မျိုးဆက်သစ်ရှားလာသောကြောင့် မြန်မာ့ယွန်းထည်လုပ်ငန်း တိမ်မြုပ်လုအခြေအနေ ကြုံနေရ

400

ယွန်း (NP News) - ဧပြီ ၃
မျိုးဆက်သစ်ရှားလာသောကြောင့် မြန်မာ့ယွန်းထည်လုပ်ငန်း တိမ်မြုပ်လုအခြေအနေနှင့် ကြုံတွေ့နေရကြောင်း ပုဂံဒေသရှိ ယွန်းထည်လုပ်ငန်းရှင်ကြီးတစ်ဦးထံမှ သိရသည်။
ပြည်တွင်း၌ (ကိုဗစ်-၁၉) ရောဂါစတင်ဖြစ်ပွားခဲ့သည့် (၂၀၁၉)ခုနှစ်မှစ၍ ပြည်ပခရီးသွားဝင်ရောက်မှု နည်းပါးခဲ့ခြင်းကြောင့် ပြည်ပခရီးသွားများ စိတ်ဝင်စားခြင်းခံခဲ့ရသည့် မြန်မာ့ယွန်းထည်လုပ်ငန်းအချို့ ရပ်နားခဲ့ရကြောင်း သိရသည်။
လက်ရှိတွင်လည်း ပြည်ပခရီးသွားဝင်ရောက်မှုနည်းပါးနေသည့်အတွက် မြန်မာ့လက်မှုအနုပညာဖြစ်သည့် ယွန်းထည်ပစ္စည်းများကို စိတ်ဝင်စားသူနည်းပါးလျက်ရှိကြောင်း သိရသည်။
“ကိုဗစ်ဖြစ်ကတည်းက လုပ်ငန်းတွေရပ်ဆိုင်း ကုန်တာ။ ခရီးသွားဧည့်သည်ကလည်းမရှိတော့ ဆိုင် ကြီးတွေ ကတော့ ပိတ်ကုန်တာပေါ့။ လုပ်ငန်းတွေပိတ် ကုန်တယ်။ တချို့ကျတော့လည်း မဖြစ်မနေဖွင့်တာ လည်းရှိတယ်။ တစ်ဆိုင်တလေပဲ ရှိတော့တယ်။ ယွန်းထည်လုပ်ငန်းကတော့ ဘုရားထဲ၊ ဈေးထဲရောင်းဖို့ကတော့ ထုတ်တော့ထုတ်နေတာပဲ။ ပစ္စည်းသေး သေးလေးတွေပေါ့။ အရင်တုန်းကလို တွင်တွင်ကျယ်ကျယ်မရှိတော့ဘူး။ ပြည်တွင်းခရီးသွားတွေကတော့ ဆိုင်ကြီးတွေကို ဝင်ဝယ်တာနည်းတယ်လေ။ ဘုရားစောင်းတန်းတို့ဘာတို့မှာပဲ အမှတ်တရ ဝယ်ကြတာဆိုတော့ ဆိုင်တွေက ဖွင့်လည်းအပိုပဲဖြစ်နေတာပေါ့။ အလုပ်က မဖြစ်ကြဘူး။ မလုပ်ဘူးလားဆိုတော့ လုပ်တော့လုပ်နေကြတာပဲ။ ကြံဖန်ပြီးလုပ်နေရတာပါပဲ” ဟု ပုဂံရှိ ယွန်းထည်လုပ်ငန်းရှင် တစ်ဦးက NP News ကို ပြောသည်။
