တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

 520

ပြည့်ဖြိုး
ပြည်တွင်းဈေးကွက်အတွင်း၌ အခြေခံ စားသောက်ကုန်များ ဈေးအနည်းငယ်တက်လာပြီး လတ်တလောတွင် အရောင်းအဝယ်ပုံမှန်အခြေအနေတွင် ရပ်တည်နေကြောင်းသိရသည်။ တစ်နိုင်ငံလုံးနီးပါး ဂယက်ရိုက်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးသည် ပြည်တွင်းဈေးကွက်အပေါ်သက်ရောက်မှု ရှိလာနိုင်သော်လည်း လတ်တလောတွင် စောင့်ကြည့် ရမည့်အခြေအနေ ရောက်ရှိနေကြောင်းသိရသည်။ ကမ္ဘာ့ရွှေဈေးမြင့်တက်မှု စံချိန်တင်နေသော်လည်း ပြည်တွင်း ရွှေဈေး ကွက်အတွင်း အရောင်းအဝယ် နည်းပါးနေကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ပြည်တွင်း ရွှေဈေးကွက်နှင့် ငွေလဲ ဈေးကွက်အတွင်း ငလျင်ဘေးအန္တရာယ်ကြောင့် ဈေးကွက်အေးစက်နေသည့်အပြင် ဈေးနှုန်းများအနည်းငယ်မြင့် တက်နေကြောင်းသိရသည်။ လာမည့်ရက်ပိုင်းအတွင်း သင်္ကြန်နှစ်သစ်ကူးကာလရောက်ရှိလာမည်ဖြစ်ရာ အခြေခံ လူသုံး ကုန်များ ကုန်ဈေးနှုန်းအနည်းငယ်မြင့်တက် လာနိုင်ကြောင်းသိရသည်။ လတ်တလော ပြည်ပမှ စက်သုံးဆီတင်သွင်းမှု ပုံမှန်အခြေအနေတွင်ရပ် တည်နေသော်လည်း ငလျင်ဘေးကြောင့် လျှပ်စစ်မီး တစ်နိုင်ငံလုံးတွင်ဆိုးရွားစွာ ပြတ်တောက် နေရာ မီးစက်များအတွက် စက်သုံးဆီသုံးစွဲမှု မြင့်တက်နေကြောင်းသိရသည်။
ပြည်တွင်းဈေးကွက်အတွင်း ဘိလပ်မြေ နှင့် အိမ်ဆောက်ပစ္စည်းများ ဈေးအနည်းငယ်ပြန် လည်မြင့်တက်လာပြီး လာမည့်ရက်များအတွင်း ဈေးတည်ငြိမ်မှုနည်းပါးနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင် သူများက သုံးသပ်ပြောကြားသည်။ ငလျင်ဘေးကြောင့် ဆေးဝါးလိုအပ်ချက်များရှိနိုင်သည့်အပြင် အခြေခံဆေးဝါးနှင့် ဆေးပစ္စည်းဈေးကွက်အတွင်း ဈေးနှုန်း မြင့်တက်မှုမှာ ဆက်လက်ဖြစ်ပေါ်လာနိုင်သည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး ငလျင်ဘေး ထိခိုက်ခံစားနေရခြင်းကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကုန်ထုတ်လုပ်မှု ကျဆင်းသွားနိုင် ကြောင်းသိရ သည်။ ငလျင်ဘေးကြောင့် ထိခိုက်ခံစားရသောဒေသသည် မြန်မာနိုင်ငံ၏ ဒုတိယအဆင့်လူဦးရေ အထူထပ်ဆုံး ဖြစ်သည့် မန္တလေးမြို့နှင့်စစ်ကိုင်းမြို့ဖြစ်သောကြောင့် ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုများကျဆင်းနိုင်ကြောင်း သိရသည်။ လက်ရှိ အချိန်အထိ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသော်လည်း ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်း စဉ်များမှာ ပိုမိုကြီးမားကျယ်ပြန့်ကြောင်းသိရသည်။
