“ငလျင်ဘေးဒဏ်သင့်ပြည်သူတွေနဲ့အတူ ရပ်တည်ပေးကြတဲ့ အနုပညာရှင်များ”

2898

အိဖြူ
NP News ရဲ့အနုပညာကဏ္ဍမှာ မတ်လပထမပတ်အတွက် အနုပညာရှင်တွေနဲ့သက်ဆိုင်တဲ့သတင်းဖော်ပြမှုကို တော့ ဝမ်းနည်းခြင်းများစွာနဲ့ ရေးသားဖော်ပြပါရစေ။
(၂၀၂၅)ခုနှစ် မတ်လ(၂၈)ရက် နေ့လယ် (၁၂)နာရီ (၅၁)မိနစ်အချိန်က မြန်မာနိုင်ငံတစ်ဝန်း အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့ရာ ငလျင်လှုပ်ခတ်ချိန်က (၄)မိနစ်နဲ့ (၅)မိနစ်ခန့်သာကြာ မြင့်ခဲ့ပေမယ့် လူ့အသက်ပေါင်းထောင်ချီ ဆုံးရှုံးထားရပြီး ဘာသာရေးအဆောက်အအုံတွေ၊ ဘုရားကျောင်းကန် စေတီပုထိုးတွေနဲ့ အိုးအိမ်အဆောက် အအုံပေါင်း များစွာ ပျက်စီးဆုံးရှုံးခဲ့ကြရပါတယ်။
ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦး၊ သင်ဇာဝင့်ကျော်၊ G-fatt၊ အဆိုတော်ဝိုင်းလေး၊ ဖေ့စ်ဘွတ်ခ်ဆယ်လီ မနှင်း၊ ပိုးကြာဖြူခင်တို့မိသားစု၊ အဆိုတော်ရဲနောင်တို့မိသားစုစတဲ့ အနုပညာရှင် တွေကိုယ်တိုင်လည်း မတ်လ (၂၈)ရက်က ပြင်းထန် ငလျင်လှုပ်ခတ်ချိန်မှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ကြပါတယ်။ ထက်ထက်မိုးဦးဆိုရင် ငလျင်ဒဏ်ကြောင့် ပခုံးနဲ့ လက်မောင်း အရိုးကျိုးသွားခဲ့ပေမယ့် ကံကောင်းစွာ အသက်ဘေးကလွတ်မြောက်နိုင်ခဲ့ပါတယ်။ အလားတူ သင်ဇာဝင့် ကျော်နဲ့မိတ်ကပ်အဖွဲ့၊ ဖေ့စ်ဘွတ်ခ်ဆယ်လီ မနှင်း၊ မော်ဒယ် သင်းသင်း၊ အဆိုတော် G-fatt တို့စုံတွဲ စတဲ့ အနုပညာရှင် တချို့ ဟာလည်း ငလျင်ဒဏ်ကြုံတွေ့ခဲ့ကြပေမယ့် ထိခိုက် မှုမရှိခဲ့ဘဲ ဘေးလွတ်ရာရွှေ့ပြောင်းနိုင်ခဲ့ကြပါတယ်။
အဆိုတော်ရဲနောင်၊ သရုပ်ဆောင် ဟန်နာနဲ့ DJ Kandi အပါအဝင် ငလျင်ဒဏ်ကြောင့် မိသားစုဝင်တွေရဲ့ အသက်ကို ဆုံးရှုံးလိုက်ရတဲ့ ပြည်သူတစ်ယောက်ချင်းစီတိုင်းကတော့ ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အအုံတွေထဲက မိသားစုဝင်တွေကို အသက်ရှင်လျက်ဖြစ်စေ၊ ရုပ်အလောင်းကိုပဲဖြစ်စေ ပြန်လည်ရရှိဖို့ မျှော်လင့်ကြီးစွာစောင့်မျှော်လျက် ရှိ နေကြဆဲဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ် ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း(၁၀ဝဝ)မတည်ခဲ့ရာ မတ်လ (၂၉) ရက်မှ ဧပြီလ(၁)ရက်အထိ အလှူရှင် တွေရဲ့လှူ ဒါန်းမှုအရ စုစုပေါင်း ကျပ်သိန်းပေါင်း(၃၀ဝဝဝ) ကျော်အထိ ရရှိထားပြီးဖြစ်ကြောင်းကြေညာခဲ့ပါတယ်။
