(၂၀၂၄-၂၀၂၅)ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်များ သုံးသပ်ချက်

 575

ရဲထက် ရေးသားသည်
(၂၀၂၄-၂၀၂၅) ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံးအချိန်ကို ရောက်ရှိလာခဲ့ပြီလို့ ပြောလို့ရပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ပထမအကျော့ ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိ လာခဲ့ပြီဖြစ်တာကြောင့် အသင်း (၈)သင်းသာကျန်ရှိနေပြီး ပရီးမီးယားလိဂ်က အသင်း (၂)သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ အက်စတွန်ဗီလာအ သင်းတို့ဖြစ်ပြီး လာလီဂါမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ဖြစ်သလို ဘွန်ဒက်လီဂါမှာတော့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ပါဝင်နေပြီး ပြင်သစ်လီဂူးက PSG နဲ့ အီတလီစီးရီအေက အင်တာမီလန် အသင်းတို့ဟာ ချန်ပီယံလိဂ်ကွာတားဖိုင် နယ်အဆင့်မှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြဖို့ ရှိနေပါတယ်။ လက်ရှိမှာ ချန်ပီယံဖြစ်ဖို့ရေပန်းစား နေတဲ့အသင်းတွေကတော့ လက်ရှိချန်ပီယံအသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီ လိုနာအသင်းတို့က ထိပ်ဆုံးမှာရပ်တည်နေပြီး PSG အသင်းကတော့ ဒီရာသီမှာပြထားတဲ့ခြေစွမ်းတွေကြောင့် ချန်ပီယံ လိဂ်ကိုရရှိဖို့ ရေပန်းစားမှုမှာ တတိယနေရာကရပ် တည်နေတာကို တွေ့ရပါတယ်။ ဒီတစ်ပတ်မှာလည်း NP News ကနေ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေရဲ့ခြေစွမ်းနဲ့ ဖြစ်နိုင်ခြေသုံးသပ်ချက်တွေကို တင်ပြသွားမှာဖြစ်ပါ တယ်။
အာဆင်နယ် Vs ရီးရဲလ်မက်ဒရစ်

နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ရီးရဲလ်မက်ဒရစ် ၂ - ၂ အာဆင်နယ် (၂၄-၇-၂၀၁၉)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် ၁ - ဝ ရီးရဲလ်မက်ဒရစ်
အာဆင်နယ် ၂ - ၂ ရီးရဲလ်မက်ဒရစ်

ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုက ချန်ပီယံလိဂ်မှာ တွေ့ဆုံမှုမရှိသလောက်ကို နည်းပါးခဲ့တာကိုတွေ့ရပြီး (၂၀၁၉) ခုနှစ် Champions Cup မှာတော့ တစ်ကြိမ်တွေ့ဆုံထားပြီး တစ်ဖက်(၂)ဂိုးစီ သရေကျထားတာကြောင့် (၆)နှစ် အတွင်း ပထမဆုံးပြန်လည်တွေ့ဆုံမှုလို့လည်းဆိုနိုင်ပါတယ်။ ရီးရဲလ် မက်ဒရစ်အသင်းကတော့ ချန်ပီယံလိဂ်ဆုဖလားကို (၁၅)ကြိမ်မြောက်ရရှိထားတဲ့အသင်းဖြစ်သလို ပြိုင်ပွဲရဲ့ဆုဖလားအများဆုံးနဲ့ အအောင်မြင်ဆုံးအသင်းလို့ လည်းဆိုနိုင်ပါ တယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံ လိဂ်ဆုဖလားကိုရရှိထားတဲ့ ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ လည်းဖြစ်နေပါတယ်။ အချက်အလက်တွေကိုမေ့ထားပြီး ရီးရဲလ်အသင်းရဲ့ ဒီရာသီချန်ပီယံလိဂ်စွမ်းဆောင် ရည်ကို ပြန်လည်သုံးသပ်ကြည့်ရင် ရာသီအစပိုင်း အုပ်စုပွဲစဉ်တွေမှာ ခြေစွမ်းပိုင်းကောင်းမွန်မှုမရှိခဲ့ဘဲ အုပ်စုကနေမထွက်ရဖို့တောင် ရုန်းကန်ခဲ့ရတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ‌နောက်ပိုင်းပွဲစဉ်တွေမှာတော့ မန်စီးတီးအသင်းကို အိမ်ကွင်းမှာရော အဝေးကွင်းမှာပါ အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့ပြီး အက်သလက်တီကို အသင်းကိုတော့ အိမ်ကွင်းမှာ နိုင်ပွဲရခဲ့ပေမယ့် အဝေးကွင်းမှာတော့ မြို့ခံပြိုင် ဘက်တွေရဲ့အစဉ်အလာအတိုင်း ပင်နယ်တီအထိ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီးမှ ကွာတားဖိုင်နယ်အဆင့်ကို ခက် ခက်ခဲခဲရောက် ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ချန်ပီယံလိဂ်ကံဇာတာက လက်ရှိ အချိန် အထိ ရှင်သန်နေဆဲဖြစ်သလို ချန်ပီယံဆုကိုလည်း ကာကွယ်ဖို့အခွင့်အရေးရှိနေသလို (၁၆)ကြိမ်မြောက်ချန် ပီယံလိဂ် ဖလားကိုပါရရှိဖို့လည်း ရေပန်းစားနေပါတယ်။ ဒါပေမဲ့ စိတ်ပူစရာအချက်က အာဆင်နယ်အသင်းရဲ့အိမ်ကွင်းမှာ သွား ရောက်ကစားရမယ့် ပထမအကျော့ပွဲစဉ်မှာ အမ်ဘတ်ပီပါဝင်လာနိုင်ဖို့ မသေချာတာကြောင့် အာဆင်နယ် အသင်း အတွက် သက်သာရာရရှိသွားနိုင်တဲ့အနေအထားမျိုးလည်းရှိနေပါတယ်။ အာဆင်နယ်အသင်းကတော့ ဒီရာသီမှာ ဆု ဖလား မျှော်လင့်ချက်က ချန်ပီယံလိဂ်တစ်ခုတည်းသာရှိ တော့တာကြောင့် ရီးရဲလ်မက်ဒရစ်ကို အကောင်းဆုံး ယှဉ်ပြိုင် သွားဖို့ရှိနေသလို လက်ရှိခြေစွမ်းပိုင်းအရလည်း အာဆင်နယ်အသင်းက ရီးရဲလ်ကိုယှဉ်ကန်ဖို့ လုံလောက်တဲ့ စွမ်းဆောင် ရည်မျိုးရှိနေတဲ့အပြင် အိမ်ကွင်းမှာကစားရမှာဖြစ်တာကြောင့် နိုင်ပွဲရဖို့ အခွင့်အရေးက ပိုကောင်းနေတာလည်း ဖြစ်ပါ တယ်။ အာဆင်နယ်အသင်းရဲ့ ဒီရာသီချန်ပီယံလိဂ်စွမ်းဆောင် ရည်ကလည်း အင်တာမီလန်အသင်းကိုသာ ရှုံးနိမ့် ထားပြီး ကျန်တဲ့ပွဲစဉ်တွေမှာ နိုင်ပွဲရရှိထားတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းထက် စွမ်းဆောင်ရည်ပို ကောင်းနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီပွဲစဉ် ကိုခန့်မှန်းရရင် အာဆင်နယ်အသင်းက အိမ်ကွင်းမှာ တစ်ခုခုလုပ်ပြနိုင်ဖို့ရှိနေပြီး အပြန် အလှန်သွင်းဂိုးတွေနဲ့ သရေကျသွားနိုင်သလို အာဆင်နယ်အသင်းက ပထမအကျော့မှာ တစ်ဂိုးလောက်အသာနဲ့ အနိုင်ရရှိ သွားနိုင်ပြီး ရီးရဲလ်မက်ဒရစ်အိမ်ကွင်းမှာ အဆုံးအဖြတ်ပွဲကြီးပွဲကောင်းတစ်ပွဲကို စောင့်ကြည့်သွားရဖို့ရှိ နေပါတယ်။

