ငလျင်ဘေးအတွက် တရုတ်နိုင်ငံမှပေးပို့သော ဆေးပစ္စည်း (၃,၂၈၈)ကီလို ရန်ကုန်လေဆိပ်သို့ရောက်ရှိ

377
ချယ်ရီ(NP News)- ဧပြီ ၇
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ငလျင်ဘေးအတွက် တရုတ်နိုင်ငံမှပေးပို့သော ဆေးပစ္စည်း (၃,၂၈၈)ကီလိုဂရမ် ရန်ကုန်လေဆိပ်သို့ ရောက်ရှိပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပစ္စည်းများတင်ဆောင်လာသည့် အဆိုပါလေယာဉ်သည် ယမန်နေ့(ဧပြီ ၆ ရက်)၊ နံနက် (၁၀) နာရီအချိန်ခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါလေယာဉ်တွင် (၃,၂၈၈)ကီလိုဂရမ်အလေးချိန်ရှိ ဆေးပစ္စည်းများနှင့် အသက်ရှူကိရိယာများ ပါရှိပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဉီးသန်းစိုးက လက်ခံ ရယူခဲ့ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
ထို့နောက် ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာမော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ငလျင် ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆက်လက်ပို့ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ငလ်င္ေဘးအတြက္ တ႐ုတ္ႏိုင္ငံမွေပးပို႔ေသာ ေဆးပစၥည္း (၃,၂၈၈)ကီလို ရန္ကုန္ေလဆိပ္သို႔ေရာက္ရွိ
ခ်ယ္ရီ(NP News)- ဧၿပီ ၇
ျမန္မာႏိုင္ငံတြင္ျဖစ္ပြားခဲ့သည့္ ငလ်င္ေဘးအတြက္ တ႐ုတ္ႏိုင္ငံမွေပးပို႔ေသာ ေဆးပစၥည္း (၃,၂၈၈)ကီလိုဂရမ္ ရန္ကုန္ေလဆိပ္သို႔ ေရာက္ရွိၿပီျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
တ႐ုတ္ႏိုင္ငံမွ လူသားခ်င္းစာနာေထာက္ထားမႈ ဆိုင္ရာ အကူအညီပစၥည္းမ်ားတင္ေဆာင္လာသည့္ အဆိုပါေလယာဥ္သည္ ယမန္ေန႔(ဧၿပီ ၆ ရက္)၊ နံနက္ (၁၀) နာရီအခ်ိန္ခန႔္က ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ေရာက္ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အထက္ပါေလယာဥ္တြင္ (၃,၂၈၈)ကီလိုဂရမ္အေလးခ်ိန္ရွိ ေဆးပစၥည္းမ်ားႏွင့္ အသက္ရႉကိရိယာမ်ား ပါရွိၿပီး ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ေရာက္ရွိခ်ိန္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဉီးသန္းစိုးက လက္ခံ ရယူခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အတြင္း ေဖာ္ျပထားသည္။
ထို႔ေနာက္ ေရာက္ရွိလာသည့္ ကယ္ဆယ္ေရးပစၥည္းမ်ားကို သက္ဆိုင္ရာေမာ္ေတာ္ယာဥ္မ်ားေပၚသို႔ တင္ေဆာင္ၿပီး ငလ်င္ ေဘးသင့္ေဒသမ်ားသို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ႀကီးၾကပ္မႈျဖင့္ ဆက္လက္ပို႔ခဲ့ေၾကာင္း သိရသည္။