ရုရှားစစ်တပ်က အင်အားတောင့်တင်းတယ်လို့ နေတိုးအဖွဲ့စစ်ဦးစီးချုပ်ပြော

907

Pika
ယူကရိန်းနဲ့စစ်ပွဲဆက်လက်ဖြစ်ပွားနေပေမယ့်လည်း ရုရှားနိုင်ငံဟာ ၎င်းရဲ့ အချိန်ပြည့်တာဝန်ထမ်းဆောင်မယ့် စစ်ဘက်ဆိုင်ရာတပ်သား(၁ဒသမ၅)သန်း ပစ်မှတ်ကိုရောက်ရှိဖို့အတွက် အခက်အခဲအနည်းငယ်သာ ရှိလိမ့်မယ်လို့ နေတိုးအဖွဲ့ စစ်ဦးစီးချုပ် ခရစ္စတိုဖာကာဗိုလီကပြောကြားခဲ့ပါတယ်။အမေရိကန်အထက်လွှတ်တော် လက်နက်ကိုင်အဖွဲ့ဝန်ဆောင်မှုကော်မတီရဲ့ ကြားနားမှုတစ်ခုအတွင်း ခရစ္စတိုဖာကာဗိုလီဟာ စစ်ရေးစွမ်းရည်တွေကို မြှင့်တင်နိုင်ခဲ့တဲ့ ရုရှားရဲ့စွမ်းဆောင်မှုတွေကို အကဲဖြတ်မှုတွေလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ခရစ္စတိုဖာကာဗိုလီက”ရုရှားဟာ သူတို့လိုချင်တဲ့အတိုင်းအတာလောက် အမြန်ဆုံးဆောက်တည်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ယူကရိန်းနဲ့မတူတာက ရုရှားဟာ စေတနာ့ဝန်ထမ်းတွေကို အားကိုးရတဲ့ စစ်မှုထမ်းတွေကို ရှေ့တန်းစစ်မြေမျက်နှာပြင်တွေကို စေလွှတ်တာမျိုးမရှိတာပါပဲ။ပြီးတော့ ရုရှားဟာ သူတို့လိုချင်တဲ့ စစ်သားအရေအတွက်ကို အမြန်ဆုံးဖွဲ့စည်းတည်ဆောက်နိုင်ပါလိမ့်မယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ရုရှားဟာ စစ်သားအရေအတွက် (၁ဒသမ၅)သန်း ပစ်မှတ်ကို ရရှိဖို့အတွက် နှစ်အနည်းငယ်သာ လိုအပ်လိမ့်မယ်လို့လည်း ခရစ္စတိုဖာကာဗိုလီကပြောကြားခဲ့ပါတယ်။ယူကရိန်းနဲ့စစ်ပွဲဆက်လက်ဖြစ်ပွားနေပေမယ့်လည်း ရုရှားရဲ့စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းစွမ်းရည် သိသိသာသာတိုးတက်လာမှုတွေကို ခရစ္စတိုဖာကာဗိုလီက မှတ်ချက်ပြုပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။၎င်းက”ရုရှားဟာ အမြောက်ကျည်တွေ၊ခရုဇ်ဒုံးကျည်တွေ ထုတ်လုပ်ဖို့အတွက် ၎င်းတို့ရဲ့စစ်ရေးစွမ်းရည်တွေကို ချဲ့ထွင်ထားပါတယ်။ပြီးတော့ ရုရှားဟာ ယူကရိန်းနဲ့စစ်ပွဲမတိုင်ခင်က ၎င်းတို့လုံးဝထုတ်လုပ်တာမျိုးမရှိခဲ့တဲ့ တစ်လမ်းသွားတိုက်ခိုက်ရေးဒရုန်းတွေကို အများအပြားထုတ်လုပ်နေပါတယ်။”လို့သတိပေးပြောဆိုခဲ့ပါတယ်။