ဘိုင်ယန်မြူးနစ် Vs အင်တာမီလန်

နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဘိုင်ယန် ၂ - ဝ အင်တာမီလန် (၂-၁၁-၂၀၂၁)
အင်တာမီလန် ဝ - ၂ ဘိုင်ယန် (၈-၉-၂၀၂၂)
ဘိုင်ယန် ဝ - ၂ အင်တာမီလန် (၂၇-၇-၂၀၁၇)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဘိုင်ယန် ၂ - ဝ အင်တာမီလန်
ဘိုင်ယန် ၃ - ၁ အင်တာမီလန်

ဘိုင်ယန်မြူးနစ်အသင်းက ဒီရာသီမှာ ဘွန်ဒက်လီဂါမှာရော ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ခြေစွမ်း ကောင်းတွေကိုပိုင် ဆိုင်ထားပြီး နည်းပြ ကွန်ပနီလက် ထက်မှာ ကောင်းမွန်တဲ့ရလဒ်တွေကို ပြန်လည်ရယူ နိုင်ဖို့ အလားအလာကောင်းနေတဲ့ အသင်းဖြစ်ပါတယ်။ လက်ရှိရာသီ ချန်ပီယံလိဂ်လမ်းကြောင်းကို ပြန်ကြည့်ရင်လည်း PSG အသင်းကို နိုင်ပွဲရခဲ့သလို အခြားသောအသင်းတွေကိုလည်း နိုင်ပွဲနဲ့ သွင်းဂိုးအရေအတွက်များခဲ့ပြီး ရှုံးပွဲ(၁)ပွဲသာရှိခဲ့တာကြောင့် စွမ်းဆောင်ရည် ပိုင်းအရ ကောင်းမွန်မှုရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာကျ ဆင်းသွားခဲ့တဲ့ အသင်းရဲ့ အောင်မြင်မှုနဲ့ဆုဖလားတွေကို ဒီရာသီမှာ ပြန်လည်ရယူနိုင်ဖို့ နည်းပြကွန်ပနီနဲ့ အသင်းရဲ့ကစားသမားတွေက စွမ်းဆောင် ပေးနိုင်မလားဆိုတာကို စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ အင်တာမီလန်အသင်းကတော့ ဒီရာသီချန်ပီယံလိဂ်မှာ အီတလီစီးရီးအေရဲ့ တစ်သင်းတည်းသာကျန်ရှိတဲ့ အသင်းဖြစ်ပြီး ခြေစွမ်းပိုင်းမှာ အရမ်းကြီးကောင်းမ နေပေမယ့် ရှုံးထွက် ပွဲစဉ်တွေမှာ အတွေ့အကြုံရှိတဲ့ အသင်းဖြစ်တာကြောင့် ဒီအဆင့်အထိတက်ရောက်လာနိုင်ခဲ့တာလို့ဆို နိုင်ပါတယ်။ ဒါ့ပြင် ပြည်တွင်းလိဂ် ဖြစ်တဲ့ စီးရီးအေမှာလည်း အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာရပ်တည်နေပြီး နာပိုလီအသင်းနဲ့အပြိုင် ချန်ပီယံဆုကို စိန်ခေါ်နေတဲ့အသင်းဖြစ်ပါတယ်။ ဘိုင်ယန် မြူးနစ်အသင်းနဲ့ နောက်ဆုံးထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်(၅)ပွဲမှာတော့ အင်တာမီလန်အ သင်းက (၄)ပွဲအထိရှုံးနိမ့်ထားပြီး တစ်ပွဲသာ အနိုင်ရရှိ ခဲ့တာကို တွေ့ရပါတယ်။ ဒါ့ပြင် သွင်းဂိုးတွေအနေနဲ့လည်း အပြန်အလှန်သွင်းဂိုးတွေကိုမတွေ့ရဘဲ ဂိုးပြတ်တွေနဲ့ရှုံးနိမ့် ထားတာ ကြောင့် ပထမအကျော့ပွဲ စဉ်မှာ အင်တာမီလန်အသင်းအနေနဲ့ ဘိုင်ယန်အိမ် ကွင်းမှာ နိုင်ပွဲရရှိဖို့ခက်ခဲနိုင်ပြီး ဘိုင်ယန် မြူးနစ်အသင်းက (၂)ဂိုးလောက်အကွာနဲ့ နိုင်ပွဲရယူသွားဖို့ရှိနေပြီး အင်တာမီလန်အသင်းအနေနဲ့ သူတို့ အသင်းရဲ့ အိမ် ကွင်းမှာ အကြိတ်အနယ်ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။

