ငလျင်ကြောင့် ထိခိုက်ခံစားရသူများကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဝိုင်းဝန်းပံ့ပိုးပေးသင့်

357

စော ( NP News ) ဧပြီ- ၉
မတ်လ(၂၈)ရက်ကလှုပ်ခတ်ခဲ့သော အင်အား ရစ်ချ်တာစကေး (၇ ဒသမ ၇)ရှိ အလွန် ပြင်းထန်သော ငလျင် ကြောင့် ထိခိုက်ခံစားရသူများကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဝိုင်းဝန်းပံ့ပိုးပေးသင့်ကြောင်း စိတ်ကျန်းမာရေးအထူးကု ဆရာဝန် ပါမောက္ခ ဒေါက်တာ ဉာဏ်ဝင်းကျော်က NP News မှတစ်ဆင့် အကြံပြုပြောကြားသည်။
အဆိုပါငလျင်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော် ကောင်စီနယ် မြေနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး အသက်အိုး အိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
“စိတ်ပိုင်းရော၊ ရုပ်ပိုင်း ရော၊ ပစ္စည်း ပိုင်းရော၊ လူမှုရေးပိုင်းရော အားလုံးဝိုင်းပြီးတော့ ပံ့ပိုးမယ်ဆိုရင် အဲဒီလိုမျိုး ဒဏ်ခံရတဲ့လူတွေအတွက် အဆင်ပြေမှာပေါ့။ အစားအသောက်လည်း အဆင်ပြေစေရမယ်။ အိပ်လို့လည်းအဆင်ပြေ စေရမယ်။ စိတ်ချမ်းသာအောင် ဝိုင်းပြီးတော့ ပံ့ပိုးမှုတွေ၊ အားပေးမှုတွေ၊ ကူညီမှုတွေ များများလုပ်မယ်ဆိုရင် အစစ အရာရာအဆင်ပြေသွားမှာပေါ့” ဟု ပါမောက္ခ ဒေါက်တာ ဉာဏ်ဝင်းကျော်က ပြောသည်။
ငလျင်ဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို အရွယ်သုံးပါးမရွေး မည်သူမဆို ထိခိုက်ခံ စားရနိုင်ကြောင်း ၎င်းကဆို သည်။
“နောက်ဆက်တွဲဆိုးကျိုးကတော့ ရုတ်တရက်ဖိစီးမှုခံစားရတာ။ ရုတ်တရက်ဖိစီးမှုခံစားရ ပြီးရင် တချို့က တရားရှိတယ်၊ ဖြေသိမ့်နိုင်တယ်။ ပံ့ပိုးကူညီမှုကောင်းတယ်ဆိုရင် အဲဒါသက်သာပါတယ်။ အဲဒီလို တရားကလည်း မရှိ၊ ဖြေသိမ့်နိုင်စွမ်းက လည်းမရှိ၊ စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုး ကူညီမှုမရှိရင် အကြီးအကျယ်ထိခိုက်ပြီးတော့ စိတ်ပိုင်း ဆိုင်ရာ ဒဏ်ရာတွေခံစားရပြီး နောက်ပိုင်းမှာ စိတ်ဓာတ်ကျဆင်းတာတွေလည်း ဖြစ်နိုင်တယ်။ ကျန်တဲ့ ခန္ဓာကိုယ်ရောဂါ၊ စိတ်ရောဂါမျိုးစုံ ဆက်ပြီး ဖြစ်လာနိုင်တယ်”ဟု ၎င်းကပြောသည်။
ငလျင်ကြောင့် စိတ်ပိုင်းဆိုင်ရာ ကုစားမှုအနေဖြင့် ခံစားရသူ၏ စိတ်ဓာတ်ခွန်အားတက်လာ စေရန် ဝိုင်းဝန်း ပံ့ပိုးမှုပေးရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ ထိခိုက္ခံစားရသူမ်ားကို စိတ္ပိုင္း၊ ႐ုပ္ပိုင္းဆိုင္ရာ ဝိုင္းဝန္းပံ့ပိုးေပးသင့္
