အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာ ဝက်သက်ရောဂါနဲ့ဆက်နွယ်တဲ့ ဒုတိယမြောက် သေဆုံးမှုရှိလာ

 71

ရောင်နီ (NP News) - ဧပြီ ၇

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် အနောက်ပိုင်းမှာ ဝက်သက်ရောဂါကြောင့် အခြားကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး ဒါဟာ နိုင်ငံမှာ ဆယ်စုနှစ်တစ်ခုအတွင်း ဒုတိယမြောက် သေဆုံးမှုလည်းဖြစ်လာပါတယ်။

The New York Times မှ ရရှိတဲ့ မှတ်တမ်းတွေအရ အသက် ၈ နှစ်အရွယ် မိန်းကလေးဟာ ကြာသပတေးနေ့ (ဧပြီ ၃ ရက်) နံနက်အစောပိုင်းက “ဝက်သက်ကြောင့် အဆုတ်ချို့ယွင်းမှု” နဲ့ တက္ကဆက်ပြည်နယ်၊ လက်ဘက်ရှိ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ အဆိုပါ ကလေးငယ်ဟာ ဝက်သက်ကာကွယ်ဆေး မထိုးထားသူဖြစ်တယ်လို့ သိရပါတယ်။ဒါပေမယ့် ဘယ်လိုကူးစက်ပြီး သေဆုံးရသလဲဆိုတာတော့ “စစ်ဆေးနေဆဲဖြစ်တယ်" လို့ ထရန့် အုပ်ချုပ်ရေး အရာရှိတစ်ဦးက ဆိုပါတယ်။
ဇန်နဝါရီ နှောင်းပိုင်းမှ စ အနောက် တက္ကဆက်မှာ ဝက်သက်ဖြစ်ပွားမှု ၄၈၀ မှုနဲ့ ဆေးရုံတင်ထားရသူ ၅၆ ဦးတို့ထိ ရှိခဲ့ပါတယ်။ ရောဂါဖြစ်ပွားမှုဟာ နယ်နိမိတ်ချင်းထိစပ်နေတဲ့ပြည်နယ်တွေကိုလည်း ကူးစက်ခဲ့ပြီး နယူးမက္ကဆီကို မှာ လူ ၅၄ ဦးနဲ့ အိုကလာဟိုမာမှာ လူ ၁၀ ဦးကူးစက်ဖျားနာခဲ့ပါတယ်။ ဗိုင်းရပ်စ်ဟာ အရှိန်အဟုန်နဲ့ ဆက်လက် ပြန့်ပွားနေမယ်ဆိုရင် ၂၀၀၀ ပြည်နက်က အသည်းအသန်တိုက်ပွဲဝင်ခဲ့ရတဲ့ နိုင်ငံရဲ့ဝက်သက်ရောဂါကင်းစင်ရေး အခြေအနေကို ဆုံးရှုံးနိုင်ဖွယ်ရှိနေပါတယ်။
အနောက်တက္ကဆက် ပြည်သူ့ကျန်းမာရေးအရာရှိတွေကတော့ ရောဂါဖြစ်ပွားမှုဟာ နောက်တစ်နှစ်အထိ ဆက်လက်ရှိနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။ ဝက်သက်ဟာ ကူးစက်တတ်တဲ့ရောဂါပိုးတွေထဲက တစ်ခုဖြစ်ပြီး ရောဂါပိုးရှိသူ ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်းကြောင့် ကူးစက်ပျံ့နှံ့နိုင်ပါတယ်။ ကူးစက်ပြီး သီတင်း တစ်ပတ် (သို့) နှစ်ပတ်အတွင်း အဖျားကြီးခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းနဲ့ မျက်လုံးနီရဲခြင်းတို့ဖြစ်နိုင်ပြီး ရက်အနည်း ငယ်အတွင်း မျက်နှာပေါ်မှာ အနီကွက်တွေ ပြန့်လာနိုင်ပါတယ်။ ဝက်သက်ပေါက်တဲ့ ကလေး ၁,၀၀၀ မှာ တစ်ဦး (သို့) နှစ်ဦး သေဆုံးနိုင်ချေ ရှိတယ်လို့ သိရပါတယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံ၊ တကၠဆက္ျပည္နယ္မွာ ဝက္သက္ေရာဂါနဲ႔ဆက္ႏြယ္တဲ့ ဒုတိယေျမာက္ ေသဆုံးမႈရွိလာ
ေရာင္နီ (NP News) - ဧၿပီ ၇

