ငလျင်ကြောင့် ပြိုကျခဲ့သော မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတိုက်၏ စိန်ဖူးတော်နှင့် ဌာပနာပစ္စည်းများကို ရှာတွေ့သည့် လုပ်အားပေးဝန်ထမ်းများက တာဝန်ရှိသူများထံ အပ်နှံ

 7603

သန့်ဇင် (NP News) - ဧပြီ ၈

မန္တလေးမြို့တွင် ငလျင်ကြောင့် ပြိုကျခဲ့သော မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတိုက်၏ စိန်ဖူးတော်နှင့် ဌာပနာပစ္စည်းများအား ရှာတွေ့သည့် လုပ်အားပေးဝန်ထမ်းများက တာဝန်ရှိသူများထံ ပြန်လည်အပ်နှံခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးငလျင်ကြီးကြောင့် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မကိုဋ်တော်စောင်းသွားခြင်း၊ ရွှေသားထီးတော်ကြီး၏ အနောက်ဘက်စောင်းသွားခြင်း၊ စိန်ဖူးတော်မြေခခြင်းများအပြင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ် စံပါယ်တော်မူသော ဂန္ဓကုဋိတိုက်၏ အရပ်လေးမျက်နှာရှိ စမြင်များ၊ တန်ဆောင်း နေရာများနှင့် နေရာအချို့တွင်လည်း ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပြိုကျပျက်စီးသွားမှုများကြောင့် မဟာမုနိဘုရားကြီး၏ ရင်ပြင်တော်၌ တပ်မတော်သားများက ဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိများနှင့်ပူးပေါင်း၍ စက်ယန္တရားများ၏ အကူအညီရယူကာ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မတ်လ ၂၈ ရက်မှ ဧပြီ ၁ ရက်အထိ ကျောင်းတော်ကြီး၏ အနောက်ဘက် ရင်ပြင်တော်ရှိ အဆောက်အဦ အပျက်အစီးများကြားမှ ရတနာပစ္စည်း ၁၅၂ မျိုး (၃၈ ကျပ်သား၊ ၄ ပဲ၊ ၄ ရွေး) နှင့် (အတွင်း)စိန်ဖူးတော်ကိုလည်းကောင်း၊ ဧပြီလ ၂ ရက်တွင် ရတနာပစ္စည်း ၁၅၂ မျိုး(၂၇ ကျပ်သား၊ ၄ ပဲ၊ ၇ ရွေး)နှင့် (အပြင်)စိန်ဖူးတော် (အောက်ခြမ်း) ကိုလည်းကောင်း၊ ဧပြီ ၃ ရက်တွင် ရတနာပစ္စည်း ၈၃ မျိုး (၁၀ ကျပ်သား၊ ၁၁ ပဲ၊ ၄ ရွေး)တွေ့ရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၄ ရက်တွင်လည်း ရတနာပစ္စည်း ၂၉၅ မျိုး (၄၂ ကျပ်သား၊ ၉ ပဲ၊ ၆ ရွေး)နှင့် အပြင်စိန်ဖူးတော်(အပေါ်ခြမ်း)(စိန် ၇ ရတီ ပါ) ကိုလည်းကောင်း၊ ဧပြီ ၅ ရက်တွင် ရတနာပစ္စည်း ၂၆၄ မျိုး(၄၇ ကျပ်သား၊ ၁၅ ပဲ၊ ၅ ရွေး)ကိုလည်းကောင်း၊ ဧပြီ ၆ ရက်တွင် ရတနာပစ္စည်း ၈၄ မျိုး (၁၄ ကျပ်သား၊ ၂ ပဲ၊ ၃ ရွေး) ကိုလည်းကောင်း၊ ဧပြီ ၇ ရက် တွင် ရတနာပစ္စည်း ၁၂၄ မျိုး (၁၈ ကျပ်သား၊ ၁၄ ပဲ၊ ၂ ရွေး)ကိုလည်းကောင်း၊ ဧပြီ ၈ ရက် တွင် ရတနာပစ္စည်း ၆၄ မျိုး (၇ ကျပ်သား၊ ၅ ပဲ) တို့ ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောာင့် ငလျင်လှုပ်ခတ်ပြီး (၁၂ ရက်အကြာတွင် စုစုပေါင်း ရတနာပစ္စည်းမျိုးစုံ ၁၂၅၀ မျိုး၊ (၂၀၇ ကျပ်သား၊ ၃ ပဲ၊ ၇ ရွေး) တို့ တွေ့ရှိခဲ့သဖြင့် တာဝန်ရှိသူများက ဘုရားကြီးဂေါပကထံသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် မဟာမုနိဘုရားကြီး၏ မကိုဋ် တော်၊ စိန်ဖူးတော်နှင့် ရွှေသားထီးတော်ကြီး တည့်မတ်ရေးလုပ်ငန်းများ၊ မဟာမုနိကျောင်း တော်ကြီးပြုပြင်ရေးလုပ်ငန်းများအား အမြန်ဆုံးဆောင်ရွက်နိုင်ရေးအပြင် သာသနိက အဆောက်အဦများ ပြုပြင်ရေး လုပ်ငန်းများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ ၿပိဳက်ခဲ့ေသာ မဟာမုနိဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ဂႏၶကုဋိတိုက္၏ စိန္ဖူးေတာ္ႏွင့္ ဌာပနာပစၥည္းမ်ားကို ရွာေတြ႕သည့္ လုပ္အားေပးဝန္ထမ္းမ်ားက တာဝန္ရွိသူမ်ားထံ အပ္ႏွံ
သန႔္ဇင္ (NP News) - ဧၿပီ ၈