ကိုနိုင်ဖြိုးကျော်+ဝတ်မှုန်ရွှေရည်တို့ဇနီးမောင်နှံက ခိုင်နှင်းဝေထံ ကျပ်သိန်း(၃၀ဝ)၊ Ve Ve အချိုရည်မိသားစုက ကျပ်သိန်း(၁၀ဝဝ)တန်ဖိုးရှိ ရေသန့်နဲ့ လိုအပ်တဲ့အသုံးဆောင်တွေကိုလှူဒါန်းခဲ့တဲ့အပြင် (၁၈)မိုင်တောရဆရာတော်ထံ ကျပ် သိန်း(၁၅၀)နှင့် ရေသန့်၊ ဓာတ်ဆား စုစုပေါင်း ကျပ် သိန်း(၃၀ဝ)ကို ရက်ပိုင်းအတွင်းလှူဒါန်းခဲ့ပါတယ်။ မင်းသား ပိုင်တံခွန်ကိုယ်တိုင်လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ငလျင်ဒဏ်ကိုကြုံတွေ့ခဲ့ရပြီး မြန်မာနိုင်ငံက ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ကျပ် သိန်း(၁၅၀ဝ)တန်ဖိုးရှိ ဆေးဝါးနဲ့ အစားအသောက် ပစ္စည်းတွေ၊ ကယ်ဆယ်ရေးလုပ်ငန်း တွေအတွက် ကနဦး သိန်း(၃၀ဝ)၊ သရုပ်ဆောင် စမိုင်းလ်တို့မိ သားစုက ကျပ် (၁၆၁၁)သိန်း၊ သင်ဇာနွယ်ဝင်းတို့ မိသားစုက ကျပ်သိန်း(၇၀ဝ)မတည်ကာ အလှူရှင် တွေနဲ့ စုပေါင်းလှူဒါန်းခဲ့ကြပြီး၊ နေတိုးတို့ဇနီးမောင်နှံ က သိန်း(၂၀ဝ)၊ ရွှေထူးနဲ့ရွှေမှုံရတီတို့က သိန်း(၁၀ဝ)၊ အိချောပိုတို့ဇနီးမောင်နှံ သိန်း(၁၀ဝ)၊ လွှမ်းပိုင် သိန်း(၅၀)၊ X-box သိန်း(၅၀)၊ အေးချမ်းမောင်က သိန်း(၁၀ဝ)၊ နေဝင်းက သိန်း(၁၀ဝ)၊ တိုင်ရွန် သိန်း (၁၀ဝ)၊ နန်းစုရတီစိုးက သိန်း(၂၀ဝ)မတည်ကာ အလှူရှင်တွေနဲ့စုပေါင်းကာ ဆက်လက်လှူဒါန်းသွား မှာဖြစ်ကြောင်း အသိပေးထားပါတယ်။
စိုင်းစိုင်းခမ်းလှိုင်က ကနဦး သိန်း(၂၀ဝ) တန်ဖိုးရှိ တစ်လီတာရေသန့်ဘူး (၃၃၀ဝဝ)ကို မန္တ လေးဆေးရုံကြီး အပါအဝင် အရိုးဆေးရုံတို့ကို ဖြန့်ဝေ လှူဒါန်းခဲ့ပါတယ်။ ခင်ဝင့်ဝါက သိန်း(၂၁၀) မတည် ကာ အလင်းရောင်၊ မေ စတဲ့ အနုပညာညီ အစ်ကို မောင်နှမတွေ၊ အလှူရှင်တွေနဲ့ စုပေါင်းလှူဒါန်းသွား မှာဖြစ်ကြောင်း အသိပေးထားကာ၊ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံက ကျပ်သိန်း(၁၂၀)၊ လူမင်းနဲ့ခင်စံပယ်ဦးက သိန်း(၁၀ဝ)၊ ခိုင်သင်းကြည်မိသားစုက ကျပ် သိန်း(၁၀ဝ)၊ စံထိပ်ထားဦးက (၁၀) သိန်း၊ အလှမယ်ရွှေအိမ်စည်က ကျပ်သိန်း (၁၀ဝ) မတည်ပြီး စုပေါင်းလှူဒါန်းဖို့ ပြင်ဆင်နေကြောင်း၊ ကင်း ရုပ်ရှင်အဖွဲ့သားတွေက သိန်း(၁၀ဝ)၊ ပိုင်ဇေရဲထွန်း မိသားစုကတော့ သင်္ကြန်တွင်း အပန်းဖြေ ခရီးသွားဖို့ ပြင်ဆင်ထားတဲ့စရိတ် သိန်း(၁၀ဝ)ကို လှူဒါန်းခဲ့ကြပါတယ်။ အလားတူ အဆိုတော်ဖြိုးကြီးတို့ ဇနီးမောင်နှံ ကလည်း မင်္ဂလာပွဲမကျင်းပတော့ဘဲ သိန်း(၁၀ဝ) ကိုလှူဒါန်းခဲ့ကြပါတယ်။ သင်ဇာဝင့်ကျော်က စုစု ပေါင်း သိန်း (၁၀ဝ)ခန့်၊ မိုးဟေကိုက သိန်း(၅၀)၊ မင်းသားနေထူးနိုင်တို့မိသားစုက အလှူရှင်တွေနဲ့ မြေပြင်ပရဟိတအသင်းတွေကို တိုက်ရိုက်ချိတ်ဆက် ပေးလျက်ရှိပြီး ၎င်းတို့ကိုယ်တိုင်လည်း ဆေးဝါး (၁၀) သိန်းဖိုးလှူဒါန်းခဲ့ကြောင်း ကနဦးကြား သိထားရပါတယ်။ ရဲလေးက ကျပ် သိန်း(၃၀)၊ နီနီခင်ဇော်က ကျပ် သိန်း(၂၀)၊ Miss Universe Myanmar က သိန်း(၅၀) မတည်ပြီး အလှူရှင်တွေနဲ့စုပေါင်းလှူဒါန်း ခဲ့ကြပြီး၊ မင်းဘုန်းမြတ် (၁၀)သိန်း၊ နန်းဆုဦးက (၁၀) သိန်း၊ အဆိုတော် ယွန်းမြတ်သူက (၁၀) သိန်း၊ မေတိုးခိုင်၊ ပိုးမမှီသာ၊ ဖုန်းသီရိကျော်တို့ သူငယ်ချင်း တွေကလည်း သူတို့နိုင်တဲ့အင်အားနဲ့ အားပေးကူညီ နေကြတာကို တွေ့မြင်ခဲ့ရပါတယ်။ နေခြည်ဦးတို့ မိသားစုကတော့ လှူဒါန်းမှုတွေအတွက် ငွေပမာဏ ကိုမဖော်ပြထားပေမယ့် ဘေးဒဏ်သင့်ပြည်သူတွေ အတွက် သေချာပြင်ဆင်နေကြောင်းကိုသာ အသိပေး ထားပါတယ်။ အလားတူ ခန့်စည်သူ၊ ရန်အောင်၊ ဆောင်းယွန်းစံ၊ မမဆောင်းအပါအဝင် တခြားအနု ပညာရှင်တွေကလည်း သူတို့အနေနဲ့ မိမိတို့နိုင်တဲ့ ဘက်က ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး ပိုင်းမှာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း အသိပေး ထားကြပါတယ်။
ရွှေနန်းတော်စိန်ရွှေရတနာဆိုင်ရဲ့မျိုးဆက်ဖြစ်သူ G ကလည်း မြေပြင်ကူညီကယ်ဆယ်ရေး ပိုင်းတွေမှာ အင် တိုက်အားတိုက် ပါဝင်ဆောင်ရွက် နေတာကိုတွေ့မြင်နေရပြီး၊ နာရေးကူညီမှုအသင်းနဲ့အတူ သရုပ်ဆောင် ထွန်းကိုကို၊ ဝေဠုကျော်တို့ပရဟိ တဖောင်ဒေးရှင်းအဖွဲ့အစည်းတွေကလည်း လူထုရှေ့ကို ပြန်လည်ထွက်လာခဲ့ပါတယ်။ ငလျင် ဘေးသင့် ပြည်သူတွေဆီ သွားရောက်အားပေးလှူဒါန်းခဲ့ကြ တဲ့အနုပညာရှင်များစွာအနက် ဖေ့စ်ဘွတ်ခ်ဆယ်လီ ဖြူဖြူ ထွေးကတော့ ကနဦး သွားရောက်တဲ့စာရင်းမှာ ထိပ်ဆုံးကရပ်တည်ခဲ့ပါတယ်။ အလားတူ နော်ဖော အယ်ထားက ငွေကျပ် သိန်း(၁၅၀)ကို နေရာနှစ်ခု ခွဲကာ ကနဦးလှူဒါန်းခဲ့ပြီး ငလျင်ဒဏ်သင့်ဒေသတွေအထိ သွားရောက်အားပေးခဲ့ပါတယ်။ စည်သူဝင်း၊ သုတအောင်တို့လည်း မန္တလေး၊ စစ်ကိုင်းတိုင်းအထိ သွားရောက်အားပေးလှူဒါန်းခဲ့ကြကာ၊ ငလျင်လှုပ် ခတ်မှုအပြီး တစ်ပတ်အတွင်း တခြားအနုပညာရှင် တွေကလည်း မိမိတို့သက်ဆိုင်ရာအဖွဲ့အလိုက် မြေပြင်အထိ လှူဒါန်း မှုတွေ လုပ်ဆောင်နေကြတာကို