ဘောင်ကျော် နယ်ချဲ့လာတဲ့ AA ကို နစက ဘယ်လိုသဘောထားပြီး ကိုင်တွယ်နေသလဲ

13308

သန့်ဇင် (NP News)
AA နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ၏ လက်ရှိကိုင်တွယ်နေသည့် အခြေ အနေပေါ် မေးခွန်းထုတ်လိုကြောင်း NP News သို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြော ကြားသည်။
လက်ရှိတွင် AA က ရခိုင်ပြည်နယ်၏ မြို့ တော်ဖြစ်သော စစ်တွေမြို့၊ ကျောက်ဖြူမြို့နှင့် မာန် အောင်မြို့တို့မှလွဲ၍ ကျန်မြို့တို့ကို ထိန်းချုပ်ထားသည့်အပြင် ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့နှင့် ရခိုင်ပြည်နယ် ထိစပ်ရာ နယ်မြေအချို့တွင်လည်း တိုက်ပွဲဖော် ဆောင်ခြင်းများရှိနေသည်။
AA က တိုက်ပွဲဖော်ဆောင်ရာတွင် ဗမာ PDF များကိုအသုံးပြုနေသကဲ့သို့ အမျိုးသမီးများကို လည်း ထည့်သွင်းအသုံးပြုနေကြောင်းသိရကာ ၎င်းတို့၏အင်အားနည်းပါးလာသောကြောင့် ရခိုင် ပြည်နယ်တွင် တစ်အိမ်တစ်ယောက် AA အတွင်း စစ်မှုထမ်းဆင့်ခေါ်ရန် စီစဉ်နေသည်။ “မေးခွန်း ထုတ်စရာတွေတော့ များတာပေါ့။ AA က အခုဆို နယ်ကျွံလာနေပြီလို့ ပြောလို့ရတယ်။ အခုက ပြည် ဘက်ဆိုရင် ကပစတွေရှိတယ်။ ကျွန်တော် သတိထားမိသလောက်က ဧရာဝတီတိုင်းဘက် စစ်မြှူလိုက် ပဲခူး တိုင်းအစပ်မှာ တိုက်ပွဲဖော်လိုက် အဲဒီလိုဖြစ်နေတယ်။ ပြီးတော့ စစ်တွေဘက်မှာလည်း တိုက်ပွဲ ဖော် လိုက် သေးတယ်။ ဆိုတော့ နစကအနေနဲ့ AA နဲ့ပတ်သက်လို့ ဘာဆက်လုပ်မလဲဆိုတဲ့အပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာတယ်။ ကျွန်တော့်အနေနဲ့ မေးခွန်းထုတ်လိုတာ ဖြစ်ပါတယ်”ဟု အထက်ပါ စစ်ရေးသ တင်းရင်းမြစ်က ဆိုသည်။
လက်ရှိ AA ၏လုပ်ရပ်မှာ ရခိုင်ပြည်နယ်မှ နယ်မြေကျူးကျော်ကာ အခြားဒေသများသို့ တိုက်ပွဲ ဖော်လာခြင်းမျိုးဖြစ်ကြောင်း အခြားစစ်ရေး သတင်း ရင်းမြစ်တစ်ဦးကလည်းဆိုသည်။ “AA တွေက လွတ်လပ်တဲ့ရခိုင်မဟုတ်တော့ဘူးလေ။ လွတ်လပ်တဲ့ မဟုတ်တော့ဘဲနဲ့ ဗမာဘက်က ပြည်ဘက်ကိုဆင်း လာတယ်ဆိုတည်းက ဗမာပြည်ကို ကျူးကျော်တာပဲလေ”ဟု ၎င်းကဆိုသည်။