မႏၲေလးၿမိဳ႕တြင္ ငလ်င္ေၾကာင့္ ၿပိဳက်ခဲ့ေသာ မဟာမုနိဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ဂႏၶကုဋိတိုက္၏ စိန္ဖူးေတာ္ႏွင့္ ဌာပနာပစၥည္းမ်ားအား ရွာေတြ႕သည့္ လုပ္အားေပးဝန္ထမ္းမ်ားက တာဝန္ရွိသူမ်ားထံ ျပန္လည္အပ္ႏွံခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

မႏၲေလးငလ်င္ႀကီးေၾကာင့္ မဟာမုနိဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ မကိုဋ္ေတာ္ေစာင္းသြားျခင္း၊ ေ႐ႊသားထီးေတာ္ႀကီး၏ အေနာက္ဘက္ေစာင္းသြားျခင္း၊ စိန္ဖူးေတာ္ေျမချခင္းမ်ားအျပင္ မဟာမုနိဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ကိန္းဝပ္ စံပါယ္ေတာ္မူေသာ ဂႏၶကုဋိတိုက္၏ အရပ္ေလးမ်က္ႏွာရွိ စျမင္မ်ား၊ တန္ေဆာင္း ေနရာမ်ားႏွင့္ ေနရာအခ်ိဳ႕တြင္လည္း ၿပိဳက်ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

ၿပိဳက်ပ်က္စီးသြားမႈမ်ားေၾကာင့္ မဟာမုနိဘုရားႀကီး၏ ရင္ျပင္ေတာ္၌ တပ္မေတာ္သားမ်ားက ဘုရားႀကီးေဂါပကအဖြဲ႕မွ တာဝန္ရွိမ်ားႏွင့္ပူးေပါင္း၍ စက္ယႏၲရားမ်ား၏ အကူအညီရယူကာ အပ်က္အစီးမ်ားအား ဖယ္ရွားရွင္းလင္းျခင္းေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

မတ္လ ၂၈ ရက္မွ ဧၿပီ ၁ ရက္အထိ ေက်ာင္းေတာ္ႀကီး၏ အေနာက္ဘက္ ရင္ျပင္ေတာ္ရွိ အေဆာက္အဦ အပ်က္အစီးမ်ားၾကားမွ ရတနာပစၥည္း ၁၅၂ မ်ိဳး (၃၈ က်ပ္သား၊ ၄ ပဲ၊ ၄ ေ႐ြး) ႏွင့္ (အတြင္း)စိန္ဖူးေတာ္ကိုလည္းေကာင္း၊ ဧၿပီလ ၂ ရက္တြင္ ရတနာပစၥည္း ၁၅၂ မ်ိဳး(၂၇ က်ပ္သား၊ ၄ ပဲ၊ ၇ ေ႐ြး)ႏွင့္ (အျပင္)စိန္ဖူးေတာ္ (ေအာက္ျခမ္း) ကိုလည္းေကာင္း၊ ဧၿပီ ၃ ရက္တြင္ ရတနာပစၥည္း ၈၃ မ်ိဳး (၁၀ က်ပ္သား၊ ၁၁ ပဲ၊ ၄ ေ႐ြး)ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

ဧၿပီ ၄ ရက္တြင္လည္း ရတနာပစၥည္း ၂၉၅ မ်ိဳး (၄၂ က်ပ္သား၊ ၉ ပဲ၊ ၆ ေ႐ြး)ႏွင့္ အျပင္စိန္ဖူးေတာ္(အေပၚျခမ္း)(စိန္ ၇ ရတီ ပါ) ကိုလည္းေကာင္း၊ ဧၿပီ ၅ ရက္တြင္ ရတနာပစၥည္း ၂၆၄ မ်ိဳး(၄၇ က်ပ္သား၊ ၁၅ ပဲ၊ ၅ ေ႐ြး)ကိုလည္းေကာင္း၊ ဧၿပီ ၆ ရက္တြင္ ရတနာပစၥည္း ၈၄ မ်ိဳး (၁၄ က်ပ္သား၊ ၂ ပဲ၊ ၃ ေ႐ြး) ကိုလည္းေကာင္း၊ ဧၿပီ ၇ ရက္ တြင္ ရတနာပစၥည္း ၁၂၄ မ်ိဳး (၁၈ က်ပ္သား၊ ၁၄ ပဲ၊ ၂ ေ႐ြး)ကိုလည္းေကာင္း၊ ဧၿပီ ၈ ရက္ တြင္ ရတနာပစၥည္း ၆၄ မ်ိဳး (၇ က်ပ္သား၊ ၅ ပဲ) တို႔ ထပ္မံေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာာင့္ ငလ်င္လႈပ္ခတ္ၿပီး (၁၂ ရက္အၾကာတြင္ စုစုေပါင္း ရတနာပစၥည္းမ်ိဳးစုံ ၁၂၅၀ မ်ိဳး၊ (၂၀၇ က်ပ္သား၊ ၃ ပဲ၊ ၇ ေ႐ြး) တို႔ ေတြ႕ရွိခဲ့သျဖင့္ တာဝန္ရွိသူမ်ားက ဘုရားႀကီးေဂါပကထံသို႔ စနစ္တက်လႊဲေျပာင္းအပ္ႏွံခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးခဲ့ရသည့္ မဟာမုနိဘုရားႀကီး၏ မကိုဋ္ ေတာ္၊ စိန္ဖူးေတာ္ႏွင့္ ေ႐ႊသားထီးေတာ္ႀကီး တည့္မတ္ေရးလုပ္ငန္းမ်ား၊ မဟာမုနိေက်ာင္း ေတာ္ႀကီးျပဳျပင္ေရးလုပ္ငန္းမ်ားအား အျမန္ဆုံးေဆာင္႐ြက္ႏိုင္ေရးအျပင္ သာသနိက အေဆာက္အဦမ်ား ျပဳျပင္ေရး လုပ္ငန္းမ်ားလုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.