(၇ဒဿမ၇)အင်အားရှိသော ငလျင်အပြီး ယနေ့ အထိ လှုပ်ခတ်ခဲ့သော နောက်ဆက်တွဲ ငလျင် (၁၀၀)နီးပါးရှိလာ

520

စော(NP News)-ဧပြီ ၇
(၇ဒဿမ၇)အင်အားရှိသော ငလျင်အပြီး ယနေ့ အထိ လှုပ်ခတ်ခဲ့သော နောက်ဆက်တွဲ ငလျင် (၁၀၀)နီးပါးရှိလာကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဧပြီ ၇ရက်)တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုးဇလ၏ ထုတ်ပြန်ချက်တွင် ယနေ့ (ဧပြီလ ၇ရက်)၊ မွန်းလွဲ ၁၂နာရီဝန်းကျင်အချိန်တွင် အုတ်တွင်းမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၅)မိုင်ခန့်အကွာတွင် အင်အားရစ်ချက်တာစကေး (၃ဒဿမ၇)ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့သို့ လှုပ်ခဲ့သဖြင့် မတ်လ ၂၈ရက်နေ့တွင် မန္တလေးမြို့၏ အရှေ့မြောက်ဘက် မိုင် (၂၀)ခန့်ကို အခြေပြု၍ လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင် အပါအဝင် နောက်ဆက်တွဲ ငလျင်အကြိမ်ရေ (၉၈)ကြိမ်ခန့်ရှိလာပြီဖြစ်ကြောင်း သိရသည်။
အဆိုပါငလျင်အကြိမ်ရေမှာ မတ်လ ၂၈ရက်တွင် (၁၃)ကြိမ်၊ မတ်လ၂၉ရက်တွင် (၁၁)ကြိမ်၊ မတ်လ ၃၀ရက်တွင် (၁၀)ကြိမ်၊ မတ်လ ၃၁ရက်တွင် (၁၃)ကြိမ်၊ဧပြီလ ၁ရက်တွင် (၇)ကြိမ်၊ဧပြီလ ၂ရက်တွင် (၈)ကြိမ်၊ ဧပြီလ ၃ရက်တွင် (၈)ကြိမ်၊ ဧပြီလ ၄ရက်တွင် (၆)ကြိမ်၊ ဧပြီလ ၅ရက်တွင် (၁၁)ကြိမ်၊ ဧပြီလ ၆ရက်တွင် (၇)ကြိမ်၊ ဧပြီလ ၇ရက်တွင် (၄)ကြိမ်တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ငလျင်ဒဏ်ခံစားနေရသော မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်းဒေသကြီး အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် အချိန်အခါမဟုတ်မိုးရွာသွန်းမှုများလည်း ဖြစ်ပွားခဲ့ကြောင်းသိရသည်။

Zawgyi Version:
[ Monday, April 7, 2025 4:45 PM ] Myint Theingi: (၇ဒႆမ၇)အင္အားရွိေသာ ငလ်င္အၿပီး ယေန႔ အထိ လႈပ္ခတ္ခဲ့ေသာ ေနာက္ဆက္တြဲ ငလ်င္ (၁၀၀)နီးပါးရွိလာ
ေစာ(NP News)-ဧၿပီ ၇
(၇ဒႆမ၇)အင္အားရွိေသာ ငလ်င္အၿပီး ယေန႔ အထိ လႈပ္ခတ္ခဲ့ေသာ ေနာက္ဆက္တြဲ ငလ်င္ (၁၀၀)နီးပါးရွိလာေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔ (ဧၿပီ ၇ရက္)တြင္ ထုတ္ျပန္ထားျခင္းျဖစ္သည္။
မိုးဇလ၏ ထုတ္ျပန္ခ်က္တြင္ ယေန႔ (ဧၿပီလ ၇ရက္)၊ မြန္းလြဲ ၁၂နာရီဝန္းက်င္အခ်ိန္တြင္ အုတ္တြင္းၿမိဳ႕၏ အေရွ႕-အေရွ႕ေျမာက္ဘက္ (၅)မိုင္ခန႔္အကြာတြင္ အင္အားရစ္ခ်က္တာစေကး (၃ဒႆမ၇)ရွိ ငလ်င္တစ္ခုလႈပ္ခတ္ခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ လႈပ္ခဲ့သျဖင့္ မတ္လ ၂၈ရက္ေန႔တြင္ မႏၲေလးၿမိဳ႕၏ အေရွ႕ေျမာက္ဘက္ မိုင္ (၂၀)ခန႔္ကို အေျချပဳ၍ လႈပ္ခတ္ခဲ့ေသာ အင္အားျပင္းငလ်င္ အပါအဝင္ ေနာက္ဆက္တြဲ ငလ်င္အႀကိမ္ေရ (၉၈)ႀကိမ္ခန႔္ရွိလာၿပီျဖစ္ေၾကာင္း သိရသည္။
အဆိုပါငလ်င္အႀကိမ္ေရမွာ မတ္လ ၂၈ရက္တြင္ (၁၃)ႀကိမ္၊ မတ္လ၂၉ရက္တြင္ (၁၁)ႀကိမ္၊ မတ္လ ၃၀ရက္တြင္ (၁၀)ႀကိမ္၊ မတ္လ ၃၁ရက္တြင္ (၁၃)ႀကိမ္၊ဧၿပီလ ၁ရက္တြင္ (၇)ႀကိမ္၊ဧၿပီလ ၂ရက္တြင္ (၈)ႀကိမ္၊ ဧၿပီလ ၃ရက္တြင္ (၈)ႀကိမ္၊ ဧၿပီလ ၄ရက္တြင္ (၆)ႀကိမ္၊ ဧၿပီလ ၅ရက္တြင္ (၁၁)ႀကိမ္၊ ဧၿပီလ ၆ရက္တြင္ (၇)ႀကိမ္၊ ဧၿပီလ ၇ရက္တြင္ (၄)ႀကိမ္တို႔ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ငလ်င္ဒဏ္ခံစားေနရေသာ မႏၲေလးတိုင္း ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး အပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တြင္ အခ်ိန္အခါမဟုတ္မိုး႐ြာသြန္းမႈမ်ားလည္း ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။