AA အနေဖြင့် မလိုလားအပ်သည့် နယ်မြေချဲ့ထွင်ခြင်းများလုပ်ဆောင်ခြင်း၌ တွေးတောစရာ များစွာပါဝင်နေကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦး က ဆိုသည်။ “အဲဒီလိုအခြေအနေမျိုးမှာ ဖက်ဒရယ် သွားဖို့ကို တချို့အဖွဲ့တွေက လက်နက်ကိုင်ပြီးသွားဖို့ လမ်းကြောင်းကို ရွေးကြတယ်။ ဘယ်လိုပဲပြောပြော ခံစားချက်ဘယ်လိုရှိတယ်ပဲပြောကြပါစေ လက်နက် ကိုင်ပြီး ဒီလမ်းကို သွားနေကြတာတော့ ငြင်းလို့မရဘူး။ ဖက်ဒရယ်က သူ့နယ်မြေကို သူယူ တယ်ဆိုတာ တော့ ထားလိုက်ပေါ့လေ။ ကြံဖန်ပြီးတော့ မဖြစ်အောင်တွေးကြည့်ရင်တော့ ယုတ္တိရှိတယ်လို့ ထင် ကောင်းထင်နိုင်လိမ့်မယ်။ တကယ်တမ်းတွေးကြည့်ရင်တော့ ယုတ္တိမရှိပါဘူး။ ဒါပေမဲ့ အဲဒါထားပါတော့ ဖြစ်တဲ့ကိစ္စပဲ။ ဒါပေမဲ့ မလိုလားအပ်တဲ့ တိုင်းနဲ့ ပြည်နယ်ဘက်တွေ ချဲ့လာတဲ့အခါကျတော့ တွေးစရာ အကြောင်းတွေက အရမ်းများလာတယ်” ဟု ဦး သိန်းထွန်းဦးက ပြောသည်။
လက်ရှိ AA ၏တိုင်းဒေသကြီးနှင့် ပြည် နယ်များဘက်သို့ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း၏ နောက်ကွယ်တွင်လည်း ၎င်းတို့ကို ကြိုးကိုင်ခြယ်လှယ်နေသည့်အဖွဲ့အစည်းကြီးတစ်ခုရှိနေနိုင် ကြောင်းလည်း ၎င်းက သုံးသပ်ပြောဆိုထားသည်။
“AA ကလည်းပြောရရင် နယ်စပ်မှာက ARSA နဲ့ တချို့နေရာတွေမှာ ဖြစ်တဲ့နေရာဖြစ်တယ်၊ မဖြစ်တဲ့နေရာမဖြစ်ဘူး။ လှုပ်ရှားမှုတွေ အရမ်းများ နေတဲ့အခါကျတော့ တစ်ဖက်ကိုရောက်နေတဲ့ အဖွဲ့ တွေကများ လက်နက်တပ်ဆင်ပြီး ဒီဘက်ဝင်လာခဲ့ ရင် ဗဗ က အဲဒီနေရာသူတို့နေလို့ရမှာမဟုတ်ဘူး။ မဟုတ်ရင် အဲဒီနေရာကို အလဲအလှယ်လုပ်ပြီး ဒီဘက်ကို တချို့တိုင်းဒေသကြီးဘက်တွေကို ဆင်းလာ မယ်။ အဲဒီဥစ္စာကတော့ မြုပ်ကွယ်နေတဲ့ အရေးကြီးဆုံးအချက်ကြောင့်ပဲလို့ ထင်တယ်။ ဒါကို ဦးတည် ပြီးလုပ်နေတယ်။ ဒါက AA ရဲ့စဉ်းစားနိုင်မှု မဟုတ်ဘူး။ သူ့နောက်မှာ ဒီကိစ္စတွေမဖြစ်ဖြစ်အောင် ဦးဆောင်ပြီး ပုံဖော်ပေးနေတဲ့၊ ကြိုးကိုင်နေတဲ့ အဖွဲ့အစည်းအကြီးကြီးတစ်ခုခု ရှိကိုရှိရလိမ့်မယ်။ ဒါကြောင့်မို့ လို့သူဖြစ်နေတဲ့ဖြစ်ရပ်ဟာ နယ်မြေချဲ့တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ သူ့နောက်မှာအရေးကြီးတဲ့ မြှုပ်ကွက်တွေ ပါနေတယ်။ ဒါကိုတော့ သတိကြီးကြီးနဲ့ တုံ့ပြန်ဖို့လိုပါလိမ့်မယ်”ဟု ဦးသိန်းထွန်းဦးက ပြောသည်။