အေမရိကန္ႏိုင္ငံ၊ တကၠဆက္ျပည္နယ္ အေနာက္ပိုင္းမွာ ဝက္သက္ေရာဂါေၾကာင့္ အျခားကေလးငယ္တစ္ဦး အသက္ဆုံးရႈံးခဲ့ၿပီး ဒါဟာ ႏိုင္ငံမွာ ဆယ္စုႏွစ္တစ္ခုအတြင္း ဒုတိယေျမာက္ ေသဆုံးမႈလည္းျဖစ္လာပါတယ္။

The New York Times မွ ရရွိတဲ့ မွတ္တမ္းေတြအရ အသက္ ၈ ႏွစ္အ႐ြယ္ မိန္းကေလးဟာ ၾကာသပေတးေန႔ (ဧၿပီ ၃ ရက္) နံနက္အေစာပိုင္းက “ဝက္သက္ေၾကာင့္ အဆုတ္ခ်ိဳ႕ယြင္းမႈ” နဲ႔ တကၠဆက္ျပည္နယ္၊ လက္ဘက္ရွိ ေဆး႐ုံမွာ ေသဆုံးသြားခဲ့ပါတယ္။ အဆိုပါ ကေလးငယ္ဟာ ဝက္သက္ကာကြယ္ေဆး မထိုးထားသူျဖစ္တယ္လို႔ သိရပါတယ္။ဒါေပမယ့္ ဘယ္လိုကူးစက္ၿပီး ေသဆုံးရသလဲဆိုတာေတာ့ “စစ္ေဆးေနဆဲျဖစ္တယ္" လို႔ ထရန႔္ အုပ္ခ်ဳပ္ေရး အရာရွိတစ္ဦးက ဆိုပါတယ္။
ဇန္နဝါရီ ေႏွာင္းပိုင္းမွ စ အေနာက္ တကၠဆက္မွာ ဝက္သက္ျဖစ္ပြားမႈ ၄၈၀ မႈနဲ႔ ေဆး႐ုံတင္ထားရသူ ၅၆ ဦးတို႔ထိ ရွိခဲ့ပါတယ္။ ေရာဂါျဖစ္ပြားမႈဟာ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ျပည္နယ္ေတြကိုလည္း ကူးစက္ခဲ့ၿပီး နယူးမကၠဆီကို မွာ လူ ၅၄ ဦးနဲ႔ အိုကလာဟိုမာမွာ လူ ၁၀ ဦးကူးစက္ဖ်ားနာခဲ့ပါတယ္။ ဗိုင္းရပ္စ္ဟာ အရွိန္အဟုန္နဲ႔ ဆက္လက္ ျပန႔္ပြားေနမယ္ဆိုရင္ ၂၀၀၀ ျပည္နက္က အသည္းအသန္တိုက္ပြဲဝင္ခဲ့ရတဲ့ ႏိုင္ငံရဲ႕ဝက္သက္ေရာဂါကင္းစင္ေရး အေျခအေနကို ဆုံးရႈံးႏိုင္ဖြယ္ရွိေနပါတယ္။
အေနာက္တကၠဆက္ ျပည္သူ႔က်န္းမာေရးအရာရွိေတြကေတာ့ ေရာဂါျဖစ္ပြားမႈဟာ ေနာက္တစ္ႏွစ္အထိ ဆက္လက္ရွိေနဦးမယ္လို႔ ခန႔္မွန္းထားပါတယ္။ ဝက္သက္ဟာ ကူးစက္တတ္တဲ့ေရာဂါပိုးေတြထဲက တစ္ခုျဖစ္ၿပီး ေရာဂါပိုးရွိသူ ေခ်ာင္းဆိုးျခင္း သို႔မဟုတ္ ႏွာေခ်ျခင္းေၾကာင့္ ကူးစက္ပ်ံ႕ႏွံ႔ႏိုင္ပါတယ္။ ကူးစက္ၿပီး သီတင္း တစ္ပတ္ (သို႔) ႏွစ္ပတ္အတြင္း အဖ်ားႀကီးျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ႏွာရည္ယိုျခင္းနဲ႔ မ်က္လုံးနီရဲျခင္းတို႔ျဖစ္ႏိုင္ၿပီး ရက္အနည္း ငယ္အတြင္း မ်က္ႏွာေပၚမွာ အနီကြက္ေတြ ျပန႔္လာႏိုင္ပါတယ္။ ဝက္သက္ေပါက္တဲ့ ကေလး ၁,၀၀၀ မွာ တစ္ဦး (သို႔) ႏွစ္ဦး ေသဆုံးႏိုင္ေခ် ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.