ငလျင်ဘေးကြောင့် နောက်ဆက်တွဲဖြစ် ပွားနေသည့် လူမှု/စီးပွားပြဿနာများအပေါ် သက်ဆိုင်ရာက စနစ် တကျဖြေရှင်းပေးရန်လိုအပ်နေ ကြောင်းသိရသည်။ လတ်တလောတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးပြတ် တောက်နေပြီဖြစ်ရာ အချိန်မီအဖြေရှာရန်လိုအပ်နေ ကြောင်းသိရသည်။ လာမည့်ရက်ပိုင်းသည် နှစ်သစ် ကူးကာလ သင်္ကြန်ပွဲတော်အချိန်သို့ ရောက်ရှိလာ မည်ဖြစ်သော်လည်း လတ်တလောဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးဒဏ် ကြောင့် နှစ်သစ်ကူးပွဲတော်သည်အတိုင်းအတာတစ်ခုအထိ စည်ကားမှုကျဆင်းနိုင်သည်။
ကမ္ဘာ့ရွှေဈေးစံချိန်တင် ၊ ပြည်တွင်းဈေး မြင့်တက်လာ
ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးစံချိန်တင်မြင့်တက်လာပြီး ပြည်တွင်း‌ရွှေဈေးကွက်တွင် သက်ရောက်မှုရှိ ကြောင်းသိရသည်။ ရွှေတစ်အောင်စလျှင် မတ်လ(၂၆)ရက်တွင် (၃၀၂၆)ဒေါ်လာ၊ မတ်လ (၂၇)ရက်တွင်(၃၀၃၀) ဒေါ်လာ ပေါက်ဈေးများ ရှိနေရာမှ မတ်လ(၃၁)ရက်တွင် (၃၁၀၈)ဒေါ်လာ၊ ဧပြီလ (၁)ရက်တွင် (၃၁၄၅)ဒေါ်လာအထိ ပေါက် ဈေးမြင့်တက်လာကြောင်း သိရသည်။ အထက်ပါ အခြေအနေအရ သီတင်းတစ်ပတ်အကြာ ကာလအတွင်း ရွှေတစ် အောင်စလျှင် ဒေါ်လာ တစ်ရာခန့် မြင့်တက်သွားခြင်းဖြစ်ရာ ပြည်တွင်းရွှေဈေးများလည်းလိုက်ပါမြင့်တက်လာကြောင်း သိရသည်။ ပြည်တွင်းပြင်ပရွှေဈေးကွက်အတွင်း မတ်လ(၂၆)ရက်မှ ဧပြီလ(၁)ရက်အတွင်း အခေါက်ရွှေတစ်ကျပ်သား လျှင် (၆၉)သိန်း ခုနစ်သောင်းဈေးမှ သိန်း(၇၀)ရှစ် သောင်းဈေးအထိ ဆက်တိုက်မြင့်တက်လာခြင်းဖြစ်သည်။ ပြည်တွင်း ရွှေဈေးကွက်၏ တရားဝင်ရည် òန်းဈေးဖြစ်သည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံး (YGEA) မှပေါက်ဈေးများ တွင်မူ အကယ်ဒမီ ရွှေတစ်ကျပ်သားလျှင်(၁၆.၃၂၉၃၂၅)ဂရမ် ဈေးနှုန်းမှာ (၅၆)သိန်းတစ်သောင်းဈေးဖြင့်သာ ဈေးကွက် ဖွင့်ထားကြောင်းသိရသည်။ လက်ရှိကာလအတွင်း ရွှေအရောင်းအဝယ်အေးနေရာ ဈေးကွက်အတွင်း (၁၅)ပဲရည်များသာ အရောင်းအဝယ်ဖြစ် ကြောင်း သိရသည်။ ပြင်ပရွှေဈေးကွက်အတွင်း၌ (၁၅)ပဲရည်တစ်ကျပ်သားလျှင် (၆၆)သိန်း ခြောက် သောင်းခွဲဝန်းကျင် ပေါက်ဈေးဖြစ်ပေါ်နေပြီး ‌ရွှေအဝယ်ထက်အ‌ရောင်းများကြောင်း သိရသည်။ ပြည်တွင်းရွှေ ဈေးကွက် အတွင်း ရွှေဈေးများမြင့်တက်မှုရှိသော်လည်း အတက်နှေးသည့်အခြေအနေတွင်ရှိကြောင်း ပြင်ပဒေါ်လာဈေးတည်ငြိမ် နေသည့် အခြေအနေကြောင့် ရွှေဈေးမြင့်တက်မှု နှေးကွေးနေခြင်း ဖြစ်ကြောင်းဈေးကွက်ကျွမ်းကျင်သူများက သုံးသပ် ပြောကြားသည်။ မတ်လ (၂၆)ရက်မှ ဧပြီလ (၁)ရက်အတွင်းအမေရိကန်ဒေါ်လာဈေးသည် တစ်ဒေါ်လာ လျှင်(၄၄၅၀) ကျပ်ဖြင့် တည်ငြိမ်နေကြောင်းသိရသည်။ အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေလဲဈေးနှုန်းများ တည်ငြိမ်နေသော ကြောင့်ပြည်တွင်းဈေးကွက်အတွင်း ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှု နည်းပါးသွားခဲ့ကြောင်းသိရသည်။ လာမည့် ရက်ပိုင်းအတွင်း ရွှေဈေးမှာနိုင်ငံတကာပေါက်ဈေး အပေါ်မူတည်ကာ အမြင့်ပိုင်းတွင်ဆက်လက်ရပ် တည်နေနိုင်ကြောင်း သိရသည်။ လတ်တလောမှ သင်္ကြန်နှစ်သစ်ကူးကာလအထိ အမေရိကန်ဒေါ်လာ ဈေးနှင့်နိုင်ငံခြားငွေလဲ ဈေးနှုန်းများမှာ လည်း လတ်တလော အခြေအနေအတိုင်း အပြောင်းအလဲမရှိ ဆက်လက်ရပ်တည်နေနိုင်ကြောင်းသိရသည်။
