မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက စနိုက်ပါရိုင်ဖယ်အသစ်ကို စမ်းသပ်ပစ်ခတ်မှုပြုလုပ်

 5347

Pika
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ အသစ်တီထွင်ထားတဲ့ စနိုက်ပါရိုင်ဖယ်ကို စမ်းသပ်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNAက ရေးသားဖော်ပြခဲ့ပါတယ်။ကင်ဂျုံအန်းဟာ မြောက်ကိုရီးယားအထူးတပ်ဖွဲ့တွေရဲ့ လေ့ကျင့်သင်ကြားမှုတွေကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့စဉ်အချိန်အတွင်း စနိုက်ပါရိုင်ဖယ်အသစ်ကို စမ်းသပ်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် မြောက်ကိုရီးယားရဲ့အထူးတပ်ဖွဲ့တွေဟာ ရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရုရှားဘက်ကပါဝင်ကူညီတိုက်ခိုက်ပေးဖို့အတွက် မြောက်ကိုရီးယားက ရုရှားကိုစေလွှတ်ခဲ့တဲ့ တပ်ဖွဲ့တွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့လည်း သိရပါတယ်။ဧပြီလ(၄)ရက်နေ့က အထူးစစ်ဆင်ရေးယူနစ်တွေကို သွားရောက်လည်ပတ်စဉ်အချိန်အတွင်း စစ်မြေပြင်မှာ အောင်ပွဲရရှိရေး အာမခံချက်အတွက် စစ်မှန်တဲ့စစ်ပွဲစွမ်းရည်ကို ပြင်းထန်တဲ့လေ့ကျင့်မှုတွေက ပိုမိုအားကောင်းလာစေတယ်လို့လည်း ကင်ဂျုံအန်းကပြောကြားခဲ့ပါတယ်။ဒါ့ပြင် မြောက်ကိုရီးယားအထူးတပ်ဖွဲ့တွေရဲ့ လေ့ကျင့်မှုတွေဟာ နိုင်ငံအတွက်မျိုးချစ်စိတ်နဲ့ သစ္စာစောင့်သိမှုအတွက် အထင်ရှားဆုံးထုတ်ဖော်ပြသမှုတစ်ခုဖြစ်တယ်လို့လည်း ကင်ဂျုံအန်းကပြောကြားခဲ့ပါတယ်။ KCNAက ထုတ်ပြန်ခဲ့တဲ့ဓါတ်ပုံတွေမှာ အထူးစစ်ဆင်ရေးယူနစ်တွေကို အသစ်ထောက်ပံ့ပေးထားတဲ့ စနိုက်ပါရိုင်ဖယ်ကို စကုပ်ကနေတစ်ဆင့် ကင်ဂျုံအန်းက ကြည့်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။အခြားဓါတ်ပုံတွေမှာ ကင်ဂျုံအန်းဟာ အခြားစစ်သားတွေနဲ့အတူ တွားသွားမှုတွေကို လုပ်ဆောင်ပြီး အခြားတပ်ဖွဲ့တွေကို လက်ဝှေ့ယမ်းပြနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

Zawgyi Version:
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက စႏိုက္ပါ႐ိုင္ဖယ္အသစ္ကို စမ္းသပ္ပစ္ခတ္မႈျပဳလုပ္
Pika
ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းဟာ အသစ္တီထြင္ထားတဲ့ စႏိုက္ပါ႐ိုင္ဖယ္ကို စမ္းသပ္ပစ္ခတ္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ႏိုင္ငံပိုင္မီဒီယာ KCNAက ေရးသားေဖာ္ျပခဲ့ပါတယ္။ကင္ဂ်ဳံအန္းဟာ ေျမာက္ကိုရီးယားအထူးတပ္ဖြဲ႕ေတြရဲ႕ ေလ့က်င့္သင္ၾကားမႈေတြကို သြားေရာက္စစ္ေဆးၾကည့္ရႈခဲ့စဥ္အခ်ိန္အတြင္း စႏိုက္ပါ႐ိုင္ဖယ္အသစ္ကို စမ္းသပ္ပစ္ခတ္မႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ ေျမာက္ကိုရီးယားရဲ႕အထူးတပ္ဖြဲ႕ေတြဟာ ႐ုရွားနဲ႔ယူကရိန္းၾကားျဖစ္ပြားေနတဲ့စစ္ပြဲမွာ ႐ုရွားဘက္ကပါဝင္ကူညီတိုက္ခိုက္ေပးဖို႔အတြက္ ေျမာက္ကိုရီးယားက ႐ုရွားကိုေစလႊတ္ခဲ့တဲ့ တပ္ဖြဲ႕ေတြရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္တယ္လို႔လည္း သိရပါတယ္။ဧၿပီလ(၄)ရက္ေန႔က အထူးစစ္ဆင္ေရးယူနစ္ေတြကို သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း စစ္ေျမျပင္မွာ ေအာင္ပြဲရရွိေရး အာမခံခ်က္အတြက္ စစ္မွန္တဲ့စစ္ပြဲစြမ္းရည္ကို ျပင္းထန္တဲ့ေလ့က်င့္မႈေတြက ပိုမိုအားေကာင္းလာေစတယ္လို႔လည္း ကင္ဂ်ဳံအန္းကေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ ေျမာက္ကိုရီးယားအထူးတပ္ဖြဲ႕ေတြရဲ႕ ေလ့က်င့္မႈေတြဟာ ႏိုင္ငံအတြက္မ်ိဳးခ်စ္စိတ္နဲ႔ သစၥာေစာင့္သိမႈအတြက္ အထင္ရွားဆုံးထုတ္ေဖာ္ျပသမႈတစ္ခုျဖစ္တယ္လို႔လည္း ကင္ဂ်ဳံအန္းကေျပာၾကားခဲ့ပါတယ္။ KCNAက ထုတ္ျပန္ခဲ့တဲ့ဓါတ္ပုံေတြမွာ အထူးစစ္ဆင္ေရးယူနစ္ေတြကို အသစ္ေထာက္ပံ့ေပးထားတဲ့ စႏိုက္ပါ႐ိုင္ဖယ္ကို စကုပ္ကေနတစ္ဆင့္ ကင္ဂ်ဳံအန္းက ၾကည့္ေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။အျခားဓါတ္ပုံေတြမွာ ကင္ဂ်ဳံအန္းဟာ အျခားစစ္သားေတြနဲ႔အတူ တြားသြားမႈေတြကို လုပ္ေဆာင္ၿပီး အျခားတပ္ဖြဲ႕ေတြကို လက္ေဝွ႔ယမ္းျပေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။

Related news

© 2021. All rights reserved.