တွေ့မြင်ရပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအတွက် ကိုရီးယားမင်းသား Im Siwan က ဝမ်သန်း (၃၀)၊ ကိုရီးယားမင်းသမီး KimGoEun က ဝမ်သန်း(၅၀)ကို သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်းတွေကနေ တစ်ဆင့် လှူ ဒါန်းခဲ့ကြောင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ မန္တလေးသူဖြစ်တဲ့ သရုပ်ဆောင် ရတနာဗိုကလည်း မန္တလေးမြို့ရှိ သူ့ရဲ့နေအိမ် အသစ်ကြီး ငလျင်ဒဏ်သင့်ခဲ့ပေမယ့် ကူညီလှူဒါန်း မှုတွေမှာ ကိုယ်တိုင်ပါဝင်နေတာကို တွေ့ရပါတယ်။
ဒီနေရာမှာ တစ်ခုသတိပြုမိတာက အနုပညာရှင်တွေ၊ ပြည်တွင်းပြည်ပမီဒီယာတွေ၊ အရပ်ဘက် ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေ၊ ပုဂ္ဂလိက အလှူရှင်တွေအားလုံးနီးပါးဟာ နိုင်ငံတော်အစိုးရဌာ နဆိုင်ရာရုံးတွေတည်ရှိရာ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ငလျင်ဘေးဒဏ်သင့် အစိုးရ ဝန်ထမ်းတွေ၊ အရပ်သားပြည်သူများကို မေ့လျော့ ဟန်ပြုမူနေကြခြင်းပင်ဖြစ်ပါတယ်။ အလှူရှင်တွေ၊ အနုပညာရှင် တွေအားလုံးရဲ့ဦး တည်ဖော်ပြမှုတွေက မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့အတွက်သာဖြစ်နေကြပြီး မီဒီယာစိတ်ဝင်စားမှုမြင့်တက်တဲ့နေရာတွေကိုသာ စာနာသနားကြောင်း ရွေးချယ် ပြသနေကြသလားလို့ မေးခွန်းတချို့ ထွက်ပေါ်လာခဲ့ပါတယ်။
(၂၀၂၅)ခုနှစ် မတ်လ(၂၈)ရက် နေ့ လယ် (၁၂)နာရီ (၅၁)မိနစ်အချိန်မှာ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအပါအဝင် ကျောက်ဆည်မြို့၊ အောင် ပန်းမြို့၊ တောင်ကြီး-အင်းလေးစတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ ငလျင်ဘေးဒဏ်သင့် ခဲ့ကြပြီး၊ ငလျင်ဒဏ်ကို အဆိုးရွားဆုံးကြုံတွေ့ခဲ့ရတဲ့နေရာတွေကတော့ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ နေပြည်တော်တို့က အဆိုး ရွားဆုံး ရင်ဆိုင်ကြုံတွေ့ ခဲ့ကြရတာပါ။ နစကရဲ့သတင်းထုတ်ပြန်ချက်အရ မတ်လ(၂၈)ရက်မှ ဧပြီလ(၁) ရက်အထိ ငလျင် ဒဏ်သင့်ဒေသတွေအနက် သေဆုံးရုပ်အလောင်း (၃၀ဝဝ) နီးပါးကို ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း ထုတ်ပြန် အသိပေးထားပါတယ်။ လက်ရှိအချိန်က ကူညီကယ်ဆယ်ရေးကာလဖြစ်ပြီး၊ ပြန်လည်ထူ ထောင်ရေးမှာလည်း လက်ရှိပူးပေါင်း ဆောင်ရွက်နေ ကြသလိုမျိုး မြန်မာနိုင်ငံသားအချင်းချင်း ဖေးမကူ ညီကြဖို့လိုအပ်လှကြောင်း ထောက်ပြ ရင်း ဒီတစ်ပတ် အတွက် အနုပညာရှင်တွေရဲ့လှုပ်ရှားမှုအခြေအနေကို ရပ်နားလိုက်ပါရစေ။