ဘာစီလိုနာ Vs ဒေါ့မွန်

နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဒေါ့မွန် ၂ - ၃ ဘာစီလိုနာ (၁၂-၁၂-၂၀၂၄)
ဘာစီလိုနာ ၃ - ၁ ဒေါ့မွန် (၂၈-၁၁-၂၀၁၉)
ဒေါ့မွန် ဝ - ဝ ဘာစီလိုနာ (၁၈-၉-၂၀၁၉)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဘာစီလိုနာ ၂ - ၁ ဒေါ့မွန်
ဘာစီလိုနာ ၂ - ဝ ဒေါ့မွန်

ဘာစီလိုနာက ဒီရာသီမှာ အကောင်းဆုံးအမြင့်ပျံနေတဲ့အသင်းဖြစ်တဲ့အပြင် အသင်းတိုင်းကို အနိုင်ယူနိုင်တဲ့ ခြေစွမ်းမျိုးတွေကို ပြည်တွင်းလိဂ်မှာရော ဥရောပြိုင်ပွဲတွေမှာပါ ပြသထားနိုင်တာကိုတွေ့ရပြီး လူငယ်အစုအဖွဲ့နဲ့ အကောင်းဆုံးလုပ်ပြနေတဲ့ နည်းပြ ဟန်နက်ဆီလက်ထက်မှာ အကောင်းဆုံးရာ သီတစ်ခုကို ဖြတ်သန်းနေ တယ်လို့ ပြောလို့ရပါတယ်။ ဒါ့ပြင် ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်နဲ့အ ပြိုင် ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေသလို လာလီဂါက လပ်အသင်းထဲကပဲ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲသွား လိမ့်မယ်လို့ ထင်ကြေးပေးမှုတွေလည်းရှိနေပါတယ်။ လာလီဂါမှာ လည်း ရီးရဲလ်မက်ဒရစ်ကို အကောင်းဆုံး ဖိအားပေးထားပြီး ဥရောပချန်ပီယံလိဂ်မှာ ဒီနှစ်မှာ ခြေစွမ်းခြေစရှိနေတဲ့ ဘာစီလိုနာအသင်းအတွက် ဒေါ့ မွန်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှုက အဟန့်အတားတစ်ခုဖြစ်သွားမလားဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဒါ့ပြင် ဘာစီလိုနာအသင်းမှာ လာမိုင်းယာ မဲရဲ့ခြေစွမ်းတိုးတက်လာမှုအပြင် ဂါဗီနဲ့ ပတ်ထရီတို့အပြင် တခြား လူငယ်အကယ်ဒမီထွက်ကစားသမားတွေရဲ့ခြေစွမ်းပိုင်းက အတော်လေးအားကောင်းလာ တာကိုတွေ့ရပြီး ရီးရဲလ်မက်ဒရစ်အသင်းကို ဂိုးပြတ်နိုင်ပွဲ ရထားမှုကလည်း တစ်ခုခုလုပ်နိုင်မယ်ဆိုတာ သေချာ သလောက်ရှိနေပါတယ်။ ဒေါ့မွန်အသင်းကတော့ ဒီရာသီချန်ပီယံလိဂ်မှာ ခြေစွမ်းကောင်းနေသလို ပြီးခဲ့ တဲ့ရာသီမှာ လည်း ဖိုင်နယ်အထိတက်ရောက်ထားနိုင် တဲ့အသင်းဖြစ်တာကြောင့်လည်း ဘာစီလိုနာအသင်း အနေနဲ့ ရင်ဆိုင်ရခက်ခဲ နိုင်ပါတယ်။ ထိပ်တိုက်တွေ့ ဆုံမှုအရပြန်ကြည့်ရင်လည်း ဘာစီလိုနာအသင်းက ဒေါ့မွန်အသင်းနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်(၃)ပွဲမှာ (၃)ပွဲနိုင်ထားပြီး တစ်ပွဲ သရေကျထား တာကြောင့် ရလဒ်ပိုင်းအရ ကောင်းမွန်မှုရှိနေတဲ့အ ပြင် လက်ရှိရာသီ ခြေစွမ်းပိုင်းတွေအရ ဘာစီလိုနာအ သင်းက ပိုကောင်းတဲ့စွမ်းဆောင်ရည်တစ်ခုရှိနေတာ ကြောင့် ဒီပွဲစဉ်က ဘာစီလိုနာအသင်းအနေနဲ့အိမ်ကွင်း နူးကမ့်မှာ နိုင်ပွဲတစ်ခုကို ပုံဖော်သွားနိုင်ဖို့ရှိနေပါတယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့ (၁)ဂိုးအကွာလောက်နဲ့ သာ ဘာစီလိုနာက နိုင်ပါမယ်။