ထိုသို့ ယွန်းထည်ပစ္စည်းများကို တွင်တွင်ကျယ် ကျယ်ဆောင်ရွက်မှုမရှိခြင်းကြောင့် ပုဂံဒေသရှိ ဒေသခံများ အနေဖြင့် မြန်မာ့ယွန်းထည်လုပ်ငန်း ကွယ်ပျောက်သွားမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။ “ယွန်းထည် လုပ်ငန်းပျောက်ကွယ်သွားမှာ ကျွန်တော်တို့ကတော့ စိုးရိမ်တယ်။ စီးပွားရေးသက်သက် လုပ်စားကြတာ မဟုတ်ဘူး။ တကယ် ချစ်မြတ်နိုးတယ်။ မိရိုးဖလာဓလေ့လည်းဖြစ်တယ်။ ဒေသဂုဏ်ဆောင်တဲ့လုပ်ငန်းလည်း ဖြစ်တော့ အကုန်လုံးကတော့ စိုးရိမ်ကြတယ်။ စီးပွားရေးအနေနဲ့ဝင်လာပြီး ပေါ်ပင်လုပ်တဲ့သူတွေကတော့ တစ်မျိုးပေါ့။ ကျွန်တော်တို့ဒေသခံတွေကတော့ စိုးရိမ်တာပေါ့။ ပြောင်းလဲလာတာနဲ့အမျှ လုပ်ငန်းတွေပြန်လည် ပတ်တဲ့အချိန်မှာ ဝန်ထမ်းတွေပြန်စုစည်းလို့ ရချင်မှရမှာ။ နိုင်ငံခြားထွက်တာတွေ၊ တခြားဒေသတွေမှာ သွားလုပ် ကြတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် ယွန်းထည်လုပ်ငန်းကို လက်ဆင့်ကမ်း လုပ်ဆောင်မည့် မျိုးဆက်သစ်လူငယ်များ ရှားပါးလာခြင်းကြောင့် အဆိုပါလုပ်ငန်းကို ဝါသနာပါသည့်မျိုးဆက်သစ်လူငယ်များကို ပုဂံဒေသခံအပြင် အခြားဒေသများမှ ရှာဖွေ၍ မွေးထုတ်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ယွန်းထည်လုပ်ငန်းကို ပုဂံ နှင့် အခြားဒေသအနည်းငယ်တို့တွင်သာ လုပ်ကိုင်လျက်ရှိကြောင်း သိရပြီး ယခင်ကဲ့သို့ စီးပွားဖြစ်လုပ်ကိုင်ခြင်း မျိုးမဟုတ်ကြောင်း ၎င်းက ဆိုသည်။
“ယွန်းထည်ကို အခုလုပ်နေတာကတော့ ပုဂံရှိမယ်။ ကျိုင်းတုံမှာလည်း ယွန်းထည်လုပ်တဲ့ မိသားစု တစ်စုတော့ရှိ သေးတယ်။ မုံရွာ၊ ကျောက်ကာမှာလည်း ရှိတယ်။ အရင်တုန်းကဆို တောင်ရွာ၊ မြောက်ရွာလုပ်ကြတယ်။ အခုတော် တော်နည်းသွားပြီ။ မိသားစုတစ်စုလောက်ပဲရှိတော့တယ်။ အင်းလေးမှာလည်း နည်းနည်းတော့ လုပ်တယ်။ အင်းဝမှာလည်း သပိတ်တို့၊ ဆွမ်းအုပ်တို့လုပ်တယ်။ ပြည်တွင်းသုံးပါပဲ။ အဲဒီဒေသတွေပဲရှိတယ် တခြားဒေသတွေကတော့ မရှိပါဘူး” ဟု အထက်ပါလုပ်ငန်းရှင်က ဆိုသည်။
မြန်မာ့ယွန်းထည်များကို လက်ရှိပြင်ပဈေးကွက်တွင် ရောင်းချခြင်းအပြင် အွန်လိုင်းမှတစ်ဆင့် ရောင်းချမှုများလည်းရှိနေကြောင်း သိရသည်။

