဲ့ၾကတာကိုသတိျပဳမိပါတယ္။ Red Carpet Show ကို ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးဗိုလ္ေဌးကိုယ္တိုင္ ႂကြေရာက္ခ်ီးျမႇင့္ခဲ့ၿပီး၊ စည္ပင္သန႔္ရွင္ေရးဝန္ထမ္းမ်ားကိုဖိတ္ၾကားခဲ့ျခင္း၊ လာေရာက္ၾကည့္ရႈခဲ့ၾကတဲ့ စည္ပင္ဝန္ထမ္း ေတြကို ေခါက္ဆြဲေၾကာ္ေကြၽးေမြးျခင္း၊ ၎တို႔နဲ႔အတူ မင္းသားျမင့္ျမတ္က စည္ပင္သန႔္ရွင္းေရးအက်ႌဝတ္ဆင္ကာ အမွတ္တရဓာတ္ပုံေတြ႐ိုက္ကူးခဲ့ၾကရင္း “ေျမစာ”႐ုပ္ရွင္ဇာတ္ကားကို ဝန္းရံ အားေပးခဲ့ၾကပါတယ္။
႐ုပ္ရွင္ျပသခ်ိန္မွာလည္း စည္ပင္သန႔္ရွင္းေရးဝန္ထမ္းေတြဟာ ကိုဖိုးေထာင္(ျမင့္ျမတ္)ရဲ႕မ်က္ရည္ေတြနဲ႔အတူ အၿပိဳင္လိုက္ငိုခဲ့ၾကတဲ့အထိ ႐ုပ္ရွင္ဇာတ္ကားက အသက္ဝင္ေစခဲ့႐ုံမက ျမင့္ျမတ္ရဲ႕ကာ႐ိုက္တာပီျပင္မႈကို စည္ပင္ ဝန္ထမ္းေတြက တစ္ခဲနက္အားေပးခဲ့ၾကတာျဖစ္ပါတယ္။ မင္းသားျမင့္ျမတ္က “အဆင့္အတန္းမခြဲျခားဘူး” ဆိုတဲ့ အေကာင္းျမင္မွတ္ခ်က္ေတြလည္း ထြက္ေပၚလ်က္ရွိသလို တျခားတစ္ဖက္မွာေတာ့ “သ႐ုပ္ေဆာင္တစ္ဦးအေနနဲ႔ ဇာတ္လမ္းအရ က်ရာဇာတ္႐ုတ္ပီျပင္ေအာင္သ႐ုပ္ ေဆာင္ရမွာ သူ႔တာဝန္ပဲ။ ရဲဝန္ထမ္းအျဖစ္ သ႐ုပ္ေဆာင္ရင္ ရဲေတြနဲ႔ ဓာတ္ပုံ႐ိုက္မယ္။ စစ္သားအျဖစ္သ႐ုပ္ေဆာင္ရင္ စစ္သားေတြနဲ႔အတူရွိမယ္။ ဆိုက္ကားသမားအျဖစ္ သ႐ုပ္ေဆာင္ရင္ ဆိုက္ကားသမားေတြရွိတဲ့ေနရာမွာ အတူရွိေနလိမ့္မယ္။ စည္ပင္ဝန္ထမ္းေတြရဲ႕ဘဝအေၾကာင္း႐ိုက္လို႔ စည္ပင္ယူနီ ေဖာင္းဝတ္တာမထူးဆန္းသလို စည္ပင္ဝန္ထမ္းေတြကို ၾကည့္ခြင့္ေပးတာကလည္း Marketing တစ္မ်ိဳးပဲ။ မထူးဆန္း လွပါ။ ႏိုင္ငံျခားကားေတြ မၾကည့္ဖူးၾကလို႔ေနမွာပါ”လို႔ အမွန္တရားအတိုင္း ျမင္တတ္ၾကေစလိုေၾကာင္း ေျပာဆိုသူ ေတြလည္း ရွိလို႔ေနပါတယ္။ ဘယ္လိုပဲျဖစ္ပါေစ ျမင့္ျမတ္ရဲ႕ပရိသတ္အင္အားက ျမန္မာႏိုင္ငံမွာ အံ့မခန္းမ်ားျပားလြန္းၿပီး