Zawgyi Version:
ေဘာင္ေက်ာ္ နယ္ခ်ဲ႕လာတဲ့ AA ကို နစက ဘယ္လိုသေဘာထားၿပီး ကိုင္တြယ္ေနသလဲ
သန႔္ဇင္ (NP News)
AA ႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္စီမံအုပ္ ခ်ဳပ္ေရးေကာင္စီ၏ လက္ရွိကိုင္တြယ္ေနသည့္ အေျခ အေနေပၚ ေမးခြန္းထုတ္လိုေၾကာင္း NP News သို႔ စစ္ေရးသတင္းရင္းျမစ္တစ္ဦးက ေျပာ ၾကားသည္။
လက္ရွိတြင္ AA က ရခိုင္ျပည္နယ္၏ ၿမိဳ႕ ေတာ္ျဖစ္ေသာ စစ္ေတြၿမိဳ႕၊ ေက်ာက္ျဖဴၿမိဳ႕ႏွင့္ မာန္ ေအာင္ၿမိဳ႕တို႔မွလြဲ၍ က်န္ၿမိဳ႕တို႔ကို ထိန္းခ်ဳပ္ထားသည့္အျပင္ ဧရာဝတီတိုင္းေဒသႀကီး၊ မေကြးတိုင္း ေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီးတို႔ႏွင့္ ရခိုင္ျပည္နယ္ ထိစပ္ရာ နယ္ေျမအခ်ိဳ႕တြင္လည္း တိုက္ပြဲေဖာ္ ေဆာင္ျခင္းမ်ားရွိေနသည္။
AA က တိုက္ပြဲေဖာ္ေဆာင္ရာတြင္ ဗမာ PDF မ်ားကိုအသုံးျပဳေနသကဲ့သို႔ အမ်ိဳးသမီးမ်ားကို လည္း ထည့္သြင္းအသုံးျပဳေနေၾကာင္းသိရကာ ၎တို႔၏အင္အားနည္းပါးလာေသာေၾကာင့္ ရခိုင္ ျပည္နယ္တြင္ တစ္အိမ္တစ္ေယာက္ AA အတြင္း စစ္မႈထမ္းဆင့္ေခၚရန္ စီစဥ္ေနသည္။ “ေမးခြန္း ထုတ္စရာေတြေတာ့ မ်ားတာေပါ့။ AA က အခုဆို နယ္ကြၽံလာေနၿပီလို႔ ေျပာလို႔ရတယ္။ အခုက ျပည္ ဘက္ဆိုရင္ ကပစေတြရွိတယ္။ ကြၽန္ေတာ္ သတိထားမိသေလာက္က ဧရာဝတီတိုင္းဘက္ စစ္ျမႇဴလိုက္ ပဲခူး တိုင္းအစပ္မွာ တိုက္ပြဲေဖာ္လိုက္ အဲဒီလိုျဖစ္ေနတယ္။ ၿပီးေတာ့ စစ္ေတြဘက္မွာလည္း တိုက္ပြဲ ေဖာ္ လိုက္ ေသးတယ္။ ဆိုေတာ့ နစကအေနနဲ႔ AA နဲ႔ပတ္သက္လို႔ ဘာဆက္လုပ္မလဲဆိုတဲ့အေပၚ ေမးခြန္း ထုတ္စရာ ျဖစ္လာတယ္။ ကြၽန္ေတာ့္အေနနဲ႔ ေမးခြန္းထုတ္လိုတာ ျဖစ္ပါတယ္”ဟု အထက္ပါ စစ္ေရးသ တင္းရင္းျမစ္က ဆိုသည္။
လက္ရွိ AA ၏လုပ္ရပ္မွာ ရခိုင္ျပည္နယ္မွ နယ္ေျမက်ဴးေက်ာ္ကာ အျခားေဒသမ်ားသို႔ တိုက္ပြဲ ေဖာ္လာျခင္းမ်ိဳးျဖစ္ေၾကာင္း အျခားစစ္ေရး သတင္း ရင္းျမစ္တစ္ဦးကလည္းဆိုသည္။ “AA ေတြက လြတ္လပ္တဲ့ရခိုင္မဟုတ္ေတာ့ဘူးေလ။ လြတ္လပ္တဲ့ မဟုတ္ေတာ့ဘဲနဲ႔ ဗမာဘက္က ျပည္ဘက္ကိုဆင္း လာတယ္ဆိုတည္းက ဗမာျပည္ကို က်ဴးေက်ာ္တာပဲေလ”ဟု ၎ကဆိုသည္။