ဘာစီလိုနာ Vs ဒေါ့မွန်

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်

PSG ၂ - ၂ အက်စတွန်ဗီလာ
PSG ၃ - ၂ အက်စတွန်ဗီလာ

ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုက တကယ်ကို စောင့်ကြည့်ချင်စရာကောင်းပြီး အပြန်အလှန်သွင်းဂိုး တွေကို လည်း မြိုင်မြိုင်ဆိုင်ဆိုင်မြင်တွေ့ ရဖို့ရှိနေပါတယ်။ ဒါ့ပြင် နှစ်သင်းစလုံးက တိုက်စစ်ဖွင့် ကစားတတ်တဲ့အသင်း တွေဖြစ် တာကြောင့် ပြိုင်ဆိုင်မှုက မြန်ဆန်မှာဖြစ်ပြီး ပရိသတ်အားပေးမှုကြမ်းတဲ့ PSG အသင်းရဲ့အိမ်ကွင်းမှာ အက်စတွန် ဗီလာအသင်းအတွက် နိုင်ပွဲရပါ့မလားဆိုတဲ့ မေးခွန်းထုတ်မှု တွေလည်းရှိ‌‌နေပါတယ်။ လက်ရှိခြေစွမ်းပိုင်းအရ ကြည့်ရင် PSG ပြင်သစ်လီဂူးမှာလည်း ရမှတ် (၂၀)ကျော်ဖြတ်ပြီး လီဂူးဖလားရရှိဖို့ သေချာသလောက် ရှိနေတဲ့အနေအထားမျိုး ဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း လီဗာပူးလ်အသင်းကို အနိုင်ယူကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက် ထားနိုင်တာကြောင့် ချန်ပီယံလိဂ်ဆုဖလားကို ခြိမ်းခြောက်လာနိုင် တဲ့အသင်းအဖြစ်ရှိနေတာလည်းဖြစ်ပါတယ်။ အက်စ တွန်ဗီလာအသင်းကတော့ ပရီးမီးယားလိဂ်မှာ ပုံမှန်ခြေစွမ်းလောက်သာရှိပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ခြေစွမ်း ခြေစရှိတဲ့ ဖျက်မြင်းအသင်းလို့ဆိုနိုင်ပြီး ဥရောပပြိုင်ပွဲတွေမှာ အတွေ့အကြုံကောင်းတွေရှိတဲ့ အူနှိုင်းအမ်မရီ ကိုင်တွယ် နေတာကြောင့် PSG အသင်းအနေနဲ့ လျှော့တွက်ခဲ့မယ်ဆိုရင် ပေးဆပ်မှု ကြီး မားသွားနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်က PSG အသင်းအနေနဲ့ အိမ်ကွင်းမှာ နိုင်ပွဲရဖို့ရှိနေပေမယ့် အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေလည်းကျသွားနိုင် သလို နိုင်ပွဲအနေနဲ့ကတော့ PSG အသင်းကသာ (၁)ဂိုးလောက် အကွာနဲ့ ကပ်နိုင်ပါမယ်။





၉ - ၄ -၂၀၂၅ (ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း)
နံနက်(၁း၃၀) အာဆင်နယ် Vs ရီးရဲလ်မက်ဒရစ်
နံနက်(၁း၃၀) ဘိုင်ယန်မြူးနစ် Vs အင်တာမီလန်

၁၀ - ၄ -၂၀၂၅ (ကြာသပတေးနေ့ နံနက်ပိုင်း)
နံနက် (၁း၃၀) ဘာစီလိုနာ Vs ဒေါ့မွန်
နံနက်(၁း၃၀) PSG Vs အက်စတွန်ဗီလာ

Zawgyi Version:
(၂၀၂၄-၂၀၂၅)ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္မ်ား သုံးသပ္ခ်က္

(၂၀၂၄-၂၀၂၅) ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေတာ့ ရင္ခုန္စိတ္လႈပ္ရွားစရာအေကာင္းဆုံးအခ်ိန္ကို ေရာက္ရွိလာခဲ့ၿပီလို႔ ေျပာလို႔ရပါတယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲဟာ ပထမအေက်ာ့ ကြာတားဖိုင္နယ္ အဆင့္ကို ေရာက္ရွိ လာခဲ့ၿပီျဖစ္တာေၾကာင့္ အသင္း (၈)သင္းသာက်န္ရွိေနၿပီး ပရီးမီးယားလိဂ္က အသင္း (၂)သင္းျဖစ္တဲ့ အာဆင္နယ္နဲ႔ အက္စတြန္ဗီလာအ သင္းတို႔ျဖစ္ၿပီး လာလီဂါမွာေတာ့ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔ျဖစ္သလို ဘြန္ဒက္လီဂါမွာေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ေဒါ့မြန္အသင္းတို႔ပါဝင္ေနၿပီး ျပင္သစ္လီဂူးက PSG နဲ႔ အီတလီစီးရီေအက အင္တာမီလန္ အသင္းတို႔ဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္ နယ္အဆင့္မွာ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ကစားၾကဖို႔ ရွိေနပါတယ္။ လက္ရွိမွာ ခ်န္ပီယံျဖစ္ဖို႔ေရပန္းစား ေနတဲ့အသင္းေတြကေတာ့ လက္ရွိခ်န္ပီယံအသင္းျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ဘာစီ လိုနာအသင္းတို႔က ထိပ္ဆုံးမွာရပ္တည္ေနၿပီး PSG အသင္းကေတာ့ ဒီရာသီမွာျပထားတဲ့ေျခစြမ္းေတြေၾကာင့္ ခ်န္ပီယံ လိဂ္ကိုရရွိဖို႔ ေရပန္းစားမႈမွာ တတိယေနရာကရပ္ တည္ေနတာကို ေတြ႕ရပါတယ္။ ဒီတစ္ပတ္မွာလည္း NP News ကေန ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္ေတြရဲ႕ေျခစြမ္းနဲ႔ ျဖစ္ႏိုင္ေျခသုံးသပ္ခ်က္ေတြကို တင္ျပသြားမွာျဖစ္ပါ တယ္။
အာဆင္နယ္ Vs ရီးရဲလ္မက္ဒရစ္

ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ရီးရဲလ္မက္ဒရစ္ ၂ - ၂ အာဆင္နယ္ (၂၄-၇-၂၀၁၉)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အာဆင္နယ္ ၁ - ဝ ရီးရဲလ္မက္ဒရစ္
အာဆင္နယ္ ၂ - ၂ ရီးရဲလ္မက္ဒရစ္

ဒီႏွစ္သင္းရဲ႕ထိပ္တိုက္ေတြ႕ဆုံမႈက ခ်န္ပီယံလိဂ္မွာ ေတြ႕ဆုံမႈမရွိသေလာက္ကို နည္းပါးခဲ့တာကိုေတြ႕ရၿပီး (၂၀၁၉) ခုႏွစ္ Champions Cup မွာေတာ့ တစ္ႀကိမ္ေတြ႕ဆုံထားၿပီး တစ္ဖက္(၂)ဂိုးစီ သေရက်ထားတာေၾကာင့္ (၆)ႏွစ္ အတြင္း ပထမဆုံးျပန္လည္ေတြ႕ဆုံမႈလို႔လည္းဆိုႏိုင္ပါတယ္။ ရီးရဲလ္ မက္ဒရစ္အသင္းကေတာ့ ခ်န္ပီယံလိဂ္ဆုဖလားကို (၁၅)ႀကိမ္ေျမာက္ရရွိထားတဲ့အသင္းျဖစ္သလို ၿပိဳင္ပြဲရဲ႕ဆုဖလားအမ်ားဆုံးနဲ႔ အေအာင္ျမင္ဆုံးအသင္းလို႔ လည္းဆိုႏိုင္ပါ တယ္။ ဒါ့ျပင္ ၿပီးခဲ့တဲ့ရာသီမွာ ခ်န္ပီယံ လိဂ္ဆုဖလားကိုရရွိထားတဲ့ ၿပိဳင္ပြဲရဲ႕ လက္ရွိခ်န္ပီယံ လည္းျဖစ္ေနပါတယ္။ အခ်က္အလက္ေတြကိုေမ့ထားၿပီး ရီးရဲလ္အသင္းရဲ႕ ဒီရာသီခ်န္ပီယံလိဂ္စြမ္းေဆာင္ ရည္ကို ျပန္လည္သုံးသပ္ၾကည့္ရင္ ရာသီအစပိုင္း အုပ္စုပြဲစဥ္ေတြမွာ ေျခစြမ္းပိုင္းေကာင္းမြန္မႈမရွိခဲ့ဘဲ အုပ္စုကေနမထြက္ရဖို႔ေတာင္ ႐ုန္းကန္ခဲ့ရတာကို ေတြ႕ရပါတယ္။ ဒါေပမဲ့ ‌ေနာက္ပိုင္းပြဲစဥ္ေတြမွာေတာ့ မန္စီးတီးအသင္းကို အိမ္ကြင္းမွာေရာ အေဝးကြင္းမွာပါ အႏိုင္ယူ ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး အက္သလက္တီကို အသင္းကိုေတာ့ အိမ္ကြင္းမွာ ႏိုင္ပြဲရခဲ့ေပမယ့္ အေဝးကြင္းမွာေတာ့ ၿမိဳ႕ခံၿပိဳင္ ဘက္ေတြရဲ႕အစဥ္အလာအတိုင္း ပင္နယ္တီအထိ အႀကိတ္အနယ္ယွဥ္ၿပိဳင္ကစားခဲ့ၿပီးမွ ကြာတားဖိုင္နယ္အဆင့္ကို ခက္ ခက္ခဲခဲေရာက္ ရွိလာခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ခ်န္ပီယံလိဂ္ကံဇာတာက လက္ရွိ အခ်ိန္ အထိ ရွင္သန္ေနဆဲျဖစ္သလို ခ်န္ပီယံဆုကိုလည္း ကာကြယ္ဖို႔အခြင့္အေရးရွိေနသလို (၁၆)ႀကိမ္ေျမာက္ခ်န္ ပီယံလိဂ္ ဖလားကိုပါရရွိဖို႔လည္း ေရပန္းစားေနပါတယ္။ ဒါေပမဲ့ စိတ္ပူစရာအခ်က္က အာဆင္နယ္အသင္းရဲ႕အိမ္ကြင္းမွာ သြား ေရာက္ကစားရမယ့္ ပထမအေက်ာ့ပြဲစဥ္မွာ အမ္ဘတ္ပီပါဝင္လာႏိုင္ဖို႔ မေသခ်ာတာေၾကာင့္ အာဆင္နယ္ အသင္း အတြက္ သက္သာရာရရွိသြားႏိုင္တဲ့အေနအထားမ်ိဳးလည္းရွိေနပါတယ္။ အာဆင္နယ္အသင္းကေတာ့ ဒီရာသီမွာ ဆု ဖလား ေမွ်ာ္လင့္ခ်က္က ခ်န္ပီယံလိဂ္တစ္ခုတည္းသာရွိ ေတာ့တာေၾကာင့္ ရီးရဲလ္မက္ဒရစ္ကို အေကာင္းဆုံး ယွဥ္ၿပိဳင္ သြားဖို႔ရွိေနသလို လက္ရွိေျခစြမ္းပိုင္းအရလည္း အာဆင္နယ္အသင္းက ရီးရဲလ္ကိုယွဥ္ကန္ဖို႔ လုံေလာက္တဲ့ စြမ္းေဆာင္ ရည္မ်ိဳးရွိေနတဲ့အျပင္ အိမ္ကြင္းမွာကစားရမွာျဖစ္တာေၾကာင့္ ႏိုင္ပြဲရဖို႔ အခြင့္အေရးက ပိုေကာင္းေနတာလည္း ျဖစ္ပါ တယ္။ အာဆင္နယ္အသင္းရဲ႕ ဒီရာသီခ်န္ပီယံလိဂ္စြမ္းေဆာင္ ရည္ကလည္း အင္တာမီလန္အသင္းကိုသာ ရႈံးနိမ့္ ထားၿပီး က်န္တဲ့ပြဲစဥ္ေတြမွာ ႏိုင္ပြဲရရွိထားတာေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းထက္ စြမ္းေဆာင္ရည္ပို ေကာင္းေနတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္ ကိုခန႔္မွန္းရရင္ အာဆင္နယ္အသင္းက အိမ္ကြင္းမွာ တစ္ခုခုလုပ္ျပႏိုင္ဖို႔ရွိေနၿပီး အျပန္ အလွန္သြင္းဂိုးေတြနဲ႔ သေရက်သြားႏိုင္သလို အာဆင္နယ္အသင္းက ပထမအေက်ာ့မွာ တစ္ဂိုးေလာက္အသာနဲ႔ အႏိုင္ရရွိ သြားႏိုင္ၿပီး ရီးရဲလ္မက္ဒရစ္အိမ္ကြင္းမွာ အဆုံးအျဖတ္ပြဲႀကီးပြဲေကာင္းတစ္ပြဲကို ေစာင့္ၾကည့္သြားရဖို႔ရွိ ေနပါတယ္။

