အမေရိကန်နဲ့ အီရန်ကြား တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရမ့်ပြော

 211

Pika
အမေရိကန်နဲ့အီရန်တို့ဟာ နျူကလီးယားသဘောတူညီချက်အတွက် တိုက်ရိုက်ဆွေးနွေးမှုတွေကို လုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒေါ်နယ်ထရမ့်ဟာအစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်အချိန်အတွင်း ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် အီရန်နဲ့ အမေရိကန်ကြား အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုတစ်ခုကို လာမယ့်ဧပြီလ(၁၂)ရက်နေ့မှာ အိုမန်နိုင်ငံမှာ ကျင်းပသွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က‌ ပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”ကျွန်တော်တို့မှာ အလွန်ကြီးမားတဲ့ဆွေးနွေးမှုတစ်ခု လုပ်ဆောင်ဖို့ရှိပါတယ်။ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို ကျွန်တော်တို့မြင်တွေ့ရမှာပါ။ပြီးတော့ သဘောတူညီချက်လုပ်ဆောင်တာက ပိုကောင်းမယ်ဆိုတာကို အားလုံးက သဘောတူညီတယ်လို့ ကျွန်တော်ထင်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ဆွေးနွေးမှုတွေက မအောင်မြင်ခဲ့ဘူးဆိုရင် အီရန်က ကြီးမားတဲ့အန္တရာယ်နဲ့ကြုံတွေ့ရနိုင်တယ်လို့ ထင်မိတယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်ဟာ အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး သဘောတူညီချက်တစ်ခုလုပ်ဆောင်ဖို့ စာတစ်စောင်ကို ပြီးခဲ့တဲ့မတ်လ(၇)ရက်နေ့က အီရန်ခေါင်းဆောင် အလီခါမေနီထံ ပေးပို့ခဲ့တာလည်းဖြစ်ပါတယ်။ဒေါ်နယ်ထရမ့်ရဲ့ တောင်းဆိုချက်ကို အီရန်အစိုးရက အစောပိုင်းမှာ ငြင်းဆန်ပယ်ချခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ဆွေး‌နွေးမှုတွေ လုပ်ဆောင်ဖို့ သဘောတူညီခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္နဲ႔ အီရန္ၾကား တိုက္႐ိုက္ေဆြးေႏြးမႈေတြ လုပ္ေဆာင္သြားမယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika
အေမရိကန္နဲ႔အီရန္တို႔ဟာ န်ဴကလီးယားသေဘာတူညီခ်က္အတြက္ တိုက္႐ိုက္ေဆြးေႏြးမႈေတြကို လုပ္ေဆာင္သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ေဒၚနယ္ထရမ့္ဟာအစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုနဲ႔ အိမ္ျဖဴေတာ္မွာ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ အီရန္နဲ႔ အေမရိကန္ၾကား အဆင့္ျမင့္ေတြ႕ဆုံေဆြးေႏြးမႈတစ္ခုကို လာမယ့္ဧၿပီလ(၁၂)ရက္ေန႔မွာ အိုမန္ႏိုင္ငံမွာ က်င္းပသြားမယ္လို႔လည္း ေဒၚနယ္ထရမ့္က‌ ေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”ကြၽန္ေတာ္တို႔မွာ အလြန္ႀကီးမားတဲ့ေဆြးေႏြးမႈတစ္ခု လုပ္ေဆာင္ဖို႔ရွိပါတယ္။ဘာေတြျဖစ္လာႏိုင္မလဲဆိုတာကို ကြၽန္ေတာ္တို႔ျမင္ေတြ႕ရမွာပါ။ၿပီးေတာ့ သေဘာတူညီခ်က္လုပ္ေဆာင္တာက ပိုေကာင္းမယ္ဆိုတာကို အားလုံးက သေဘာတူညီတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ေဆြးေႏြးမႈေတြက မေအာင္ျမင္ခဲ့ဘူးဆိုရင္ အီရန္က ႀကီးမားတဲ့အႏၲရာယ္နဲ႔ႀကဳံေတြ႕ရႏိုင္တယ္လို႔ ထင္မိတယ္လို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္ဟာ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး သေဘာတူညီခ်က္တစ္ခုလုပ္ေဆာင္ဖို႔ စာတစ္ေစာင္ကို ၿပီးခဲ့တဲ့မတ္လ(၇)ရက္ေန႔က အီရန္ေခါင္းေဆာင္ အလီခါေမနီထံ ေပးပို႔ခဲ့တာလည္းျဖစ္ပါတယ္။ေဒၚနယ္ထရမ့္ရဲ႕ ေတာင္းဆိုခ်က္ကို အီရန္အစိုးရက အေစာပိုင္းမွာ ျငင္းဆန္ပယ္ခ်ခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာ ေဆြး‌ေႏြးမႈေတြ လုပ္ေဆာင္ဖို႔ သေဘာတူညီခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.