အခြေခံစားသောက်ကုန်ဈေးနှုန်းများ အမြင့်ဈေးတွင်တည်ငြိမ်နေ
ပြည်တွင်းလတ်တလော စားသုံးမှုအခြေအနေအရ အခြေခံကုန်စည်များမှာ ဈေးနှုန်းအမြင့်ပိုင်း တွင်ဆက်လက် ရပ်တည်နေပြီး အရောင်းအဝယ်ပုံ မှန်အခြေအနေတွင်ရှိကြောင်းသိရသည်။ ဈေးကွက်အတွင်း ဆန်အမျိုးအစားအချို့ ဈေးနှုန်း‌များထပ်မံ မြင့်တက်လာပြီး ဆန်ကြမ်းအမျိုးအစားဖြစ်သည့် မနောသုခ တစ်အိတ်လျှင် ကျပ် ကိုးသောင်း ခြောက် ထောင် ပေါက်ဈေးရှိကြောင်းသိရသည်။ ပုသိမ်ဆင်းသုခ တစ်အိတ်လျှင် ကျပ်ရှစ်သောင်းနှစ်ထောင်ဈေးဖြင့် ပုံမှန်အမြင့် ဈေးအတိုင်း ရပ်တည်နေသည်။ ဆန်ချော ဈေးကွက်အတွင်း ပုံမှန်အမြင့်ဈေးအတိုင်းရှိနေပြီး ဖျာပုံပေါ်ဆန်းမွှေးအသစ် တစ်အိတ်လျှင် တစ်သိန်း နှစ်သောင်း ရှစ်ထောင်ကျပ်၊ ပေါ်ဆန်းရိုးရိုး တစ်အိတ် လျှင် တစ်သိန်းတစ်သောင်းကျပ်ဝန်းကျင် ပေါက်ဈေး များဖြစ်ပေါ်နေကြောင်းသိရသည်။ ထို့ပြင် ကြက်ဥ၊ ဘဲဥဈေးနှုန်းများမှာ ပုံမှန်အမြင့်ဈေးအတိုင်း ဆက်ရှိ နေရာ ကြက်ဥအရွယ်အစားအလိုက် တစ်လုံးလျှင် ကျပ် (၄၀ဝ)မှ (၅၀ဝ)ကျပ်ဝန်းကျင်အထိ ရောက်ရှိနေကြောင်း သိရ သည်။ ဆက်လက်ပြီး ဘဲဥဈေးနှုန်းမှာ အရွယ်အစားအလိုက် (၄၀ဝ) ကျပ်မှ (၆၅၀)ကျပ်အထိ ပေါက်ဈေးရှိကြောင်း သိရ သည်။ ကုန်စိမ်းဈေးကွက်အတွင်း နံနံပင်ဈေးများ ဆက်တိုက်တက်နေပြီး တစ်ပိဿာလျှင် ကျပ်တစ် သောင်းဈေးနှုန်း ရှိကြောင်းသိရသည်။ ဂေါ်ဖီထုပ်‌ ဈေးနှုန်းမှာ ယခင်တစ်ပတ်က ဈေးနှုန်းအတိုင်း (၂၅၀ဝ)ကျပ် ဝန်းကျင်တွင်‌ ရောက်ရှိနေပြီး၊ ပန်းဂေါ်ဖီတစ်ထုပ်လျှင် (၁၅၀ဝ) ဈေး၊ ပန်းဂေါ်ဖီ အစိမ်း တစ်ထုပ်လျှင် (၂၅၀ဝ) ကျပ်ဝန်းကျင်ဈေးနှုန်း များဖြင့်ရပ်တည်နေကြောင်းသိရသည်။ အသားငါးဈေး ကွက်အတွင်း ငါး၊ ပုစွန်ဈေးများပြန်တက်နေပြီး ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ်တစ်သောင်းခွဲ၊ ငါးကြင်းတစ်ပိဿာလျှင် တစ်သောင်းကိုးထောင်ကျပ် သို့ရောက်ရှိလာကြောင်း သိရသည်။ ပုစွန်ဈေးနှုန်းများတွင် အမျိုးအစားအလိုက် တစ်ပိဿာ သုံးသောင်း ခွဲကျပ်မှ ခြောက်သောင်းဝန်းကျင်အထိ ပေါက် ဈေးရှိနေသည်။ ကြက်သားတစ်ပိဿာလျှင် ကျပ် နှစ်သောင်းသုံးထောင် ဈေးနှင့် ဝက်သားကတော့ တစ်ပိဿာ လျှင် ကျပ် သုံးသောင်းခြောက်ထောင် ဝန်းကျင်ဈေးတွင် ရပ်တည်နေကြောင်းသိရသည်။ ဆက်လက်ပြီး ဆိတ်သား တစ်ပိဿာလျှင် လေးသောင်းလေးထောင်ကျပ် ဝန်းကျင်နှင့်အမဲသားတစ်ပိ ဿာလျှင် နှစ်သောင်းရှစ်ထောင်ကျပ် ဈေးနှုန်းများရှိကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။ တစ်ပတ်လျှင်တစ်ကြိမ် ဆီစာအုပ်ဖြင့်ထုတ်ပေးနေ သောစားအုန်းဆီဈေးမှာ တစ်ပိဿာ လျှင်(၇၃၀ဝ)ကျပ် ဈေးရှိပြီး ပြင်ပဈေးကွက်အတွင်း စားအုန်းဆီတစ်ပိသာလျှင် တစ်သောင်းခွဲဝန်းကျင် ပေါက်ဈေးရှိကြောင်းသိရသည်။ လာမည့် ရက်ပိုင်းအတွင်း နှစ်သစ်ကူး သင်္ကြန်ကာလ ရောက်ရှိလာမည် ဖြစ်ရာ ပွဲရုံများ ဈေးများ ပိတ်ရက်များဖြစ်ပေါ်လာ နိုင်ခြင်းကြောင့် အခြေခံစားသောက်ကုန်များ ဈေး နှုန်းမြင့်တက်လာနိုင်ခြေရှိနေကြောင်းသိရသည်။
