ရွှေတိဂုံဘုရားသို့ နိုင်ငံခြားသားဝင်ကြေးအဖြစ် ငွေကျပ်(၂၀၀၀၀)မှ (၂၅၀၀၀)ကျပ်သို့ တိုးမြှင့်ကောက်ယူ

354

သန့်ဇင်(NP News)-ဧပြီ ၅
ရန်ကုန်မြို့ရှိ၊ ရွှေတိဂုံဘုရားသို့ နိုင်ငံခြားသားဝင်ကြေးအဖြစ် ငွေကျပ်(၂၀၀၀၀)မှ (၂၅၀၀၀)ကျပ်သို့ တိုးမြှင့်ကောက်ယူနေပြီဖြစ်ကြောင်း ရွှေတိဂုံစေတီ တော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦးက NP Newsကိုပြောသည်။
နိုင်ငံခြားသားဝင်ကြေးပြောင်းလဲကောက်ခံခြင်းကို ပြီးခဲ့သည့် ဧပြီလ ၁ရက်က စတင်ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ရွှေတိဂုံဘုရားမှာတော့လေ နိုင်ငံခြားသားဝင်ရောက်မှုနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က (၁၀)ဒေါ်လာသတ်မှတ်ပါတယ်။ အခုတစ်ခါလည်း ငွေကြေးဈေးနှုန်းတွေက ဖြစ်လာတဲ့အခါကျတော့ တချို့တွေကလည်းထောက်ပြလာတဲ့အခါအတွက်ကြောင့် သူ့ရဲ့ (၁၀)ဒေါ် လာနဲ့ ငွေးလဲနှုန်းနဲ့တော့ မသက်မှတ်ပါဘူး။ အဲဒီထက်တော့ လျှော့ပြီးတော့ အများလက်ခံတဲ့ (၂၅၀၀၀)ကျပ်နဲ့ သတ်မှတ် ပြီးတော့ ကောက်ခံမယ်ဆိုတာကို ကြေငြာလိုက်တာပါ”ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယခင်က ရွှေတိဂုံဘုရားသို့ နိုင်ငံခြားသားဝင်ရောက်မှု အမေရိကန်ဒေါ်လာ(၁၀)ဒေါ်လာဖြင့် သတ်မှတ်ကောက်ယူခဲ့ပြီး ၂၀၂၁နောက်ပိုင်း ဒေါ်လာငွေကြေးဈေးနှုန်းအပြောင်းအလဲများကြောင့် ငွေကျပ်(၂၀၀၀၀)အထိတိုးမြှင့်ကောက်ယူခဲ့ရကြောင်း သိရသည်။
“အရင်တုန်းကတော့ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ခုနှစ်ဝန်းကျင်ကတော့ငွေလဲနှုန်းကြည့်ပြီးတော့ (၁၀)ဒေါ်လာ၊ မြန်မာငွေ (၁၀၀၀၀)ကျပ်သက် မှတ်ပါတယ်ခင်ဗျ။ အဲဒီကနေလုပ်လာရင်းနဲ့ နောက်ပိုင်းငွေကြေးဈေးနှုန်းအပြောင်းအလဲဖြစ်လာတော့ အဲဒီမှာ ကျွန်တော်တို့ အစည်း အဝေးမှာ ဆုံးဖြတ်ချက်နဲ့ ကျွန်တော်တို့ (၁၀၀၀၀)ကျပ်ကနေ (၂၀၀၀၀)ကျပ်ကိုတိုးလိုက်တာပေါ့။ အဲဒါကတော့ ပြီးခဲ့တဲ့ တစ်နှစ်ကျော် ကျော်လောက်က တိုးတာပေါ့နော်”ဟု ၎င်းကဆက်ပြောသည်။
ထို့ပြင် ယခင်က ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားဝင်ရောက်မှုအနေဖြင့် တစ်ရက်လျှင် (၂၀၀၀)ဝန်းကျင်ခန့်ရှိခဲ့သော်လည်း လက်ရှိ ကာလတွင်မူ တစ်ရက်လျှင်(၁၅၀)လောက်သာဝင်ရောက်နေကြောင်း ၎င်းကဆက်ပြောသည်။
“အရင်ကတော့ နိုင်ငံခြားသားဝင်ရောက်မှုကတော့ ကိုဗစ် ၁၉မတိုင်မီတုန်းကတော့ တစ်နေ့ကို (၂၀၀၀)ပတ်ဝန်းကျင်လောက် အထိ ဝင်ခဲ့တာပေါ့နော်။ အဲဒီနောက် ကိုဗစ်ပြီးတော့ နိုင်ငံရေးအခြေအနေတွေဖြစ်တဲ့အခါကျတော့ အခုကျတော့ တစ်နေ့မှ (၁၅၀)လောက် ပဲဝင်ရောက်မှုရှိပါတယ်။အရင်ထက်စာရင်တော့ အများကြီးနည်းသွားပါတယ်။ အဲဒါကတော့ everydayပေါ့နော်”ဟု ၎င်းကပြောသည်။