ဘိုင္ယန္ျမဴးနစ္ Vs အင္တာမီလန္

ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဘိုင္ယန္ ၂ - ဝ အင္တာမီလန္ (၂-၁၁-၂၀၂၁)
အင္တာမီလန္ ဝ - ၂ ဘိုင္ယန္ (၈-၉-၂၀၂၂)
ဘိုင္ယန္ ဝ - ၂ အင္တာမီလန္ (၂၇-၇-၂၀၁၇)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဘိုင္ယန္ ၂ - ဝ အင္တာမီလန္
ဘိုင္ယန္ ၃ - ၁ အင္တာမီလန္

ဘိုင္ယန္ျမဴးနစ္အသင္းက ဒီရာသီမွာ ဘြန္ဒက္လီဂါမွာေရာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာပါ ေျခစြမ္း ေကာင္းေတြကိုပိုင္ ဆိုင္ထားၿပီး နည္းျပ ကြန္ပနီလက္ ထက္မွာ ေကာင္းမြန္တဲ့ရလဒ္ေတြကို ျပန္လည္ရယူ ႏိုင္ဖို႔ အလားအလာေကာင္းေနတဲ့ အသင္းျဖစ္ပါတယ္။ လက္ရွိရာသီ ခ်န္ပီယံလိဂ္လမ္းေၾကာင္းကို ျပန္ၾကည့္ရင္လည္း PSG အသင္းကို ႏိုင္ပြဲရခဲ့သလို အျခားေသာအသင္းေတြကိုလည္း ႏိုင္ပြဲနဲ႔ သြင္းဂိုးအေရအတြက္မ်ားခဲ့ၿပီး ရႈံးပြဲ(၁)ပြဲသာရွိခဲ့တာေၾကာင့္ စြမ္းေဆာင္ရည္ ပိုင္းအရ ေကာင္းမြန္မႈရွိခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။ ဒါ့ျပင္ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္အတြင္းမွာက် ဆင္းသြားခဲ့တဲ့ အသင္းရဲ႕ ေအာင္ျမင္မႈနဲ႔ဆုဖလားေတြကို ဒီရာသီမွာ ျပန္လည္ရယူႏိုင္ဖို႔ နည္းျပကြန္ပနီနဲ႔ အသင္းရဲ႕ကစားသမားေတြက စြမ္းေဆာင္ ေပးႏိုင္မလားဆိုတာကို ေစာင့္ၾကည့္သြားရဖို႔ရွိေနပါတယ္။ အင္တာမီလန္အသင္းကေတာ့ ဒီရာသီခ်န္ပီယံလိဂ္မွာ အီတလီစီးရီးေအရဲ႕ တစ္သင္းတည္းသာက်န္ရွိတဲ့ အသင္းျဖစ္ၿပီး ေျခစြမ္းပိုင္းမွာ အရမ္းႀကီးေကာင္းမ ေနေပမယ့္ ရႈံးထြက္ ပြဲစဥ္ေတြမွာ အေတြ႕အႀကဳံရွိတဲ့ အသင္းျဖစ္တာေၾကာင့္ ဒီအဆင့္အထိတက္ေရာက္လာႏိုင္ခဲ့တာလို႔ဆို ႏိုင္ပါတယ္။ ဒါ့ျပင္ ျပည္တြင္းလိဂ္ ျဖစ္တဲ့ စီးရီးေအမွာလည္း အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးမွာရပ္တည္ေနၿပီး နာပိုလီအသင္းနဲ႔အၿပိဳင္ ခ်န္ပီယံဆုကို စိန္ေခၚေနတဲ့အသင္းျဖစ္ပါတယ္။ ဘိုင္ယန္ ျမဴးနစ္အသင္းနဲ႔ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္(၅)ပြဲမွာေတာ့ အင္တာမီလန္အ သင္းက (၄)ပြဲအထိရႈံးနိမ့္ထားၿပီး တစ္ပြဲသာ အႏိုင္ရရွိ ခဲ့တာကို ေတြ႕ရပါတယ္။ ဒါ့ျပင္ သြင္းဂိုးေတြအေနနဲ႔လည္း အျပန္အလွန္သြင္းဂိုးေတြကိုမေတြ႕ရဘဲ ဂိုးျပတ္ေတြနဲ႔ရႈံးနိမ့္ ထားတာ ေၾကာင့္ ပထမအေက်ာ့ပြဲ စဥ္မွာ အင္တာမီလန္အသင္းအေနနဲ႔ ဘိုင္ယန္အိမ္ ကြင္းမွာ ႏိုင္ပြဲရရွိဖို႔ခက္ခဲႏိုင္ၿပီး ဘိုင္ယန္ ျမဴးနစ္အသင္းက (၂)ဂိုးေလာက္အကြာနဲ႔ ႏိုင္ပြဲရယူသြားဖို႔ရွိေနၿပီး အင္တာမီလန္အသင္းအေနနဲ႔ သူတို႔ အသင္းရဲ႕ အိမ္ ကြင္းမွာ အႀကိတ္အနယ္ယွဥ္ၿပိဳင္ရဖို႔ရွိေနပါတယ္။