Zawgyi Version:
“ငလ်င္ေဘးဒဏ္သင့္ျပည္သူေတြနဲ႔အတူ ရပ္တည္ေပးၾကတဲ့ အႏုပညာရွင္မ်ား”
အိျဖဴ
NP News ရဲ႕အႏုပညာက႑မွာ မတ္လပထမပတ္အတြက္ အႏုပညာရွင္ေတြနဲ႔သက္ဆိုင္တဲ့သတင္းေဖာ္ျပမႈကို ေတာ့ ဝမ္းနည္းျခင္းမ်ားစြာနဲ႔ ေရးသားေဖာ္ျပပါရေစ။
(၂၀၂၅)ခုႏွစ္ မတ္လ(၂၈)ရက္ ေန႔လယ္ (၁၂)နာရီ (၅၁)မိနစ္အခ်ိန္က ျမန္မာႏိုင္ငံတစ္ဝန္း အင္အားျပင္းထန္တဲ့ ငလ်င္လႈပ္ခတ္ခဲ့ရာ ငလ်င္လႈပ္ခတ္ခ်ိန္က (၄)မိနစ္နဲ႔ (၅)မိနစ္ခန႔္သာၾကာ ျမင့္ခဲ့ေပမယ့္ လူ႔အသက္ေပါင္းေထာင္ခ်ီ ဆုံးရႈံးထားရၿပီး ဘာသာေရးအေဆာက္အအုံေတြ၊ ဘုရားေက်ာင္းကန္ ေစတီပုထိုးေတြနဲ႔ အိုးအိမ္အေဆာက္ အအုံေပါင္း မ်ားစြာ ပ်က္စီးဆုံးရႈံးခဲ့ၾကရပါတယ္။
႐ုပ္ရွင္သ႐ုပ္ေဆာင္ ထက္ထက္မိုးဦး၊ သင္ဇာဝင့္ေက်ာ္၊ G-fatt၊ အဆိုေတာ္ဝိုင္းေလး၊ ေဖ့စ္ဘြတ္ခ္ဆယ္လီ မႏွင္း၊ ပိုးၾကာျဖဴခင္တို႔မိသားစု၊ အဆိုေတာ္ရဲေနာင္တို႔မိသားစုစတဲ့ အႏုပညာရွင္ ေတြကိုယ္တိုင္လည္း မတ္လ (၂၈)ရက္က ျပင္းထန္ ငလ်င္လႈပ္ခတ္ခ်ိန္မွာ ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ၾကပါတယ္။ ထက္ထက္မိုးဦးဆိုရင္ ငလ်င္ဒဏ္ေၾကာင့္ ပခုံးနဲ႔ လက္ေမာင္း အ႐ိုးက်ိဳးသြားခဲ့ေပမယ့္ ကံေကာင္းစြာ အသက္ေဘးကလြတ္ေျမာက္ႏိုင္ခဲ့ပါတယ္။ အလားတူ သင္ဇာဝင့္ ေက်ာ္နဲ႔မိတ္ကပ္အဖြဲ႕၊ ေဖ့စ္ဘြတ္ခ္ဆယ္လီ မႏွင္း၊ ေမာ္ဒယ္ သင္းသင္း၊ အဆိုေတာ္ G-fatt တို႔စုံတြဲ စတဲ့ အႏုပညာရွင္ တခ်ိဳ႕ ဟာလည္း ငလ်င္ဒဏ္ႀကဳံေတြ႕ခဲ့ၾကေပမယ့္ ထိခိုက္ မႈမရွိခဲ့ဘဲ ေဘးလြတ္ရာေ႐ႊ႕ေျပာင္းႏိုင္ခဲ့ၾကပါတယ္။
အဆိုေတာ္ရဲေနာင္၊ သ႐ုပ္ေဆာင္ ဟန္နာနဲ႔ DJ Kandi အပါအဝင္ ငလ်င္ဒဏ္ေၾကာင့္ မိသားစုဝင္ေတြရဲ႕ အသက္ကို ဆုံးရႈံးလိုက္ရတဲ့ ျပည္သူတစ္ေယာက္ခ်င္းစီတိုင္းကေတာ့ ၿပိဳက်ပ်က္စီးခဲ့တဲ့ အေဆာက္အအုံေတြထဲက မိသားစုဝင္ေတြကို အသက္ရွင္လ်က္ျဖစ္ေစ၊ ႐ုပ္အေလာင္းကိုပဲျဖစ္ေစ ျပန္လည္ရရွိဖို႔ ေမွ်ာ္လင့္ႀကီးစြာေစာင့္ေမွ်ာ္လ်က္ ရွိ ေနၾကဆဲျဖစ္ပါတယ္။ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝကေတာ့ ငလ်င္ေဘးဒဏ္သင့္ျပည္သူေတြကို ကူညီကယ္ဆယ္ ေရးနဲ႔ ျပန္လည္ထူေထာင္ေရးအတြက္ က်ပ္သိန္း(၁၀ဝဝ)မတည္ခဲ့ရာ မတ္လ (၂၉) ရက္မွ ဧၿပီလ(၁)ရက္အထိ အလႉရွင္ ေတြရဲ႕လႉ ဒါန္းမႈအရ စုစုေပါင္း က်ပ္သိန္းေပါင္း(၃၀ဝဝဝ) ေက်ာ္အထိ ရရွိထားၿပီးျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။