Zawgyi Version:
ေ႐ႊတိဂုံဘုရားသို႔ ႏိုင္ငံျခားသားဝင္ေၾကးအျဖစ္ ေငြက်ပ္(၂၀၀၀၀)မွ (၂၅၀၀၀)က်ပ္သို႔ တိုးျမႇင့္ေကာက္ယူ
သန႔္ဇင္(NP News)-ဧၿပီ ၅
ရန္ကုန္ၿမိဳ႕ရွိ၊ ေ႐ႊတိဂုံဘုရားသို႔ ႏိုင္ငံျခားသားဝင္ေၾကးအျဖစ္ ေငြက်ပ္(၂၀၀၀၀)မွ (၂၅၀၀၀)က်ပ္သို႔ တိုးျမႇင့္ေကာက္ယူေနၿပီျဖစ္ေၾကာင္း ေ႐ႊတိဂုံေစတီ ေတာ္ဘ႑ာေတာ္ထိန္း ေဂါပကအဖြဲ႕ဝင္တစ္ဦးက NP Newsကိုေျပာသည္။
ႏိုင္ငံျခားသားဝင္ေၾကးေျပာင္းလဲေကာက္ခံျခင္းကို ၿပီးခဲ့သည့္ ဧၿပီလ ၁ရက္က စတင္ေျပာင္းလဲသတ္မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ ေ႐ႊတိဂုံဘုရားမွာေတာ့ေလ ႏိုင္ငံျခားသားဝင္ေရာက္မႈနဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔က (၁၀)ေဒၚလာသတ္မွတ္ပါတယ္။ အခုတစ္ခါလည္း ေငြေၾကးေဈးႏႈန္းေတြက ျဖစ္လာတဲ့အခါက်ေတာ့ တခ်ိဳ႕ေတြကလည္းေထာက္ျပလာတဲ့အခါအတြက္ေၾကာင့္ သူ႔ရဲ႕ (၁၀)ေဒၚ လာနဲ႔ ေငြးလဲႏႈန္းနဲ႔ေတာ့ မသက္မွတ္ပါဘူး။ အဲဒီထက္ေတာ့ ေလွ်ာ့ၿပီးေတာ့ အမ်ားလက္ခံတဲ့ (၂၅၀၀၀)က်ပ္နဲ႔ သတ္မွတ္ ၿပီးေတာ့ ေကာက္ခံမယ္ဆိုတာကို ေၾကျငာလိုက္တာပါ”ေ႐ႊတိဂုံေစတီေတာ္ဘ႑ာေတာ္ထိန္း ေဂါပကအဖြဲ႕ဝင္တစ္ဦးက ေျပာသည္။
ယခင္က ေ႐ႊတိဂုံဘုရားသို႔ ႏိုင္ငံျခားသားဝင္ေရာက္မႈ အေမရိကန္ေဒၚလာ(၁၀)ေဒၚလာျဖင့္ သတ္မွတ္ေကာက္ယူခဲ့ၿပီး ၂၀၂၁ေနာက္ပိုင္း ေဒၚလာေငြေၾကးေဈးႏႈန္းအေျပာင္းအလဲမ်ားေၾကာင့္ ေငြက်ပ္(၂၀၀၀၀)အထိတိုးျမႇင့္ေကာက္ယူခဲ့ရေၾကာင္း သိရသည္။
“အရင္တုန္းကေတာ့ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ခုႏွစ္ဝန္းက်င္ကေတာ့ေငြလဲႏႈန္းၾကည့္ၿပီးေတာ့ (၁၀)ေဒၚလာ၊ ျမန္မာေငြ (၁၀၀၀၀)က်ပ္သက္ မွတ္ပါတယ္ခင္ဗ်။ အဲဒီကေနလုပ္လာရင္းနဲ႔ ေနာက္ပိုင္းေငြေၾကးေဈးႏႈန္းအေျပာင္းအလဲျဖစ္လာေတာ့ အဲဒီမွာ ကြၽန္ေတာ္တို႔ အစည္း အေဝးမွာ ဆုံးျဖတ္ခ်က္နဲ႔ ကြၽန္ေတာ္တို႔ (၁၀၀၀၀)က်ပ္ကေန (၂၀၀၀၀)က်ပ္ကိုတိုးလိုက္တာေပါ့။ အဲဒါကေတာ့ ၿပီးခဲ့တဲ့ တစ္ႏွစ္ေက်ာ္ ေက်ာ္ေလာက္က တိုးတာေပါ့ေနာ္”ဟု ၎ကဆက္ေျပာသည္။
ထို႔ျပင္ ယခင္က ေ႐ႊတိဂုံေစတီေတာ္သို႔ ႏိုင္ငံျခားသားဝင္ေရာက္မႈအေနျဖင့္ တစ္ရက္လွ်င္ (၂၀၀၀)ဝန္းက်င္ခန႔္ရွိခဲ့ေသာ္လည္း လက္ရွိ ကာလတြင္မူ တစ္ရက္လွ်င္(၁၅၀)ေလာက္သာဝင္ေရာက္ေနေၾကာင္း ၎ကဆက္ေျပာသည္။
“အရင္ကေတာ့ ႏိုင္ငံျခားသားဝင္ေရာက္မႈကေတာ့ ကိုဗစ္ ၁၉မတိုင္မီတုန္းကေတာ့ တစ္ေန႔ကို (၂၀၀၀)ပတ္ဝန္းက်င္ေလာက္ အထိ ဝင္ခဲ့တာေပါ့ေနာ္။ အဲဒီေနာက္ ကိုဗစ္ၿပီးေတာ့ ႏိုင္ငံေရးအေျခအေနေတြျဖစ္တဲ့အခါက်ေတာ့ အခုက်ေတာ့ တစ္ေန႔မွ (၁၅၀)ေလာက္ ပဲဝင္ေရာက္မႈရွိပါတယ္။အရင္ထက္စာရင္ေတာ့ အမ်ားႀကီးနည္းသြားပါတယ္။ အဲဒါကေတာ့ everydayေပါ့ေနာ္”ဟု ၎ကေျပာသည္။