ငလျင်ကြောင့် စစ်ကိုင်းမင်းတည်ဆောက်ခဲ့သော ရေနန်းတော်ကြီး အစိတ်အပိုင်းအချို့ ပေါ်လာဟုဆို

 9167

စော(NP News)- ဧပြီ ၆

ငလျင်ကြောင့် ကုန်းဘောင်ခေတ် ဘကြီးတော် စစ်ကိုင်းမင်းတည်ဆောက်ခဲ့သော ရေနန်းတော်ကြီး အစိတ်အပိုင်းအချို့ ပေါ်လာခဲ့ကြောင်း ရှေးဟောင်းသုတေသီ၊ စာရေးဆရာ ဗိုလ်ရှိတ်(ရတနာပူရ)က NP Newsကိုပြောသည်။

အဆိုပါရေနန်းတော်သည် မန္တလေးတိုင်းဒေသကြီး၊ အင်းဝမြို့ အရှေ့မြောက်ထောင့်အရပ်ရှိ ဧရာဝတီမြစ်နှင့် ဒုတ္ထဝတီမြစ် ဆုံရာ တွင်ရှိကြောင်း သိရသည်။

“ရေနန်းတော်ဆိုတာက ကုန်းဘောင်ခေတ် ဘကြီးတော် စစ်ကိုင်းမင်း လက်ထက်မှာ ဒီရေနန်းတော်ကြီးက တည်ထောင်ခဲ့တာ။ အဲဒီရေနန်းတော်ကြီး တည်ဆောက်ခဲ့တာကို သူတို့ မသိကြဘူး။ ရေနန်းတော်ကတော့ ဘကြီးတော် စစ်ကိုင်းမင်းလက်ထက် လက်ရာ။ ဒါပေမဲ့ သူထက်စောတဲ့ ဆင်ဖြူရှင် မြေဒူးမင်းလက်ထက်ကတည်းက အင်းဝမှာ ရေနန်းတော်ရှိခဲ့တယ်။ ပြီးတော့ ဘကြီးတော် စစ်ကိုင်းမင်းလက်ထက် အင်းဝမြို့ကို လေးကြိမ်မြောက်တည်တဲ့ ဘကြီးတော်စစ်ကိုင်းမင်းလက်ထက်မှာ ဒီ‌ရေနန်းတော်ကို တည်ဆောက်ခဲ့တာပေါ့”ဟု စာရေးဆရာ ကိုဗိုလ်ရှိတ်(ရတနာပူရ)ကပြောသည်။

ငလျင်ကြောင့် ထွက်ပေါ်လာသော ရေနန်းတော်ကြီးကို တူးဖော်သင့်ပြီး အဆိုပါရေနန်းတော်ကြီးသည် ဧရာဝတီမြစ်နှင့်ဒုတ္ထဝတီမြစ်ဆုံရာတွင် တည်ရှိသောကြောင့် ပြည်တွင်းပြည်ပခရီးသွားများသည် အင်းဝမြို့တွင် လည်ပတ်စရာနေရာတစ်နေရာဖြစ်လာနိုင်ကြောင်း ၎င်းကဆိုသည်။

‌”ရှေးတုန်းက ‌ရှင်ဘုရင်တွေ ဧရာဝတီမြစ်ထဲမှာ တော်သလင်းလ လှေပြိုင်ပွဲကျင်းပတာ ၊ ရေသဘင်နဲ့ ပတ်သက်တဲ့ အခမ်းအနားတွေ လုပ်ရင် ရေနန်းတော်မှာပဲ ရှင်ဘုရင်က ဒီမှာ တည်းပြီးတော့ ရှုစားတာပေါ့။ နောက်တစ်ခါ ရှင်ဘုရင် ခရီးထွက်လို့ ပြန်လာတဲ့အခါကျတော့ နန်းတော်ထဲမဝင် တော့ဘူးဆိုရင် ရေနန်းတော်မှာပဲ ဝင်ပြီးနေလိုက်တာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။


ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်၌ ပြီးခဲ့သည့် မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အင်းဝတွင် ရေနန်းတော်ကြီး ပေါ်လာခြင်းဖြစ်ကြောင်းနှင့် နန်းတော်ရာ ပန္နက်အုတ်ခုံ အလျားလိုက် ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ စစ္ကိုင္းမင္းတည္ေဆာက္ခဲ့ေသာ ေရနန္းေတာ္ႀကီး အစိတ္အပိုင္းအခ်ိဳ႕ ေပၚလာဟုဆို