ဘာစီလိုနာ Vs ေဒါ့မြန္

ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ေဒါ့မြန္ ၂ - ၃ ဘာစီလိုနာ (၁၂-၁၂-၂၀၂၄)
ဘာစီလိုနာ ၃ - ၁ ေဒါ့မြန္ (၂၈-၁၁-၂၀၁၉)
ေဒါ့မြန္ ဝ - ဝ ဘာစီလိုနာ (၁၈-၉-၂၀၁၉)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဘာစီလိုနာ ၂ - ၁ ေဒါ့မြန္
ဘာစီလိုနာ ၂ - ဝ ေဒါ့မြန္

ဘာစီလိုနာက ဒီရာသီမွာ အေကာင္းဆုံးအျမင့္ပ်ံေနတဲ့အသင္းျဖစ္တဲ့အျပင္ အသင္းတိုင္းကို အႏိုင္ယူႏိုင္တဲ့ ေျခစြမ္းမ်ိဳးေတြကို ျပည္တြင္းလိဂ္မွာေရာ ဥေရာၿပိဳင္ပြဲေတြမွာပါ ျပသထားႏိုင္တာကိုေတြ႕ရၿပီး လူငယ္အစုအဖြဲ႕နဲ႔ အေကာင္းဆုံးလုပ္ျပေနတဲ့ နည္းျပ ဟန္နက္ဆီလက္ထက္မွာ အေကာင္းဆုံးရာ သီတစ္ခုကို ျဖတ္သန္းေန တယ္လို႔ ေျပာလို႔ရပါတယ္။ ဒါ့ျပင္ ဘာစီလိုနာအသင္းက ရီးရဲလ္မက္ဒရစ္နဲ႔အ ၿပိဳင္ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားေနသလို လာလီဂါက လပ္အသင္းထဲကပဲ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲသြား လိမ့္မယ္လို႔ ထင္ေၾကးေပးမႈေတြလည္းရွိေနပါတယ္။ လာလီဂါမွာ လည္း ရီးရဲလ္မက္ဒရစ္ကို အေကာင္းဆုံး ဖိအားေပးထားၿပီး ဥေရာပခ်န္ပီယံလိဂ္မွာ ဒီႏွစ္မွာ ေျခစြမ္းေျခစရွိေနတဲ့ ဘာစီလိုနာအသင္းအတြက္ ေဒါ့ မြန္အသင္းနဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈက အဟန႔္အတားတစ္ခုျဖစ္သြားမလားဆိုတာကလည္း စိတ္ဝင္စားစရာ ျဖစ္ပါတယ္။ ဒါ့ျပင္ ဘာစီလိုနာအသင္းမွာ လာမိုင္းယာ မဲရဲ႕ေျခစြမ္းတိုးတက္လာမႈအျပင္ ဂါဗီနဲ႔ ပတ္ထရီတို႔အျပင္ တျခား လူငယ္အကယ္ဒမီထြက္ကစားသမားေတြရဲ႕ေျခစြမ္းပိုင္းက အေတာ္ေလးအားေကာင္းလာ တာကိုေတြ႕ရၿပီး ရီးရဲလ္မက္ဒရစ္အသင္းကို ဂိုးျပတ္ႏိုင္ပြဲ ရထားမႈကလည္း တစ္ခုခုလုပ္ႏိုင္မယ္ဆိုတာ ေသခ်ာ သေလာက္ရွိေနပါတယ္။ ေဒါ့မြန္အသင္းကေတာ့ ဒီရာသီခ်န္ပီယံလိဂ္မွာ ေျခစြမ္းေကာင္းေနသလို ၿပီးခဲ့ တဲ့ရာသီမွာ လည္း ဖိုင္နယ္အထိတက္ေရာက္ထားႏိုင္ တဲ့အသင္းျဖစ္တာေၾကာင့္လည္း ဘာစီလိုနာအသင္း အေနနဲ႔ ရင္ဆိုင္ရခက္ခဲ ႏိုင္ပါတယ္။ ထိပ္တိုက္ေတြ႕ ဆုံမႈအရျပန္ၾကည့္ရင္လည္း ဘာစီလိုနာအသင္းက ေဒါ့မြန္အသင္းနဲ႔ ေနာက္ဆုံးေတြ႕ဆုံခဲ့တဲ့ ခ်န္ပီယံလိဂ္ ပြဲစဥ္(၃)ပြဲမွာ (၃)ပြဲႏိုင္ထားၿပီး တစ္ပြဲ သေရက်ထား တာေၾကာင့္ ရလဒ္ပိုင္းအရ ေကာင္းမြန္မႈရွိေနတဲ့အ ျပင္ လက္ရွိရာသီ ေျခစြမ္းပိုင္းေတြအရ ဘာစီလိုနာအ သင္းက ပိုေကာင္းတဲ့စြမ္းေဆာင္ရည္တစ္ခုရွိေနတာ ေၾကာင့္ ဒီပြဲစဥ္က ဘာစီလိုနာအသင္းအေနနဲ႔အိမ္ကြင္း ႏူးကမ့္မွာ ႏိုင္ပြဲတစ္ခုကို ပုံေဖာ္သြားႏိုင္ဖို႔ရွိေနပါတယ္။ အျပန္အလွန္သြင္းဂိုးေတြနဲ႔ (၁)ဂိုးအကြာေလာက္နဲ႔ သာ ဘာစီလိုနာက ႏိုင္ပါမယ္။