ေစာ ( NP News ) ဧၿပီ- ၉
မတ္လ(၂၈)ရက္ကလႈပ္ခတ္ခဲ့ေသာ အင္အား ရစ္ခ်္တာစေကး (၇ ဒသမ ၇)ရွိ အလြန္ ျပင္းထန္ေသာ ငလ်င္ ေၾကာင့္ ထိခိုက္ခံစားရသူမ်ားကို စိတ္ပိုင္း၊ ႐ုပ္ပိုင္းဆိုင္ရာ ဝိုင္းဝန္းပံ့ပိုးေပးသင့္ေၾကာင္း စိတ္က်န္းမာေရးအထူးကု ဆရာဝန္ ပါေမာကၡ ေဒါက္တာ ဉာဏ္ဝင္းေက်ာ္က NP News မွတစ္ဆင့္ အႀကံျပဳေျပာၾကားသည္။
အဆိုပါငလ်င္ေၾကာင့္ စစ္ကိုင္းတိုင္း ေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ေနျပည္ေတာ္ ေကာင္စီနယ္ ေျမႏွင့္ ပဲခူးတိုင္းေဒသႀကီးတို႔တြင္ ငလ်င္ဒဏ္ကို ျပင္းျပင္းထန္ထန္ခံစားခဲ့ရၿပီး အသက္အိုး အိမ္မ်ားလည္း ပ်က္စီးဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။
“စိတ္ပိုင္းေရာ၊ ႐ုပ္ပိုင္း ေရာ၊ ပစၥည္း ပိုင္းေရာ၊ လူမႈေရးပိုင္းေရာ အားလုံးဝိုင္းၿပီးေတာ့ ပံ့ပိုးမယ္ဆိုရင္ အဲဒီလိုမ်ိဳး ဒဏ္ခံရတဲ့လူေတြအတြက္ အဆင္ေျပမွာေပါ့။ အစားအေသာက္လည္း အဆင္ေျပေစရမယ္။ အိပ္လို႔လည္းအဆင္ေျပ ေစရမယ္။ စိတ္ခ်မ္းသာေအာင္ ဝိုင္းၿပီးေတာ့ ပံ့ပိုးမႈေတြ၊ အားေပးမႈေတြ၊ ကူညီမႈေတြ မ်ားမ်ားလုပ္မယ္ဆိုရင္ အစစ အရာရာအဆင္ေျပသြားမွာေပါ့” ဟု ပါေမာကၡ ေဒါက္တာ ဉာဏ္ဝင္းေက်ာ္က ေျပာသည္။
ငလ်င္ဒဏ္ေၾကာင့္ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ ထိခိုက္မႈမ်ားကို အ႐ြယ္သုံးပါးမေ႐ြး မည္သူမဆို ထိခိုက္ခံ စားရႏိုင္ေၾကာင္း ၎ကဆို သည္။
“ေနာက္ဆက္တြဲဆိုးက်ိဳးကေတာ့ ႐ုတ္တရက္ဖိစီးမႈခံစားရတာ။ ႐ုတ္တရက္ဖိစီးမႈခံစားရ ၿပီးရင္ တခ်ိဳ႕က တရားရွိတယ္၊ ေျဖသိမ့္ႏိုင္တယ္။ ပံ့ပိုးကူညီမႈေကာင္းတယ္ဆိုရင္ အဲဒါသက္သာပါတယ္။ အဲဒီလို တရားကလည္း မရွိ၊ ေျဖသိမ့္ႏိုင္စြမ္းက လည္းမရွိ၊ စိတ္ပိုင္း၊ လူမႈေရးပိုင္းဆိုင္ရာ ပံ့ပိုး ကူညီမႈမရွိရင္ အႀကီးအက်ယ္ထိခိုက္ၿပီးေတာ့ စိတ္ပိုင္း ဆိုင္ရာ ဒဏ္ရာေတြခံစားရၿပီး ေနာက္ပိုင္းမွာ စိတ္ဓာတ္က်ဆင္းတာေတြလည္း ျဖစ္ႏိုင္တယ္။ က်န္တဲ့ ခႏၶာကိုယ္ေရာဂါ၊ စိတ္ေရာဂါမ်ိဳးစုံ ဆက္ၿပီး ျဖစ္လာႏိုင္တယ္”ဟု ၎ကေျပာသည္။
ငလ်င္ေၾကာင့္ စိတ္ပိုင္းဆိုင္ရာ ကုစားမႈအေနျဖင့္ ခံစားရသူ၏ စိတ္ဓာတ္ခြန္အားတက္လာ ေစရန္ ဝိုင္းဝန္း ပံ့ပိုးမႈေပးရမည္ျဖစ္ေၾကာင္း သိရသည္။