ငလျင်ဘေးနှင့်စောင့်ကြည့်ရမည့် ဈေးကွက်အပြောင်းအလဲ
မြန်မာနိုင်ငံတစ်ဝန်းလုံး လျှပ်စစ်မီးပြတ် တောက်မှုကြောင့် မီးစက်များကို အရေးပေါ်အသုံးပြုမှု မြင့်တက်နေရာ စက်သုံးဆီသုံးစွဲမှု အတိုင်းအတာတစ် ခုအထိမြင့်တက်နိုင်ကြောင်း သိရသည်။ လတ်တလော ငလျင်ဘေးသင့်ဒေသများ သို့စက်သုံးဆီ တင်ပို့မှုပုံမှန်အခြေအနေတွင်ရှိကြောင်းနှင့် ပြည်ပမှတင်သွင်းရာတွင်လည်းပုံမှန်အတိုင်း တင်သွင်းနေ ကြောင်းဈေးကွက်အတွင်းမှ သိရသည်။ ထို့ပြင် ဧပြီလအတွင်းနိုင်ငံခြားမှ ဆီတင်သင်္ဘော အစင်းသုံး ဆယ်ခန့်ဝင် ရောက်နေမည်ဖြစ်ရာ လတ်တလော လိုအပ်ချက်ကို ပြည့်မီနိုင်ကြောင်းဈေးကွက်ကျွမ်း ကျင်သူများကသုံးသပ်ထား သည်။ ဧပြီလ (၁)ရက် ရန်ကုန်မြို့ အထိုင်ဈေးနှုန်းများအရ (၉၂)ဓာတ် ဆီတစ်လီတာလျှင် (၃၀ဝဝ)ကျပ်၊ (၉၅)ဓာတ်ဆီ တစ်လီတာလျှင် (၃၀၅၀) ကျပ်၊ ဒီဇယ်တစ်လီတာလျှင် (၂၈၅၀)ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် (၃၁၉၀)ကျပ် ပေါက်ဈေးအသီးသီးရှိကြောင်းသိရသည်။ ယင်းပေါက်ဈေးများသည် ဒေသအလိုက် အပြောင်းအလဲဖြစ်ပေါ်နိုင်သော် လည်း လတ်တလော အခြေအနေအရ ဈေးကွက်တည်ငြိမ်နေကြောင်းသိရသည်။ လာမည့်ရက်ပိုင်းအတွင်း အပြောင်း အလဲ နည်းပါးနိုင်သော်လည်း အရေးပေါ်အခြေအနေအရ ဈေးကွက်အပြောင်းအလဲဖြစ်ပေါ်လာနိုင်မှုကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။ ပြည်တွင်းဈေး ကွက်အတွင်း ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှု အဓိကစွမ်း‌ဆောင် ပေးနေ သော မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်စသော မြို့ကြီးများမှာ ငလျင်ဘေးအန္တရာယ်ကျရောက်နေရာ စီးပွားရေးအရ ထိခိုက်မှုရှိ လာနိုင်ကြောင်းသိရသည်။ ငလျင်ဘေး၏ လတ်တလော အကျိုးဆက်အဖြစ် လျှပ်စစ်ဓာတ်အားပြတ် တောက်မှုများ ဆိုးရွားစွာဖြစ်ပေါ်နေရာ ကုန်ထုတ်လုပ်မှုအပိုင်းတွင် အခက်အခဲများရှိနိုင်ကြောင်းသိရသည်။ မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယမြောက် လူဦး‌ရေအများဆုံးမြို့ကြီးဖြစ်သည့်အပြင် ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှု လုပ်ငန်း များတည်ရှိရာ မြို့ကြီးလည်းဖြစ်သောကြောင့် လူမှုစီးပွားအရထိခိုက်မှု မြင့်တက်နိုင်ကြောင်းသိရသည်။ လတ်တ လောတွင် လုပ်ငန်းများရပ်တန့်ထားပြီဖြစ်ရာ လာမည့်ရက်ပိုင်းအထိ လုပ်ငန်းများ ပြန်လည်စတင်နိုင်မည်မဟုတ်ပေ။ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုကိုအတိအကျ မသိရှိနိုင်သေးသော်လည်း လုပ်ငန်းများရပ်တန့်သွားမှုကြောင့် လာမည့် ရက်ပိုင်းအတွင်း ကုန်ဈေးနှုန်းကြီး မြင့်မှုများနှင့် ကုန်စည်ရှားပါးမှုများ ငလျင်ဘေးသင့်ဒေသများတွင်ခံစားရမည်ဖြစ် သည်။ လာမည့် နှစ်သစ် ကူးသင်္ကြန်ကာလသည် သဘာဝဘေးအန္တရာယ်ကြောင့် စည်ကားမှုကျဆင်းသွားနိုင်သည့်အပြင် အထွေထွေကုန်ဈေးနှုန်းမှာလည်း အမြင့်ပိုင်းတွင် ဆက်လက်ရပ်တည်နေမည်ဖြစ်သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