သူရဲ႕ေနထိုင္မႈပုံစံ ကလည္း အေျခခံလူတန္းစားေတြနဲ႔တစ္သားတည္းရွိၿပီးသားျဖစ္တာေၾကာင့္ ေထြေထြထူးထူးမဆန္း ျပားခဲ့ပါ။ မင္းသားတစ္ဦးအျဖစ္ ဟိတ္ဟန္၊ ဝတ္စားဆင္ယင္မႈနည္းပါး လြန္းသူ၊ သဘာဝမင္းသားအျဖစ္ ပရိသတ္က အသိအမွတ္ျပဳလက္ခံထားၿပီးျဖစ္ပါတယ္။ အကယ္ဒမီ ျမင့္ျမတ္၊ စည္သူဝင္း၊ အကယ္ဒမီ ေအးျမတ္သူ၊ သံသာညီ၊ ဆင္မ
တို႔နဲ႔အတူ စည္ပင္သန႔္ရွင္းေရးဝန္ထမ္းေတြအားျဖည့္ထားတဲ့ “ေျမစာ”႐ုပ္ရွင္ ဇာတ္ကားကို “ေ႐ႊနဒီေ႐ႊရည္” ႐ုပ္ရွင္ ထုတ္လုပ္ေရးကထုတ္လုပ္ၿပီး ဒါ႐ိုက္တာေနပိုင္ ႐ိုက္ကူးပုံေဖာ္ထားတာျဖစ္ပါတယ္။ ဒီဇာတ္ကားကို မတ္လ (၂၈)ရက္ က ႐ုံတင္ျပသခဲ့ျခင္းျဖစ္ကာ ႏွစ္ပတ္ဆက္တိုက္ ႐ုံတင္ခြင့္ရရွိဖို႔ ေမွ်ာ္လင့္လ်က္ရွိ ေၾကာင္းလည္း ၾကားသိထားရပါတယ္။
ႂကြက္ေသးေၾကာင့္ ဒုကၡေရာက္ခဲ့တဲ့ သ႐ုပ္ေဆာင္ဟန္ျမင့္ရဲ႕ က်န္းမာေရး
႐ုပ္ရွင္သ႐ုပ္ေဆာင္ဟန္ျမင့္ဟာ ႂကြက္ေသးပန္းထားတဲ့အစားအစာကိုစားမိခဲ့တာေၾကာင့္ အသက္အႏၲရာယ္ စိုးရိမ္ရတဲ့အထိျဖစ္ခဲ့ရေၾကာင္း နာမည္ႀကီးအႏုပညာမီဒီယာတစ္ခုထံ ေျပာျပခဲ့ပါတယ္။ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ဟန္ျမင့္က ‘ႂကြက္ေသးပန္းထားတဲ့အစားအစာကို စားလိုက္မိတာ။ ေဆး႐ုံေတြလည္း ေတာ္ေတာ္စုံသြားတယ္။ ကြၽန္ေတာ္ အိပ္ရာထဲ လဲသြားတယ္။ အေပါ့အပါးသြားတာကအစ ဘာမွလုပ္မရဘဲ၊ ဒုကၡိတတစ္ေယာက္လိုျဖစ္သြားတယ္။ ေလျဖတ္တာမဟုတ္ ဘဲနဲ႔ ေခါင္းကိုမေထာင္ႏိုင္တာ’လို႔ အမ်ားသူငါ သတိျပဳဆင္ျခင္ႏိုင္ေစဖို႔ရည္႐ြယ္ကာ သူခံစားခဲ့ရတဲ့ေရာဂါေဝဒနာကို ေဝမွ်ခဲ့ပါတယ္။
