မြန်မာငလျင်ဘေးအတွက် ပါကစ္စတန်နိုင်ငံက လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေထပ်မံပေးပို့

 107

ဂျန်ဇက် (NP News) - ဧပြီ ၇

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် သီတင်းပတ်တစ်ပတ်အကြာမှာပဲ ပါကစ္စတန်အာဏာပိုင် တွေဟာ မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူညီတွေကို ဧပြီ ၅ ရက်က ထပ်မံပေးပို့ ကူညီခဲ့တယ်လို့ သိရပါတယ်။ ပါကစ္စတန်အစိုးရဟာ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အလေးချိန် ၃၅ တန်ရှိ အစားစာ တွေနဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူညီတွေကို ပထမအကြိမ်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၅ ရက်က ပေးပို့တဲ့သင်္ဘောနဲ့ ပေးပို့ကူညီမှုက ဒုတိယအကြိမ်ဖြစ်ပြီး အဲဒီသင်္ဘောပေါ်မှာ ရွက်ဖျင်တဲတွေ၊ တာပေါ်လင်တွေ၊ စောင်တွေ၊ ရေမော်ဂျူးတွေ၊ ဆေးဝါးတွေနဲ့ စားသောက်ဖို့ အဆင်သင့်ထုပ်ပိုးတာတွေ ပါဝင် တယ်လို့ ပါကစ္စတန်အစိုးရကပြောပါတယ်။ပါကစ္စတန်အစိုးရ နဲ့ ပါကစ္စတန်အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအာဏာပိုင်တို့က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ မှာခိုင်မာတဲ့ကတိကဝတ်များကို ထပ်မံအတည်ပြုပြီး လိုအပ်နေချိန်မှာ မြန်မာနိုင်ငံရှိ ပြည်သူတွေနဲ့ စည်းလုံး ညီညွတ်စွာ ရပ်တည်သွားမယ်လို့ ပါကစ္စတန်အစိုးရက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ရုရှား၊ တရုတ် အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေဟာ မြန်မာငလျင်ဘေးအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေနဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကို စေလွှတ် ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ျမန္မာငလ်င္ေဘးအတြက္ ပါကစၥတန္ႏိုင္ငံက လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေတြထပ္မံေပးပို႔
ဂ်န္ဇက္ (NP News) - ဧၿပီ ၇

ျမန္မာႏိုင္ငံမွာ အင္အားျပင္းငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ သီတင္းပတ္တစ္ပတ္အၾကာမွာပဲ ပါကစၥတန္အာဏာပိုင္ ေတြဟာ ျမန္မာႏိုင္ငံကို လူသားခ်င္းဆိုင္ရာစာနာမႈအကူညီေတြကို ဧၿပီ ၅ ရက္က ထပ္မံေပးပို႔ ကူညီခဲ့တယ္လို႔ သိရပါတယ္။ ပါကစၥတန္အစိုးရဟာ ငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ အေလးခ်ိန္ ၃၅ တန္ရွိ အစားစာ ေတြနဲ႔ လူသားခ်င္းဆိုင္ရာစာနာမႈအကူညီေတြကို ပထမအႀကိမ္ေပးပို႔ခဲ့တယ္လို႔ သိရပါတယ္။
ဧၿပီ ၅ ရက္က ေပးပို႔တဲ့သေဘၤာနဲ႔ ေပးပို႔ကူညီမႈက ဒုတိယအႀကိမ္ျဖစ္ၿပီး အဲဒီသေဘၤာေပၚမွာ ႐ြက္ဖ်င္တဲေတြ၊ တာေပၚလင္ေတြ၊ ေစာင္ေတြ၊ ေရေမာ္ဂ်ဴးေတြ၊ ေဆးဝါးေတြနဲ႔ စားေသာက္ဖို႔ အဆင္သင့္ထုပ္ပိုးတာေတြ ပါဝင္ တယ္လို႔ ပါကစၥတန္အစိုးရကေျပာပါတယ္။ပါကစၥတန္အစိုးရ နဲ႔ ပါကစၥတန္အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲေရးအာဏာပိုင္တို႔က လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာ မွာခိုင္မာတဲ့ကတိကဝတ္မ်ားကို ထပ္မံအတည္ျပဳၿပီး လိုအပ္ေနခ်ိန္မွာ ျမန္မာႏိုင္ငံရွိ ျပည္သူေတြနဲ႔ စည္းလုံး ညီၫြတ္စြာ ရပ္တည္သြားမယ္လို႔ ပါကစၥတန္အစိုးရက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ အင္အားျပင္းငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ ႐ုရွား၊ တ႐ုတ္ အပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းေတြဟာ ျမန္မာငလ်င္ေဘးအတြက္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေတြနဲ႔ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြကို ေစလႊတ္ ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.