ငလျင်ဒဏ်သင့်ဒေသများအတွက် အော်ပရေတာများအားလုံး အခမဲ့ စာတိုပေးပို့မှုကို ဧပြီ ၁၁ ရက်အထိထပ်မံတိုးပေး

335
NP News ဧပြီ (၇)ရက်
ငလျင်ဒဏ်သင့် ဒေသများရှိပြည်သူများဆက်သွယ်မှုအဆင်ပြေစေရန် အခမဲ့စာတိုပေးပို့ ဝန်ဆောင်မှုကိုဆောင်ရွက်ပေးထားရာ ယခုအခါ ဧပြီ ၁၁ ရက်အထိ ထပ်မံတိုးပေးလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသည်။
အဆိုပါ အခမဲ့ဝန်ဆောင်မှုကို မူလက ဧပြီ ၅ ရက် အထိ အော်ပရေတာများ ကအခမဲ့ဆောင်ရွက်ပေးထားရာ ယခုတွင် MPT၊ ATOM ၊ MYTEL ၊ Ooredooစသည့် အော်ပရေတာများအားလုံးက ငလျင်ဒဏ်သင့်ဒေသ များရှိပြည်သူများဆက်သွယ်မှုအဆင်ပြေစေရန် ယခုကဲ့သို့ထပ်တိုး၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။
မတ်လ၂၈ ရက်နေတွင် ပြင်းထန်ငလျင်လှုပ်ခတ်မှုကြောင့်နိုင်ငံတစ်ဝှမ်းရှိ မိုဘိုင်းဆက်သွယ်ရေး စခန်း ၂၆,၀၀၀ ကျော်အနက် ၆,၇၃၀ ကျော်သည် ဆက်သွယ်ရေးပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ကောင်းမွန်ရေး ဆောင်ရွက်ခဲ့ရာ ဧပြီ ၆ ရက်အထိစခန်းပေါင်း ၅,၉၀၀ ကျော် ပြုပြင်ခဲ့နိုင်ခဲ့ကြောင်းသိရသည်။
Zawgyi Version:
ငလ်င္ဒဏ္သင့္ေဒသမ်ားအတြက္ ေအာ္ပေရတာမ်ားအားလုံး အခမဲ့ စာတိုေပးပို႔မႈကို ဧၿပီ ၁၁ ရက္အထိထပ္မံတိုးေပး
NP News ဧၿပီ (၇)ရက္
ငလ်င္ဒဏ္သင့္ ေဒသမ်ားရွိျပည္သူမ်ားဆက္သြယ္မႈအဆင္ေျပေစရန္ အခမဲ့စာတိုေပးပို႔ ဝန္ေဆာင္မႈကိုေဆာင္႐ြက္ေပးထားရာ ယခုအခါ ဧၿပီ ၁၁ ရက္အထိ ထပ္မံတိုးေပးလိုက္ေၾကာင္း ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းမွ ထုတ္ျပန္ထားသည္။
အဆိုပါ အခမဲ့ဝန္ေဆာင္မႈကို မူလက ဧၿပီ ၅ ရက္ အထိ ေအာ္ပေရတာမ်ား ကအခမဲ့ေဆာင္႐ြက္ေပးထားရာ ယခုတြင္ MPT၊ ATOM ၊ MYTEL ၊ Ooredooစသည့္ ေအာ္ပေရတာမ်ားအားလုံးက ငလ်င္ဒဏ္သင့္ေဒသ မ်ားရွိျပည္သူမ်ားဆက္သြယ္မႈအဆင္ေျပေစရန္ ယခုကဲ့သို႔ထပ္တိုး၍ ေဆာင္႐ြက္ေပးျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
မတ္လ၂၈ ရက္ေနတြင္ ျပင္းထန္ငလ်င္လႈပ္ခတ္မႈေၾကာင့္ႏိုင္ငံတစ္ဝွမ္းရွိ မိုဘိုင္းဆက္သြယ္ေရး စခန္း ၂၆,၀၀၀ ေက်ာ္အနက္ ၆,၇၃၀ ေက်ာ္သည္ ဆက္သြယ္ေရးျပတ္ေတာက္မႈျဖစ္ေပၚခဲ့ၿပီး ျပန္လည္ေကာင္းမြန္ေရး ေဆာင္႐ြက္ခဲ့ရာ ဧၿပီ ၆ ရက္အထိစခန္းေပါင္း ၅,၉၀၀ ေက်ာ္ ျပဳျပင္ခဲ့ႏိုင္ခဲ့ေၾကာင္းသိရသည္။