လူၾကမ္းသ႐ုပ္ေဆာင္တစ္ဦးျဖစ္သူ ဟန္ျမင့္အေနနဲ႔ က်န္းမာေရးမေကာင္းျဖစ္လာၿပီးေနာက္ ေဆးကုသမႈခံ ယူခဲ့ရာမွ ေဆးစစ္ခ်က္ရလဒ္အရ “ႂကြက္ရဲ႕ေသးကေနတစ္ဆင့္ ကူးစက္တတ္တဲ့ Leptospirosis ကူးစက္ေရာဂါ” ျဖစ္ပြားေနျခင္းျဖစ္ေၾကာင္း သိရွိခဲ့ရတာပါ။ ေဆးစစ္ခ်က္အေျဖ ရွင္းလင္းမႈမရရွိခင္အတြင္းမွာ ေဆး႐ုံစုံခဲ့ၿပီး၊ ေဆးမ်ိဳးစုံနဲ႔ ကုသခဲ့ရေၾကာင္း၊ ေငြေၾကးျပည့္စုံသူမဟုတ္တာေၾကာင့္ သားျဖစ္သူရဲ႕သူေဌးထံမွ အကူအညီရယူကာ ေဆးကုသခဲ့ရျခင္း ျဖစ္ေၾကာင္း သိရွိပါတယ္။ ႂကြက္ရဲ႕ေသးကေနတစ္ဆင့္ကူးစက္တတ္တဲ့ Leptospirosis ေရာဂါဆိုတာ လူေတြမွာ တင္မကဘဲ တိရစာၦန္ေတြမွာပါကူးစက္တတ္ၿပီး၊ Leptospirosis လို႔ေခၚတဲ့ ဗက္တီးရီးယားပိုးေၾကာင့္ ကူးစက္တဲ့ေရာဂါ တစ္မ်ိဳးျဖစ္ပါတယ္။ Leptospirosis ေရာဂါကို ေဆးမကုသဘဲထားမယ္ဆိုရင္ေတာ့ ေက်ာက္ကပ္နဲ႔အသည္းပ်က္စီးျခင္း၊ ဦးေႏွာက္အေျမႇးပါးေရာင္ျခင္း၊ အသက္ရႉ လမ္းေၾကာင္းဆိုင္ရာေရာဂါေတြအျပင္ ေနာက္ဆုံး အသက္ဆုံးရႈံးရတဲ့အထိ ျဖစ္ပြားေစေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနရဲ႕က်န္းမာေရးအသိေပးခ်က္အရ သိရွိရပါတယ္။
ေန႔စဥ္လူေနမႈဘဝမွာ အစားအေသာက္ေတြကို ေသခ်ာစြာ ဖုံးအပ္ထားမႈ မရွိျခင္း၊ အစားအစာမ်ားေပၚကေန ႂကြက္မ်ား ျဖတ္သန္းသြားလာထားျခင္း၊ ႂကြက္မ်ား စားေသာက္ထားျခင္းကို မသိလို႔ေသာ္လည္းေကာင္း/ သိရဲ႕နဲ႔ ႏွေျမာလို႔ေသာ္လည္းေကာင္း ျပန္လည္စားသုံးျခင္း၊ စတိုးဆိုင္ေတြမွာ ခင္းက်င္းျပသထားတဲ့အစားအေသာက္ေတြ၊ အေအးဘူးေတြကို ဝယ္ယူစားေသာက္ရာမွာလည္း လြယ္လင့္တကူ ဖြင့္ေဖာက္စားေသာက္ၾကျခင္း၊ ေျမႀကီး/ေရတို႔နဲ႔ ထိေတြ႕ကိုင္တြယ္လုပ္ကိုင္ေနရသူတို႔ အထူးသတိထားသင့္ေၾကာင္းသိရပါတယ္။ ႂကြက္ေသးကတစ္ဆင့္ ကူးစက္မႈ ေရာဂါလကၡဏာေတြအရ “အဖ်ားႀကီးမယ္၊ ေခါင္းကိုက္မယ္၊ ခ်မ္းတုန္ေနမယ္၊ ႂကြက္သားေတြ ကိုက္ခဲေနမယ္၊ အန္မယ္၊ အသားေတြဝါမယ္၊ မ်က္လုံးေတြ နီရဲေနမယ္၊ ဗိုက္ေအာင့္မယ္၊ ဝမ္းေလွ်ာမယ္၊ အေရျပားမွာ အဖုေတြထြက္မယ္” အစရွိတဲ့ ေရာဂါလကၡဏာေတြျဖစ္ေပၚေလ့ရွိၿပီး တခ်ိဳ႕လူေတြမွာေတာ့ ေရာဂါလကၡဏာမျပတာမ်ိဳးလည္းျဖစ္ႏိုင္ ေၾကာင္း” က်န္းမာေရးဝန္ႀကီးဌာနက အသိပညာေပး ေဖာ္ျပထားပါတယ္။
