မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ကြား အလားအလာရှိသည့်ကဏ္ဍများ၌ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆွေးနွေး

 224

Pearl (NP News) - ဧပြီ ၈

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ကြား အလားအလာရှိသည့်ကဏ္ဍများ၌ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန် တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။


ယမန်နေ့ (ဧပြီလ ၇ရက်) ၊ နံနက် (၁၀)နာရီ (၄၅)မိနစ်ခန့်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်အား နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။


ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပျက်စီးဆုံးရှုံးမှုကြီးမားသည့် ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ခဲ့မှုနှင့် ဘင်္ဂလားဒေ့ရှ် ဆေးအဖွဲ့များ မြန်မာနိုင်ငံသို့ စေလွှတ်ပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။


အလားတူ ငလျင် ဒဏ်သင့် ပြည်သူများဘဝကို ကယ်တင်ရေးနှင့် ကယ်ဆယ်ရေးအတွက် နှစ်နိုင်ငံအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန်အတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရန် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် အလားအလာရှိသည့်ကဏ္ဍများ၌ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းလည်း သိရပါသည်။

Zawgyi Version:
ျမန္မာႏွင့္ ဘဂၤလားေဒ့ရွ္ ၾကား အလားအလာရွိသည့္က႑မ်ား၌ ကုန္သြယ္မႈႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈ ျမႇင့္တင္ေရးေဆြးေႏြး

Pearl (NP News) - ဧၿပီ ၈

ျမန္မာႏွင့္ ဘဂၤလားေဒ့ရွ္ ၾကား အလားအလာရွိသည့္က႑မ်ား၌ ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ ျမႇင့္တင္ေရးအတြက္ ႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြႏွင့္ ဘဂၤလားေဒ့ရွ္သံအမတ္ႀကီး ေဒါက္တာ မိုဟာမက္ မြန္(န)ဝါ ဟူစိန္ တို႔ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။


ယမန္ေန႔ (ဧၿပီလ ၇ရက္) ၊ နံနက္ (၁၀)နာရီ (၄၅)မိနစ္ခန႔္က ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြသည္ ျမန္မာႏိုင္ငံဆိုင္ရာ ဘဂၤလားေဒ့ရွ္သံအမတ္ႀကီး ေဒါက္တာ မိုဟာမက္ မြန္(န)ဝါ ဟူစိန္အား ႏိုင္ငံျခားေရးဝန္ႀကီးဌာန၌ လက္ခံေတြ႕ဆုံခဲ့ေၾကာင္းသိရသည္။


ထိုသို႔ေတြ႕ဆုံစဥ္ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးက ပ်က္စီးဆုံးရႈံးမႈႀကီးမားသည့္ ငလ်င္လႈပ္ခတ္မႈျဖစ္ပြားၿပီးေနာက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ားေပးအပ္ခဲ့မႈႏွင့္ ဘဂၤလားေဒ့ရွ္ ေဆးအဖြဲ႕မ်ား ျမန္မာႏိုင္ငံသို႔ ေစလႊတ္ေပးခဲ့ျခင္းအတြက္ ေက်းဇူးတင္ရွိေၾကာင္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။


အလားတူ ငလ်င္ ဒဏ္သင့္ ျပည္သူမ်ားဘဝကို ကယ္တင္ေရးႏွင့္ ကယ္ဆယ္ေရးအတြက္ ႏွစ္ႏိုင္ငံအၾကား နီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္သြားရန္အတြက္လည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာႏွင့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံတို႔အၾကား ရွိရင္းစြဲ ခ်စ္ၾကည္ရင္းႏွီးမႈ ပိုမိုခိုင္မာလာေစရန္ ပူးေပါင္းေဆာင္႐ြက္သြားႏိုင္ေရး၊ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္ေရးႏွင့္ အလားအလာရွိသည့္က႑မ်ား၌ ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ အခြင့္အလမ္းမ်ား ျမႇင့္တင္ေရးဆိုင္ရာကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္းလည္း သိရပါသည္။

Related news

© 2021. All rights reserved.