Pika
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတီဟတ်ဆတ်ဟာ ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့အတွက် သတိပေးချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး အမေရိကန်ရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေက ပိုမိုဆိုးရွားလာလိမ့်မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ပင်လယ်နီအတွင်း ရေကြောင်းသွားလာမှုတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေကို သီတင်းပတ်သုံးပတ်ကြာ လုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုသတိပေးချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါ့ပြင် ပီတီဟတ်ဆတ်ဟာ ဆော်ဒီအာရေးဗျကာကွယ်ရေးဝန်ကြီး Khalid bin Salmanနဲ့ နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာဆက်ဆံမှုတွေ အားကောင်းလာစေဖို့ ကြိုးပမ်းမှုတွေနဲ့ ဆက်လက်လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးတွေအကြောင်းကို ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။အဲ့ဒီဆွေးနွေးမှုတွေကို Khalid bin Salmanက အတည်ပြုခဲ့ပြီး ၎င်းတို့နှစ်ဦးဟာ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုတွေကို ဆွေးနွေးခဲ့ကြပြီး ဒေသတွင်းနဲ့နိုင်ငံတကာလုံခြုံရေး နဲ့ တည်ငြိမ်ရေးတို့ကို မြှင့်တင်ဖို့ အမြင်တွေကို မျှဝေခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။ပီတီဟတ်ဆတ်နဲ့ Khalid bin Salmanတို့ဟာ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ စစ်ရေးစွမ်းရည်တွေကို ကျဆင်းစေဖို့ လုပ်ဆောင်နေတဲ့ အမေရိကန်ရဲ့စစ်ဆင်ရေးတိုးတက်မှုတွေ၊ပင်လယ်နီအတွင်း ရေကြောင်းလွတ်လပ်စွာသွားလာခွင့်တွေအပါအဝင် ဒေသတွင်းလုံခြုံရေးနဲ့ပတ်သက်ပြီး အမြင်တွေကို ဖလှယ်ခဲ့ကြတယ်လို့ အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောကြားခဲ့ပါတယ်။
Zawgyi Version:
ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့အတွက် သတိပေးချက်တစ်ခုကို အမေရိကန်စစ်ဘက်ထုတ်ပြန်
Pika
Related news
© 2021. All rights reserved.