ျပည့္ၿဖိဳး
ျပည္တြင္းေဈးကြက္အတြင္း၌ အေျခခံ စားေသာက္ကုန္မ်ား ေဈးအနည္းငယ္တက္လာၿပီး လတ္တေလာတြင္ အေရာင္းအဝယ္ပုံမွန္အေျခအေနတြင္ ရပ္တည္ေနေၾကာင္းသိရသည္။ တစ္ႏိုင္ငံလုံးနီးပါး ဂယက္႐ိုက္ခတ္ခဲ့ေသာ စစ္ကိုင္းငလ်င္ႀကီးသည္ ျပည္တြင္းေဈးကြက္အေပၚသက္ေရာက္မႈ ရွိလာႏိုင္ေသာ္လည္း လတ္တေလာတြင္ ေစာင့္ၾကည့္ ရမည့္အေျခအေန ေရာက္ရွိေနေၾကာင္းသိရသည္။ ကမာၻ႔ေ႐ႊေဈးျမင့္တက္မႈ စံခ်ိန္တင္ေနေသာ္လည္း ျပည္တြင္း ေ႐ႊေဈး ကြက္အတြင္း အေရာင္းအဝယ္ နည္းပါးေနေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ ျပည္တြင္း ေ႐ႊေဈးကြက္ႏွင့္ ေငြလဲ ေဈးကြက္အတြင္း ငလ်င္ေဘးအႏၲရာယ္ေၾကာင့္ ေဈးကြက္ေအးစက္ေနသည့္အျပင္ ေဈးႏႈန္းမ်ားအနည္းငယ္ျမင့္ တက္ေနေၾကာင္းသိရသည္။ လာမည့္ရက္ပိုင္းအတြင္း သၾကၤန္ႏွစ္သစ္ကူးကာလေရာက္ရွိလာမည္ျဖစ္ရာ အေျခခံ လူသုံး ကုန္မ်ား ကုန္ေဈးႏႈန္းအနည္းငယ္ျမင့္တက္ လာႏိုင္ေၾကာင္းသိရသည္။ လတ္တေလာ ျပည္ပမွ စက္သုံးဆီတင္သြင္းမႈ ပုံမွန္အေျခအေနတြင္ရပ္ တည္ေနေသာ္လည္း ငလ်င္ေဘးေၾကာင့္ လွ်ပ္စစ္မီး တစ္ႏိုင္ငံလုံးတြင္ဆိုး႐ြားစြာ ျပတ္ေတာက္ ေနရာ မီးစက္မ်ားအတြက္ စက္သုံးဆီသုံးစြဲမႈ ျမင့္တက္ေနေၾကာင္းသိရသည္။
ျပည္တြင္းေဈးကြက္အတြင္း ဘိလပ္ေျမ ႏွင့္ အိမ္ေဆာက္ပစၥည္းမ်ား ေဈးအနည္းငယ္ျပန္ လည္ျမင့္တက္လာၿပီး လာမည့္ရက္မ်ားအတြင္း ေဈးတည္ၿငိမ္မႈနည္းပါးႏိုင္ေၾကာင္း ေဈးကြက္ကြၽမ္းက်င္ သူမ်ားက သုံးသပ္ေျပာၾကားသည္။ ငလ်င္ေဘးေၾကာင့္ ေဆးဝါးလိုအပ္ခ်က္မ်ားရွိႏိုင္သည့္အျပင္ အေျခခံေဆးဝါးႏွင့္ ေဆးပစၥည္းေဈးကြက္အတြင္း ေဈးႏႈန္း ျမင့္တက္မႈမွာ ဆက္လက္ျဖစ္ေပၚလာႏိုင္သည္။ ျမန္မာႏိုင္ငံတြင္ ႏွစ္ေပါင္းမ်ားစြာအတြင္း အႀကီးမားဆုံး ငလ်င္ေဘး ထိခိုက္ခံစားေနရျခင္းေၾကာင့္ ျပည္တြင္းကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား ကုန္ထုတ္လုပ္မႈ က်ဆင္းသြားႏိုင္ ေၾကာင္းသိရ သည္။ ငလ်င္ေဘးေၾကာင့္ ထိခိုက္ခံစားရေသာေဒသသည္ ျမန္မာႏိုင္ငံ၏ ဒုတိယအဆင့္လူဦးေရ အထူထပ္ဆုံး ျဖစ္သည့္ မႏၲေလးၿမိဳ႕ႏွင့္စစ္ကိုင္းၿမိဳ႕ျဖစ္ေသာေၾကာင့္ ကုန္ထုတ္လုပ္မႈႏွင့္ဝန္ေဆာင္မႈမ်ားက်ဆင္းႏိုင္ေၾကာင္း သိရသည္။ လက္ရွိ အခ်ိန္အထိ အေရးေပၚကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ေနေသာ္လည္း ျပန္လည္ထူေထာင္ေရးအတြက္ လုပ္ငန္း စဥ္မ်ားမွာ ပိုမိုႀကီးမားက်ယ္ျပန႔္ေၾကာင္းသိရသည္။
