ရုရှားရဲ့ဒုံးကျည်တိုက်ခိုက်မှုအပေါ် အားနည်းတဲ့တုံ့ပြန်မှုတွေအတွက် အမေရိကန်သံရုံးကို ယူကရိန်းသမ္မတဝေဖန်ပြစ်တင်

207

Pika
လူ(၁၈)ဦးသေဆုံးစေခဲ့တဲ့ ဒုံးကျည်တိုက်ခိုက်မှုအတွက် ရုရှားကို ပြစ်တင်ဝေဖန်မှုတွေ လုပ်ဆောင်တာ အားနည်းတာနဲ့ပတ်သက်ပြီး ယူကရိန်းမှာရှိတဲ့အမေရိကန်သံရုံးကို ယူကရိန်းသမ္မတဇီလန်စကီးက ပြစ်တင်ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ယူကရိန်းနဲ့ရုရှားကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိဖို့ အပြင်းအထန်ကြိုးပမ်းနေတဲ့အချိန်မှာပဲ ဇီလန်စကီးရဲ့ ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ဧပြီလ(၄)ရက်နော့နေပိုင်းက ရုရှားဘက်က ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းဟာ Kryvyi Rigမြို့မှာရှိတဲ့ လူနေဧရိယာတစ်ခုကို ထိမှန်ခဲ့ပြီး ကလေးငယ်(၉)ဦးအပါအဝင် အနည်းဆုံးလူ(၁၈)ဦးသေဆုံးခဲ့တယ်လို့ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ဒါ့ပြင် အဲ့ဒီတိုက်ခိုက်မှုအတွင်း အခြားလူ(၆၂)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဇီလန်စကီးက ထပ်မံပြောကြားခဲ့ပါတယ်။ဇီလန်စကီးက”အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန်သံရုံးရဲ့ တုံ့ပြန်မှုတွေက ကျေနပ်စရာမကောင်းပါဘူး။သူတို့တွေဟာ အင်အားကြီးတဲ့နိုင်ငံဖြစ်ပေမယ့် တုံ့ပြန်မှုတွေကတော့ အားနည်းပါတယ်။ကလေးငယ်တွေကို သေဆုံးစေခဲ့တဲ့ ဒုံးကျည်နဲ့ပတ်သက်ပြီး ရုရှားကို ပြစ်တင်ဝေဖန်မှုတွေ လုပ်ဆောင်ဖို့ သူတို့ကကြောက်ရွံ့နေကြပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ရုရှားနဲ့ယူကရိန်းတို့ဟာ နှစ်ဘက်စလုံးက အမေရိကန်ကြားဝင်စေ့စပ်ပေးထားတဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ အပြန်အလှန်စွပ်စွဲပြောဆိုမှုတွေ လုပ်ဆောင်ပြီးနောက် ရက်ပိုင်းအကြာမှာ ဇီလန်စကီးရဲ့ ပြောဆိုချက်တွေ ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
႐ုရွားရဲ႕ဒုံးက်ည္တိုက္ခိုက္မႈအေပၚ အားနည္းတဲ့တုံ႔ျပန္မႈေတြအတြက္ အေမရိကန္သံ႐ုံးကို ယူကရိန္းသမၼတေဝဖန္ျပစ္တင္
Pika
လူ(၁၈)ဦးေသဆုံးေစခဲ့တဲ့ ဒုံးက်ည္တိုက္ခိုက္မႈအတြက္ ႐ုရွားကို ျပစ္တင္ေဝဖန္မႈေတြ လုပ္ေဆာင္တာ အားနည္းတာနဲ႔ပတ္သက္ၿပီး ယူကရိန္းမွာရွိတဲ့အေမရိကန္သံ႐ုံးကို ယူကရိန္းသမၼတဇီလန္စကီးက ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔ သိရပါတယ္။အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ ယူကရိန္းနဲ႔႐ုရွားၾကား အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ရရွိဖို႔ အျပင္းအထန္ႀကိဳးပမ္းေနတဲ့အခ်ိန္မွာပဲ ဇီလန္စကီးရဲ႕ ျပစ္တင္ေဝဖန္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ဧၿပီလ(၄)ရက္ေနာ့ေနပိုင္းက ႐ုရွားဘက္က ပစ္လႊတ္လိုက္တဲ့ ပဲ့ထိန္းဒုံးက်ည္တစ္စင္းဟာ Kryvyi Rigၿမိဳ႕မွာရွိတဲ့ လူေနဧရိယာတစ္ခုကို ထိမွန္ခဲ့ၿပီး ကေလးငယ္(၉)ဦးအပါအဝင္ အနည္းဆုံးလူ(၁၈)ဦးေသဆုံးခဲ့တယ္လို႔ ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ အဲ့ဒီတိုက္ခိုက္မႈအတြင္း အျခားလူ(၆၂)ဦးလည္း ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ဇီလန္စကီးက ထပ္မံေျပာၾကားခဲ့ပါတယ္။ဇီလန္စကီးက”အဲ့ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး အေမရိကန္သံ႐ုံးရဲ႕ တုံ႔ျပန္မႈေတြက ေက်နပ္စရာမေကာင္းပါဘူး။သူတို႔ေတြဟာ အင္အားႀကီးတဲ့ႏိုင္ငံျဖစ္ေပမယ့္ တုံ႔ျပန္မႈေတြကေတာ့ အားနည္းပါတယ္။ကေလးငယ္ေတြကို ေသဆုံးေစခဲ့တဲ့ ဒုံးက်ည္နဲ႔ပတ္သက္ၿပီး ႐ုရွားကို ျပစ္တင္ေဝဖန္မႈေတြ လုပ္ေဆာင္ဖို႔ သူတို႔ကေၾကာက္႐ြံ႕ေနၾကပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ႏွစ္ဘက္စလုံးက အေမရိကန္ၾကားဝင္ေစ့စပ္ေပးထားတဲ့ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ အျပန္အလွန္စြပ္စြဲေျပာဆိုမႈေတြ လုပ္ေဆာင္ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ဇီလန္စကီးရဲ႕ ေျပာဆိုခ်က္ေတြ ထပ္မံထြက္ေပၚလာတာျဖစ္ပါတယ္။