ကိုႏိုင္ၿဖိဳးေက်ာ္+ဝတ္မႈန္ေ႐ႊရည္တို႔ဇနီးေမာင္ႏွံက ခိုင္ႏွင္းေဝထံ က်ပ္သိန္း(၃၀ဝ)၊ Ve Ve အခ်ိဳရည္မိသားစုက က်ပ္သိန္း(၁၀ဝဝ)တန္ဖိုးရွိ ေရသန႔္နဲ႔ လိုအပ္တဲ့အသုံးေဆာင္ေတြကိုလႉဒါန္းခဲ့တဲ့အျပင္ (၁၈)မိုင္ေတာရဆရာေတာ္ထံ က်ပ္ သိန္း(၁၅၀)ႏွင့္ ေရသန႔္၊ ဓာတ္ဆား စုစုေပါင္း က်ပ္ သိန္း(၃၀ဝ)ကို ရက္ပိုင္းအတြင္းလႉဒါန္းခဲ့ပါတယ္။ မင္းသား ပိုင္တံခြန္ကိုယ္တိုင္လည္း ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ငလ်င္ဒဏ္ကိုႀကဳံေတြ႕ခဲ့ရၿပီး ျမန္မာႏိုင္ငံက ငလ်င္ဒဏ္သင့္ ျပည္သူေတြအတြက္ က်ပ္ သိန္း(၁၅၀ဝ)တန္ဖိုးရွိ ေဆးဝါးနဲ႔ အစားအေသာက္ ပစၥည္းေတြ၊ ကယ္ဆယ္ေရးလုပ္ငန္း ေတြအတြက္ ကနဦး သိန္း(၃၀ဝ)၊ သ႐ုပ္ေဆာင္ စမိုင္းလ္တို႔မိ သားစုက က်ပ္ (၁၆၁၁)သိန္း၊ သင္ဇာႏြယ္ဝင္းတို႔ မိသားစုက က်ပ္သိန္း(၇၀ဝ)မတည္ကာ အလႉရွင္ ေတြနဲ႔ စုေပါင္းလႉဒါန္းခဲ့ၾကၿပီး၊ ေနတိုးတို႔ဇနီးေမာင္ႏွံ က သိန္း(၂၀ဝ)၊ ေ႐ႊထူးနဲ႔ေ႐ႊမႈံရတီတို႔က သိန္း(၁၀ဝ)၊ အိေခ်ာပိုတို႔ဇနီးေမာင္ႏွံ သိန္း(၁၀ဝ)၊ လႊမ္းပိုင္ သိန္း(၅၀)၊ X-box သိန္း(၅၀)၊ ေအးခ်မ္းေမာင္က သိန္း(၁၀ဝ)၊ ေနဝင္းက သိန္း(၁၀ဝ)၊ တိုင္႐ြန္ သိန္း (၁၀ဝ)၊ နန္းစုရတီစိုးက သိန္း(၂၀ဝ)မတည္ကာ အလႉရွင္ေတြနဲ႔စုေပါင္းကာ ဆက္လက္လႉဒါန္းသြား မွာျဖစ္ေၾကာင္း အသိေပးထားပါတယ္။
စိုင္းစိုင္းခမ္းလႈိင္က ကနဦး သိန္း(၂၀ဝ) တန္ဖိုးရွိ တစ္လီတာေရသန႔္ဘူး (၃၃၀ဝဝ)ကို မႏၲ ေလးေဆး႐ုံႀကီး အပါအဝင္ အ႐ိုးေဆး႐ုံတို႔ကို ျဖန႔္ေဝ လႉဒါန္းခဲ့ပါတယ္။ ခင္ဝင့္ဝါက သိန္း(၂၁၀) မတည္ ကာ အလင္းေရာင္၊ ေမ စတဲ့ အႏုပညာညီ အစ္ကို ေမာင္ႏွမေတြ၊ အလႉရွင္ေတြနဲ႔ စုေပါင္းလႉဒါန္းသြား မွာျဖစ္ေၾကာင္း အသိေပးထားကာ၊ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ဇနီးေမာင္ႏွံက က်ပ္သိန္း(၁၂၀)၊ လူမင္းနဲ႔ခင္စံပယ္ဦးက သိန္း(၁၀ဝ)၊ ခိုင္သင္းၾကည္မိသားစုက က်ပ္ သိန္း(၁၀ဝ)၊ စံထိပ္ထားဦးက (၁၀) သိန္း၊ အလွမယ္ေ႐ႊအိမ္စည္က က်ပ္သိန္း (၁၀ဝ) မတည္ၿပီး စုေပါင္းလႉဒါန္းဖို႔ ျပင္ဆင္ေနေၾကာင္း၊ ကင္း ႐ုပ္ရွင္အဖြဲ႕သားေတြက သိန္း(၁၀ဝ)၊ ပိုင္ေဇရဲထြန္း မိသားစုကေတာ့ သၾကၤန္တြင္း အပန္းေျဖ ခရီးသြားဖို႔ ျပင္ဆင္ထားတဲ့စရိတ္ သိန္း(၁၀ဝ)ကို လႉဒါန္းခဲ့ၾကပါတယ္။ အလားတူ အဆိုေတာ္ၿဖိဳးႀကီးတို႔ ဇနီးေမာင္ႏွံ ကလည္း မဂၤလာပြဲမက်င္းပေတာ့ဘဲ သိန္း(၁၀ဝ) ကိုလႉဒါန္းခဲ့ၾကပါတယ္။ သင္ဇာဝင့္ေက်ာ္က စုစု ေပါင္း သိန္း (၁၀ဝ)ခန႔္၊ မိုးေဟကိုက သိန္း(၅၀)၊ မင္းသားေနထူးႏိုင္တို႔မိသားစုက အလႉရွင္ေတြနဲ႔ ေျမျပင္ပရဟိတအသင္းေတြကို တိုက္႐ိုက္ခ်ိတ္ဆက္ ေပးလ်က္ရွိၿပီး ၎တို႔ကိုယ္တိုင္လည္း ေဆးဝါး (၁၀) သိန္းဖိုးလႉဒါန္းခဲ့ေၾကာင္း ကနဦးၾကား သိထားရပါတယ္။ ရဲေလးက က်ပ္ သိန္း(၃၀)၊ နီနီခင္ေဇာ္က က်ပ္ သိန္း(၂၀)၊ Miss Universe Myanmar က သိန္း(၅၀) မတည္ၿပီး အလႉရွင္ေတြနဲ႔စုေပါင္းလႉဒါန္း ခဲ့ၾကၿပီး၊ မင္းဘုန္းျမတ္ (၁၀)သိန္း၊ နန္းဆုဦးက (၁၀) သိန္း၊ အဆိုေတာ္ ယြန္းျမတ္သူက (၁၀) သိန္း၊ ေမတိုးခိုင္၊ ပိုးမမွီသာ၊ ဖုန္းသီရိေက်ာ္တို႔ သူငယ္ခ်င္း ေတြကလည္း သူတို႔ႏိုင္တဲ့အင္အားနဲ႔ အားေပးကူညီ ေနၾကတာကို ေတြ႕ျမင္ခဲ့ရပါတယ္။ ေနျခည္ဦးတို႔ မိသားစုကေတာ့ လႉဒါန္းမႈေတြအတြက္ ေငြပမာဏ ကိုမေဖာ္ျပထားေပမယ့္ ေဘးဒဏ္သင့္ျပည္သူေတြ အတြက္ ေသခ်ာျပင္ဆင္ေနေၾကာင္းကိုသာ အသိေပး ထားပါတယ္။ အလားတူ ခန႔္စည္သူ၊ ရန္ေအာင္၊ ေဆာင္းယြန္းစံ၊ မမေဆာင္းအပါအဝင္ တျခားအႏု ပညာရွင္ေတြကလည္း သူတို႔အေနနဲ႔ မိမိတို႔ႏိုင္တဲ့ ဘက္က ကူညီကယ္ဆယ္ေရး၊ ျပန္လည္ထူေထာင္ေရး ပိုင္းမွာ ပါဝင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း အသိေပး ထားၾကပါတယ္။
ေ႐ႊနန္းေတာ္စိန္ေ႐ႊရတနာဆိုင္ရဲ႕မ်ိဳးဆက္ျဖစ္သူ G ကလည္း ေျမျပင္ကူညီကယ္ဆယ္ေရး ပိုင္းေတြမွာ အင္ တိုက္အားတိုက္ ပါဝင္ေဆာင္႐ြက္ ေနတာကိုေတြ႕ျမင္ေနရၿပီး၊ နာေရးကူညီမႈအသင္းနဲ႔အတူ သ႐ုပ္ေဆာင္ ထြန္းကိုကို၊ ေဝဠဳေက်ာ္တို႔ပရဟိ တေဖာင္ေဒးရွင္းအဖြဲ႕အစည္းေတြကလည္း လူထုေရွ႕ကို ျပန္လည္ထြက္လာခဲ့ပါတယ္။ ငလ်င္ ေဘးသင့္ ျပည္သူေတြဆီ သြားေရာက္အားေပးလႉဒါန္းခဲ့ၾက တဲ့အႏုပညာရွင္မ်ားစြာအနက္ ေဖ့စ္ဘြတ္ခ္ဆယ္လီ ျဖဴျဖဴ ေထြးကေတာ့ ကနဦး သြားေရာက္တဲ့စာရင္းမွာ ထိပ္ဆုံးကရပ္တည္ခဲ့ပါတယ္။ အလားတူ ေနာ္ေဖာ အယ္ထားက ေငြက်ပ္ သိန္း(၁၅၀)ကို ေနရာႏွစ္ခု ခြဲကာ ကနဦးလႉဒါန္းခဲ့ၿပီး ငလ်င္ဒဏ္သင့္ေဒသေတြအထိ သြားေရာက္အားေပးခဲ့ပါတယ္။ စည္သူဝင္း၊ သုတေအာင္တို႔လည္း မႏၲေလး၊ စစ္ကိုင္းတိုင္းအထိ သြားေရာက္အားေပးလႉဒါန္းခဲ့ၾကကာ၊ ငလ်င္လႈပ္ ခတ္မႈအၿပီး တစ္ပတ္အတြင္း တျခားအႏုပညာရွင္ ေတြကလည္း မိမိတို႔သက္ဆိုင္ရာအဖြဲ႕အလိုက္ ေျမျပင္အထိ လႉဒါန္း မႈေတြ လုပ္ေဆာင္ေနၾကတာကို ေတြ႕ျမင္ရပါတယ္။