ဘာစီလိုနာ Vs ေဒါ့မြန္

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္

PSG ၂ - ၂ အက္စတြန္ဗီလာ
PSG ၃ - ၂ အက္စတြန္ဗီလာ

ဒီႏွစ္သင္းရဲ႕ထိပ္တိုက္ေတြ႕ဆုံမႈက တကယ္ကို ေစာင့္ၾကည့္ခ်င္စရာေကာင္းၿပီး အျပန္အလွန္သြင္းဂိုး ေတြကို လည္း ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ျမင္ေတြ႕ ရဖို႔ရွိေနပါတယ္။ ဒါ့ျပင္ ႏွစ္သင္းစလုံးက တိုက္စစ္ဖြင့္ ကစားတတ္တဲ့အသင္း ေတြျဖစ္ တာေၾကာင့္ ၿပိဳင္ဆိုင္မႈက ျမန္ဆန္မွာျဖစ္ၿပီး ပရိသတ္အားေပးမႈၾကမ္းတဲ့ PSG အသင္းရဲ႕အိမ္ကြင္းမွာ အက္စတြန္ ဗီလာအသင္းအတြက္ ႏိုင္ပြဲရပါ့မလားဆိုတဲ့ ေမးခြန္းထုတ္မႈ ေတြလည္းရွိ‌‌ေနပါတယ္။ လက္ရွိေျခစြမ္းပိုင္းအရ ၾကည့္ရင္ PSG ျပင္သစ္လီဂူးမွာလည္း ရမွတ္ (၂၀)ေက်ာ္ျဖတ္ၿပီး လီဂူးဖလားရရွိဖို႔ ေသခ်ာသေလာက္ ရွိေနတဲ့အေနအထားမ်ိဳး ျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာလည္း လီဗာပူးလ္အသင္းကို အႏိုင္ယူေက်ာ္ျဖတ္ၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ ထားႏိုင္တာေၾကာင့္ ခ်န္ပီယံလိဂ္ဆုဖလားကို ၿခိမ္းေျခာက္လာႏိုင္ တဲ့အသင္းအျဖစ္ရွိေနတာလည္းျဖစ္ပါတယ္။ အက္စ တြန္ဗီလာအသင္းကေတာ့ ပရီးမီးယားလိဂ္မွာ ပုံမွန္ေျခစြမ္းေလာက္သာရွိေပမယ့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာေတာ့ ေျခစြမ္း ေျခစရွိတဲ့ ဖ်က္ျမင္းအသင္းလို႔ဆိုႏိုင္ၿပီး ဥေရာပၿပိဳင္ပြဲေတြမွာ အေတြ႕အႀကဳံေကာင္းေတြရွိတဲ့ အူႏႈိင္းအမ္မရီ ကိုင္တြယ္ ေနတာေၾကာင့္ PSG အသင္းအေနနဲ႔ ေလွ်ာ့တြက္ခဲ့မယ္ဆိုရင္ ေပးဆပ္မႈ ႀကီး မားသြားႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္က PSG အသင္းအေနနဲ႔ အိမ္ကြင္းမွာ ႏိုင္ပြဲရဖို႔ရွိေနေပမယ့္ အျပန္အလွန္သြင္းဂိုးေတြနဲ႔ သေရလည္းက်သြားႏိုင္ သလို ႏိုင္ပြဲအေနနဲ႔ကေတာ့ PSG အသင္းကသာ (၁)ဂိုးေလာက္ အကြာနဲ႔ ကပ္ႏိုင္ပါမယ္။





၉ - ၄ -၂၀၂၅ (ဗုဒၶဟူးေန႔ နံနက္ပိုင္း)
နံနက္(၁း၃၀) အာဆင္နယ္ Vs ရီးရဲလ္မက္ဒရစ္
နံနက္(၁း၃၀) ဘိုင္ယန္ျမဴးနစ္ Vs အင္တာမီလန္

၁၀ - ၄ -၂၀၂၅ (ၾကာသပေတးေန႔ နံနက္ပိုင္း)
နံနက္ (၁း၃၀) ဘာစီလိုနာ Vs ေဒါ့မြန္
နံနက္(၁း၃၀) PSG Vs အက္စတြန္ဗီလာ

Related news

© 2021. All rights reserved.