ယခုနှစ်သင်္ကြန်ကို အပျော်အပါး သီဆိုမှုမပါပဲ ရိုးရာယဥ်​ကျေးမှုနှင့် အညီသာ ကျင်းပမည်

 7655

ပီယ (NP News) - ဧပြီ ၁

ယခုနှစ်သင်္ကြန်ကို အပျော်အပါး သီဆိုမှုမပါပဲ ရိုးရာယဥ်​ကျေးမှုနှင့်အညီ ​အေးချမ်းသာယာသောသင်္ကြန်အဖြစ်သာ ကျင်းပမည် ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိကြုံ တွေ့​​နေရ​သော ပြင်းထန်သည့်ငလျင်​​ဘေးအန္တရာယ်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် တို့အတွင်း၌ ပြည်သူအချို့ သေဆုံးဒဏ်ရာရထိခိုက်နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲနေရသောကာလဖြစ်သဖြင့် ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို
အပျော်အပါး သီဆိုကခုန်မှုများ မပါဝင်ဘဲ ရိုးရာယဥ်​ကျေးမှုနှင့်အညီ ​အေးချမ်းသာယာသောသင်္ကြန်အဖြစ် ကျင်းပသွားမည်ဖြစ်​ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ကယ်ဆယ်ရေးအဖွဲ့များက ငလျင်ကြောင့် ပိတ်မိသူများကို ကယ်ထုတ်နေပြီး နိုင်ငံတကာမှအကူအညီပေးအပ်ခြင်းများလည်း ရှိနေသည်။

zawgyi version

ယခုႏွစ္သၾကၤန္ကို အေပ်ာ္အပါး သီဆိုမႈမပါပဲ ႐ိုးရာယဥ္​ေက်းမႈႏွင့္ အညီသာ က်င္းပမည္

ပီယ (NP News) - ဧၿပီ ၁

ယခုႏွစ္သၾကၤန္ကို အေပ်ာ္အပါး သီဆိုမႈမပါပဲ ႐ိုးရာယဥ္​ေက်းမႈႏွင့္အညီ ​ေအးခ်မ္းသာယာေသာသၾကၤန္အျဖစ္သာ က်င္းပမည္ ျဖစ္ေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

လက္ရွိႀကဳံ ေတြ႕​​ေနရ​ေသာ ျပင္းထန္သည့္ငလ်င္​​ေဘးအႏၲရာယ္ေၾကာင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ စစ္ကိုင္း၊ ပဲခူး၊ မေကြး၊ မႏၲေလးတိုင္းေဒသႀကီး ႏွင့္ ရွမ္းျပည္နယ္ တို႔အတြင္း၌ ျပည္သူအခ်ိဳ႕ ေသဆုံးဒဏ္ရာရထိခိုက္နစ္နာဆုံးရႈံးမႈမ်ား ႀကဳံေတြ႕ေနရေၾကာင္း ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ တစ္ႏိုင္ငံလုံး ဝမ္းနည္းေၾကကြဲေနရေသာကာလျဖစ္သျဖင့္ ယခုႏွစ္ ျမန္မာ့႐ိုးရာသၾကၤန္ကို
အေပ်ာ္အပါး သီဆိုကခုန္မႈမ်ား မပါဝင္ဘဲ ႐ိုးရာယဥ္​ေက်းမႈႏွင့္အညီ ​ေအးခ်မ္းသာယာေသာသၾကၤန္အျဖစ္ က်င္းပသြားမည္ျဖစ္​ေၾကာင္း ေဖာ္ျပထားသည္။

လက္ရွိတြင္ ကယ္ဆယ္ေရးအဖြဲ႕မ်ားက ငလ်င္ေၾကာင့္ ပိတ္မိသူမ်ားကို ကယ္ထုတ္ေနၿပီး ႏိုင္ငံတကာမွအကူအညီေပးအပ္ျခင္းမ်ားလည္း ရွိေနသည္။

Picture

Aung Aung

02/04/2025 09:54

ဖြစ်သင့်တယ် လူစိတ်ရှိတာပေါ့

Related news

© 2021. All rights reserved.