အိန္ဒိယက မြန်မာငလျင်ဘေးအတွက် လူသားချင်းဆိုင်ရာစနာမှုအကူညီတွေကို ဒုတိယအကြိမ်ပေးပို့

 341

NP News (မတ်-၆)
အိန္ဒိယရေတပ်ဟာ မြန်မာငလျင်ဘေးအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးမှုအဖြစ် အစားအစာတန်ချိန် ၄၄၂တန်ကို မြန်မာနိုင်ငံကို လွဲှပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ် မိုဒီဟာ နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တစ်ရက်အကြာမှာပဲ အိန္ဒိယရေတပ်က မြန်မာနိုင်ငံကိုအစားစာတန်ချိန် ၄၄၂တန်ကို လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မတ်လ ၂၈ရက်နေ့ကအင်အားပြင်း ငလျင်နဲ့နောက်ဆက်တွဲငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူညီတွေနဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကို ပထမဆုံး
စေလွှတ်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးက မြန်မာနိုင်ငံကိုပေးပို့ခဲ့တဲ့ အစားစာတွေထဲမှာ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ဘီစကတ်တွေ ပါဝင်ခဲ့ပြီး အိန္ဒိယရေတပ်သုံးသင်္ဘောနဲ့ သယ်ဆောင်လွဲှပြောင်းပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဘင်းစတက် ထိပ်သီးအစည်းအဝေးအတွင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး ငလျင်လှုပ်ခတ်ချိန်အတွင်းအခက်ခဲဖြစ်နေတဲ့ မြန်မာနိုင်ငံရှိ ညီအကို၊မောင်နှမ အားလုံးကို ကူညီထောက်ပံ့ပေးမှုအားလုံး လုပ်ဆာင်သွားမယ်လို့ ပြောပါတယ်။ ဒါ့အပြင် အိန္ဒိယဝန်ကြီးချုပ်က မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋီပက္ခကို စစ်ရေးနည်းလမ်းနဲ့ မဖြေရှင်းဖို့ တောင်းဆိုခဲ့တယ်လို့လည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။ဒါ့အပြင် အိန္ဒိယဝန်ကြီးချုပ်မိုဒီက အားလုံးပါဝင်ပြီး ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲကတစ်ဆင့် ဒီမိုကရေစီ လုပ်ငန်းစဉ်ကို စောစီးစွာ ပြန်လည်ထူထောင်ဖို့ အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အိႏၵိယက ျမန္မာငလ်င္ေဘးအတြက္ လူသားခ်င္းဆိုင္ရာစနာမႈအကူညီေတြကို ဒုတိယအႀကိမ္ေပးပို႔
NP News (မတ္-၆)
အိႏၵိယေရတပ္ဟာ ျမန္မာငလ်င္ေဘးအတြက္ လူသားခ်င္းဆိုင္ရာစာနာမႈအကူညီေပးမႈအျဖစ္ အစားအစာတန္ခ်ိန္ ၄၄၂တန္ကို ျမန္မာႏိုင္ငံကို လြဲွေျပာင္းေပးအပ္ခဲ့တယ္လို႔ သိရပါတယ္။
အိႏၵိယ ဝန္ႀကီးခ်ဳပ္ မိုဒီဟာ နစက ဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာပဲ အိႏၵိယေရတပ္က ျမန္မာႏိုင္ငံကိုအစားစာတန္ခ်ိန္ ၄၄၂တန္ကို လႊဲေျပာင္းေပးအပ္ခဲ့တာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ မတ္လ ၂၈ရက္ေန႔ကအင္အားျပင္း ငလ်င္နဲ႔ေနာက္ဆက္တြဲငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ အိႏၵိယႏိုင္ငံဟာ ျမန္မာႏိုင္ငံကို လူသားခ်င္းဆိုင္ရာစာနာမႈအကူညီေတြနဲ႔ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြကို ပထမဆုံး
ေစလႊတ္ခဲ့တဲ့ ႏိုင္ငံျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရွိ အိႏၵိယသံ႐ုံးက ျမန္မာႏိုင္ငံကိုေပးပို႔ခဲ့တဲ့ အစားစာေတြထဲမွာ ဆန္၊ ဆီ၊ ေခါက္ဆြဲေျခာက္၊ ဘီစကတ္ေတြ ပါဝင္ခဲ့ၿပီး အိႏၵိယေရတပ္သုံးသေဘၤာနဲ႔ သယ္ေဆာင္လြဲွေျပာင္းေပးခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။ ဘင္းစတက္ ထိပ္သီးအစည္းအေဝးအတြင္း အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီဟာ နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ငလ်င္လႈပ္ခတ္ခ်ိန္အတြင္းအခက္ခဲျဖစ္ေနတဲ့ ျမန္မာႏိုင္ငံရွိ ညီအကို၊ေမာင္ႏွမ အားလုံးကို ကူညီေထာက္ပံ့ေပးမႈအားလုံး လုပ္ဆာင္သြားမယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ အိႏၵိယဝန္ႀကီးခ်ဳပ္က ျမန္မာႏိုင္ငံမွာ ျဖစ္ပြားေနတဲ့ ပဋီပကၡကို စစ္ေရးနည္းလမ္းနဲ႔ မေျဖရွင္းဖို႔ ေတာင္းဆိုခဲ့တယ္လို႔လည္း အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးကေျပာပါတယ္။ဒါ့အျပင္ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီက အားလုံးပါဝင္ၿပီး ယုံၾကည္စိတ္ခ်ရတဲ့ ေ႐ြးေကာက္ပြဲကတစ္ဆင့္ ဒီမိုကေရစီ လုပ္ငန္းစဥ္ကို ေစာစီးစြာ ျပန္လည္ထူေထာင္ဖို႔ အေရးႀကီးေၾကာင္း အေလးေပးေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.