Zawgyi Version:
မ်ိဳးဆက္သစ္ရွားလာေသာေၾကာင့္ ျမန္မာ့ယြန္းထည္လုပ္ငန္း တိမ္ျမဳပ္လုအေျခအေန ႀကဳံေနရ
ယြန္း (NP News) - ဧပြီ ၃
မ်ိဳးဆက္သစ္ရွားလာေသာေၾကာင့္ ျမန္မာ့ယြန္းထည္လုပ္ငန္း တိမ္ျမဳပ္လုအေျခအေနႏွင့္ ႀကဳံေတြ႕ေနရေၾကာင္း ပုဂံေဒသရွိ ယြန္းထည္လုပ္ငန္းရွင္ႀကီးတစ္ဦးထံမွ သိရသည္။
ျပည္တြင္း၌ (ကိုဗစ္-၁၉) ေရာဂါစတင္ျဖစ္ပြားခဲ့သည့္ (၂၀၁၉)ခုႏွစ္မွစ၍ ျပည္ပခရီးသြားဝင္ေရာက္မႈ နည္းပါးခဲ့ျခင္းေၾကာင့္ ျပည္ပခရီးသြားမ်ား စိတ္ဝင္စားျခင္းခံခဲ့ရသည့္ ျမန္မာ့ယြန္းထည္လုပ္ငန္းအခ်ိဳ႕ ရပ္နားခဲ့ရေၾကာင္း သိရသည္။
လက္ရွိတြင္လည္း ျပည္ပခရီးသြားဝင္ေရာက္မႈနည္းပါးေနသည့္အတြက္ ျမန္မာ့လက္မႈအႏုပညာျဖစ္သည့္ ယြန္းထည္ပစၥည္းမ်ားကို စိတ္ဝင္စားသူနည္းပါးလ်က္ရွိေၾကာင္း သိရသည္။
“ကိုဗစ္ျဖစ္ကတည္းက လုပ္ငန္းေတြရပ္ဆိုင္း ကုန္တာ။ ခရီးသြားဧည့္သည္ကလည္းမရွိေတာ့ ဆိုင္ ႀကီးေတြ ကေတာ့ ပိတ္ကုန္တာေပါ့။ လုပ္ငန္းေတြပိတ္ ကုန္တယ္။ တခ်ိဳ႕က်ေတာ့လည္း မျဖစ္မေနဖြင့္တာ လည္းရွိတယ္။ တစ္ဆိုင္တေလပဲ ရွိေတာ့တယ္။ ယြန္းထည္လုပ္ငန္းကေတာ့ ဘုရားထဲ၊ ေဈးထဲေရာင္းဖို႔ကေတာ့ ထုတ္ေတာ့ထုတ္ေနတာပဲ။ ပစၥည္းေသး ေသးေလးေတြေပါ့။ အရင္တုန္းကလို တြင္တြင္က်ယ္က်ယ္မရွိေတာ့ဘူး။ ျပည္တြင္းခရီးသြားေတြကေတာ့ ဆိုင္ႀကီးေတြကို ဝင္ဝယ္တာနည္းတယ္ေလ။ ဘုရားေစာင္းတန္းတို႔ဘာတို႔မွာပဲ အမွတ္တရ ဝယ္ၾကတာဆိုေတာ့ ဆိုင္ေတြက ဖြင့္လည္းအပိုပဲျဖစ္ေနတာေပါ့။ အလုပ္က မျဖစ္ၾကဘူး။ မလုပ္ဘူးလားဆိုေတာ့ လုပ္ေတာ့လုပ္ေနၾကတာပဲ။ ႀကံဖန္ၿပီးလုပ္ေနရတာပါပဲ” ဟု ပုဂံရွိ ယြန္းထည္လုပ္ငန္းရွင္ တစ္ဦးက NP News ကို ေျပာသည္။
