မြန်မာငလျင်ဘေးအတွက် ဥရောပသမဂ္ဂက ယူရို(၁၀)သန်း ထပ်မံကူညီမည်

 679

ဂျန်ဇက် (NP News) - ဧပြီ ၈

မတ်လ (၂၈) ရက် က မြန်မာနိုင်ငံနှင့် အနီးအနားဒေသတစ်ဝိုက်တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ နောက်ထပ် ယူရို (၁၀)သန်းကို ထပ်မံကူညီပေးမည်ဖြစ်ကြောင်း ဥရောပကော်မရှင်က သတင်းထုတ်ပြန်လိုက်သည်။

ရန်ပုံငွေသည် အရေးပေါ် အမိုးအကာ၊ ဆေးဝါးကုသရေး၊ ရေသန့်နှင့်မိလ္လာသန့်ရှင်းရေးဝန်ဆောင်မှုများ အပါအဝင် မိသားစုခြေရာခံခြင်း နှင့် ပြန်လည်ပေါင်းစည်းခြင်းတို့ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဥရော ပကော်မရှင်က သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်အတွက် ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ စုစုပေါင်း ယူရို (၁၃)သန်းအထိရောက်ရှိခဲ့ပြီဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလျာထားချက် ယူရို (၄၆) သန်း၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း သိရသည်။

ဥရောပ ကော်မရှင်နာ ဟာဂျာလာဘစ်က" "ဥရောပသမဂ္ဂဟာ ငလျင်အပြီးမှာ မြန်မာနိုင်ငံသားများနဲ၌ တသားတည်းမြဲမြံစွာ ဆက်လက်ရပ်တည်လျက်ရှိပါပါတယ်။ ငလျင်ဒဏ်သင့် လိုအပ်နေသော သူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အမြန်ဆုံးရောက်ရှိနိုင်စေဖို့ ဦးစားပေးကာ သေချာဆောင်ရွက်နေပါတယ်။ အသက်ကယ်အကူအညီအထောက်အပံ့များကို ဘေးကင်းစွာဖြင့် ထိထိရောက်ရောက်ပေးနိုင်စေရန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကို အတားအဆီးမရှိ ဝင်ရောက်ထောက်ပံ့ခွင့်ပြုရန် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအား ထပ်မံတိုက်တွန်းလိုက်ပါတယ်"ဟု ပြောသည်။

ဥရောပနိုင်ငံသား ကျွမ်းကျင်ပညာရှင် (၁၂)ဦးပါဝင်သည့်အဖွဲ့နှင့် အီးယူမှဆက်သွယ်ရေးအရာရှိနှစ်ဦးတို့သည် လူသားချင်းစာနာထောက်ထားမှုမိတ်ဖက်အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်မှုများမြှင့်တင်ရန် လက်ရှိမြေပြင်တွင် တာဝန်ထမ်းဆောင်လျက်ရှိနေကြောင်းသိရသည်။ အီးယူသည် ပထမဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းအဖြစ် ဒိန်းမတ်မှ ရန်ကုန်သို့ အီးယူပိုင်အရေးကြီးသောပစ္စည်း (၈၀) တန်ကို သယ်ဆောင်လာခဲ့ပြီး မြေပြင်ပေါ်တွင် ဖြန့်ဖြူးပေးနေကြောင်းသိရသည်။

zawgyi version
ျမန္မာငလ်င္ေဘးအတြက္ ဥေရာပသမဂၢက ယူ႐ို(၁၀)သန္း ထပ္မံကူညီမည္
ဂ်န္ဇက္ (NP News) - ဧၿပီ ၈

မတ္လ (၂၈) ရက္ က ျမန္မာႏိုင္ငံႏွင့္ အနီးအနားေဒသတစ္ဝိုက္တြင္ လႈပ္ခတ္ခဲ့ေသာ ျပင္းအား ၇ ဒသမ ၇ အဆင့္ရွိ ေျမငလ်င္ကယ္ဆယ္ေရးလုပ္ငန္းမ်ားအတြက္ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီ ေနာက္ထပ္ ယူ႐ို (၁၀)သန္းကို ထပ္မံကူညီေပးမည္ျဖစ္ေၾကာင္း ဥေရာပေကာ္မရွင္က သတင္းထုတ္ျပန္လိုက္သည္။

