မြန်မာ့ငလျင်အတွက် ကနေဒါနိုင်ငံမှ ဒေါ်လာ (၉ဒဿမ ၇၅)သန်း လှူဒါန်းသွားမည်

459

စော(NP News)-ဧပြီ ၇
ကနေဒါနိုင်ငံမှ ငလျင်အတွက် ဒေါ်လာ (၉ဒဿမ ၇၅)သန်း လှူဒါန်းသွားမည်ဖြစ်ကြောင်း ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ (ဧပြီလ ၇ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်လ ၂၈ရက်၊ မွန်းလွဲ ၁၂နာရီ ၅၁မိနစ်က လှုပ်ခက်ခဲ့သော ရစ်ချာစကေး ၇ဒသမ၇အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ထိခိုက်ပျက်စီးဆုံး ရှုံးမှုများစွာဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးထိခိုက်မှုများလည်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးစေခဲ့ပြီး အခြေခံ အဆောက်အဦများကို ဖျက်ဆီးခဲ့သည့် မတ်လ (၂၈) ရက်နေ့တွင် မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သော မြေငလျင်ကို တုံ့ပြန်သည့် အနေဖြင့် ကနေဒါနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ (၉ ဒဿမ ၇၅) သန်း ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို အရေးပေါ် ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုများ ထောက်ပံ့ပေးခြင်း၊ အမိုးအကာ၊ အစားအသောက်နှင့် အခြား အရေးပေါ်ပစ္စည်းများ ပေးအပ်ခြင်းတို့တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံတော်အနေဖြင့် လက်ရှိဖြစ်ပေါ်ခဲ့သည့် အင်အားပြင်းမြေငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့သည့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများမှ အကူအညီများအားလက်ခံ၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ထောက်ပံ့ပစ္စည်းများလက်ခံသည့်လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသေးသည်။

Zawgyi Version:
ငလ်င္အတြက္ ကေနဒါႏိုင္ငံမွ ေဒၚလာ (၉ဒႆမ ၇၅)သန္း လႉဒါန္းသြားမည္
ေစာ(NP News)-ဧၿပီ ၇
ကေနဒါႏိုင္ငံမွ ငလ်င္အတြက္ ေဒၚလာ (၉ဒႆမ ၇၅)သန္း လႉဒါန္းသြားမည္ျဖစ္ေၾကာင္း ကေနဒါႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ယေန႔ (ဧၿပီလ ၇ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ မတ္လ ၂၈ရက္၊ မြန္းလြဲ ၁၂နာရီ ၅၁မိနစ္က လႈပ္ခက္ခဲ့ေသာ ရစ္ခ်ာစေကး ၇ဒသမ၇အဆင့္ရွိ အင္အားျပင္းငလ်င္ေၾကာင့္ စစ္ကိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပဲခူးတိုင္းႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ထိခိုက္ပ်က္စီးဆုံး ရႈံးမႈမ်ားစြာျဖစ္ေပၚခဲ့ၿပီး လူေသဆုံးထိခိုက္မႈမ်ားလည္းျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လူေပါင္းမ်ားစြာ အသက္ဆုံးရႈံးေစခဲ့ၿပီး အေျခခံ အေဆာက္အဦမ်ားကို ဖ်က္ဆီးခဲ့သည့္ မတ္လ (၂၈) ရက္ေန႔တြင္ ျမန္မာႏိုင္ငံ၌ လႈပ္ခတ္ခဲ့ေသာ ေျမငလ်င္ကို တုံ႔ျပန္သည့္ အေနျဖင့္ ကေနဒါႏိုင္ငံက လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီ ေဒၚလာ (၉ ဒႆမ ၇၅) သန္း ေပးအပ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ ေထာက္ပံ့ေငြမ်ားကို အေရးေပၚ ေဆးကုသမႈဆိုင္ရာ ဝန္ေဆာင္မႈမ်ား ေထာက္ပံ့ေပးျခင္း၊ အမိုးအကာ၊ အစားအေသာက္ႏွင့္ အျခား အေရးေပၚပစၥည္းမ်ား ေပးအပ္ျခင္းတို႔တြင္ အသုံးျပဳသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ႏိုင္ငံေတာ္အေနျဖင့္ လက္ရွိျဖစ္ေပၚခဲ့သည့္ အင္အားျပင္းေျမငလ်င္ဒဏ္ေၾကာင့္ ျဖစ္ေပၚခဲ့သည့္ေဒသမ်ားတြင္ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရန္အတြက္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားမွ အကူအညီမ်ားအားလက္ခံ၍ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား၊ ေထာက္ပံ့ပစၥည္းမ်ားလက္ခံသည့္လုပ္ငန္းမ်ားကို ေန႔စဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားေသးသည္။