ငလ်င္ေဘးေၾကာင့္ ေနာက္ဆက္တြဲျဖစ္ ပြားေနသည့္ လူမႈ/စီးပြားျပႆနာမ်ားအေပၚ သက္ဆိုင္ရာက စနစ္ တက်ေျဖရွင္းေပးရန္လိုအပ္ေန ေၾကာင္းသိရသည္။ လတ္တေလာတြင္ ျမန္မာႏိုင္ငံ တစ္ဝန္းလုံးအတိုင္းအတာျဖင့္ လွ်ပ္စစ္မီးျပတ္ ေတာက္ေနၿပီျဖစ္ရာ အခ်ိန္မီအေျဖရွာရန္လိုအပ္ေန ေၾကာင္းသိရသည္။ လာမည့္ရက္ပိုင္းသည္ ႏွစ္သစ္ ကူးကာလ သၾကၤန္ပြဲေတာ္အခ်ိန္သို႔ ေရာက္ရွိလာ မည္ျဖစ္ေသာ္လည္း လတ္တေလာျဖစ္ေပၚခဲ့သည့္ သဘာဝေဘးဒဏ္ ေၾကာင့္ ႏွစ္သစ္ကူးပြဲေတာ္သည္အတိုင္းအတာတစ္ခုအထိ စည္ကားမႈက်ဆင္းႏိုင္သည္။
ကမာၻ႔ေ႐ႊေဈးစံခ်ိန္တင္ ၊ ျပည္တြင္းေဈး ျမင့္တက္လာ
ယခုရက္ပိုင္းအတြင္း ကမာၻ႔ေ႐ႊေဈးစံခ်ိန္တင္ျမင့္တက္လာၿပီး ျပည္တြင္း‌ေ႐ႊေဈးကြက္တြင္ သက္ေရာက္မႈရွိ ေၾကာင္းသိရသည္။ ေ႐ႊတစ္ေအာင္စလွ်င္ မတ္လ(၂၆)ရက္တြင္ (၃၀၂၆)ေဒၚလာ၊ မတ္လ (၂၇)ရက္တြင္(၃၀၃၀) ေဒၚလာ ေပါက္ေဈးမ်ား ရွိေနရာမွ မတ္လ(၃၁)ရက္တြင္ (၃၁၀၈)ေဒၚလာ၊ ဧၿပီလ (၁)ရက္တြင္ (၃၁၄၅)ေဒၚလာအထိ ေပါက္ ေဈးျမင့္တက္လာေၾကာင္း သိရသည္။ အထက္ပါ အေျခအေနအရ သီတင္းတစ္ပတ္အၾကာ ကာလအတြင္း ေ႐ႊတစ္ ေအာင္စလွ်င္ ေဒၚလာ တစ္ရာခန႔္ ျမင့္တက္သြားျခင္းျဖစ္ရာ ျပည္တြင္းေ႐ႊေဈးမ်ားလည္းလိုက္ပါျမင့္တက္လာေၾကာင္း သိရသည္။ ျပည္တြင္းျပင္ပေ႐ႊေဈးကြက္အတြင္း မတ္လ(၂၆)ရက္မွ ဧၿပီလ(၁)ရက္အတြင္း အေခါက္ေ႐ႊတစ္က်ပ္သား လွ်င္ (၆၉)သိန္း ခုနစ္ေသာင္းေဈးမွ သိန္း(၇၀)ရွစ္ ေသာင္းေဈးအထိ ဆက္တိုက္ျမင့္တက္လာျခင္းျဖစ္သည္။ ျပည္တြင္း ေ႐ႊေဈးကြက္၏ တရားဝင္ရည္ òန္းေဈးျဖစ္သည့္ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း႐ုံး (YGEA) မွေပါက္ေဈးမ်ား တြင္မူ အကယ္ဒမီ ေ႐ႊတစ္က်ပ္သားလွ်င္(၁၆.၃၂၉၃၂၅)ဂရမ္ ေဈးႏႈန္းမွာ (၅၆)သိန္းတစ္ေသာင္းေဈးျဖင့္သာ ေဈးကြက္ ဖြင့္ထားေၾကာင္းသိရသည္။ လက္ရွိကာလအတြင္း ေ႐ႊအေရာင္းအဝယ္ေအးေနရာ ေဈးကြက္အတြင္း (၁၅)ပဲရည္မ်ားသာ အေရာင္းအဝယ္ျဖစ္ ေၾကာင္း သိရသည္။ ျပင္ပေ႐ႊေဈးကြက္အတြင္း၌ (၁၅)ပဲရည္တစ္က်ပ္သားလွ်င္ (၆၆)သိန္း ေျခာက္ ေသာင္းခြဲဝန္းက်င္ ေပါက္ေဈးျဖစ္ေပၚေနၿပီး ‌ေ႐ႊအဝယ္ထက္အ‌ေရာင္းမ်ားေၾကာင္း သိရသည္။ ျပည္တြင္းေ႐ႊ ေဈးကြက္ အတြင္း ေ႐ႊေဈးမ်ားျမင့္တက္မႈရွိေသာ္လည္း အတက္ေႏွးသည့္အေျခအေနတြင္ရွိေၾကာင္း ျပင္ပေဒၚလာေဈးတည္ၿငိမ္ ေနသည့္ အေျခအေနေၾကာင့္ ေ႐ႊေဈးျမင့္တက္မႈ ေႏွးေကြးေနျခင္း ျဖစ္ေၾကာင္းေဈးကြက္ကြၽမ္းက်င္သူမ်ားက သုံးသပ္ ေျပာၾကားသည္။ မတ္လ (၂၆)ရက္မွ ဧၿပီလ (၁)ရက္အတြင္းအေမရိကန္ေဒၚလာေဈးသည္ တစ္ေဒၚလာ လွ်င္(၄၄၅၀) က်ပ္ျဖင့္ တည္ၿငိမ္ေနေၾကာင္းသိရသည္။ အေမရိကန္ေဒၚလာအပါအဝင္ ႏိုင္ငံျခားေငြလဲေဈးႏႈန္းမ်ား တည္ၿငိမ္ေနေသာ ေၾကာင့္ျပည္တြင္းေဈးကြက္အတြင္း ကုန္ေဈးႏႈန္းအေပၚ သက္ေရာက္မႈ နည္းပါးသြားခဲ့ေၾကာင္းသိရသည္။ လာမည့္ ရက္ပိုင္းအတြင္း ေ႐ႊေဈးမွာႏိုင္ငံတကာေပါက္ေဈး အေပၚမူတည္ကာ အျမင့္ပိုင္းတြင္ဆက္လက္ရပ္ တည္ေနႏိုင္ေၾကာင္း သိရသည္။ လတ္တေလာမွ သၾကၤန္ႏွစ္သစ္ကူးကာလအထိ အေမရိကန္ေဒၚလာ ေဈးႏွင့္ႏိုင္ငံျခားေငြလဲ ေဈးႏႈန္းမ်ားမွာ လည္း လတ္တေလာ အေျခအေနအတိုင္း အေျပာင္းအလဲမရွိ ဆက္လက္ရပ္တည္ေနႏိုင္ေၾကာင္းသိရသည္။
