မန္တလေးငလျင်ကြီးကြောင့် ထွက်ပေါ်လာသော အင်းဝမြို့ရှိ ရေနန်းဆောင်ကြီးကို စနစ်တကျဖော်ထုတ်ထိန်းသွားမည်

 4655

စော(NP News)-ဧပြီ ၈

မန္တလေးငလျင်ကြီးကြောင့် ထွက်ပေါ်လာသော အင်းဝမြို့ရှိ ရေနန်းဆောင်ကြီးကို စနစ်တကျဖော်ထုတ်ထိန်းသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ယနေ့ (ဧပြီလ ၈ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

ယခုတွေ့ရှိရသည့် အင်းဝမြို့ဟောင်းရှိ ရေနန်းတော်ဟု ယူဆနေကြသော အဆောက်အအုံ၏ တောင်ဘက်ရှိ သရက်ကင်းလှေကား အစိတ်အပိုင်းများကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ဒေသခံများ အုတ်ဖုတ်လုပ်ငန်း ဆောင်ရွက်ရာမှ စတင်တွေ့ရှိခဲ့သဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်းထားရှိခဲ့ကြောင်း သိရသည်။

ထိုသို့ထိန်းသိမ်းထားရှိခဲ့ရာ မတ်လ ၂၈ ရက်က လှုပ်ခဲ့သော ပြင်းထန်ကြီးမားသည့် မန္တလေးငလျင်ကြီးကြောင့် ယခင်တွေ့ရှိထားသည့် လှေကားခုံနှင့် ဆက်စပ်လျက်ရှိသော ယဉ်ကျေးမှု အမွေအနှစ်များကို အက်ကွဲကြောင်းများကြားမှ ထပ်မံတွေ့ရှိလာရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဧပြီလ ၆ရက်မှ စတင်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲက စမ်းသပ်တူးဖော်ခဲ့ရာတွင် အရှေ့ဘက် သရက်ကင်းလှေကား၏ သရက်ကင်းပုံ မြောက်ဘက်လက်တံနှင့် ဆင်ကပ်အုတ်ခုံတို့ကို တူးဖော်တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့ပြင် ပန္နက်အုတ်ခုံ အလျား (၁၀ ပေ ၆ လက်မ)၊ အနက် (၃ ပေ ၈ လက်မ)၊ အုတ်ခံထောင့်ချိုး (၂ ပေ ၆ လက်မ)၊ အုတ်ခုံမှ လှေကားအထွက် ခိုနန်းချိုး (၁၈ လက်မ)၊ လက်ရုံးဒေါင့်ချိုး (၈ လက်မ)၊ ခိုနန်းချိုးမှ သရက်ကင်းအဆုံး (၁၁ ပေ ၄ လက်မ)တို့ကို တူးဖော်တွေ့ရှိထားပြီး ဆက်လက်တူးဖော်သုတေသန ပြုလုပ်လျက် ရှိကြောင်း သိရသည်။

လတ်တလော စမ်းသပ်တူးဖော်တွေ့ရှိချက်အရ ပုရပိုက်ပုံဆွဲများတွင် တွေ့ရှိရသည့် ရေနန်းတော်ကဲ့သို့ အဆောက်အအုံများစွာပါဝင်သည့် ကြီးမားသောအဆောက်အအုံမျိုး မဟုတ်ဘဲ အလျား (ပေ ၂၀၀ မှ ၂၅၀ ပေ)နှင့် အနံ (ပေ ၂၀၀ ခန့်) သစ်သားတိုင်များဖြင့် သရက်ကင်းလှေကားခုံကို တွဲဆက်တည်ဆောက်ထားသော အဆောက်အအုံမျိုးဖြစ်နိုင်ကြောင်း သိရသည်။

နီးစပ်ဆုံး နှိုင်းယှဉ်ရာတွင် အင်းဝ ဗားကရာ သစ်သားကျောင်း၊ မန္တလေးမြို့ရှိ ရွှေနန်းတော် ကျောင်းများကဲ့သို့ သရက်ကင်းလှေကား (၈ ခုမှ ၁၀ ခု) အထက်ပါရှိနိုင်သော အဆောက်အအုံမျိုး ဖြစ်နိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ဆိုသည်။

ရှေးမြန်မာမင်းများ အသုံးပြုခဲ့သည့် ရေနှင့်သက်ဆိုင်သော ပွဲလမ်းသဘင် အခမ်းအနားများ ကျင်းပသည်ကို ကြည့်ရှုရာတွင် အသုံးပြုသည့် အဆောက်အအုံမျိုး ပို၍ ဖြစ်နိုင်ကြောင်းနှင့် ရေနန်းတော်ထက် ရေနန်းဆောင်ဟုသာ သုံးနှုန်းသင့်ကြောင်း သိရသည်။