သ႐ုပ္ေဆာင္ဟန္ျမင့္ရဲ႕အင္တာဗ်ဴး႐ုပ္သံဖိုင္ရဲ႕ကြန္မန႔္ေဘာက္စ္အတြင္း ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ဖူးသူေတြက လည္း အေတြ႕အႀကဳံေတြ အျပန္အလွန္မွ်ေဝခဲ့ၾကတာကို ေတြ႕ျမင္ခဲ့ရၿပီး၊ Leptospirosis ကူးစက္ ေရာဂါကို မေပါ့ေလ်ာ့ သင့္ေၾကာင္း ဆိုထားၾကပါတယ္။
Girl Love မွာ ေပ်ာ္႐ႊင္ေနေၾကာင္း ခ်မ္းေျမ့ေမာင္ခ်ိဳ တရားဝင္အသိေပး
အဆိုေတာ္ ခ်မ္းေျမ့ေမာင္ခ်ိဳရဲ႕အခ်စ္ေရးသတင္းက သူ႔ကိုခ်စ္ခင္အားေပးခဲ့တဲ့အမ်ိဳးသားထုအတြက္ ႏွေျမာ တသျဖစ္ေစခဲ့ပါတယ္။ ခ်မ္းေျမ့ေမာင္ခ်ိဳက ၎အေပၚ ခ်စ္ႀကိဳက္တဲ့အမ်ိဳးသားမ်ားစြာထဲက တစ္ဦးကိုေ႐ြးခ်ယ္ သြားျခင္းေၾကာင့္မဟုတ္ဘဲ မိန္းကေလးအခ်င္းခ်င္း (Girl Love) ခ်စ္ႀကိဳက္ေနျခင္းေၾကာင့္ျဖစ္ပါတယ္။
ခ်မ္းေျမ့ေမာင္ခ်ိဳက စတူဒီယိုေတးသံရွင္ အမ်ိဳးသမီးအဆိုေတာ္ အိအိရဲ႕ တစ္ဦးတည္းေသာသမီးငယ္ျဖစ္ၿပီး ဂီတလမ္းေၾကာင္းကို ျမန္မာအိုင္ေဒါၿပိဳင္ပြဲကေနတစ္ဆင့္ ဝင္ေရာက္ခဲ့ေပမယ့္လည္း သူရဲ႕အႏုပညာဂီတစမ္းက ၿပိဳင္ပြဲက တည္းက မေခခဲ့သူပါ။ (၂၀၂၅) ခုႏွစ္ ေဖေဖာ္ဝါရီ (၂၀) ရက္မွာေတာ့ သူ႔မွာ ခ်စ္သူရွိေနၿပီျဖစ္ေၾကာင္း၊ မိန္းကေလး အခ်င္းခ်င္း ခ်စ္ႀကိဳက္ေနတယ္ဆိုတဲ့သတင္းစကားက မွန္ကန္ေၾကာင္းနဲ႔ Tomboy တစ္ဦးျဖစ္ေၾကာင္းကို တရားဝင္ အသိေပးခဲ့တာျဖစ္ပါတယ္။
ခ်မ္းေျမ့ေမာင္ခ်ိဳဟာ ခ်င္းတိုင္းရင္းသူေလး ျမန္မာစတားၿပိဳင္ပြဲဝင္ ေႏြဦးနဲ႔ ခ်စ္သူေတြျဖစ္ေနေၾကာင္းကို ခ်င္းစုံ ညီပရဟိတအသင္းကက်င္းပတဲ့ (၇၇) ႏွစ္ေျမာက္ ခ်င္းအမ်ိဳး သားေန႔အထိမ္းအမွတ္ဂုဏ္ျပဳပြဲမွာ သူရဲ႕ခ်စ္သူ မိန္း ကေလးနဲ႔တြဲ႐ိုက္ထားတဲ့ဓာတ္ပုံနဲ႔အတူ ၎တို႔ရဲ႕ခ်စ္သက္တမ္း (၁၁) လျပည့္သြားၿပီျဖစ္ေၾကာင္းကို တရားဝင္ အသိေပး ခဲ့တာျဖစ္ပါတယ္။ ခ်မ္းေျမ့ေမာင္ခ်ိဳ (၂၀၂၅) ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္းကထြက္ရွိခဲ့တဲ့ The Answer သီခ်င္းကလည္း မိန္းကေလးအခ်င္းခ်င္း ခ်စ္ႀကိဳက္မႈပုံစံအတိုင္း သ႐ုပ္ေဆာင္ေဖာ္ထား တာျဖစ္လို႔ သူရဲ႕ပရိသတ္ေတြက ေမးခြန္း ထုတ္ခဲ့ၾကတာပါ။ သိပ္မၾကာခင္မွာပဲ ‘သူအခ်စ္ေရးမွာ ဘယ္ေလာက္အထိ ေပ်ာ္႐ႊင္ေနရသလဲ မေမးပါနဲ႔။ မ်က္ႏွာကို သာၾကည့္ပါ’လို႔ မီဒီယာ ေတြကိုအသိေပးခဲ့သလို ‘မိခင္ျဖစ္သူကလည္း နားလည္မႈအျပည့္ေပးထားေၾကာင္း’ ဆိုခဲ့ပါတယ္။
ခ်မ္းေျမ့ေမာင္ခ်ိဳက ငယ္႐ြယ္စဥ္ကတည္းက မိန္းကေလးမဆန္ေသာ သမီးမိန္းကေလးတစ္ဦးျဖစ္ခဲ့ကာ အေန အထိုင္၊ အေျပာအဆို၊ အမူအက်င့္ေတြကအစ ေယာက်ာ္ေလးပုံစံအတိုင္း ေနထိုင္ႀကီးျပင္းခဲ့သူတစ္ဦးျဖစ္ေၾကာင္း ၎တို႔နဲ႔နီးစပ္တဲ့အသိုင္းအဝိုင္းထံမွ ၾကားသိရပါတယ္။ ျမန္မာႏိုင္ငံမွာ လိင္တူခ်စ္သူမ်ားအျဖစ္ အဆိုေတာ္ေဂးေဂးနဲ႔ အလွမယ္ေဆြဇင္ထက္(ျပတ္စဲ)၊ မိတ္ကပ္ေမဦးနဲ႔ ဟန္ေလး(ျပည္ေျပး)၊ အဆိုေတာ္ပိုးမီနဲ႔ ထူးခ်စ္၊ ဒီဇိုင္နာၿငိမ္းကိုနဲ႔ Dr.A တို႔ စုံတြဲေတြ ရွိခဲ့ဖူးၿပီး၊ အခုတေခါက္မွာလည္း ခ်မ္းေျမ့ေမာင္ခ်ိဳနဲ႔ေႏြဦးတို႔ရဲ႕အခ်စ္ေရးအေပၚ အားေပးအားေျမႇာက္ျပဳသူ မ်ားျပားလ်က္ရွိသလို တခ်ိဳ႕ကေတာ့ သဘာဝနဲ႔ဆန႔္က်င္တာေၾကာင့္ မႏွစ္ၿမိဳ႕သူေတြလည္း ရွိလို႔ေနပါတယ္။ ေဝဖန္ ေျပာဆိုသူေတြ ဘယ္လိုပဲရွိေနပါေစ လူငယ္ေတြပီသစြာ ၎တို႔ေနထိုင္ရာပုံစံအတိုင္း ေနထိုင္ေနၾကၿပီး၊ လူတိုင္းဟာ မိမိေနထိုင္ရာဘဝပုံစံကို မိမိလိုသလို ပုံေဖာ္ထုဆစ္ႏိုင္တာေၾကာင့္ စိတ္ခ်မ္းသာေပ်ာ္႐ႊင္ေနဖို႔သာ အဓိကက်ေၾကာင္း မွတ္ခ်က္ျပဳသူေတြလည္း ရွိလို႔ေနျပန္ပါတယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။