ရန္ပုံေငြသည္ အေရးေပၚ အမိုးအကာ၊ ေဆးဝါးကုသေရး၊ ေရသန႔္ႏွင့္မိလႅာသန႔္ရွင္းေရးဝန္ေဆာင္မႈမ်ား အပါအဝင္ မိသားစုေျခရာခံျခင္း ႏွင့္ ျပန္လည္ေပါင္းစည္းျခင္းတို႔ကို ပံ့ပိုးေပးမည္ျဖစ္ေၾကာင္း ဥေရာ ပေကာ္မရွင္က သတင္းထုတ္ျပန္ထားသည္။ ျမန္မာႏိုင္ငံတြင္ လႈပ္ခတ္ခဲ့ေသာ ငလ်င္အတြက္ ဥေရာပသမဂၢ၏ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီ စုစုေပါင္း ယူ႐ို (၁၃)သန္းအထိေရာက္ရွိခဲ့ၿပီျဖစ္ၿပီး ၂၀၂၅ ခုႏွစ္အတြက္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီလ်ာထားခ်က္ ယူ႐ို (၄၆) သန္း၏ တစ္စိတ္တစ္ေဒသျဖစ္ေၾကာင္း သိရသည္။

ဥေရာပ ေကာ္မရွင္နာ ဟာဂ်ာလာဘစ္က" "ဥေရာပသမဂၢဟာ ငလ်င္အၿပီးမွာ ျမန္မာႏိုင္ငံသားမ်ားနဲ၌ တသားတည္းၿမဲၿမံစြာ ဆက္လက္ရပ္တည္လ်က္ရွိပါပါတယ္။ ငလ်င္ဒဏ္သင့္ လိုအပ္ေနေသာ သူမ်ားထံ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ား အျမန္ဆုံးေရာက္ရွိႏိုင္ေစဖို႔ ဦးစားေပးကာ ေသခ်ာေဆာင္႐ြက္ေနပါတယ္။ အသက္ကယ္အကူအညီအေထာက္အပံ့မ်ားကို ေဘးကင္းစြာျဖင့္ ထိထိေရာက္ေရာက္ေပးႏိုင္ေစရန္အတြက္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အဖြဲ႕အစည္းမ်ားကို အတားအဆီးမရွိ ဝင္ေရာက္ေထာက္ပံ့ခြင့္ျပဳရန္ သက္ဆိုင္ရာအဖြဲ႕အစည္းအားလုံးအား ထပ္မံတိုက္တြန္းလိုက္ပါတယ္"ဟု ေျပာသည္။

ဥေရာပႏိုင္ငံသား ကြၽမ္းက်င္ပညာရွင္ (၁၂)ဦးပါဝင္သည့္အဖြဲ႕ႏွင့္ အီးယူမွဆက္သြယ္ေရးအရာရွိႏွစ္ဦးတို႔သည္ လူသားခ်င္းစာနာေထာက္ထားမႈမိတ္ဖက္အဖြဲ႕မ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္မႈမ်ားျမႇင့္တင္ရန္ လက္ရွိေျမျပင္တြင္ တာဝန္ထမ္းေဆာင္လ်က္ရွိေနေၾကာင္းသိရသည္။ အီးယူသည္ ပထမဆုံး လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ စီမံကိန္းအျဖစ္ ဒိန္းမတ္မွ ရန္ကုန္သို႔ အီးယူပိုင္အေရးႀကီးေသာပစၥည္း (၈၀) တန္ကို သယ္ေဆာင္လာခဲ့ၿပီး ေျမျပင္ေပၚတြင္ ျဖန႔္ျဖဴးေပးေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.