ကွတ်ခိုင်တွင် ငလျင်ဘေးအတွက်အလှူငွေကောက်ခံနေသော MNDAA ကို TNLA က လာရောက်တားဆီးရာမှ ထိုးကြိတ်ရိုက်နှက်မှုဖြစ်ပွား

 1064

သန့်ဇင်(NP News)-ဧပြီ ၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်တွင် ငလျင်ဘေးအတွက်အလှူငွေကောက်ခံနေသော MNDAA ကို TNLA က လာရောက်တားဆီးရာမှ ထိုးကြိတ်ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ယက်စာမျက်နှာများထက်တွင် ထွက်ပေါ်နေသော ရုပ်သံဖိုင်အရ သိရသည်။

ယနေ့(ဧပြီလ ၁ရက်)မွန်းလွဲပိုင်းက ကွတ်ခိုင်မြို့ လမ်းဘေးတစ်နေရာတွင် ငလျင်ဘေးအတွက် MNDAA က အလှူငွေကောက်ခံနေသည့် အချိန်တွင် TNLA အဖွဲ့ဝင်များရောက်ရှိလာပြီးတားမြစ်ရာမှ အချင်းများ ထိုးကြိတ်ရိုက်နှက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိသည်။

“ကိုးကန့်နဲ့ ပလောင်တွေရန်ဖြစ်နေပြီ။ ကိုးကန့်တွေက အလှူငွေကောက်နေတာကို ပလောင်တွေကလာသိမ်းခိုင်းတာ။ အဲဒါကြောင့်ရန် ဖြစ်နေကြပြီ။ ကိုးကန့်တွေအလှူငွေကောက်တဲ့ဟာကို ပလောင်တွေက လာသိမ်းခိုင်းတာ။ ကိုးကန့်တွေက ငလျင်ဘေးအတွက်အလှူငွေ ကောက်တာကို ပလောင်တွေကလာလျှာရှည်တာ”ဟု ရုပ်သံဖိုင်ရိုက်ကူးနေသူက ဆိုသည်။

ကွတ်ခိုင်မြို့နယ်ကို TNLA၊ MNDAA နှင့် KIA တို့ကတပ်စွဲနေရာယူထားပြီး နယ်မြေအငြင်းပွားမှုများ၊ အောက်ခြေအဆင့်ပွတ်တိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Zawgyi Version:
ကြတ္ခိုင္တြင္ ငလ်င္ေဘးအတြက္အလႉေငြေကာက္ခံေနေသာ MNDAA ကို TNLA က လာေရာက္တားဆီးရာမွ ထိုးႀကိတ္႐ိုက္ႏွက္မႈျဖစ္ပြား
သန႔္ဇင္(NP News)-ဧၿပီ ၁
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္တြင္ ငလ်င္ေဘးအတြက္အလႉေငြေကာက္ခံေနေသာ MNDAA ကို TNLA က လာေရာက္တားဆီးရာမွ ထိုးႀကိတ္႐ိုက္ႏွက္မႈျဖစ္ပြားခဲ့ေၾကာင္း လူမႈကြန္ယက္စာမ်က္ႏွာမ်ားထက္တြင္ ထြက္ေပၚေနေသာ ႐ုပ္သံဖိုင္အရ သိရသည္။

ယေန႔(ဧၿပီလ ၁ရက္)မြန္းလြဲပိုင္းက ကြတ္ခိုင္ၿမိဳ႕ လမ္းေဘးတစ္ေနရာတြင္ ငလ်င္ေဘးအတြက္ MNDAA က အလႉေငြေကာက္ခံေနသည့္ အခ်ိန္တြင္ TNLA အဖြဲ႕ဝင္မ်ားေရာက္ရွိလာၿပီးတားျမစ္ရာမွ အခ်င္းမ်ား ထိုးႀကိတ္႐ိုက္ႏွက္မႈမ်ားျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိသည္။

“ကိုးကန႔္နဲ႔ ပေလာင္ေတြရန္ျဖစ္ေနၿပီ။ ကိုးကန႔္ေတြက အလႉေငြေကာက္ေနတာကို ပေလာင္ေတြကလာသိမ္းခိုင္းတာ။ အဲဒါေၾကာင့္ရန္ ျဖစ္ေနၾကၿပီ။ ကိုးကန႔္ေတြအလႉေငြေကာက္တဲ့ဟာကို ပေလာင္ေတြက လာသိမ္းခိုင္းတာ။ ကိုးကန႔္ေတြက ငလ်င္ေဘးအတြက္အလႉေငြ ေကာက္တာကို ပေလာင္ေတြကလာလွ်ာရွည္တာ”ဟု ႐ုပ္သံဖိုင္႐ိုက္ကူးေနသူက ဆိုသည္။

ကြတ္ခိုင္ၿမိဳ႕နယ္ကို TNLA၊ MNDAA ႏွင့္ KIA တို႔ကတပ္စြဲေနရာယူထားၿပီး နယ္ေျမအျငင္းပြားမႈမ်ား၊ ေအာက္ေျခအဆင့္ပြတ္တိုက္မႈမ်ား မၾကာခဏျဖစ္ပြားေလ့ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.