ငလျင်ဒဏ်ခံစားနေရသော ဒေသများတွင် လုယက်မှု၊ ဓားပြတိုက်မှုများကို တိုင်ကြားနိုင်ရန် ဖုန်းနံပါတ်များ မကြာမီထုတ်ပြန်ပေးသွားမည်

 222

စော(NP News)-ဧပြီ ၈

ငလျင်ဒဏ်ခံစားနေရသော ဒေသများတွင် လုယက်မှု၊ ဓားပြတိုက်မှုများကို တိုင်ကြားနိုင်ရန် ဖုန်းနံပါတ်များ မကြာမီထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယမန်နေ့ (ဧပြီလ ၇ရက်) ညပိုင်းအချိန်တွင် ထုတ်ပြန်ထားသည်။

မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ပျက်စီးမှုများ ရှိခဲ့သော နေပြည်တော်တွင် နံနက်၊ မွန်းလွဲနှင့် ညပိုင်းတို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က လှည့်ကင်းများ ဆောင်ရွက်ခြင်းနှင့် ကင်းပုန်းများချထားခြင်းများဖြင့် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လူမှုကွန်ရက်အချို့တွင် နေပြည်တော်ရှိအိမ်ရာ အချို့နှင့် အပျိုဆောင်အချို့၌ လုယက်မှုများဖြစ်ပေါ် ကြောင်း သတင်းများဖော်ပြသည်ကို တွေ့ရသဖြင့် မြန်မာ့သတင်းစဉ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးအား လုယက်မှုသတင်းများ မှန်ကန် မှု ရှိ၊မရှိနှင့် ကြားသိခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“အခုအချိန်ထိ ကျွန်တော်တို့ စခန်းတွေမှာ လာရောက်တိုင်ကြားခြင်း မရှိသေးပါဘူး။ ဒါကြောင့် ဒါက ကောလာဟလလို့ယူဆပါတယ်။ ကျွန်တော်တို့ က နေ့၊ ည ကင်းတွေမပြတ် လှည့်လည်ပြီး လုံခြုံရေး ဆောင်ရွက်ပေးနေပါတယ်။ လုယက်မှုတွေ ကျူးလွန် ခံရရင် တိုင်ကြားနိုင်ဖို့ ကျွန် တော်တို့ ဖုန်းနံပါတ်တွေ ထုတ်ပြန်ပေးဖို့အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့ သွားစစ်တာ တွေ့ရတာက တုတ် ၊ ဓား လက်နက် အချို့ကိုင်ပြီး တိုက်တွေမှာ စောင့်နေတာက ကိုယ့်ဝန်ထမ်းတွေ၊ မိသားစုဝင်တွေဖြစ်ပါတယ်။ သူတို့က မသယ်ယူရသေးတဲ့ ပစ္စည်းတွေရှိနေ သေးတော့ အစုအဖွဲ့အလိုက် ကင်းစောင့်နေကြတာပါ။ သူတို့ဆီကလည်း ထူးထူးခြားခြား တိုင်ကြားတာမရှိပါဘူး။ ရဲစခန်းကို တိုက်ရိုက် တိုင်ကြားနိုင်သလို ဖုန်းနဲ့လည်း ဆက်သွယ်တိုင်ကြား နိုင်ပါတယ်။ ဖုန်းနံပါတ်တွေ ထုတ်ပြန်ပေးသွားပါ မယ်”ဟု မြန်မာ့သတင်းစဉ်ကို ဖြေကြားထားကြောင်း သိရသည်။

ထို့ကြောင့် နေပြည်တော် အပါအဝင် ငလျင်ဒဏ်သင့်ဒေသများ၌ လုယက်မှုများ၊ ဓားပြတိုက်မှုများ ဖြစ်ပေါ်ပါက နီးစပ်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းများသို့ တိုင်ကြားနိုင်ကြောင်းနှင့် မကြာမီတိုင်ကြားနိုင်သော ဖုန်းနံပါတ်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း နစကမှ ဆိုထားသည်။

Zawgyi Version:
ငလ်င္ဒဏ္ခံစားေနရေသာ ေဒသမ်ားတြင္ လုယက္မႈ၊ ဓားျပတိုက္မႈမ်ားကို တိုင္ၾကားႏိုင္ရန္ ဖုန္းနံပါတ္မ်ား မၾကာမီထုတ္ျပန္ေပးသြားမည္


