ယူကရိန်းအပေါ် ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြင့်လာနေတယ်လို့ ယူကရိန်းသမ္မတပြော

353

Pika
ယူကရိန်းအပေါ် ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြင့်လာနေပြီး ရုရှားအပေါ် နိုင်ငံတကာဖိအားပေးမှုတွေက လုံလုံလောက်လောက်မရှိတာကိုပြသနေတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ယူကရိန်းနိုင်ငံတစ်ဝှမ်းမှာ ရုရှားရဲ့ ဒုံးကျည်တွေ၊ဒရုန်းတွေနဲ့တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံးလူ(၂)ဦးသေဆုံးခဲ့ပြီး အခြားလူ(၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ဇီလန်စကီးက”ယူကရိန်းအပေါ် ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေက တိုးမြင့်လာနေပါတယ်။အဲ့ဒါက ရုရှားအပေါ် နိုင်ငံတကာရဲ့ဖိအားပေးမှုတွေက လုံလုံလောက်လောက်မရှိတာကို ပြသနေတာပါ။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ရုရှားဟာ စစ်ပွဲကိုဆက်လက်ဖြစ်ပွားလိုနေပြီး သတ်ဖြတ်မှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ ရည်မှန်းထားတာဖြစ်တယ်လို့ ဇီလန်စကီးကပြောကြားခဲ့ပါတယ်။အဲ့ဒါကြောင့်မလို့ ရုရှားအပေါ် ဖိအားပေးမှုတွေကို ဖြေလျှော့ပေးလို့မရဘူးလို့လည်း ဇီလန်စကီးက ပြောဆိုခဲ့ပါတယ်။ဇီလန်စကီးက”ကြိုးပမ်းအားထုတ်မှုအားလုံးဟာ လုံခြုံရေးကိုအာမခံပြီး ငြိမ်းချမ်းရေးကို ပိုမိုနီးကပ်စွာယူဆောင်လာနိုင်ဖို့ ရည်ရွယ်ထားရပါမယ်။”လို့ပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရုရှားဟာ ပဲ့ထိန်းဗုံးအလုံးရေ(၁၄၆၀)ကျော်၊ဒရုန်း(၆၇၀)နီးပါး၊ဒုံးကျည်အစင်းရေ(၃၀)ကျော်နဲ့ ယူကရိန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဇီလန်စကီးကပြောကြားခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းအေပၚ ႐ုရွားရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေတြ တိုးျမင့္လာေနတယ္လို႔ ယူကရိန္းသမၼတေျပာ
Pika
ယူကရိန္းအေပၚ ႐ုရွားရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေတြ တိုးျမင့္လာေနၿပီး ႐ုရွားအေပၚ ႏိုင္ငံတကာဖိအားေပးမႈေတြက လုံလုံေလာက္ေလာက္မရွိတာကိုျပသေနတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ယူကရိန္းႏိုင္ငံတစ္ဝွမ္းမွာ ႐ုရွားရဲ႕ ဒုံးက်ည္ေတြ၊ဒ႐ုန္းေတြနဲ႔တိုက္ခိုက္မႈေတြေၾကာင့္ အနည္းဆုံးလူ(၂)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၄)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။ဇီလန္စကီးက”ယူကရိန္းအေပၚ ႐ုရွားရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေတြက တိုးျမင့္လာေနပါတယ္။အဲ့ဒါက ႐ုရွားအေပၚ ႏိုင္ငံတကာရဲ႕ဖိအားေပးမႈေတြက လုံလုံေလာက္ေလာက္မရွိတာကို ျပသေနတာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ႐ုရွားဟာ စစ္ပြဲကိုဆက္လက္ျဖစ္ပြားလိုေနၿပီး သတ္ျဖတ္မႈေတြကို ဆက္လက္လုပ္ေဆာင္ဖို႔ ရည္မွန္းထားတာျဖစ္တယ္လို႔ ဇီလန္စကီးကေျပာၾကားခဲ့ပါတယ္။အဲ့ဒါေၾကာင့္မလို႔ ႐ုရွားအေပၚ ဖိအားေပးမႈေတြကို ေျဖေလွ်ာ့ေပးလို႔မရဘူးလို႔လည္း ဇီလန္စကီးက ေျပာဆိုခဲ့ပါတယ္။ဇီလန္စကီးက”ႀကိဳးပမ္းအားထုတ္မႈအားလုံးဟာ လုံၿခဳံေရးကိုအာမခံၿပီး ၿငိမ္းခ်မ္းေရးကို ပိုမိုနီးကပ္စြာယူေဆာင္လာႏိုင္ဖို႔ ရည္႐ြယ္ထားရပါမယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ႐ုရွားဟာ ပဲ့ထိန္းဗုံးအလုံးေရ(၁၄၆၀)ေက်ာ္၊ဒ႐ုန္း(၆၇၀)နီးပါး၊ဒုံးက်ည္အစင္းေရ(၃၀)ေက်ာ္နဲ႔ ယူကရိန္းကို ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ ဇီလန္စကီးကေျပာၾကားခဲ့ပါတယ္။