ငလျင်ဘေးသင့်ပြည်သူများအား ချက်ပြုတ်ထားသော အစားအသောက်များ လှူဒါန်းခြင်းမပြုဘဲပူပူနွေးနွေးချက်ပြုတ်ရန် လိုအပ်သောပစ္စည်းမျာသာ လှူဒါန်းရန်တိုက်တွန်း

 293

သန့်ဇင် (NP News) - ဧပြီ ၆

ငလျင်ဘေးသင့်ပြည်သူများအား ချက်ပြုတ်ထားသော အစားအသောက်များ လှူဒါန်းခြင်းမပြုဘဲပူပူနွေးနွေးချက်ပြုတ်ရန် လိုအပ်သောပစ္စည်းများသာ လှူဒါန်းရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း သိရသည်။

နိုင်ငံအတွင်း ပြီးခဲ့သည့် မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့သောငလျင်ဘေးအန္တရာယ်ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခေတ္တလာရောက်နေထိုင်နေသူများနှင့် ငလျင်ဘေးသင့်ရပ်ကွက်များရှိမိမိတို့၏ နေအိမ်ဝန်းကျင် မြေကွက်လပ်၊ အားကစားကွင်း၊ စာသင်ကျောင်း စသည့် နေရာများတွင် ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူရှင်များက စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် အစားအသောက်များ လာရောက်လှူဒါန်းနေမှုများအား ဝမ်းမြောက်ဝမ်းသာစွာ တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သို့သော် ပတ်ဝန်းကျင်ရာသီဥတုအခြေအနေအရ အလှူရှင်များမှ ပြင်ဆင်ချက်ပြုတ်ထားသော အစားအသောက်များအား ချက်ချင်းစားသုံးခြင်းမပြုပဲ သိမ်းဆည်းထားပါက အစာအဆိပ်သင့်ဖြစ်ပွားစေသည့်ရောဂါပိုးများ ပေါက်ပွားရှင်သန်မှုဖြစ်စေနိုင်ခြင်း၊ စားသုံးရန်မသင့်သည့်အခြေအနေများသို့ ရောက်ရှိစေနိုင်ကြောင်း သိရသည်။

အဆိုပါ အစားအသောက်များအား စားသောက်မိပါက အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း စသည့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲရောဂါများဖြစ်ပွားနိုင်ကာ ငလျင်ဘေးသင့်ပြည်သူများအတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ကြောင့် အလှူရှင်များအနေဖြင့် အစားအသောက်များ လာရောက်လှူဒါန်းရာတွင် ပြင်ဆင်ချက်ပြုတ်ထားသော အစားအသောက်များ လှူဒါန်းခြင်းမျိုးမပြုဘဲ စခန်းများတွင် နေထိုင်သူများ ပူပူနွေးနွေးချက်ပြုတ်ကျွေးမွေးနိုင်ရန် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥနှင့် ချက်ပြုတ်ရန် လတ်ဆက်သော အသား၊ ငါး စသည်တို့ကို ပေးပို့လှူဒါန်းခြင်းမှာ လုပ်ဆောင်စေလိုကြောင်းလည်း ကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

လှူဒါန်းရာတွင်လည်း မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ၊ စီမံ ခန့်ခွဲမှုအဖွဲ့များမှတစ်ဆင့်သာ ပေးပို့ လှူဒါန်းခြင်းနှင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက စခန်းများတွင် လှူဒါန်းကြသော အစားအသောက်များအား ကျန်းမာရေးနှင့်ညီညွတ်စေရန်နှင့် သန့်ရှင်း မှုရှိစေရန် ကြီးကြပ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးကြပါရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။

Zawgyi Version:
ငလ်င္ေဘးသင့္ျပည္သူမ်ားအား ခ်က္ျပဳတ္ထားေသာ အစားအေသာက္မ်ား လႉဒါန္းျခင္းမျပဳဘဲပူပူေႏြးေႏြးခ်က္ျပဳတ္ရန္ လိုအပ္ေသာပစၥည္းမ်ာသာ လႉဒါန္းရန္တိုက္တြန္း
သန႔္ဇင္ (NP News) - ဧၿပီ ၆

ငလ်င္ေဘးသင့္ျပည္သူမ်ားအား ခ်က္ျပဳတ္ထားေသာ အစားအေသာက္မ်ား လႉဒါန္းျခင္းမျပဳဘဲပူပူေႏြးေႏြးခ်က္ျပဳတ္ရန္ လိုအပ္ေသာပစၥည္းမ်ားသာ လႉဒါန္းရန္ က်န္းမာေရးဝန္ႀကီးဌာနက တိုက္တြန္းထားေၾကာင္း သိရသည္။

