အမေရိကန်အလယ်ပိုင်းမှာ လေဆင်နှာမောင်းတိုက်ခတ်မှုနဲ့ နေရာအနှံ့ ရေလွှမ်းမိုးမှုများဖြစ်ပွား၊ ၁၆ ဦးထက်မနည်း သေဆုံး

96

ရောင်နီ (NP News) - ဧပြီ ၇
အမေရိကန်တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်းမှာ စနေနေ့(ဧပြီ ၅ ရက်) က လေဆင်နှာမောင်းတိုက်ခတ်မှုနဲ့ အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် နေရာအနှံ့ရေလွှမ်းမိုးမှုဖြစ်ခဲ့ပါတယ်။
တက္ကဆက်မှ အိုဟိုင်းယိုးပြည်နယ်အထိ ပြင်းထန် မုန်တိုင်းတိုက်ခတ်မှုကြောင့် ဗုဒ္ဓဟူးနေ့ကတည်းက လူ ၁၆ ဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။ တန်နန်ဆက်ပြည်နယ်တစ်ခုတည်းမှာပဲ မုန်တိုင်းနဲ့ဆက်နွယ်သေဆုံးသူ ၁၀ ဦး ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။ လျှပ်တစ်ပြက် ရေလွှမ်းမိုးမှုသတိပေးချက်ဟာ စနေနေ့(ဧပြီလ ၅ ရက်) နံနက်ပိုင်းက ပြည်နယ် အနောက်ပိုင်း၊ ခရိုင်အများအပြားမှာဖြစ်ပွားခဲ့ကာ ပြည်နယ်အနောက်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံမှုသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
လူဝီစီရားနား၊ အာကန်ဆက်၊ တန်နန်ဆက်၊ ကန်တက်ကီနဲ့ မစ္စစပီမှာ မုန်တိုင်းသတိပေးချက်တွေဟာ တနင်္ဂနွေနေ့ (ဧပြီ ၆ ရက်) နံနက်ပိုင်းအထိ active ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေကတော့ ဖလော်ရီဒါ ပန်ဟန်းဒဲလ်၊ အလာဘားမားနဲ့ ဂျော်ဂျီယာတို့မှာ မုန်တိုင်းခြိမ်းခြောက်မှု တွေ ဆက်လက်ရှိနေမှာဖြစ်ပြီး အာကန်းဆက်၊ တန်နန်ဆက်နဲ့ ကန်တက်ကီမှာတော့ ရေလွှမ်းမိုးမှုအန္တရာယ် လျော့နည်းသွားမယ်လို့ သိရပါတယ်။

Zawgyi Version:
အေမရိကန္အလယ္ပိုင္းမွာ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈနဲ႔ ေနရာအႏွံ႔ ေရလႊမ္းမိုးမႈမ်ားျဖစ္ပြား၊ ၁၆ ဦးထက္ မနည္း ေသဆုံး
ေရာင္နီ (NP News) - ဧၿပီ ၇
အေမရိကန္ေတာင္ပိုင္းနဲ႔ အေနာက္အလယ္ပိုင္းမွာ စေနေန႔(ဧၿပီ ၅ ရက္) က ေလဆင္ႏွာေမာင္းတိုက္ခတ္မႈနဲ႔ အဆက္မျပတ္မိုး႐ြာသြန္းမႈေၾကာင့္ ေနရာအႏွံ႔ေရလႊမ္းမိုးမႈျဖစ္ခဲ့ပါတယ္။
တကၠဆက္မွ အိုဟိုင္းယိုးျပည္နယ္အထိ ျပင္းထန္ မုန္တိုင္းတိုက္ခတ္မႈေၾကာင့္ ဗုဒၶဟူးေန႔ကတည္းက လူ ၁၆ ဦး ထက္မနည္း ေသဆုံးခဲ့ပါတယ္။ တန္နန္ဆက္ျပည္နယ္တစ္ခုတည္းမွာပဲ မုန္တိုင္းနဲ႔ဆက္ႏြယ္ေသဆုံးသူ ၁၀ ဦး ထက္မနည္း ရွိခဲ့တယ္လို႔ သိရပါတယ္။ လွ်ပ္တစ္ျပက္ ေရလႊမ္းမိုးမႈသတိေပးခ်က္ဟာ စေနေန႔(ဧၿပီလ ၅ ရက္) နံနက္ပိုင္းက ျပည္နယ္ အေနာက္ပိုင္း၊ ခ႐ိုင္အမ်ားအျပားမွာျဖစ္ပြားခဲ့ကာ ျပည္နယ္အေနာက္ပိုင္းေဒသေတြမွာ ေရႀကီးေရလွ်ံမႈသတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္။
လူဝီစီရားနား၊ အာကန္ဆက္၊ တန္နန္ဆက္၊ ကန္တက္ကီနဲ႔ မစၥစပီမွာ မုန္တိုင္းသတိေပးခ်က္ေတြဟာ တနဂၤေႏြေန႔ (ဧၿပီ ၆ ရက္) နံနက္ပိုင္းအထိ active ျဖစ္ေနခဲ့တာ ျဖစ္ပါတယ္။
လက္ရွိအေျခအေနကေတာ့ ဖေလာ္ရီဒါ ပန္ဟန္းဒဲလ္၊ အလာဘားမားနဲ႔ ေဂ်ာ္ဂ်ီယာတို႔မွာ မုန္တိုင္းၿခိမ္းေျခာက္မႈ ေတြ ဆက္လက္ရွိေနမွာျဖစ္ၿပီး အာကန္းဆက္၊ တန္နန္ဆက္နဲ႔ ကန္တက္ကီမွာေတာ့ ေရလႊမ္းမိုးမႈအႏၲရာယ္ ေလ်ာ့နည္းသြားမယ္လို႔ သိရပါတယ္။