မြန်မာ့သမိုင်းတွင် ရေနန်းတော်ဟူသည် အုပ်ချုပ်သူဘုရင်မင်းကိုယ်တိုင် ဦးစီး၍ ခေါင်းဆေးမင်္ဂလာပြုခြင်း၊ သင်္ကြန်ခေါ်တော်မူခြင်း၊ အတာရေသဘင်ပွဲဆင်နွဲခြင်းနှင့် ရေခင်းသဘင် ဆင်ယင်ကျင်းပရန်အတွက် အရေးပါသည့် အဆောင်တော်များလည်းဖြစ်ကြောင်း သိရသည်။


အချုပ်အားဖြင့် ပုရပိုက်တွင် ပါရှိသည့် ရေနန်းတော်ကဲ့သို့ ကြီးကျယ်သည့် အဆောင်ခန်းများပါဝင်သည့် အဆာက်အအုံမဖြစ်နိုင်ကြောင်းကို ကနဦးလေ့လာတွေ့ရှိ သုံးသပ်ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအား အစဉ်တစိုက်တူးဖော်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုငလျင်ကြီးကြောင့် ထွက်ပေါ်လာသည့် အင်းဝခေတ် ယဉ်ကျေးမှု အဆောက်အအုံမွေအနှစ်ကို စနစ်တကျ ဖော်ထုတ် ထိန်းသိမ်းသွားပြီး အများပြည်သူ လေ့လာနိုင်ရန်အတွက် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

အဆိုပါတွေ့ရှိသည့် ရေနန်းဆောင်ကိုထီးသုံး၊ နန်းသုံးအနေဖြင့် ရေနန်းဗိမာန်ဟု ခေါ်ဆိုကြောင်း U Pauk Paukက ဆိုထားသည်။

Zawgyi Version:
မႏၲေလးငလ်င္ႀကီးေၾကာင့္ ထြက္ေပၚလာေသာ အင္းဝၿမိဳ႕ရွိ ေရနန္းေဆာင္ႀကီးကို စနစ္တက်ေဖာ္ထုတ္ထိန္းသြားမည္

ေစာ(NP News)-ဧၿပီ ၈

မႏၲေလးငလ်င္ႀကီးေၾကာင့္ ထြက္ေပၚလာေသာ အင္းဝၿမိဳ႕ရွိ ေရနန္းေဆာင္ႀကီးကို စနစ္တက်ေဖာ္ထုတ္ထိန္းသြားမည္ျဖစ္ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနက ယေန႔ (ဧၿပီလ ၈ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။

ယခုေတြ႕ရွိရသည့္ အင္းဝၿမိဳ႕ေဟာင္းရွိ ေရနန္းေတာ္ဟု ယူဆေနၾကေသာ အေဆာက္အအုံ၏ ေတာင္ဘက္ရွိ သရက္ကင္းေလွကား အစိတ္အပိုင္းမ်ားကို ၿပီးခဲ့သည့္ ၂၀၀၉ ခုႏွစ္တြင္ ေဒသခံမ်ား အုတ္ဖုတ္လုပ္ငန္း ေဆာင္႐ြက္ရာမွ စတင္ေတြ႕ရွိခဲ့သျဖင့္ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနက ထိန္းသိမ္းထားရွိခဲ့ေၾကာင္း သိရသည္။

ထိုသို႔ထိန္းသိမ္းထားရွိခဲ့ရာ မတ္လ ၂၈ ရက္က လႈပ္ခဲ့ေသာ ျပင္းထန္ႀကီးမားသည့္ မႏၲေလးငလ်င္ႀကီးေၾကာင့္ ယခင္ေတြ႕ရွိထားသည့္ ေလွကားခုံႏွင့္ ဆက္စပ္လ်က္ရွိေသာ ယဥ္ေက်းမႈ အေမြအႏွစ္မ်ားကို အက္ကြဲေၾကာင္းမ်ားၾကားမွ ထပ္မံေတြ႕ရွိလာရျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ ဧၿပီလ ၆ရက္မွ စတင္၍ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာန၊ မႏၲေလးဌာနခြဲက စမ္းသပ္တူးေဖာ္ခဲ့ရာတြင္ အေရွ႕ဘက္ သရက္ကင္းေလွကား၏ သရက္ကင္းပုံ ေျမာက္ဘက္လက္တံႏွင့္ ဆင္ကပ္အုတ္ခုံတို႔ကို တူးေဖာ္ေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။

ထို႔ျပင္ ပႏၷက္အုတ္ခုံ အလ်ား (၁၀ ေပ ၆ လက္မ)၊ အနက္ (၃ ေပ ၈ လက္မ)၊ အုတ္ခံေထာင့္ခ်ိဳး (၂ ေပ ၆ လက္မ)၊ အုတ္ခုံမွ ေလွကားအထြက္ ခိုနန္းခ်ိဳး (၁၈ လက္မ)၊ လက္႐ုံးေဒါင့္ခ်ိဳး (၈ လက္မ)၊ ခိုနန္းခ်ိဳးမွ သရက္ကင္းအဆုံး (၁၁ ေပ ၄ လက္မ)တို႔ကို တူးေဖာ္ေတြ႕ရွိထားၿပီး ဆက္လက္တူးေဖာ္သုေတသန ျပဳလုပ္လ်က္ ရွိေၾကာင္း သိရသည္။

လတ္တေလာ စမ္းသပ္တူးေဖာ္ေတြ႕ရွိခ်က္အရ ပုရပိုက္ပုံဆြဲမ်ားတြင္ ေတြ႕ရွိရသည့္ ေရနန္းေတာ္ကဲ့သို႔ အေဆာက္အအုံမ်ားစြာပါဝင္သည့္ ႀကီးမားေသာအေဆာက္အအုံမ်ိဳး မဟုတ္ဘဲ အလ်ား (ေပ ၂၀၀ မွ ၂၅၀ ေပ)ႏွင့္ အနံ (ေပ ၂၀၀ ခန႔္) သစ္သားတိုင္မ်ားျဖင့္ သရက္ကင္းေလွကားခုံကို တြဲဆက္တည္ေဆာက္ထားေသာ အေဆာက္အအုံမ်ိဳးျဖစ္ႏိုင္ေၾကာင္း သိရသည္။

နီးစပ္ဆုံး ႏႈိင္းယွဥ္ရာတြင္ အင္းဝ ဗားကရာ သစ္သားေက်ာင္း၊ မႏၲေလးၿမိဳ႕ရွိ ေ႐ႊနန္းေတာ္ ေက်ာင္းမ်ားကဲ့သို႔ သရက္ကင္းေလွကား (၈ ခုမွ ၁၀ ခု) အထက္ပါရွိႏိုင္ေသာ အေဆာက္အအုံမ်ိဳး ျဖစ္ႏိုင္ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနက ဆိုသည္။

ေရွးျမန္မာမင္းမ်ား အသုံးျပဳခဲ့သည့္ ေရႏွင့္သက္ဆိုင္ေသာ ပြဲလမ္းသဘင္ အခမ္းအနားမ်ား က်င္းပသည္ကို ၾကည့္ရႈရာတြင္ အသုံးျပဳသည့္ အေဆာက္အအုံမ်ိဳး ပို၍ ျဖစ္ႏိုင္ေၾကာင္းႏွင့္ ေရနန္းေတာ္ထက္ ေရနန္းေဆာင္ဟုသာ သုံးႏႈန္းသင့္ေၾကာင္း သိရသည္။

ျမန္မာ့သမိုင္းတြင္ ေရနန္းေတာ္ဟူသည္ အုပ္ခ်ဳပ္သူဘုရင္မင္းကိုယ္တိုင္ ဦးစီး၍ ေခါင္းေဆးမဂၤလာျပဳျခင္း၊ သၾကၤန္ေခၚေတာ္မူျခင္း၊ အတာေရသဘင္ပြဲဆင္ႏြဲျခင္းႏွင့္ ေရခင္းသဘင္ ဆင္ယင္က်င္းပရန္အတြက္ အေရးပါသည့္ အေဆာင္ေတာ္မ်ားလည္းျဖစ္ေၾကာင္း သိရသည္။


အခ်ဳပ္အားျဖင့္ ပုရပိုက္တြင္ ပါရွိသည့္ ေရနန္းေတာ္ကဲ့သို႔ ႀကီးက်ယ္သည့္ အေဆာင္ခန္းမ်ားပါဝင္သည့္ အဆာက္အအုံမျဖစ္ႏိုင္ေၾကာင္းကို ကနဦးေလ့လာေတြ႕ရွိ သုံးသပ္ရေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ေၾကာင့္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတ သနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနအေနျဖင့္ ျမန္မာ့ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္မ်ားအား အစဥ္တစိုက္တူးေဖာ္ထိန္းသိမ္းျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိရာ ယခုငလ်င္ႀကီးေၾကာင့္ ထြက္ေပၚလာသည့္ အင္းဝေခတ္ ယဥ္ေက်းမႈ အေဆာက္အအုံေမြအႏွစ္ကို စနစ္တက် ေဖာ္ထုတ္ ထိန္းသိမ္းသြားၿပီး အမ်ားျပည္သူ ေလ့လာႏိုင္ရန္အတြက္ စီမံေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

အဆိုပါေတြ႕ရွိသည့္ ေရနန္းေဆာင္ကိုထီးသုံး၊ နန္းသုံးအေနျဖင့္ ေရနန္းဗိမာန္ဟု ေခၚဆိုေၾကာင္း U Pauk Paukက ဆိုထားသည္။

Related news

© 2021. All rights reserved.