ေစာ(NP News)-ဧၿပီ ၈

ငလ်င္ဒဏ္ခံစားေနရေသာ ေဒသမ်ားတြင္ လုယက္မႈ၊ ဓားျပတိုက္မႈမ်ားကို တိုင္ၾကားႏိုင္ရန္ ဖုန္းနံပါတ္မ်ား မၾကာမီထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ယမန္ေန႔ (ဧၿပီလ ၇ရက္) ညပိုင္းအခ်ိန္တြင္ ထုတ္ျပန္ထားသည္။

မတ္လ ၂၈ရက္က လႈပ္ခတ္ခဲ့ေသာ မႏၲေလးေျမငလ်င္ႀကီးေၾကာင့္ ပ်က္စီးမႈမ်ား ရွိခဲ့ေသာ ေနျပည္ေတာ္တြင္ နံနက္၊ မြန္းလြဲႏွင့္ ညပိုင္းတို႔တြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က လွည့္ကင္းမ်ား ေဆာင္႐ြက္ျခင္းႏွင့္ ကင္းပုန္းမ်ားခ်ထားျခင္းမ်ားျဖင့္ လုံၿခဳံေရးေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

လူမႈကြန္ရက္အခ်ိဳ႕တြင္ ေနျပည္ေတာ္ရွိအိမ္ရာ အခ်ိဳ႕ႏွင့္ အပ်ိဳေဆာင္အခ်ိဳ႕၌ လုယက္မႈမ်ားျဖစ္ေပၚ ေၾကာင္း သတင္းမ်ားေဖာ္ျပသည္ကို ေတြ႕ရသျဖင့္ ျမန္မာ့သတင္းစဥ္က ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ရဲမႉးႀကီးတစ္ဦးအား လုယက္မႈသတင္းမ်ား မွန္ကန္ မႈ ရွိ၊မရွိႏွင့္ ၾကားသိျခင္း ရွိ၊ မရွိ ေမးျမန္းခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

“အခုအခ်ိန္ထိ ကြၽန္ေတာ္တို႔ စခန္းေတြမွာ လာေရာက္တိုင္ၾကားျခင္း မရွိေသးပါဘူး။ ဒါေၾကာင့္ ဒါက ေကာလာဟလလို႔ယူဆပါတယ္။ ကြၽန္ေတာ္တို႔ က ေန႔၊ ည ကင္းေတြမျပတ္ လွည့္လည္ၿပီး လုံၿခဳံေရး ေဆာင္႐ြက္ေပးေနပါတယ္။ လုယက္မႈေတြ က်ဴးလြန္ ခံရရင္ တိုင္ၾကားႏိုင္ဖို႔ ကြၽန္ ေတာ္တို႔ ဖုန္းနံပါတ္ေတြ ထုတ္ျပန္ေပးဖို႔အစီအစဥ္ရွိပါတယ္။ ကြၽန္ေတာ္တို႔ သြားစစ္တာ ေတြ႕ရတာက တုတ္ ၊ ဓား လက္နက္ အခ်ိဳ႕ကိုင္ၿပီး တိုက္ေတြမွာ ေစာင့္ေနတာက ကိုယ့္ဝန္ထမ္းေတြ၊ မိသားစုဝင္ေတြျဖစ္ပါတယ္။ သူတို႔က မသယ္ယူရေသးတဲ့ ပစၥည္းေတြရွိေန ေသးေတာ့ အစုအဖြဲ႕အလိုက္ ကင္းေစာင့္ေနၾကတာပါ။ သူတို႔ဆီကလည္း ထူးထူးျခားျခား တိုင္ၾကားတာမရွိပါဘူး။ ရဲစခန္းကို တိုက္႐ိုက္ တိုင္ၾကားႏိုင္သလို ဖုန္းနဲ႔လည္း ဆက္သြယ္တိုင္ၾကား ႏိုင္ပါတယ္။ ဖုန္းနံပါတ္ေတြ ထုတ္ျပန္ေပးသြားပါ မယ္”ဟု ျမန္မာ့သတင္းစဥ္ကို ေျဖၾကားထားေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေနျပည္ေတာ္ အပါအဝင္ ငလ်င္ဒဏ္သင့္ေဒသမ်ား၌ လုယက္မႈမ်ား၊ ဓားျပတိုက္မႈမ်ား ျဖစ္ေပၚပါက နီးစပ္ရာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕စခန္းမ်ားသို႔ တိုင္ၾကားႏိုင္ေၾကာင္းႏွင့္ မၾကာမီတိုင္ၾကားႏိုင္ေသာ ဖုန္းနံပါတ္မ်ားကို ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း နစကမွ ဆိုထားသည္။

Related news

© 2021. All rights reserved.