အိန္ဒိယက မြန်မာငလျင်ဘေးအတွက် လူသားချင်းဆိုင်ရာစနာမှုအကူအညီတွေကို ဒုတိယအကြိမ်ပေးပို့

 165

ဂျန်ဇက် (NP News) - ဧပြီ ၇

အိန္ဒိယရေတပ်ဟာ မြန်မာငလျင်ဘေးအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမှုအဖြစ် အစားအစာ တန်ချိန် ၄၄၂ တန်ကို မြန်မာနိုင်ငံကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တစ်ရက် အကြာမှာပဲ အိန္ဒိယရေတပ်က မြန်မာနိုင်ငံကိုအစားစာတန်ချိန် ၄၄၂ တန်ကို လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က အင်အားပြင်းငလျင်နဲ့နောက်ဆက်တွဲငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ ဟာ မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေနဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကို ပထမဆုံး စေလွှတ်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးက မြန်မာနိုင်ငံကိုပေးပို့ခဲ့တဲ့အစားစာတွေထဲမှာ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ဘီစကတ်တွေ ပါဝင်ခဲ့ပြီး အိန္ဒိယရေတပ်သုံးသင်္ဘောနဲ့ သယ်ဆောင်လွှဲပြောင်းပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘင်းစတက် ထိပ်သီးအစည်းအဝေးအတွင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး ငလျင်လှုပ်ခတ်ချိန်အတွင်းအခက်အခဲဖြစ်နေတဲ့ မြန်မာနိုင်ငံရှိ ညီအကို၊မောင်နှမအားလုံးကို ကူညီထောက်ပံ့ပေးမှုအားလုံး လုပ်ဆာင်သွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် အိန္ဒိယဝန်ကြီးချုပ်က မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကို စစ်ရေးနည်းလမ်းနဲ့ မဖြေရှင်းဖို့ တောင်းဆိုခဲ့တယ်လို့လည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။ ဒါ့အပြင် အိန္ဒိယဝန်ကြီးချုပ်မိုဒီက အားလုံး ပါဝင်ပြီး ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲကတစ်ဆင့် ဒီမိုကရေစီလုပ်ငန်းစဉ်ကို စောစီးစွာ ပြန်လည်ထူထောင်ဖို့ အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အိႏၵိယက ျမန္မာငလ်င္ေဘးအတြက္ လူသားခ်င္းဆိုင္ရာစနာမႈအကူအညီေတြကို ဒုတိယအႀကိမ္ေပးပို႔
ဂ်န္ဇက္ (NP News) - ဧၿပီ ၇

အိႏၵိယေရတပ္ဟာ ျမန္မာငလ်င္ေဘးအတြက္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးမႈအျဖစ္ အစားအစာ တန္ခ်ိန္ ၄၄၂ တန္ကို ျမန္မာႏိုင္ငံကို လႊဲေျပာင္းေပးအပ္ခဲ့တယ္လို႔ သိရပါတယ္။
အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီဟာ နစကဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ တစ္ရက္ အၾကာမွာပဲ အိႏၵိယေရတပ္က ျမန္မာႏိုင္ငံကိုအစားစာတန္ခ်ိန္ ၄၄၂ တန္ကို လႊဲေျပာင္းေပးအပ္ခဲ့တာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ မတ္လ ၂၈ ရက္က အင္အားျပင္းငလ်င္နဲ႔ေနာက္ဆက္တြဲငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ အိႏၵိယႏိုင္ငံ ဟာ ျမန္မာႏိုင္ငံကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေတြနဲ႔ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြကို ပထမဆုံး ေစလႊတ္ခဲ့တဲ့ႏိုင္ငံျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရွိ အိႏၵိယသံ႐ုံးက ျမန္မာႏိုင္ငံကိုေပးပို႔ခဲ့တဲ့အစားစာေတြထဲမွာ ဆန္၊ ဆီ၊ ေခါက္ဆြဲေျခာက္၊ ဘီစကတ္ေတြ ပါဝင္ခဲ့ၿပီး အိႏၵိယေရတပ္သုံးသေဘၤာနဲ႔ သယ္ေဆာင္လႊဲေျပာင္းေပးခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဘင္းစတက္ ထိပ္သီးအစည္းအေဝးအတြင္း အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီဟာ နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ငလ်င္လႈပ္ခတ္ခ်ိန္အတြင္းအခက္အခဲျဖစ္ေနတဲ့ ျမန္မာႏိုင္ငံရွိ ညီအကို၊ေမာင္ႏွမအားလုံးကို ကူညီေထာက္ပံ့ေပးမႈအားလုံး လုပ္ဆာင္သြားမယ္လို႔ ေျပာပါတယ္။
ဒါ့အျပင္ အိႏၵိယဝန္ႀကီးခ်ဳပ္က ျမန္မာႏိုင္ငံမွာ ျဖစ္ပြားေနတဲ့ ပဋိပကၡကို စစ္ေရးနည္းလမ္းနဲ႔ မေျဖရွင္းဖို႔ ေတာင္းဆိုခဲ့တယ္လို႔လည္း အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးကေျပာပါတယ္။ ဒါ့အျပင္ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီက အားလုံး ပါဝင္ၿပီး ယုံၾကည္စိတ္ခ်ရတဲ့ ေ႐ြးေကာက္ပြဲကတစ္ဆင့္ ဒီမိုကေရစီလုပ္ငန္းစဥ္ကို ေစာစီးစြာ ျပန္လည္ထူေထာင္ဖို႔ အေရးႀကီးေၾကာင္း အေလးေပးေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.