Zawgyi Version:
႐ုရွားစစ္တပ္က အင္အားေတာင့္တင္းတယ္လို႔ ေနတိုးအဖြဲ႕စစ္ဦးစီးခ်ဳပ္ေျပာ
Pika
ယူကရိန္းနဲ႔စစ္ပြဲဆက္လက္ျဖစ္ပြားေနေပမယ့္လည္း ႐ုရွားႏိုင္ငံဟာ ၎ရဲ႕ အခ်ိန္ျပည့္တာဝန္ထမ္းေဆာင္မယ့္ စစ္ဘက္ဆိုင္ရာတပ္သား(၁ဒသမ၅)သန္း ပစ္မွတ္ကိုေရာက္ရွိဖို႔အတြက္ အခက္အခဲအနည္းငယ္သာ ရွိလိမ့္မယ္လို႔ ေနတိုးအဖြဲ႕ စစ္ဦးစီးခ်ဳပ္ ခရစၥတိုဖာကာဗိုလီကေျပာၾကားခဲ့ပါတယ္။အေမရိကန္အထက္လႊတ္ေတာ္ လက္နက္ကိုင္အဖြဲ႕ဝန္ေဆာင္မႈေကာ္မတီရဲ႕ ၾကားနားမႈတစ္ခုအတြင္း ခရစၥတိုဖာကာဗိုလီဟာ စစ္ေရးစြမ္းရည္ေတြကို ျမႇင့္တင္ႏိုင္ခဲ့တဲ့ ႐ုရွားရဲ႕စြမ္းေဆာင္မႈေတြကို အကဲျဖတ္မႈေတြလုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ခရစၥတိုဖာကာဗိုလီက”႐ုရွားဟာ သူတို႔လိုခ်င္တဲ့အတိုင္းအတာေလာက္ အျမန္ဆုံးေဆာက္တည္ႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။ယူကရိန္းနဲ႔မတူတာက ႐ုရွားဟာ ေစတနာ့ဝန္ထမ္းေတြကို အားကိုးရတဲ့ စစ္မႈထမ္းေတြကို ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္ေတြကို ေစလႊတ္တာမ်ိဳးမရွိတာပါပဲ။ၿပီးေတာ့ ႐ုရွားဟာ သူတို႔လိုခ်င္တဲ့ စစ္သားအေရအတြက္ကို အျမန္ဆုံးဖြဲ႕စည္းတည္ေဆာက္ႏိုင္ပါလိမ့္မယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ႐ုရွားဟာ စစ္သားအေရအတြက္ (၁ဒသမ၅)သန္း ပစ္မွတ္ကို ရရွိဖို႔အတြက္ ႏွစ္အနည္းငယ္သာ လိုအပ္လိမ့္မယ္လို႔လည္း ခရစၥတိုဖာကာဗိုလီကေျပာၾကားခဲ့ပါတယ္။ယူကရိန္းနဲ႔စစ္ပြဲဆက္လက္ျဖစ္ပြားေနေပမယ့္လည္း ႐ုရွားရဲ႕စစ္ဘက္ဆိုင္ရာစက္မႈလုပ္ငန္းစြမ္းရည္ သိသိသာသာတိုးတက္လာမႈေတြကို ခရစၥတိုဖာကာဗိုလီက မွတ္ခ်က္ျပဳေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။၎က”႐ုရွားဟာ အေျမာက္က်ည္ေတြ၊ခ႐ုဇ္ဒုံးက်ည္ေတြ ထုတ္လုပ္ဖို႔အတြက္ ၎တို႔ရဲ႕စစ္ေရးစြမ္းရည္ေတြကို ခ်ဲ႕ထြင္ထားပါတယ္။ၿပီးေတာ့ ႐ုရွားဟာ ယူကရိန္းနဲ႔စစ္ပြဲမတိုင္ခင္က ၎တို႔လုံးဝထုတ္လုပ္တာမ်ိဳးမရွိခဲ့တဲ့ တစ္လမ္းသြားတိုက္ခိုက္ေရးဒ႐ုန္းေတြကို အမ်ားအျပားထုတ္လုပ္ေနပါတယ္။”လို႔သတိေပးေျပာဆိုခဲ့ပါတယ္။