ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း ရုရှားဘီလျံနာအရေအတွက် တိုးလာ

390

Pika
ရုရှားနိုင်ငံ၏စီးပွားရေးကို မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်သည့် အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု များရှိနေသော်လည်း ပြီးခဲ့သည့် နှစ်တွင် ရုရှားဘီလျံနာအရေအတွက်မှာ တိုးလာခဲ့ကြောင်း Forbes World's Billionaires စာရင်း အရသိရသည်။ ထို့ပြင် (၂၀၂၅)ခုနှစ်၏ နှစ်စဉ်ဘီလျံ နာအဆင့်သတ်မှတ်ချက်တွင် ရုရှားနိုင်ငံသား အသစ် (၁၅)ဦး၏ နာမည်များပါဝင်လာခဲ့ပြီး စုစုပေါင်း ရုရှား ဘီလျံနာ(၁၄၆)ဦးဖြင့် စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ ကြောင်း သိရသည်။
ရုရှား၏ ဘီလျံနာအသစ်များသည် မတူညီသောနောက်ခံများမှလာကြပြီး ကိုယ်တိုင်ဆန်းသစ်တီထွင်သူ စီးပွား ရေးလုပ်ငန်းရှင်များနှင့် အမွေဆက်ခံသူများပါဝင်ကြောင်းသိရသည်။ ထို့ပြင် ၎င်းတို့၏လုပ်ငန်းများသည် ကျောက်မီး သွေး၊ ငွေကြေး၊ IT ၊ ဆေးဝါးများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးရေး၊ အစားအစာထုတ်လုပ်ရေး၊ အိမ်ရာ၊ ကုန်သွယ် ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်စွမ်းအင်တို့ကို ကိုယ်စားပြုထားကြောင်း ဖော်ပြချက်များအရ သိရသည်။
ဘီလျံနာအဆင့်သတ်မှတ်ချက်တွင် အသစ်ဝင်ရောက်လာသူများ၌ ဆေးဝါးကုမ္ပဏီ Pharmasyntez ၏ တည် ထောင်သူ အိန္ဒိယနွယ်ဖွား ဗစ်ခရမ်ပူနီရာသည် အချမ်းသာဆုံးဖြစ်ပြီး ၎င်း၏ချမ်းသာ ကြွယ်ဝမှုသည် အမေရိကန် ဒေါ်လာ (၂ ဒသမ ၁)ဘီလျံရှိကြောင်းသိရသည်။ အခြားဘီလျံနာများတွင် Lyudmila Kogan ကအမေရိကန်ဒေါ်လာ (၁ ဒသမ ၃)ဘီလျံ၊ Miratorg ကုမ္ပဏီ၏ တည်ထောင် သူညီအစ်ကိုဖြစ်သည့် အလက်ဇန်းဒါးနှင့် ဗစ်တော လင်းနစ်သည် အမေရိ ကန်ဒေါ်လာ(၁ ဒသမ ၃)ဘီ လျံအသီးသီးပိုင်ဆိုင်သူများ)၊ ဆော့ဖ်ဝဲလ်ကုမ္ပဏီ 1C တည်ထောင်သူ Boris Nuraliev သည် အမေရိကန် ဒေါ်လာ(၁ ဒသမ ၃)ဘီလျံ)တို့ပါဝင်ကြောင်း သိရသည်။ အဆိုပါဘီလျံနာအသစ်များနှင့်အတူ ဘီလျံနာ အသစ်အဆင့်သတ်မှတ်ချက်တွင် ရုရှားသည် ကမ္ဘာလုံးဆိုင်ရာအဆင့်(၅)နေရာတွင် ရပ်တည် လျက်ရှိကြောင်းသိရသည်။
(Ref : RT)

