ကမ္ဘာ့ရွှေဈေးနှင့်ပြည်တွင်းရွှေဈေးပြန်လည်ကျဆင်းလာ

1235
NP News ဧပြီ (၆)ရက်
ကမ္ဘာ့ရွှေဈေး ယခုရက်ပိုင်းအတွင်း ပြန်လည်ကျဆင်းလာပြီး ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၃၀၃၇ အထိ ကျဆင်းလာကြောင်းဈေးကွက်အတွင်းမှသိရသည်။
မတ်လတစ်ရက်နေ့မှသုံးရက်နေ့အထိ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၃၁၄၈ ဒေါ်လာအထိမြင့်တက်ခဲ့ရာပြည်တွင်း အခေါက်ရွှေဈေးမှာတစ်ကျပ်သားလျှင်သိန်း၇၀ ကျော်အထိလိုက်ပါမြင့်တက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိမတ်လ၆ရက်နေ့တွင် တဖြည်းဖြည်းပြန်လည်ကျဆင်းလာရာ ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ၃၀၃၇ဒေါ်လာနှင့်ပြည်တွင်းရွှေဈေး တစ်ကျပ်သားလျှင် ၆၉သိန်းသုံးသောင်း ဝန်းကျင်ပေါက်ဈေးဖြစ်ပေါ်နေ ကြောင်း သိရသည်။
နိုင်ငံခြားငွေလဲဈေးနှုန်းတည်ငြိမ်နေခြင်းကြောင့်ပြည်တွင်းရွှေဈေးအတက်အကျ နည်းပါးခဲ့ခြင်းဖြစ်ပြီး လက်တလောတွင် ပြင်ပပေါက်ဈေးများအရ အမေရိကန်တစ်ဒေါ်လာလျှင်မြန်မာငွေ ၄၄၅၀ကျပ် ခန့်ပေါက်ဈေးရှိကြောင်းသိရသည်။
Zawgyi Version: