အမေရိကန်က မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ (၉)သန်း ထပ်မံကူညီမယ်

199

ဂျန်ဇက် (NP News) - ဧပြီ ၈
အိန္ဒိယနိုင်ငံနည်းတူ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ (၉)သန်းကူညီထောက်ပံ့ပေးမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ငလျင်ဘေးဒဏ်သင့်သူတွေကို ကူညီပံ့ပိုးဖို့အတွက် အမေရိကန်အစိုးရဟာ ဒေါ်လာ (၇) သန်းကို ထပ်တိုးရန်ပုံငွေအဖြစ် ကူညီထောက်ပံ့ပေးမယ်လို့သိရပါတယ်။ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံမှာအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ (၂)သန်း ကနဦး ကူညီလှူဒါန်းခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ မတ် ၃၁ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန် ဒေါ်လာ ၂ သန်းနဲ့ အခု ထပ်ပေးမယ့် အထောက်အပံ့တွေကို ငလျင်ဘေးဒဏ်သင့် နေရာတွေမှာ လိုအပ်နေတဲ့ အရေးပေါ် နားခိုရာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံးရေတွေကို ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရဟာ မြန်မာငလျင်ဘေးအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေသာ ပေးပို့နိုင်ခဲ့ပေမယ့် ရှာဖွေကယ်ဆယ်ရေးသမားတွေ၊ စက်ပစ္စည်းတွေနဲ့ ရှာဖွေကယ်ဆယ်ရေးခွေးတွေ စေလွှတ်ပေးနိုင်ခြင်းမရှိတဲ့အတွက် ဝေဖန်မှုများလည်းရင်ဆိုင်ခဲ့ရပါတယ်။
ဥရောပသမဂ္ဂကလည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် တုန့်ပြန်မှု အနေနဲ့ ယူရို (၃) သန်းကိုထောက်ပံ့ပေးခဲ့ပြီး တန်ချိန် (၈၀)ရှိတဲ့ အရေးပေါ်ထောက်ပံ့ရေး ပစ္စည်းတွေကလည်း မြန်မာနိုင်ငံကို ရောက်ရှိနေပြီလို့ သိရပါတယ်။ ဥရောပသမဂ္ဂကလည်း လက်ရှိ စီမံကိန်းတွေရဲ့ ရန်ပုံငွေတွေထဲက ယူရို ခြောက်သန်းကိုလည်း မြေပြင်မှာလုပ်ကိုင်နေတဲ့ မိတ်ဖက်တွေနေတစ်ဆင့် ငလျင်သင့် ဒေသတွေကို ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်ကအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုများလည်းဆက်လက်လှုပ်ခတ်နေရာ နောက်ဆက်တွဲ ငလျင်ငယ်ပေါင်း ၇၇ ကြိမ်အထိလှုပ်ခတ်သွာခဲ့တယ်လို့သိရပါတယ်။ ပြင်ဦးလွင်မြို့ အနောက်မြောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြုပြီး ငလျင်ဒဏ်ကြောင့် အထိအခိုက် အများဆုံးက မန္တလေးတိုင်းဖြစ်ပြီး သေဆုံးသူ ၂၁၂၂ ဦးနဲ့ ဒဏ်ရာရသူ ၂၆၀၉ ဦး၊ ဒုတိယအများဆုံးက နေပြည်တော်ကောင်စီနယ်မြေဖြစ်ပြီး သေဆုံးသူ ၆၁၅ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၈၄၃ ဦးရှိပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ သေဆုံးသူ ၅၀၇ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၆၈၈ ဦး၊ ရှမ်းပြည်နယ်မှာ သေဆုံး ၆၆ ဦးနဲ့ ဒဏ်ရာရသူ ၁၃၃ ဦး၊ ပဲခူးတိုင်းမှာ သေဆုံးသူ ၄၄ ဦး နဲ့ ဒဏ်ရာရသူ ၂၃၄ ဦးရှိတယ်လို့ နစကရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

zawgyi version
အေမရိကန္က ျမန္မာႏိုင္ငံကို အေမရိကန္ေဒၚလာ (၉)သန္း ထပ္မံကူညီမယ္
ဂ်န္ဇက္ (NP News) - ဧၿပီ ၈
အိႏၵိယႏိုင္ငံနည္းတူ အေမရိကန္ႏိုင္ငံက ျမန္မာႏိုင္ငံကို အေမရိကန္ေဒၚလာ (၉)သန္းကူညီေထာက္ပံ့ေပးမယ္လို႔ သိရပါတယ္။
ျမန္မာႏိုင္ငံမွာ ငလ်င္ေဘးဒဏ္သင့္သူေတြကို ကူညီပံ့ပိုးဖို႔အတြက္ အေမရိကန္အစိုးရဟာ ေဒၚလာ (၇) သန္းကို ထပ္တိုးရန္ပုံေငြအျဖစ္ ကူညီေထာက္ပံ့ေပးမယ္လို႔သိရပါတယ္။ မတ္လ ၂၈ ရက္က ျမန္မာႏိုင္ငံမွာအင္အားျပင္းငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ အေမရိကန္အစိုးရဟာ ျမန္မာႏိုင္ငံကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီအျဖစ္ အေမရိကန္ေဒၚလာ (၂)သန္း ကနဦး ကူညီလႉဒါန္းခဲ့တယ္လို႔သိရပါတယ္။ ၿပီးခဲ့တဲ့ မတ္ ၃၁ ရက္မွာ ထုတ္ျပန္ခဲ့တဲ့ အေမရိကန္ ေဒၚလာ ၂ သန္းနဲ႔ အခု ထပ္ေပးမယ့္ အေထာက္အပံ့ေတြကို ငလ်င္ေဘးဒဏ္သင့္ ေနရာေတြမွာ လိုအပ္ေနတဲ့ အေရးေပၚ နားခိုရာ၊ စားနပ္ရိကၡာ၊ ေဆးဝါးနဲ႔ ေသာက္သုံးေရေတြကို ေထာက္ပံ့ေပးသြားမယ္လို႔ သိရပါတယ္။ အေမရိကန္အစိုးရဟာ ျမန္မာငလ်င္ေဘးအတြက္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေတြသာ ေပးပို႔ႏိုင္ခဲ့ေပမယ့္ ရွာေဖြကယ္ဆယ္ေရးသမားေတြ၊ စက္ပစၥည္းေတြနဲ႔ ရွာေဖြကယ္ဆယ္ေရးေခြးေတြ ေစလႊတ္ေပးႏိုင္ျခင္းမရွိတဲ့အတြက္ ေဝဖန္မႈမ်ားလည္းရင္ဆိုင္ခဲ့ရပါတယ္။
ဥေရာပသမဂၢကလည္း လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ အေရးေပၚ တုန႔္ျပန္မႈ အေနနဲ႔ ယူ႐ို (၃) သန္းကိုေထာက္ပံ့ေပးခဲ့ၿပီး တန္ခ်ိန္ (၈၀)ရွိတဲ့ အေရးေပၚေထာက္ပံ့ေရး ပစၥည္းေတြကလည္း ျမန္မာႏိုင္ငံကို ေရာက္ရွိေနၿပီလို႔ သိရပါတယ္။ ဥေရာပသမဂၢကလည္း လက္ရွိ စီမံကိန္းေတြရဲ႕ ရန္ပုံေငြေတြထဲက ယူ႐ို ေျခာက္သန္းကိုလည္း ေျမျပင္မွာလုပ္ကိုင္ေနတဲ့ မိတ္ဖက္ေတြေနတစ္ဆင့္ ငလ်င္သင့္ ေဒသေတြကို ေထာက္ပံ့ေပးေနတယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံမွာ မတ္လ ၂၈ ရက္ကအင္အားျပင္းငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ ေနာက္ဆက္တြဲငလ်င္လႈပ္ခတ္မႈမ်ားလည္းဆက္လက္လႈပ္ခတ္ေနရာ ေနာက္ဆက္တြဲ ငလ်င္ငယ္ေပါင္း ၇၇ ႀကိမ္အထိလႈပ္ခတ္သြာခဲ့တယ္လို႔သိရပါတယ္။ ျပင္ဦးလြင္ၿမိဳ႕ အေနာက္ေျမာက္ဘက္ ၁၂ မိုင္ခန႔္အကြာကို ဗဟိုျပဳၿပီး ငလ်င္ဒဏ္ေၾကာင့္ အထိအခိုက္ အမ်ားဆုံးက မႏၲေလးတိုင္းျဖစ္ၿပီး ေသဆုံးသူ ၂၁၂၂ ဦးနဲ႔ ဒဏ္ရာရသူ ၂၆၀၉ ဦး၊ ဒုတိယအမ်ားဆုံးက ေနျပည္ေတာ္ေကာင္စီနယ္ေျမျဖစ္ၿပီး ေသဆုံးသူ ၆၁၅ ဦးနဲ႔ ထိခိုက္ဒဏ္ရာရသူ ၈၄၃ ဦးရွိပါတယ္။ စစ္ကိုင္းတိုင္းထဲမွာ ေသဆုံးသူ ၅၀၇ ဦး၊ ထိခိုက္ဒဏ္ရာရသူ ၆၈၈ ဦး၊ ရွမ္းျပည္နယ္မွာ ေသဆုံး ၆၆ ဦးနဲ႔ ဒဏ္ရာရသူ ၁၃၃ ဦး၊ ပဲခူးတိုင္းမွာ ေသဆုံးသူ ၄၄ ဦး နဲ႔ ဒဏ္ရာရသူ ၂၃၄ ဦးရွိတယ္လို႔ နစကရဲ႕ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။