Zawgyi Version:
ပိတ္ဆို႔အေရးယူမႈမ်ားရွိေနေသာ္လည္း ႐ုရွားဘီလ်ံနာအေရအတြက္ တိုးလာ
Pika
႐ုရွားႏိုင္ငံ၏စီးပြားေရးကို မတည္မၿငိမ္ျဖစ္ေစရန္ရည္႐ြယ္သည့္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ ပိတ္ဆို႔အေရးယူမႈ မ်ားရွိေနေသာ္လည္း ၿပီးခဲ့သည့္ ႏွစ္တြင္ ႐ုရွားဘီလ်ံနာအေရအတြက္မွာ တိုးလာခဲ့ေၾကာင္း Forbes World's Billionaires စာရင္း အရသိရသည္။ ထို႔ျပင္ (၂၀၂၅)ခုႏွစ္၏ ႏွစ္စဥ္ဘီလ်ံ နာအဆင့္သတ္မွတ္ခ်က္တြင္ ႐ုရွားႏိုင္ငံသား အသစ္ (၁၅)ဦး၏ နာမည္မ်ားပါဝင္လာခဲ့ၿပီး စုစုေပါင္း ႐ုရွား ဘီလ်ံနာ(၁၄၆)ဦးျဖင့္ စံခ်ိန္သစ္တစ္ခုကို တင္ႏိုင္ခဲ့ ေၾကာင္း သိရသည္။
႐ုရွား၏ ဘီလ်ံနာအသစ္မ်ားသည္ မတူညီေသာေနာက္ခံမ်ားမွလာၾကၿပီး ကိုယ္တိုင္ဆန္းသစ္တီထြင္သူ စီးပြား ေရးလုပ္ငန္းရွင္မ်ားႏွင့္ အေမြဆက္ခံသူမ်ားပါဝင္ေၾကာင္းသိရသည္။ ထို႔ျပင္ ၎တို႔၏လုပ္ငန္းမ်ားသည္ ေက်ာက္မီး ေသြး၊ ေငြေၾကး၊ IT ၊ ေဆးဝါးမ်ား၊ ေရနံႏွင့္သဘာဝဓာတ္ေငြ႕၊ စိုက္ပ်ိဳးေရး၊ အစားအစာထုတ္လုပ္ေရး၊ အိမ္ရာ၊ ကုန္သြယ္ ေရး၊ သယ္ယူပို႔ေဆာင္ေရးႏွင့္ လွ်ပ္စစ္စြမ္းအင္တို႔ကို ကိုယ္စားျပဳထားေၾကာင္း ေဖာ္ျပခ်က္မ်ားအရ သိရသည္။
ဘီလ်ံနာအဆင့္သတ္မွတ္ခ်က္တြင္ အသစ္ဝင္ေရာက္လာသူမ်ား၌ ေဆးဝါးကုမၸဏီ Pharmasyntez ၏ တည္ ေထာင္သူ အိႏၵိယႏြယ္ဖြား ဗစ္ခရမ္ပူနီရာသည္ အခ်မ္းသာဆုံးျဖစ္ၿပီး ၎၏ခ်မ္းသာ ႂကြယ္ဝမႈသည္ အေမရိကန္ ေဒၚလာ (၂ ဒသမ ၁)ဘီလ်ံရွိေၾကာင္းသိရသည္။ အျခားဘီလ်ံနာမ်ားတြင္ Lyudmila Kogan ကအေမရိကန္ေဒၚလာ (၁ ဒသမ ၃)ဘီလ်ံ၊ Miratorg ကုမၸဏီ၏ တည္ေထာင္ သူညီအစ္ကိုျဖစ္သည့္ အလက္ဇန္းဒါးႏွင့္ ဗစ္ေတာ လင္းနစ္သည္ အေမရိ ကန္ေဒၚလာ(၁ ဒသမ ၃)ဘီ လ်ံအသီးသီးပိုင္ဆိုင္သူမ်ား)၊ ေဆာ့ဖ္ဝဲလ္ကုမၸဏီ 1C တည္ေထာင္သူ Boris Nuraliev သည္ အေမရိကန္ ေဒၚလာ(၁ ဒသမ ၃)ဘီလ်ံ)တို႔ပါဝင္ေၾကာင္း သိရသည္။ အဆိုပါဘီလ်ံနာအသစ္မ်ားႏွင့္အတူ ဘီလ်ံနာ အသစ္အဆင့္သတ္မွတ္ခ်က္တြင္ ႐ုရွားသည္ ကမာၻလုံးဆိုင္ရာအဆင့္(၅)ေနရာတြင္ ရပ္တည္ လ်က္ရွိေၾကာင္းသိရသည္။
(Ref : RT)