အေျခခံစားေသာက္ကုန္ေဈးႏႈန္းမ်ား အျမင့္ေဈးတြင္တည္ၿငိမ္ေန
ျပည္တြင္းလတ္တေလာ စားသုံးမႈအေျခအေနအရ အေျခခံကုန္စည္မ်ားမွာ ေဈးႏႈန္းအျမင့္ပိုင္း တြင္ဆက္လက္ ရပ္တည္ေနၿပီး အေရာင္းအဝယ္ပုံ မွန္အေျခအေနတြင္ရွိေၾကာင္းသိရသည္။ ေဈးကြက္အတြင္း ဆန္အမ်ိဳးအစားအခ်ိဳ႕ ေဈးႏႈန္း‌မ်ားထပ္မံ ျမင့္တက္လာၿပီး ဆန္ၾကမ္းအမ်ိဳးအစားျဖစ္သည့္ မေနာသုခ တစ္အိတ္လွ်င္ က်ပ္ ကိုးေသာင္း ေျခာက္ ေထာင္ ေပါက္ေဈးရွိေၾကာင္းသိရသည္။ ပုသိမ္ဆင္းသုခ တစ္အိတ္လွ်င္ က်ပ္ရွစ္ေသာင္းႏွစ္ေထာင္ေဈးျဖင့္ ပုံမွန္အျမင့္ ေဈးအတိုင္း ရပ္တည္ေနသည္။ ဆန္ေခ်ာ ေဈးကြက္အတြင္း ပုံမွန္အျမင့္ေဈးအတိုင္းရွိေနၿပီး ဖ်ာပုံေပၚဆန္းေမႊးအသစ္ တစ္အိတ္လွ်င္ တစ္သိန္း ႏွစ္ေသာင္း ရွစ္ေထာင္က်ပ္၊ ေပၚဆန္း႐ိုး႐ိုး တစ္အိတ္ လွ်င္ တစ္သိန္းတစ္ေသာင္းက်ပ္ဝန္းက်င္ ေပါက္ေဈး မ်ားျဖစ္ေပၚေနေၾကာင္းသိရသည္။ ထို႔ျပင္ ၾကက္ဥ၊ ဘဲဥေဈးႏႈန္းမ်ားမွာ ပုံမွန္အျမင့္ေဈးအတိုင္း ဆက္ရွိ ေနရာ ၾကက္ဥအ႐ြယ္အစားအလိုက္ တစ္လုံးလွ်င္ က်ပ္ (၄၀ဝ)မွ (၅၀ဝ)က်ပ္ဝန္းက်င္အထိ ေရာက္ရွိေနေၾကာင္း သိရ သည္။ ဆက္လက္ၿပီး ဘဲဥေဈးႏႈန္းမွာ အ႐ြယ္အစားအလိုက္ (၄၀ဝ) က်ပ္မွ (၆၅၀)က်ပ္အထိ ေပါက္ေဈးရွိေၾကာင္း သိရ သည္။ ကုန္စိမ္းေဈးကြက္အတြင္း နံနံပင္ေဈးမ်ား ဆက္တိုက္တက္ေနၿပီး တစ္ပိႆာလွ်င္ က်ပ္တစ္ ေသာင္းေဈးႏႈန္း ရွိေၾကာင္းသိရသည္။ ေဂၚဖီထုပ္‌ ေဈးႏႈန္းမွာ ယခင္တစ္ပတ္က ေဈးႏႈန္းအတိုင္း (၂၅၀ဝ)က်ပ္ ဝန္းက်င္တြင္‌ ေရာက္ရွိေနၿပီး၊ ပန္းေဂၚဖီတစ္ထုပ္လွ်င္ (၁၅၀ဝ) ေဈး၊ ပန္းေဂၚဖီ အစိမ္း တစ္ထုပ္လွ်င္ (၂၅၀ဝ) က်ပ္ဝန္းက်င္ေဈးႏႈန္း မ်ားျဖင့္ရပ္တည္ေနေၾကာင္းသိရသည္။ အသားငါးေဈး ကြက္အတြင္း ငါး၊ ပုစြန္ေဈးမ်ားျပန္တက္ေနၿပီး ငါးျမစ္ခ်င္း တစ္ပိႆာလွ်င္ က်ပ္တစ္ေသာင္းခြဲ၊ ငါးၾကင္းတစ္ပိႆာလွ်င္ တစ္ေသာင္းကိုးေထာင္က်ပ္ သို႔ေရာက္ရွိလာေၾကာင္း သိရသည္။ ပုစြန္ေဈးႏႈန္းမ်ားတြင္ အမ်ိဳးအစားအလိုက္ တစ္ပိႆာ သုံးေသာင္း ခြဲက်ပ္မွ ေျခာက္ေသာင္းဝန္းက်င္အထိ ေပါက္ ေဈးရွိေနသည္။ ၾကက္သားတစ္ပိႆာလွ်င္ က်ပ္ ႏွစ္ေသာင္းသုံးေထာင္ ေဈးႏွင့္ ဝက္သားကေတာ့ တစ္ပိႆာ လွ်င္ က်ပ္ သုံးေသာင္းေျခာက္ေထာင္ ဝန္းက်င္ေဈးတြင္ ရပ္တည္ေနေၾကာင္းသိရသည္။ ဆက္လက္ၿပီး ဆိတ္သား တစ္ပိႆာလွ်င္ ေလးေသာင္းေလးေထာင္က်ပ္ ဝန္းက်င္ႏွင့္အမဲသားတစ္ပိ ႆာလွ်င္ ႏွစ္ေသာင္းရွစ္ေထာင္က်ပ္ ေဈးႏႈန္းမ်ားရွိေၾကာင္း ေဈးကြက္အတြင္းမွစုံစမ္းသိရွိရသည္။ တစ္ပတ္လွ်င္တစ္ႀကိမ္ ဆီစာအုပ္ျဖင့္ထုတ္ေပးေန ေသာစားအုန္းဆီေဈးမွာ တစ္ပိႆာ လွ်င္(၇၃၀ဝ)က်ပ္ ေဈးရွိၿပီး ျပင္ပေဈးကြက္အတြင္း စားအုန္းဆီတစ္ပိသာလွ်င္ တစ္ေသာင္းခြဲဝန္းက်င္ ေပါက္ေဈးရွိေၾကာင္းသိရသည္။ လာမည့္ ရက္ပိုင္းအတြင္း ႏွစ္သစ္ကူး သၾကၤန္ကာလ ေရာက္ရွိလာမည္ ျဖစ္ရာ ပြဲ႐ုံမ်ား ေဈးမ်ား ပိတ္ရက္မ်ားျဖစ္ေပၚလာ ႏိုင္ျခင္းေၾကာင့္ အေျခခံစားေသာက္ကုန္မ်ား ေဈး ႏႈန္းျမင့္တက္လာႏိုင္ေျခရွိေနေၾကာင္းသိရသည္။
