နိုင်ငံရေးပါတီများ ပါတီမှတ်ပုံတင်လျှောက်ထားရန် အချိန်(၁)လကျော်သာကျန်ရှိ

 316

သန့်ဇင်(NP News)-ဧပြီ ၉
နိုင်ငံရေးပါတီများသည် ပါတီမှတ်ပုံတင်လျှောက်ထားရန် အချိန်(၁)လကျော်သာကျန်ရှိတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC)က ယနေ့(ဧပြီ ၈ရက်)တွင် ထုတ်ပြန်ထားသည်။
နိုင်ငံရေးပါတီတစ်ရပ် တည်ထောင်လိုသူ အနည်းဆုံး (၁၅) ဦးက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ(က)နှင့်အညီ ပါတီတည်ထောင်ခွင့်များ လျှောက်ထားလာမှု အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီ စိစစ်၍ မှတ်ပုံတင်ခွင့် ပြုလျက် ရှိကြောင်း သိရသည်။
သို့သော် နိုင်ငံရေးပါတီတည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း၊ ပါတီများပူးပေါင်းလျက် ပါတီတစ်ခုတည်း အဖြစ် တည်ထောင်ခြင်း လုပ်ငန်း များအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ အမီ ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း/ မဲဆွယ် စည်းရုံးခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အချိန်လုံလောက်စွာရရှိစေရန် နိုင်ငံရေး ပါတီတည်ထောင်ခွင့် လျှောက်ထားလို သူများသည် လာမည့် မေလ ၉ ရက် နောက်ဆုံးထား၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားကြရန် အသိပေးထားကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်း တာဝန်များကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အား ပိုမိုအထောက်အကူပြုနိုင်ရန်အတွက် (UEC) အဖွဲ့ဝင် ဦးသန်းစိုး အား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဒုတိယဥက္ကဋ္ဌတာဝန် ပေးအပ် ခဲ့ကြောင်းလည်း (UEC)၏ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
ႏိုင္ငံေရးပါတီမ်ား ပါတီမွတ္ပုံတင္ေလွ်ာက္ထားရန္ အခ်ိန္(၁)လေက်ာ္သာက်န္ရွိ
သန႔္ဇင္(NP News)-ဧၿပီ ၉
ႏိုင္ငံေရးပါတီမ်ားသည္ ပါတီမွတ္ပုံတင္ေလွ်ာက္ထားရန္ အခ်ိန္(၁)လေက်ာ္သာက်န္ရွိေတာ့ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ (UEC)က ယေန႔(ဧၿပီ ၈ရက္)တြင္ ထုတ္ျပန္ထားသည္။
ႏိုင္ငံေရးပါတီတစ္ရပ္ တည္ေထာင္လိုသူ အနည္းဆုံး (၁၅) ဦးက ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒ ပုဒ္မ ၃ ပုဒ္မခြဲ(က)ႏွင့္အညီ ပါတီတည္ေထာင္ခြင့္မ်ား ေလွ်ာက္ထားလာမႈ အေပၚ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ဥပေဒႏွင့္အညီ စိစစ္၍ မွတ္ပုံတင္ခြင့္ ျပဳလ်က္ ရွိေၾကာင္း သိရသည္။
သို႔ေသာ္ ႏိုင္ငံေရးပါတီတည္ေထာင္ျခင္းႏွင့္ မွတ္ပုံတင္ျခင္း၊ ပါတီမ်ားပူးေပါင္းလ်က္ ပါတီတစ္ခုတည္း အျဖစ္ တည္ေထာင္ျခင္း လုပ္ငန္း မ်ားအား ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္အေနျဖင့္ ေ႐ြးေကာက္ပြဲ အမီ ေဆာင္႐ြက္ႏိုင္ရန္ႏွင့္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ေ႐ြးေကာက္ပြဲဆိုင္ရာလုပ္ငန္း/ မဲဆြယ္ စည္း႐ုံးျခင္းဆိုင္ရာလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္အတြက္ အခ်ိန္လုံေလာက္စြာရရွိေစရန္ ႏိုင္ငံေရး ပါတီတည္ေထာင္ခြင့္ ေလွ်ာက္ထားလို သူမ်ားသည္ လာမည့္ ေမလ ၉ ရက္ ေနာက္ဆုံးထား၍ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္သို႔ ေလွ်ာက္ထားၾကရန္ အသိေပးထားေၾကာင္း သိရသည္။
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၏ လုပ္ငန္း တာဝန္မ်ားကို ပိုမိုထိေရာက္စြာေဆာင္႐ြက္ႏိုင္ရန္ႏွင့္ ျပည္ေထာင္စုေ႐ြး ေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ အား ပိုမိုအေထာက္အကူျပဳႏိုင္ရန္အတြက္ (UEC) အဖြဲ႕ဝင္ ဦးသန္းစိုး အား ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၁၉ အရ ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္ဒုတိယဥကၠ႒တာဝန္ ေပးအပ္ ခဲ့ေၾကာင္းလည္း (UEC)၏ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.