ဆွာချောင်းတံတားတွင် ဧပြီ ၉ရက်မှစ၍ တန် ၂၀ မော်တော်ယာဉ်ကြီးများဖြတ်သန်းသွားလာနိုင်တော့မည်

 396

Pearl (NP News)- ဧပြီ ၈

ဆွာချောင်းတံတားတွင် ဧပြီ ၉ရက်မှစ၍ တန် ၂၀ မော်တော်ယာဉ်ကြီးများဖြတ်သန်းသွားလာနိုင်တော့မည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။


ယမန်နေ့ (ဧပြီလ ၇ရက်)က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးစိုးဝင်း က ရန်ကုန်-မန္တလေး အမြန်လမ်း ၁၆၅ မိုင် ၁ ဖာလုံ နှင့် ၁၆၅ မိုင် ၃ ဖာလုံကြား ရှိ ဆွာချောင်းတံတားသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်စဉ် ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးသွားခဲ့မှု အခြေအနေများ၊ အသွားလမ်း ပေ ၈၁၀ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ P7 ကို ဗဟိုထား၍ နှစ်လွှာ တစ်ထပ် ယာယီဘေလီတံတားပေ ၁၉၀ တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေနှင့် ပေ ၄၀
သုံးလွှာသုံးထပ် ဘေလီငြမ်း ထောက်ခြင်းလုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ဆွာချောင်းတံတား ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့မှုများ အား ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွား လာနိုင်ရန် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက် ရေးအဖွဲ့ (၃) တံတားအထူးအဖွဲ့ (၁၀) က တာဝန်ယူဆောင်ရွက် လျက်ရှိရာ ယနေ့အထိ ငါးတန် အောက် ယာဉ်များသာ သွားလာနိုင်သော်လည်း ဧပြီ ၉ ရက်မှ စတင်၍ တန် ၂၀ မော်တော်ယာဉ် ကြီးများ ဖြတ်သန်းသွားလာနိုင် တော့မည်ဖြစ်ကြောင်းလည်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး သေဆုံးမှုအနေဖြင့် ကနဦးစာရင်း များအရ ဘုရားစေတီ ၇၁ ဆူ၊ ဘုန်းတော်ကြီးကျောင်း ၁၈၆ ကျောင်း၊ စာသင်ကျောင်း ၉၂ ကျောင်း၊ အခြားဘာသာရေး ကျောင်း ၁၅ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အအုံ ၂၀၀၊ အခြား အဆောက်အအုံ ၂၈၉ ခု၊ လူနေ အဆောက်အအုံ ၁၇၃၆ လုံးနှင့် လမ်းတံတားအချို့ ထိခိုက်ပျက်စီး ခဲ့ပြီး သေဆုံးသူ ၄၄ ဦး၊ ဒဏ်ရာ ရရှိသူ ၂၃၄ ဦးရှိကြောင်း သိရသည်။

Zawgyi Version;
ယာယီအပစ်ခတ်ရပ်စဲထားစဉ် လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်နေ
ချယ်ရီ(NP News)- ဧပြီ ၈
ယာယီအပစ်ခတ်ရပ်စဲထားသော်လည်း လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုဆက်လက်လုပ်ဆောင်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(ဧပြီလ ၇ရက်)က ထုတ်ပြန်ပြောကြားသည်။

ငလျင်အရေးပေါ်အခြေနေကြောင့် ဧပြီလ(၂)ရက်ကနေ (၂၂)ရက်နေ့အတွင်း တပ်မတော်အနေနဲ့ အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲဖို့ ထုတ်ပြန်ချက် ထုတ်ပြန်ထားကြောင်း သိရသည်။
“ထုတ်ပြန်ချက် ထုတ်ပြန်အပြီး ဧပြီလ(၆)ရက်မှာ KIAအနေနဲ့ ဗန်းမော်မှာရှိတဲ့ တပ်မတော်ဌာနချုပ်တွေကို (၈၂)မမ စိန်ပြောင်းနဲ့ အဝေးကနေပစ်ခတ်မှု ည(၁၀)နာရီခွဲခန့်မှာ ပြုလုပ်ခဲ့ကြောင်း တွေ့ရပါတယ်။ TNLAအဖွဲ့အနေနဲ့လည်း တောင်ခမ်းဒေသမှာ မနေ့က (၁၂)နာရီခွဲကျော်ကျော်လောက်က ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။ KNDFနဲ့ KNPPအနေနဲ့ ဘော်လခဲမှာရှိတဲ့ ဘော်လခဲသစ်တောရုံးအနီးမှာ လုံခြုံရေးယူနေတဲ့အဖွဲ့ကိုရော ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်သွားခဲ့ပါတယ်။ ပြီးတော့ မနေ့က ဂွမြို့မှာလုံခြုံရေးယူနေတဲ့ စစ်ရေယာဉ်တစ်စင်းကို အဝေးကနေ ပစ်ခတ်ခဲ့ပါတယ်။ ကျောက်ဖြူမှာ လုံခြုံရေးယူနေတဲ့စခန်းတွေကို အဝေးကနေ ပစ်ခတ်ခဲ့ကြောင်း တွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်ရှိ တပ်မတော်လုံခြုံရေးစခန်းများကို KIA၊ PDF ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် (ဧပြီလ ၄ ရက်)က စတင်၍ လာရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

Related news

© 2021. All rights reserved.