အင်အားပြင်းငလျင်ကြောင့် ပျက်စီးခဲ့ရသော စစ်ကိုင်းတံတားကို ပြည်ပနိုင်ငံတစ်ခုက ပြန်လည်ကူညီပြင်ဆင်ပေးမည်

 5269

သန့်ဇင်(NP News)-ဧပြီ ၆

အင်အားပြင်းငလျင်ကြောင့် ပျက်စီးခဲ့ရသော စစ်ကိုင်းတံတားကို ပြည်ကနိုင်ငံတစ်ခုက ပြန်လည်ကူညီပြင်ဆင်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ယနေ့(ဧပြီလ ၅ရက်)မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ် သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် ယခုအခါသည်ပြင်းထန်ငလျင်လှုပ်ခတ်ပြီး ၉ ရက်မြောက်နေ့သို့ရောက်ရှိလာပြီဖြစ်ပြီး အပျက်အစီးများကို ရှင်းလင်းနေပြီဖြစ်ကြောင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ နှင့် ရှင်းလင်းရေးလုပ်ငန်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များနှင့် နိုင်ငံတကာမှ ကူညီ ကယ်ဆယ်ရေးအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် အပျက်အစီးများအား အမြန် ဆုံးရှင်းလင်းဆောင်ရွက်သွားနိုင်ရန်လိုအပ်ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် အစား အသောက် များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် ယာယီနေထိုင်ရေးအတွက် လိုအပ်သည့်ပစ္စည်းများအပြင် ယာယီဆေးရုံများ လုံလောက်စွာ ရရှိစေ ရေးအတွက် ပြည်ပနိုင်ငံများနှင့် ဆွေနွေးဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေးများ အမြန်ဆုံးပြန်ပွင့်နိုင်ရန်လိုပြီး ထိခိုက်ပျက်စီးခဲ့သည့် ကားလမ်းများ၊ ရထားလမ်း များနှင့် တံတားများအား ပြန်လည်ပြင်ဆင်လျက်ရှိကြောင်းလည်း နစကဥက္ကဋ္ဌက ဆိုသည်။

အလားတူ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့သည့် စစ်ကိုင်း တံတားအား ပြန်လည်ပြင်ဆင်၍ ရထားပြန်လည် ပြေးဆွဲနိုင်ရေးအတွက် ပြန်လည် ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံတစ်ခုမှလည်း ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါစစ်ကိုင်းတံတားသည် အထက်မြန်မာ ပြည်သို့သွားရောက်သည့် ရထားလမ်းပိုင်းတွင် အဓိကကျသည့်အတွက် ရထား သွားလာ နိုင်ရေး ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ရတနာပုံတံတားသည်လည်း မူလီများပြုတ်ထွက်ကာ အန္တရာယ်ရှိကြောင်း သိရသည်။

ထို့ကြောင့် တံတားများမှ သွားလာနိုင်ရေး အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားရမည်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွင်းပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
အင္အားျပင္းငလ်င္ေၾကာင့္ ပ်က္စီးခဲ့ရေသာ စစ္ကိုင္းတံတားကို ျပည္ကႏိုင္ငံတစ္ခုက ျပန္လည္ကူညီျပင္ဆင္ေပးမည္

သန႔္ဇင္(NP News)-ဧၿပီ ၆

အင္အားျပင္းငလ်င္ေၾကာင့္ ပ်က္စီးခဲ့ရေသာ စစ္ကိုင္းတံတားကို ျပည္ကႏိုင္ငံတစ္ခုက ျပန္လည္ကူညီျပင္ဆင္ေပးမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

ယေန႔(ဧၿပီလ ၅ရက္)မြန္းလြဲပိုင္းက ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝး ခန္းမ၌ က်င္းပျပဳလုပ္ ေသာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ျပည္ေထာင္စုအစိုးရအဖြဲ႕အစည္းအေဝးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အစည္းအေဝးတြင္ ယခုအခါသည္ျပင္းထန္ငလ်င္လႈပ္ခတ္ၿပီး ၉ ရက္ေျမာက္ေန႔သို႔ေရာက္ရွိလာၿပီျဖစ္ၿပီး အပ်က္အစီးမ်ားကို ရွင္းလင္းေနၿပီျဖစ္ေၾကာင္းႏွင့္ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား ႏွင့္ ရွင္းလင္းေရးလုပ္ငန္းမ်ားကို ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ တပ္မေတာ္သားမ်ား၊ လူမႈဝန္ထမ္းကယ္ဆယ္ေရးအဖြဲ႕မ်ားႏွင့္ ႏိုင္ငံတကာမွ ကူညီ ကယ္ဆယ္ေရးအဖြဲ႕မ်ားျဖင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကဥကၠ႒က ဆိုသည္။

ထို႔ျပင္ အပ်က္အစီးမ်ားအား အျမန္ ဆုံးရွင္းလင္းေဆာင္႐ြက္သြားႏိုင္ရန္လိုအပ္ၿပီး ငလ်င္ဒဏ္သင့္ျပည္သူမ်ားအတြက္ အစား အေသာက္ မ်ား၊ တစ္ကိုယ္ေရသုံးပစၥည္းမ်ားႏွင့္ ယာယီေနထိုင္ေရးအတြက္ လိုအပ္သည့္ပစၥည္းမ်ားအျပင္ ယာယီေဆး႐ုံမ်ား လုံေလာက္စြာ ရရွိေစ ေရးအတြက္ ျပည္ပႏိုင္ငံမ်ားႏွင့္ ေဆြေႏြးေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။

ထို႔ေနာက္ လက္ရွိတြင္ လမ္းပန္းဆက္သြယ္ေရးမ်ား အျမန္ဆုံးျပန္ပြင့္ႏိုင္ရန္လိုၿပီး ထိခိုက္ပ်က္စီးခဲ့သည့္ ကားလမ္းမ်ား၊ ရထားလမ္း မ်ားႏွင့္ တံတားမ်ားအား ျပန္လည္ျပင္ဆင္လ်က္ရွိေၾကာင္းလည္း နစကဥကၠ႒က ဆိုသည္။

အလားတူ ၿပိဳက်ပ်က္စီးမႈျဖစ္ပြားခဲ့သည့္ စစ္ကိုင္း တံတားအား ျပန္လည္ျပင္ဆင္၍ ရထားျပန္လည္ ေျပးဆြဲႏိုင္ေရးအတြက္ ျပန္လည္ ျပင္ဆင္ရန္ ေဆာင္႐ြက္လ်က္ရွိၿပီး ျပည္ပႏိုင္ငံတစ္ခုမွလည္း ကူညီေဆာင္႐ြက္ ေပးမည္ျဖစ္ေၾကာင္းလည္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။

အဆိုပါစစ္ကိုင္းတံတားသည္ အထက္ျမန္မာ ျပည္သို႔သြားေရာက္သည့္ ရထားလမ္းပိုင္းတြင္ အဓိကက်သည့္အတြက္ ရထား သြားလာ ႏိုင္ေရး ျပင္ဆင္ေဆာင္႐ြက္သြားရမည္ျဖစ္ၿပီး ရတနာပုံတံတားသည္လည္း မူလီမ်ားျပဳတ္ထြက္ကာ အႏၲရာယ္ရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ တံတားမ်ားမွ သြားလာႏိုင္ေရး အျမန္ဆုံးျပဳျပင္ေဆာင္႐ြက္သြားရမည္ကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုက္တြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.