ေစာ(NP News)- ဧၿပီ ၆

ငလ်င္ေၾကာင့္ ကုန္းေဘာင္ေခတ္ ဘႀကီးေတာ္ စစ္ကိုင္းမင္းတည္ေဆာက္ခဲ့ေသာ ေရနန္းေတာ္ႀကီး အစိတ္အပိုင္းအခ်ိဳ႕ ေပၚလာခဲ့ေၾကာင္း ေရွးေဟာင္းသုေတသီ၊ စာေရးဆရာ ဗိုလ္ရွိတ္(ရတနာပူရ)က NP Newsကိုေျပာသည္။

အဆိုပါေရနန္းေတာ္သည္ မႏၲေလးတိုင္းေဒသႀကီး၊ အင္းဝၿမိဳ႕ အေရွ႕ေျမာက္ေထာင့္အရပ္ရွိ ဧရာဝတီျမစ္ႏွင့္ ဒုတၳဝတီျမစ္ ဆုံရာ တြင္ရွိေၾကာင္း သိရသည္။

“ေရနန္းေတာ္ဆိုတာက ကုန္းေဘာင္ေခတ္ ဘႀကီးေတာ္ စစ္ကိုင္းမင္း လက္ထက္မွာ ဒီေရနန္းေတာ္ႀကီးက တည္ေထာင္ခဲ့တာ။ အဲဒီေရနန္းေတာ္ႀကီး တည္ေဆာက္ခဲ့တာကို သူတို႔ မသိၾကဘူး။ ေရနန္းေတာ္ကေတာ့ ဘႀကီးေတာ္ စစ္ကိုင္းမင္းလက္ထက္ လက္ရာ။ ဒါေပမဲ့ သူထက္ေစာတဲ့ ဆင္ျဖဴရွင္ ေျမဒူးမင္းလက္ထက္ကတည္းက အင္းဝမွာ ေရနန္းေတာ္ရွိခဲ့တယ္။ ၿပီးေတာ့ ဘႀကီးေတာ္ စစ္ကိုင္းမင္းလက္ထက္ အင္းဝၿမိဳ႕ကို ေလးႀကိမ္ေျမာက္တည္တဲ့ ဘႀကီးေတာ္စစ္ကိုင္းမင္းလက္ထက္မွာ ဒီ‌ေရနန္းေတာ္ကို တည္ေဆာက္ခဲ့တာေပါ့”ဟု စာေရးဆရာ ကိုဗိုလ္ရွိတ္(ရတနာပူရ)ကေျပာသည္။

ငလ်င္ေၾကာင့္ ထြက္ေပၚလာေသာ ေရနန္းေတာ္ႀကီးကို တူးေဖာ္သင့္ၿပီး အဆိုပါေရနန္းေတာ္ႀကီးသည္ ဧရာဝတီျမစ္ႏွင့္ဒုတၳဝတီျမစ္ဆုံရာတြင္ တည္ရွိေသာေၾကာင့္ ျပည္တြင္းျပည္ပခရီးသြားမ်ားသည္ အင္းဝၿမိဳ႕တြင္ လည္ပတ္စရာေနရာတစ္ေနရာျဖစ္လာႏိုင္ေၾကာင္း ၎ကဆိုသည္။

‌”ေရွးတုန္းက ‌ရွင္ဘုရင္ေတြ ဧရာဝတီျမစ္ထဲမွာ ေတာ္သလင္းလ ေလွၿပိဳင္ပြဲက်င္းပတာ ၊ ေရသဘင္နဲ႔ ပတ္သက္တဲ့ အခမ္းအနားေတြ လုပ္ရင္ ေရနန္းေတာ္မွာပဲ ရွင္ဘုရင္က ဒီမွာ တည္းၿပီးေတာ့ ရႈစားတာေပါ့။ ေနာက္တစ္ခါ ရွင္ဘုရင္ ခရီးထြက္လို႔ ျပန္လာတဲ့အခါက်ေတာ့ နန္းေတာ္ထဲမဝင္ ေတာ့ဘူးဆိုရင္ ေရနန္းေတာ္မွာပဲ ဝင္ၿပီးေနလိုက္တာေပါ့”ဟု ၎ကဆက္လက္ေျပာသည္။


ယခုရက္ပိုင္းအတြင္း လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္၌ ၿပီးခဲ့သည့္ မတ္လ ၂၈ရက္က လႈပ္ခတ္ခဲ့ေသာ ငလ်င္ေၾကာင့္ အင္းဝတြင္ ေရနန္းေတာ္ႀကီး ေပၚလာျခင္းျဖစ္ေၾကာင္းႏွင့္ နန္းေတာ္ရာ ပႏၷက္အုတ္ခုံ အလ်ားလိုက္ ေပၚလာျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.