ႏိုင္ငံအတြင္း ၿပီးခဲ့သည့္ မတ္လ ၂၈ ရက္က ျဖစ္ပြားခဲ့ေသာငလ်င္ေဘးအႏၲရာယ္ေၾကာင့္ ယာယီကယ္ဆယ္ေရးစခန္းမ်ားတြင္ ေခတၱလာေရာက္ေနထိုင္ေနသူမ်ားႏွင့္ ငလ်င္ေဘးသင့္ရပ္ကြက္မ်ားရွိမိမိတို႔၏ ေနအိမ္ဝန္းက်င္ ေျမကြက္လပ္၊ အားကစားကြင္း၊ စာသင္ေက်ာင္း စသည့္ ေနရာမ်ားတြင္ ယာယီေနထိုင္လ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ ငလ်င္ေဘးသင့္ျပည္သူမ်ားအတြက္ အလႉရွင္မ်ားက ေစတနာသဒၶါတရား ထက္သန္စြာျဖင့္ အစားအေသာက္မ်ား လာေရာက္လႉဒါန္းေနမႈမ်ားအား ဝမ္းေျမာက္ဝမ္းသာစြာ ေတြ႕ရွိရေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

သို႔ေသာ္ ပတ္ဝန္းက်င္ရာသီဥတုအေျခအေနအရ အလႉရွင္မ်ားမွ ျပင္ဆင္ခ်က္ျပဳတ္ထားေသာ အစားအေသာက္မ်ားအား ခ်က္ခ်င္းစားသုံးျခင္းမျပဳပဲ သိမ္းဆည္းထားပါက အစာအဆိပ္သင့္ျဖစ္ပြားေစသည့္ေရာဂါပိုးမ်ား ေပါက္ပြားရွင္သန္မႈျဖစ္ေစႏိုင္ျခင္း၊ စားသုံးရန္မသင့္သည့္အေျခအေနမ်ားသို႔ ေရာက္ရွိေစႏိုင္ေၾကာင္း သိရသည္။

အဆိုပါ အစားအေသာက္မ်ားအား စားေသာက္မိပါက ေအာ့အန္ျခင္း၊ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ျခင္း စသည့္ က်န္းမာေရးဆိုင္ရာ ေနာက္ဆက္တြဲေရာဂါမ်ားျဖစ္ပြားႏိုင္ကာ ငလ်င္ေဘးသင့္ျပည္သူမ်ားအတြက္ က်န္းမာေရးကို ထိခိုက္ေစႏိုင္ေၾကာင္း ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

ထို႔ေၾကာင့္ အလႉရွင္မ်ားအေနျဖင့္ အစားအေသာက္မ်ား လာေရာက္လႉဒါန္းရာတြင္ ျပင္ဆင္ခ်က္ျပဳတ္ထားေသာ အစားအေသာက္မ်ား လႉဒါန္းျခင္းမ်ိဳးမျပဳဘဲ စခန္းမ်ားတြင္ ေနထိုင္သူမ်ား ပူပူေႏြးေႏြးခ်က္ျပဳတ္ေကြၽးေမြးႏိုင္ရန္ ဆန္၊ ဆီ၊ ဆား၊ ပဲ၊ ငါးေျခာက္၊ ၾကက္ဥ၊ ဘဲဥႏွင့္ ခ်က္ျပဳတ္ရန္ လတ္ဆက္ေသာ အသား၊ ငါး စသည္တို႔ကို ေပးပို႔လႉဒါန္းျခင္းမွာ လုပ္ေဆာင္ေစလိုေၾကာင္းလည္း က်န္းမာေရး ဝန္ႀကီးဌာနက တိုက္တြန္းထားသည္။

လႉဒါန္းရာတြင္လည္း ၿမိဳ႕နယ္အလိုက္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံးရွိ ႀကီးၾကပ္ေရးအဖြဲ၊ စီမံ ခန႔္ခြဲမႈအဖြဲ႕မ်ားမွတစ္ဆင့္သာ ေပးပို႔ လႉဒါန္းျခင္းႏွင့္ ယာယီကယ္ဆယ္ေရးစခန္းမ်ားတြင္ တာဝန္ယူေဆာင္႐ြက္ေနၾကေသာ စီမံခန႔္ခြဲမႈအဖြဲ႕ႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားက စခန္းမ်ားတြင္ လႉဒါန္းၾကေသာ အစားအေသာက္မ်ားအား က်န္းမာေရးႏွင့္ညီၫြတ္ေစရန္ႏွင့္ သန႔္ရွင္း မႈရွိေစရန္ ႀကီးၾကပ္စစ္ေဆးျခင္းတို႔ကို ေဆာင္႐ြက္ေပးၾကပါရန္လည္း တိုက္တြန္းထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.