ငလ်င္ေဘးႏွင့္ေစာင့္ၾကည့္ရမည့္ ေဈးကြက္အေျပာင္းအလဲ
ျမန္မာႏိုင္ငံတစ္ဝန္းလုံး လွ်ပ္စစ္မီးျပတ္ ေတာက္မႈေၾကာင့္ မီးစက္မ်ားကို အေရးေပၚအသုံးျပဳမႈ ျမင့္တက္ေနရာ စက္သုံးဆီသုံးစြဲမႈ အတိုင္းအတာတစ္ ခုအထိျမင့္တက္ႏိုင္ေၾကာင္း သိရသည္။ လတ္တေလာ ငလ်င္ေဘးသင့္ေဒသမ်ား သို႔စက္သုံးဆီ တင္ပို႔မႈပုံမွန္အေျခအေနတြင္ရွိေၾကာင္းႏွင့္ ျပည္ပမွတင္သြင္းရာတြင္လည္းပုံမွန္အတိုင္း တင္သြင္းေန ေၾကာင္းေဈးကြက္အတြင္းမွ သိရသည္။ ထို႔ျပင္ ဧၿပီလအတြင္းႏိုင္ငံျခားမွ ဆီတင္သေဘၤာ အစင္းသုံး ဆယ္ခန႔္ဝင္ ေရာက္ေနမည္ျဖစ္ရာ လတ္တေလာ လိုအပ္ခ်က္ကို ျပည့္မီႏိုင္ေၾကာင္းေဈးကြက္ကြၽမ္း က်င္သူမ်ားကသုံးသပ္ထား သည္။ ဧၿပီလ (၁)ရက္ ရန္ကုန္ၿမိဳ႕ အထိုင္ေဈးႏႈန္းမ်ားအရ (၉၂)ဓာတ္ ဆီတစ္လီတာလွ်င္ (၃၀ဝဝ)က်ပ္၊ (၉၅)ဓာတ္ဆီ တစ္လီတာလွ်င္ (၃၀၅၀) က်ပ္၊ ဒီဇယ္တစ္လီတာလွ်င္ (၂၈၅၀)က်ပ္ႏွင့္ ပရီမီယံဒီဇယ္တစ္လီတာလွ်င္ (၃၁၉၀)က်ပ္ ေပါက္ေဈးအသီးသီးရွိေၾကာင္းသိရသည္။ ယင္းေပါက္ေဈးမ်ားသည္ ေဒသအလိုက္ အေျပာင္းအလဲျဖစ္ေပၚႏိုင္ေသာ္ လည္း လတ္တေလာ အေျခအေနအရ ေဈးကြက္တည္ၿငိမ္ေနေၾကာင္းသိရသည္။ လာမည့္ရက္ပိုင္းအတြင္း အေျပာင္း အလဲ နည္းပါးႏိုင္ေသာ္လည္း အေရးေပၚအေျခအေနအရ ေဈးကြက္အေျပာင္းအလဲျဖစ္ေပၚလာႏိုင္မႈကို ဆက္လက္ ေစာင့္ၾကည့္ရမည္ျဖစ္သည္။ ျပည္တြင္းေဈး ကြက္အတြင္း ကုန္ထုတ္လုပ္မႈႏွင့္ဝန္ေဆာင္မႈ အဓိကစြမ္း‌ေဆာင္ ေပးေန ေသာ မႏၲေလး၊ စစ္ကိုင္းႏွင့္ ေနျပည္ေတာ္စေသာ ၿမိဳ႕ႀကီးမ်ားမွာ ငလ်င္ေဘးအႏၲရာယ္က်ေရာက္ေနရာ စီးပြားေရးအရ ထိခိုက္မႈရွိ လာႏိုင္ေၾကာင္းသိရသည္။ ငလ်င္ေဘး၏ လတ္တေလာ အက်ိဳးဆက္အျဖစ္ လွ်ပ္စစ္ဓာတ္အားျပတ္ ေတာက္မႈမ်ား ဆိုး႐ြားစြာျဖစ္ေပၚေနရာ ကုန္ထုတ္လုပ္မႈအပိုင္းတြင္ အခက္အခဲမ်ားရွိႏိုင္ေၾကာင္းသိရသည္။ မႏၲေလးၿမိဳ႕ သည္ ျမန္မာႏိုင္ငံ၏ ဒုတိယေျမာက္ လူဦး‌ေရအမ်ားဆုံးၿမိဳ႕ႀကီးျဖစ္သည့္အျပင္ ကုန္ထုတ္လုပ္မႈႏွင့္ဝန္ေဆာင္မႈ လုပ္ငန္း မ်ားတည္ရွိရာ ၿမိဳ႕ႀကီးလည္းျဖစ္ေသာေၾကာင့္ လူမႈစီးပြားအရထိခိုက္မႈ ျမင့္တက္ႏိုင္ေၾကာင္းသိရသည္။ လတ္တ ေလာတြင္ လုပ္ငန္းမ်ားရပ္တန႔္ထားၿပီျဖစ္ရာ လာမည့္ရက္ပိုင္းအထိ လုပ္ငန္းမ်ား ျပန္လည္စတင္ႏိုင္မည္မဟုတ္ေပ။ ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးဆုံးရႈံးမႈကိုအတိအက် မသိရွိႏိုင္ေသးေသာ္လည္း လုပ္ငန္းမ်ားရပ္တန႔္သြားမႈေၾကာင့္ လာမည့္ ရက္ပိုင္းအတြင္း ကုန္ေဈးႏႈန္းႀကီး ျမင့္မႈမ်ားႏွင့္ ကုန္စည္ရွားပါးမႈမ်ား ငလ်င္ေဘးသင့္ေဒသမ်ားတြင္ခံစားရမည္ျဖစ္ သည္။ လာမည့္ ႏွစ္သစ္ ကူးသၾကၤန္ကာလသည္ သဘာဝေဘးအႏၲရာယ္ေၾကာင့္ စည္ကားမႈက်ဆင္းသြားႏိုင္သည့္အျပင္ အေထြေထြကုန္ေဈးႏႈန္းမွာလည္း အျမင့္ပိုင္းတြင္ ဆက္လက္ရပ္တည္ေနမည္ျဖစ္သည္။

Related news

© 2021. All rights reserved.