AA အေနျဖင့္ မလိုလားအပ္သည့္ နယ္ေျမခ်ဲ႕ထြင္ျခင္းမ်ားလုပ္ေဆာင္ျခင္း၌ ေတြးေတာစရာ မ်ားစြာပါဝင္ေနေၾကာင္း ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႕မွ အမႈေဆာင္ဒါ႐ိုက္တာ ဦးသိန္းထြန္းဦး က ဆိုသည္။ “အဲဒီလိုအေျခအေနမ်ိဳးမွာ ဖက္ဒရယ္ သြားဖို႔ကို တခ်ိဳ႕အဖြဲ႕ေတြက လက္နက္ကိုင္ၿပီးသြားဖို႔ လမ္းေၾကာင္းကို ေ႐ြးၾကတယ္။ ဘယ္လိုပဲေျပာေျပာ ခံစားခ်က္ဘယ္လိုရွိတယ္ပဲေျပာၾကပါေစ လက္နက္ ကိုင္ၿပီး ဒီလမ္းကို သြားေနၾကတာေတာ့ ျငင္းလို႔မရဘူး။ ဖက္ဒရယ္က သူ႔နယ္ေျမကို သူယူ တယ္ဆိုတာ ေတာ့ ထားလိုက္ေပါ့ေလ။ ႀကံဖန္ၿပီးေတာ့ မျဖစ္ေအာင္ေတြးၾကည့္ရင္ေတာ့ ယုတၱိရွိတယ္လို႔ ထင္ ေကာင္းထင္ႏိုင္လိမ့္မယ္။ တကယ္တမ္းေတြးၾကည့္ရင္ေတာ့ ယုတၱိမရွိပါဘူး။ ဒါေပမဲ့ အဲဒါထားပါေတာ့ ျဖစ္တဲ့ကိစၥပဲ။ ဒါေပမဲ့ မလိုလားအပ္တဲ့ တိုင္းနဲ႔ ျပည္နယ္ဘက္ေတြ ခ်ဲ႕လာတဲ့အခါက်ေတာ့ ေတြးစရာ အေၾကာင္းေတြက အရမ္းမ်ားလာတယ္” ဟု ဦး သိန္းထြန္းဦးက ေျပာသည္။
လက္ရွိ AA ၏တိုင္းေဒသႀကီးႏွင့္ ျပည္ နယ္မ်ားဘက္သို႔ ထိုးစစ္ဆင္တိုက္ခိုက္ေနျခင္း၏ ေနာက္ကြယ္တြင္လည္း ၎တို႔ကို ႀကိဳးကိုင္ျခယ္လွယ္ေနသည့္အဖြဲ႕အစည္းႀကီးတစ္ခုရွိေနႏိုင္ ေၾကာင္းလည္း ၎က သုံးသပ္ေျပာဆိုထားသည္။
“AA ကလည္းေျပာရရင္ နယ္စပ္မွာက ARSA နဲ႔ တခ်ိဳ႕ေနရာေတြမွာ ျဖစ္တဲ့ေနရာျဖစ္တယ္၊ မျဖစ္တဲ့ေနရာမျဖစ္ဘူး။ လႈပ္ရွားမႈေတြ အရမ္းမ်ား ေနတဲ့အခါက်ေတာ့ တစ္ဖက္ကိုေရာက္ေနတဲ့ အဖြဲ႕ ေတြကမ်ား လက္နက္တပ္ဆင္ၿပီး ဒီဘက္ဝင္လာခဲ့ ရင္ ဗဗ က အဲဒီေနရာသူတို႔ေနလို႔ရမွာမဟုတ္ဘူး။ မဟုတ္ရင္ အဲဒီေနရာကို အလဲအလွယ္လုပ္ၿပီး ဒီဘက္ကို တခ်ိဳ႕တိုင္းေဒသႀကီးဘက္ေတြကို ဆင္းလာ မယ္။ အဲဒီဥစၥာကေတာ့ ျမဳပ္ကြယ္ေနတဲ့ အေရးႀကီးဆုံးအခ်က္ေၾကာင့္ပဲလို႔ ထင္တယ္။ ဒါကို ဦးတည္ ၿပီးလုပ္ေနတယ္။ ဒါက AA ရဲ႕စဥ္းစားႏိုင္မႈ မဟုတ္ဘူး။ သူ႔ေနာက္မွာ ဒီကိစၥေတြမျဖစ္ျဖစ္ေအာင္ ဦးေဆာင္ၿပီး ပုံေဖာ္ေပးေနတဲ့၊ ႀကိဳးကိုင္ေနတဲ့ အဖြဲ႕အစည္းအႀကီးႀကီးတစ္ခုခု ရွိကိုရွိရလိမ့္မယ္။ ဒါေၾကာင့္မို႔ လို႔သူျဖစ္ေနတဲ့ျဖစ္ရပ္ဟာ နယ္ေျမခ်ဲ႕တဲ့ပုံစံမ်ိဳးမဟုတ္ဘဲနဲ႔ သူ႔ေနာက္မွာအေရးႀကီးတဲ့ ျမႇဳပ္ကြက္ေတြ ပါေနတယ္။ ဒါကိုေတာ့ သတိႀကီးႀကီးနဲ႔ တုံ႔ျပန္ဖို႔လိုပါလိမ့္မယ္”ဟု ဦးသိန္းထြန္းဦးက ေျပာသည္။