တရုတ်(တိုင်ပေ)ရေတပ်သင်္ဘောနဲ့ တရုတ်ငါးဖမ်းသင်္ဘောတို့တိုက်မိမှုအတွက် လျော်ကြေးငွေပေးဖို့ တရုတ်(တိုင်ပေ)ကို တရုတ်အစိုးရတောင်းဆို

436

Pika
ပြီးခဲ့တဲ့သီတင်းပတ်က ထိုင်ဝမ်ရေလက်ကြားအတွင်း တရုတ်(တိုင်ပေ)ရေတပ်သင်္ဘောတစ်စီးနဲ့ တရုတ်ငါးဖမ်းသင်္ဘောတို့ တိုက်မိမှုနဲ့ပတ်သက်ပြီး ဆုံးရှုံးမှုတွေအတွက် တရုတ်ငါးဖမ်းသမားတွေကို လျော်ကြေးပေးဖို့ တရုတ်အစိုးရက တရုတ်(တိုင်ပေ)ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့မတ်လ(၂၇)ရက်နေ့မှာ တရုတ်(တိုင်ပေ)ရေတပ်သင်္ဘောတစ်စီးနဲ့ တရုတ်ငါးဖမ်းသင်္ဘောတို့ဟာ ထိုင်ဝမ်ရေလက်ကြားအတွင်း တိုက်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။တရုတ်ရဲ့ တရုတ်(တိုင်ပေ)ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ဇူဖန်းလီယန်က”ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တရုတ်(တိုင်ပေ)သင်္ဘောမှာ လုံးဝတာဝန်ရှိပါတယ်။ဒါပေမယ့်လည်း တရုတ်(တိုင်ပေ)သင်္ဘောဟာ အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တာဝန်ယူဖို့ ငြင်းဆိုခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။တရုတ်ရဲ့အစောပိုင်း စုံစမ်းစစ်ဆေးချက်တွေအရ တရုတ်ငါးဖမ်းသင်္ဘောဟာ ကျောက်ချရပ်နားထားစဉ်အချိန်အတွင်း ၎င်းရဲ့အလိုအလျောက်ဖော်ပြရေးစနစ်(AIS)အချက်ပြနဲ့ သတိပေးအချက်ပြမီးတွေကို ဖွင့်ထားတယ်လို့ ဇူဖန်းလီယန်ကပြောကြားခဲ့ပါတယ်။ဒါ့ပြင် တရုတ်ငါးဖမ်းသင်္ဘောဟာ (AIS)အချက်ပြနဲ့ သတိပေးအချက်ပြမီးတွေ ဖွင့်မထားတဲ့ တရုတ်(တိုင်ပေ)ရေတပ်သင်္ဘောရဲ့ ဝင်တိုက်မှုကိုခံခဲ့ရတာဖြစ်တယ်လို့လည်း ဇူဖန်းလီယန်ကပြောကြားခဲ့ပါတယ်။တရုတ်ရဲ့လျော်ကြေးတောင်းခံမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ တိုက်မိမှုဖြစ်ရပ်နဲ့ပတ်သက်ပြီး တရုတ်(တိုင်ပေ)ကမ်းခြေစောင့်တပ်ဖွဲ့ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုကို ဆက်လက်လုပ်ဆောင်နေတယ်လို့ တရုတ်(တိုင်ပေ)ရေတပ်က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
တ႐ုတ္(တိုင္ေပ)ေရတပ္သေဘၤာနဲ႔ တ႐ုတ္ငါးဖမ္းသေဘၤာတို႔တိုက္မိမႈအတြက္ ေလ်ာ္ေၾကးေငြေပးဖို႔ တ႐ုတ္(တိုင္ေပ)ကို တ႐ုတ္အစိုးရေတာင္းဆို
Pika
ၿပီးခဲ့တဲ့သီတင္းပတ္က ထိုင္ဝမ္ေရလက္ၾကားအတြင္း တ႐ုတ္(တိုင္ေပ)ေရတပ္သေဘၤာတစ္စီးနဲ႔ တ႐ုတ္ငါးဖမ္းသေဘၤာတို႔ တိုက္မိမႈနဲ႔ပတ္သက္ၿပီး ဆုံးရႈံးမႈေတြအတြက္ တ႐ုတ္ငါးဖမ္းသမားေတြကို ေလ်ာ္ေၾကးေပးဖို႔ တ႐ုတ္အစိုးရက တ႐ုတ္(တိုင္ေပ)ကို ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ၿပီးခဲ့တဲ့မတ္လ(၂၇)ရက္ေန႔မွာ တ႐ုတ္(တိုင္ေပ)ေရတပ္သေဘၤာတစ္စီးနဲ႔ တ႐ုတ္ငါးဖမ္းသေဘၤာတို႔ဟာ ထိုင္ဝမ္ေရလက္ၾကားအတြင္း တိုက္မိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။တ႐ုတ္ရဲ႕ တ႐ုတ္(တိုင္ေပ)ေရးရာ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဇူဖန္းလီယန္က”ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး တ႐ုတ္(တိုင္ေပ)သေဘၤာမွာ လုံးဝတာဝန္ရွိပါတယ္။ဒါေပမယ့္လည္း တ႐ုတ္(တိုင္ေပ)သေဘၤာဟာ အဲ့ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး တာဝန္ယူဖို႔ ျငင္းဆိုခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။တ႐ုတ္ရဲ႕အေစာပိုင္း စုံစမ္းစစ္ေဆးခ်က္ေတြအရ တ႐ုတ္ငါးဖမ္းသေဘၤာဟာ ေက်ာက္ခ်ရပ္နားထားစဥ္အခ်ိန္အတြင္း ၎ရဲ႕အလိုအေလ်ာက္ေဖာ္ျပေရးစနစ္(AIS)အခ်က္ျပနဲ႔ သတိေပးအခ်က္ျပမီးေတြကို ဖြင့္ထားတယ္လို႔ ဇူဖန္းလီယန္ကေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ တ႐ုတ္ငါးဖမ္းသေဘၤာဟာ (AIS)အခ်က္ျပနဲ႔ သတိေပးအခ်က္ျပမီးေတြ ဖြင့္မထားတဲ့ တ႐ုတ္(တိုင္ေပ)ေရတပ္သေဘၤာရဲ႕ ဝင္တိုက္မႈကိုခံခဲ့ရတာျဖစ္တယ္လို႔လည္း ဇူဖန္းလီယန္ကေျပာၾကားခဲ့ပါတယ္။တ႐ုတ္ရဲ႕ေလ်ာ္ေၾကးေတာင္းခံမႈေတြကို တုံ႔ျပန္တဲ့အေနနဲ႔ တိုက္မိမႈျဖစ္ရပ္နဲ႔ပတ္သက္ၿပီး တ႐ုတ္(တိုင္ေပ)ကမ္းေျခေစာင့္တပ္ဖြဲ႕ဦးေဆာင္တဲ့ စုံစမ္းစစ္ေဆးမႈတစ္ခုကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ တ႐ုတ္(တိုင္ေပ)ေရတပ္က ေျပာၾကားခဲ့ပါတယ္။