ဒါ့ျပင္ ျမန္မာႏိုင္ငံက ငလ်င္ေဘးဒဏ္သင့္ ျပည္သူေတြအတြက္ ကိုရီးယားမင္းသား Im Siwan က ဝမ္သန္း (၃၀)၊ ကိုရီးယားမင္းသမီး KimGoEun က ဝမ္သန္း(၅၀)ကို သက္ဆိုင္ရာ ႏိုင္ငံတကာအဖြဲ႕ အစည္းေတြကေန တစ္ဆင့္ လႉ ဒါန္းခဲ့ေၾကာင္း သတင္းေဖာ္ျပခ်က္ေတြအရ သိရပါတယ္။ မႏၲေလးသူျဖစ္တဲ့ သ႐ုပ္ေဆာင္ ရတနာဗိုကလည္း မႏၲေလးၿမိဳ႕ရွိ သူ႔ရဲ႕ေနအိမ္ အသစ္ႀကီး ငလ်င္ဒဏ္သင့္ခဲ့ေပမယ့္ ကူညီလႉဒါန္း မႈေတြမွာ ကိုယ္တိုင္ပါဝင္ေနတာကို ေတြ႕ရပါတယ္။
ဒီေနရာမွာ တစ္ခုသတိျပဳမိတာက အႏုပညာရွင္ေတြ၊ ျပည္တြင္းျပည္ပမီဒီယာေတြ၊ အရပ္ဘက္ ကူညီ ကယ္ဆယ္ေရးအဖြဲ႕ေတြ၊ ပုဂၢလိက အလႉရွင္ေတြအားလုံးနီးပါးဟာ ႏိုင္ငံေတာ္အစိုးရဌာ နဆိုင္ရာ႐ုံးေတြတည္ရွိရာ ေနျပည္ေတာ္ေကာင္စီ နယ္ေျမအတြင္းရွိ ငလ်င္ေဘးဒဏ္သင့္ အစိုးရ ဝန္ထမ္းေတြ၊ အရပ္သားျပည္သူမ်ားကို ေမ့ေလ်ာ့ ဟန္ျပဳမူေနၾကျခင္းပင္ျဖစ္ပါတယ္။ အလႉရွင္ေတြ၊ အႏုပညာရွင္ ေတြအားလုံးရဲ႕ဦး တည္ေဖာ္ျပမႈေတြက မႏၲေလးၿမိဳ႕နဲ႔ စစ္ကိုင္းၿမိဳ႕အတြက္သာျဖစ္ေနၾကၿပီး မီဒီယာစိတ္ဝင္စားမႈျမင့္တက္တဲ့ေနရာေတြကိုသာ စာနာသနားေၾကာင္း ေ႐ြးခ်ယ္ ျပသေနၾကသလားလို႔ ေမးခြန္းတခ်ိဳ႕ ထြက္ေပၚလာခဲ့ပါတယ္။
(၂၀၂၅)ခုႏွစ္ မတ္လ(၂၈)ရက္ ေန႔ လယ္ (၁၂)နာရီ (၅၁)မိနစ္အခ်ိန္မွာ ျမန္မာႏိုင္ငံ စစ္ကိုင္းတိုင္းေဒသႀကီးကို ဗဟိုျပဳလႈပ္ခတ္ခဲ့တဲ့ ငလ်င္ဒဏ္ေၾကာင့္ ေနျပည္ေတာ္၊ မႏၲေလးတိုင္း၊ စစ္ကိုင္းတိုင္းအပါအဝင္ ေက်ာက္ဆည္ၿမိဳ႕၊ ေအာင္ ပန္းၿမိဳ႕၊ ေတာင္ႀကီး-အင္းေလးစတဲ့ ျပည္နယ္နဲ႔တိုင္းေဒသႀကီးအသီးသီးမွာ ငလ်င္ေဘးဒဏ္သင့္ ခဲ့ၾကၿပီး၊ ငလ်င္ဒဏ္ကို အဆိုး႐ြားဆုံးႀကဳံေတြ႕ခဲ့ရတဲ့ေနရာေတြကေတာ့ မႏၲေလးၿမိဳ႕၊ စစ္ကိုင္းၿမိဳ႕နဲ႔ ေနျပည္ေတာ္တို႔က အဆိုး ႐ြားဆုံး ရင္ဆိုင္ႀကဳံေတြ႕ ခဲ့ၾကရတာပါ။ နစကရဲ႕သတင္းထုတ္ျပန္ခ်က္အရ မတ္လ(၂၈)ရက္မွ ဧၿပီလ(၁) ရက္အထိ ငလ်င္ ဒဏ္သင့္ေဒသေတြအနက္ ေသဆုံး႐ုပ္အေလာင္း (၃၀ဝဝ) နီးပါးကို ရွာေဖြေတြ႕ရွိထားၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ အသိေပးထားပါတယ္။ လက္ရွိအခ်ိန္က ကူညီကယ္ဆယ္ေရးကာလျဖစ္ၿပီး၊ ျပန္လည္ထူ ေထာင္ေရးမွာလည္း လက္ရွိပူးေပါင္း ေဆာင္႐ြက္ေန ၾကသလိုမ်ိဳး ျမန္မာႏိုင္ငံသားအခ်င္းခ်င္း ေဖးမကူ ညီၾကဖို႔လိုအပ္လွေၾကာင္း ေထာက္ျပ ရင္း ဒီတစ္ပတ္ အတြက္ အႏုပညာရွင္ေတြရဲ႕လႈပ္ရွားမႈအေျခအေနကို ရပ္နားလိုက္ပါရေစ။