ဆလိုဗက်ကီးယားနိုင်ငံမှာ ဝက်ဝံကြောင့် လူသေဆုံးမှုဖြစ်ခဲ့ပြီးနောက် ဝက်ဝံ အကောင်ရေ ၃၅၀ ကို သုတ်သင်ပစ်ဖို့ စီစဉ်

103
ရောင်နီ (NP News) - ဧပြီ ၅
ဆလိုဗက်ကီးယားနိုင်ငံမှာ ဗုဒ္ဓဟူးနေ့(ဧပြီ ၂ ရက်) က ဝက်ဝံ တိုက်ခိုက်ခံရမှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီးနောက် ဝံ အကောင်ရေ ၃၅၀ ကို သတ်ပစ်သုတ်သင်မယ့်အစီအစဉ်ကို အတည်ပြုခဲ့ပါတယ်။
ဆလိုဗက်ကီးယား နိုင်ငံ၊အလယ်ပိုင်းမှာ တနင်္ဂနွေနေ့(မတ်လ ၃၀ ရက်) က အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို ဝံတိုက်ခိုက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင် ဝန်ကြီး တောမတ်တာရာဘာက လူတွေမှာ ဝက်ဝံတိုက်ခိုက်ခံရမှုအရေအတွက်မြင့်တက်လာနေပြီး မနှစ်က ဝံ တိုက်ခိုက်ခံရမှု ၁,၉၀၀ အထိ ရှိခဲ့တယ်လို့ ပြောပါတယ်။ ဆလိုဗက်ကီးယားမှာ ခန့်မှန်းချေ ဝက်ဝံညို ၁,၀၀၀ ကျော် ထိ ကျတ်စားနေတယ်လို့ သိရပါတယ်။ ဒါကြောင့် အစိုးရက နိုင်ငံရဲ့ ခရိုင် ၇၂ ခုထဲက ၅၅ ခုကို အရေးပေါ် အခြေအနေအဖြစ်ကြေညာထားပြီး ဝံတွေကို သုတ်သင်ရှင်းလင်းဖို့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေကတော့ အဲဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရဲ့ နိုင်ငံတကာ တာဝန်ဝတ္တရား တွေကိုချိုးဖောက်ရာရောက်နေပြီး နိုင်ငံကာကွယ်မှုဆိုင်ရာအစီအမံတွေကိုသာ အသုံးပြုသင့်တယ်လို့ ဝေဖန်နေကြ ပါတယ်။

Zawgyi Version:
ဆလိုဗက္ကီးယားႏိုင္ငံမွာ ဝက္ဝံေၾကာင့္ လူေသဆုံးမႈျဖစ္ခဲ့ၿပီးေနာက္ ဝက္ဝံ အေကာင္ေရ ၃၅၀ ကို သုတ္သင္ပစ္ဖို႔ စီစဥ္
ေရာင္နီ (NP News) - ဧၿပီ ၅
ဆလိုဗက္ကီးယားႏိုင္ငံမွာ ဗုဒၶဟူးေန႔(ဧၿပီ ၂ ရက္) က ဝက္ဝံ တိုက္ခိုက္ခံရမႈေၾကာင့္ လူတစ္ဦး ေသဆုံးခဲ့ၿပီးေနာက္ ဝံ အေကာင္ေရ ၃၅၀ ကို သတ္ပစ္သုတ္သင္မယ့္အစီအစဥ္ကို အတည္ျပဳခဲ့ပါတယ္။
ဆလိုဗက္ကီးယား ႏိုင္ငံ၊အလယ္ပိုင္းမွာ တနဂၤေႏြေန႔(မတ္လ ၃၀ ရက္) က အသက္ ၅၉ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးရဲ႕႐ုပ္အေလာင္းကို ဝံတိုက္ခိုက္ခံထားရတဲ့ ဒဏ္ရာေတြနဲ႔ ေတြ႕ရွိခဲ့ပါတယ္။ သဘာဝပတ္ဝန္းက်င္ ဝန္ႀကီး ေတာမတ္တာရာဘာက လူေတြမွာ ဝက္ဝံတိုက္ခိုက္ခံရမႈအေရအတြက္ျမင့္တက္လာေနၿပီး မႏွစ္က ဝံ တိုက္ခိုက္ခံရမႈ ၁,၉၀၀ အထိ ရွိခဲ့တယ္လို႔ ေျပာပါတယ္။ ဆလိုဗက္ကီးယားမွာ ခန႔္မွန္းေခ် ဝက္ဝံညိဳ ၁,၀၀၀ ေက်ာ္ ထိ က်တ္စားေနတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ အစိုးရက ႏိုင္ငံရဲ႕ ခ႐ိုင္ ၇၂ ခုထဲက ၅၅ ခုကို အေရးေပၚ အေျခအေနအျဖစ္ေၾကညာထားၿပီး ဝံေတြကို သုတ္သင္ရွင္းလင္းဖို႔ သဘာဝပတ္ဝန္းက်င္ဝန္ႀကီးဌာနက ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။
သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး အဖြဲ႕ေတြကေတာ့ အဲဒီဆုံးျဖတ္ခ်က္ဟာ ႏိုင္ငံရဲ႕ ႏိုင္ငံတကာ တာဝန္ဝတၱရား ေတြကိုခ်ိဳးေဖာက္ရာေရာက္ေနၿပီး ႏိုင္ငံကာကြယ္မႈဆိုင္ရာအစီအမံေတြကိုသာ အသုံးျပဳသင့္တယ္လို႔ ေဝဖန္ေနၾက ပါတယ္။