ထိုသို႔ ယြန္းထည္ပစၥည္းမ်ားကို တြင္တြင္က်ယ္ က်ယ္ေဆာင္႐ြက္မႈမရွိျခင္းေၾကာင့္ ပုဂံေဒသရွိ ေဒသခံမ်ား အေနျဖင့္ ျမန္မာ့ယြန္းထည္လုပ္ငန္း ကြယ္ေပ်ာက္သြားမည္ကို စိုးရိမ္လ်က္ရွိေၾကာင္း သိရသည္။ “ယြန္းထည္ လုပ္ငန္းေပ်ာက္ကြယ္သြားမွာ ကြၽန္ေတာ္တို႔ကေတာ့ စိုးရိမ္တယ္။ စီးပြားေရးသက္သက္ လုပ္စားၾကတာ မဟုတ္ဘူး။ တကယ္ ခ်စ္ျမတ္ႏိုးတယ္။ မိ႐ိုးဖလာဓေလ့လည္းျဖစ္တယ္။ ေဒသဂုဏ္ေဆာင္တဲ့လုပ္ငန္းလည္း ျဖစ္ေတာ့ အကုန္လုံးကေတာ့ စိုးရိမ္ၾကတယ္။ စီးပြားေရးအေနနဲ႔ဝင္လာၿပီး ေပၚပင္လုပ္တဲ့သူေတြကေတာ့ တစ္မ်ိဳးေပါ့။ ကြၽန္ေတာ္တို႔ေဒသခံေတြကေတာ့ စိုးရိမ္တာေပါ့။ ေျပာင္းလဲလာတာနဲ႔အမွ် လုပ္ငန္းေတြျပန္လည္ ပတ္တဲ့အခ်ိန္မွာ ဝန္ထမ္းေတြျပန္စုစည္းလို႔ ရခ်င္မွရမွာ။ ႏိုင္ငံျခားထြက္တာေတြ၊ တျခားေဒသေတြမွာ သြားလုပ္ ၾကတယ္”ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ျပင္ ယြန္းထည္လုပ္ငန္းကို လက္ဆင့္ကမ္း လုပ္ေဆာင္မည့္ မ်ိဳးဆက္သစ္လူငယ္မ်ား ရွားပါးလာျခင္းေၾကာင့္ အဆိုပါလုပ္ငန္းကို ဝါသနာပါသည့္မ်ိဳးဆက္သစ္လူငယ္မ်ားကို ပုဂံေဒသခံအျပင္ အျခားေဒသမ်ားမွ ရွာေဖြ၍ ေမြးထုတ္ႏိုင္ေရးကိုလည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ယြန္းထည္လုပ္ငန္းကို ပုဂံ ႏွင့္ အျခားေဒသအနည္းငယ္တို႔တြင္သာ လုပ္ကိုင္လ်က္ရွိေၾကာင္း သိရၿပီး ယခင္ကဲ့သို႔ စီးပြားျဖစ္လုပ္ကိုင္ျခင္း မ်ိဳးမဟုတ္ေၾကာင္း ၎က ဆိုသည္။
“ယြန္းထည္ကို အခုလုပ္ေနတာကေတာ့ ပုဂံရွိမယ္။ က်ိဳင္းတုံမွာလည္း ယြန္းထည္လုပ္တဲ့ မိသားစု တစ္စုေတာ့ရွိ ေသးတယ္။ မုံ႐ြာ၊ ေက်ာက္ကာမွာလည္း ရွိတယ္။ အရင္တုန္းကဆို ေတာင္႐ြာ၊ ေျမာက္႐ြာလုပ္ၾကတယ္။ အခုေတာ္ ေတာ္နည္းသြားၿပီ။ မိသားစုတစ္စုေလာက္ပဲရွိေတာ့တယ္။ အင္းေလးမွာလည္း နည္းနည္းေတာ့ လုပ္တယ္။ အင္းဝမွာလည္း သပိတ္တို႔၊ ဆြမ္းအုပ္တို႔လုပ္တယ္။ ျပည္တြင္းသုံးပါပဲ။ အဲဒီေဒသေတြပဲရွိတယ္ တျခားေဒသေတြကေတာ့ မရွိပါဘူး” ဟု အထက္ပါလုပ္ငန္းရွင္က ဆိုသည္။
ျမန္မာ့ယြန္းထည္မ်ားကို လက္ရွိျပင္ပေဈးကြက္တြင္ ေရာင္းခ်ျခင္းအျပင္ အြန္လိုင္းမွတစ္ဆင့္ ေရာင္းခ်မႈမ်ားလည္းရွိေနေၾကာင္း သိရသည္။